Myanmar Update News 🇲🇲
36.9K subscribers
76.6K photos
3.54K videos
10 files
12.3K links
Myanmar Update News
Download Telegram
Forwarded from D.I Thameedaw 🇲🇲👸 (Thet Htar)
သတင်းအရ PDFရုံးအဆောက်အဦအား ဗုံးကြဲ

ကျေးရွာဆေးပေးခန်းသာဖြစ်တယ်လို့ ဒီပဲယင်း ပကဖကဆို

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာက ပကဖ အဆောက်အဦကို သတင်းအတိအကျရသဖြင့် ဧပြီ ၂၃ ရက်က လေကြောင်းမှ တိုက်ခိုက်သွားသည်။

၂၃ရက် မနက် ၁၀ နာရီက Yak 130မှ Rocket ၁၅ လုံးနဲ့ ထိုအဆောက်အဦကို ပစ်ခတ်တိုက်ခိုက်ခဲ့သွားတာလို့ ဆိုပါတယ်။

“ထိုအဆောက်အဦဟာ လက်လှုပ်ကျေးရွာ ရွာလယ်က ဆေးပေးခန်းသာဖြစ်တယ်လို့ ဒီပဲယင်း ပကဖများက ပြောပြီး တိုက်ခိုက်မှုကြောင့် ၅ဦး သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒေသခံ ပကဖများကတော့ ၎င်းတို့နဲ့ဆက်စက်ရာ နေရာများတိုက်ခိုက်ခံရတိုင်း အရပ်သား အဆောက်အဦများ၊ဆေးရုံဆေးခန်းများသာဖြစ်ကြောင်း ထုတ်ပြန်လေ့ရှိကြပါတယ်။

Source
DI Thameedaw
မနေ့က ရုရှား သတင်းဌာနမှာပါလာတဲ့ သမ္မတ ပူတင်ရဲ့ ဒရုန်းလက်နက်နဲ့ပတ်သက်ပြီး ပြောကြားချက်တစ်ခုက မြန်မာ့တပ်မတော်အတွက် အကျိုးရှိတဲ့ အမြင်တစ်ခု ဖြစ်စေတာ တွေ့ရတယ်။ ပူတင်ရဲ့ စကားအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ယူကရိန်းနဲ့ တိုက်နေတဲ့ ရှေ့တန်းစစ်မြေပြင်အတွက် ဒရုန်း အစင်းရေ တသန်းခွဲကျော်အထိ ထောက်ပံ့ခဲ့တာတောင် လုံလောက်မှု မရှိခဲ့ဘူးဆိုပြီး ပြောခဲ့တာ ဖတ်လိုက်ရတယ်။
-----
တကယ်တော့ ရုရှား-ယူကရိန်းစစ်ဆိုတာထက် ဥရောပ-ရုရှားစစ်ဆိုရင် ပိုပြီးမှန်မယ့် ဒီစစ်ပွဲမှာ ရုရှားအတွက်လည်း စစ်လက်နက်တွေကို နောက်ကနေ ပံ့ပိုးရတာက လွယ်ကူတဲ့ အရာတော့ ဖြစ်မနေဘူးဆိုတာ ပူတင်ရဲ့ စကားအသွားအလာကို ကြည့်ရင် သတိပြုလို့ရတယ်။ သေချာတာကတော့ ခေတ်သစ်စစ်ပွဲမှာ AI နည်းပညာတွေ၊ ဂြိုလ်တု Satellite တွေရဲ့ အရေးပါမှုတွေ၊ ဆက်သွယ်ရေးကွန်ရက်တွေရဲ့ အခန်းကဏ္ဍတွေကို မေ့ထားလို့ မဖြစ်ဘူးဆိုတာကတော့ လုံးဝ အသေအချာပါပဲ။
-------
မြန်မာ့တပ်မတော်အနေနဲ့လည်း ရှမ်းမြောက်ကျူးကျော်စစ်ရဲ့ သင်ခန်းစာ ဖော်ထုတ်ချက်အရ ဒရုန်းစစ်ဆင်ရေးနဲ့ပတ်သက်ပြီး အတိုင်းအတာ တစ်ခုထိ ဥပမာ ခြေလျင်တပ်တွေကအစ အထိုင်ဌာနချုပ်လက်ရုံးတပ်တွေ အဆုံးအထိ ထောက်ပံ့နိုင်ဖို့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ရပါတော့မယ်။ အပြန်အလှန်အားဖြင့်တော့ ရန်သူ့ ဒရုန်းတွေကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လို တုန့်ပြန်မလဲ ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးလည်း တဆင့်မြှင့်နည်းပညာတွေကို သုတေသနလုပ်သင့်တာလုပ်၊ ဝယ်သင့်တာ ဝယ်ပြီး ကာကွယ်ကြရလိမ့်မယ် ထင်ပါတယ်။
--------
သမ္မတပူတင်ရဲ့ ရည်မှန်းချက်ထဲမှာ ဒရုန်းအခန်းကဏ္ဍနဲ့ပတ်သက်ပြီး အဆင့်တစ်ခုအထိရောက်အောင် တိုးမြှင့်ထုတ်လုပ်မယ်လို့ ကြွေးကြော်ထားတာ ဖြစ်လို့ မြန်မာ့တပ်မတော်အနေနဲ့ ပူးတွဲ ထုတ်လုပ်ခွင့် ဆိုတဲ့ အခွင့်အရေးများ ရခဲ့ရင်တော့ တရုတ်နည်းပညာနဲ့အပြိုင် ရွေးချယ်စရာ Option တစ်ခု ရလိမ့်မယ်လို့ တွေးမိတယ်။ ဥပမာ အိန္ဒိယ လေတပ်အတွက် Su 57 တွေ ဝယ်ရင် အိန္ဒိယမှာ ရုရှားရဲ့ တိုက်လေယာဉ်တွေ ပူးတွဲထုတ်လုပ်ခွင့်ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ပုံစံမျိုးပေါ့။



(နရီမိုး)
ညောင်ဦးမြို့တွင် ရေဆင်းချိုးသည့် လူငယ် (၄) ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိ
…………………………………

နေပြည်တော်၊ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်တွင် ရေဆင်းချိုးသည့် လူငယ် (၄) ဦး၏ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/ANVDh
ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသည့် ကျောက်ဆည်မြိုရှိ Bright Kids မူကြိုကျောင်းအား ဖြိုချရှင်းလင်းရာ သေဆုံးကလေးငယ်များ၏ လွယ်အိတ်များရှာဖွေတွေ့ရှိ။

😢😢😢😢😢
မုံရွာPDFလူငယ်နှစ်ဦး
အလင်း၀င်ရောက်

မုံရွာအ ​ေခြစိုက်PDF
တပ်ရင်း မှ ရဲဘော်နှစ်ဦး
လက်နက်ဗုံးသီးများ ယူဆောင်၍
တပ်မတော်ထံအလင်း၀င်
ဘက်ပြောင်း ခိုလှုံလာခဲ့ပါတယ်
အလင်း၀င်ရောက်လာတဲ့
တပ်သားနှစ်ဦးကို နမခတိုင်းရုံးမှ
အခမ်းနားဖြင့် ကြိုဆို
ဆုငွေကျပ်ချီးမြှင့်ပြီး မိသားစုထံ
လွှဲပြောင်းပေးခဲ့သည်။

စစ်ကိုင်းတိုင်းတွင်း
ကျေးရွာတွေမှ
PDFတပ်ရင်းများ လှူသူနည်းပါး
လာသဖြင့် အဖွဲ့ဖျတ်သိမ်းခြင်း
စစ်ရေးတွေ ရပ်တန့်ထားရတယ်လို့
၎င်းတို့ထံမှ သိရပါတယ်။

#SittNwayOo
ရုရှားနဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်တွေ ပူးပေါင်းပြီး အိန္ဒိယသမုဒ္ဒရာမှာ စစ်ရေးလေ့ကျင့်

ဧပြီ-၂၄

ရုရှားနိုင်ငံရေတပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း အိန္ဒိယသမုဒ္ဒရာထဲမှာ ရုရှားနိုင်ငံ ပစိဖိတ်ရေတပ်အုပ်စုမှ သင်္ဘောများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေတပ်သင်္ဘောများပါဝင်တဲ့ PASSEX အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
-
အဆိုပါ ရေတပ်လေ့ကျင့်ခန်းမှာ ရုရှားဖက်က ရေနံတင်သင်္ဘောတစ်စီးနဲ့ အစောင့်လိုက် ကော်ဗတ်အမျိုးအစား စစ်သင်္ဘောတို့ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်ဖက်က ဖရီးဂိတ်အမျိုးအစား စစ်သင်္ဘော ၃ စီးတို့က ပင်လယ်ပြင်မှာ ဆက်သွယ်‌ရေးနဲ့ တခြားသော နည်းဗျူဟာဆိုင်ရာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။‌
-
ဒီလေ့ကျင့်ခန်းက အမေရိကန်နိုင်ငံရဲ့ ပစိဖိတ်ဒေသ ကြည်းတပ်ဒုတိယစစ်ဦးစီးချုပ်လာရောက် လည်ပတ်ပြီးနောက်ပိုင်းမှာ ရုရှားနိုင်ငံရေတပ်က စစ်သင်္ဘောတွေ လာရောက်တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။
ငလျင်ဘေးသင့်သူများအတွက်
သီတဂူ-ကရုဏာအလှူတော်အထူးတရားပွဲ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)တွင် မွန်းလွဲ
၂ နာရီမှစတင်ကာ ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။

၂၆.၄.၂၀၂၅
သီတဂူဒေါက်တာအရှင်ဣန္ဒာစရိယ

၂၇.၄.၂၀၂၅
သီတဂူဒေါက်တာအရှင်ကောဝိဒ(သီတဂူစတား)

၂၈.၄.၂၀၂၅
သီတဂူဒေါက်တာအရှင်တိက္ခသာရ
အသံကျယ်ကျယ်နဲ့အော်မယ်ဆိုရင် သိမ်းလိုက်တဲ့ နောင်လင်ရွာကနေ နောင်ချိုကို ကြားရလောက်တယ်။ 🥹 #AungMoeKyaw
လက်နက်ရဖို့ လွယ်ခဲ့သလား (3)
==========================

            ကမ္ဘာ့မီဒီယာတွေမှာ မြန်မာ့တပ်မတော် နဲ့ CW လက်နက်ကိစ္စ ဖောင်းပွလာချိန်မှာ ဇောင်းထလာခဲ့တာက ထိုင်းနယ်စပ်က KNLA အဖွဲ့ပဲ ဖြစ်ပါတယ် ။  KNLA အဖွဲ့က ကြေငြာလိုက်ပါတယ် မြန်မာ့လေတပ်က CW နဲ့ တိုက်ခိုက်ခဲ့လို့ ပြင်းထန်တဲ့ ရောဂါလက္ခဏါတွေ ခံစားနေရပါတယ် ဆိုပြီး လုပ်ကြံသတင်း ထပ်ဆင့် လွှင့်ကြပါတယ် ။

               ၈၈ အရေးခင်းဖြစ်တော့ ဆူပူသောင်းကျန်းတဲ့ သူတွေကို ပစ်ခတ်နှိမ်နင်းရာမှာ G3 G4 တွေ ပွေ့ဖက် ပစ်ခတ်နေတဲ့ မြန်မာ့တပ်မတော်သားတွေရဲ့ ဓာတ်ပုံတွေကို မီဒီယာအသီးသီးက မျက်နှာဖုံးသတင်းအဖြစ် ဝေဝေဆာဆာ တက်ညီလက်ညီ ဖော်ပြကြပြီး ရှုံ့ချကြပါတယ် ။

             သူတို့ရဲ့ပစ်မှတ်က မြန်မာ့တပ်မတော် အင်အားချိနဲ့စေရေးအတွက် Friz Werner နဲ့ ခွါပြဲအောင် တမင် လုပ်နေကြတာပါပဲ ။ Fritz Werner အနေနဲ့လည်း လက်နက်ကြီး ကဏ္ဍ အထိ တက်လှန်းဖို့ ဆွေးနွေးထားပေမယ့် ရှေ့ဆက်တိုးဖို့ ခက်ခဲနေရပါပြီ ။

           1991 မှာ အမေရိကန် နဲ့ အင်္ဂလန်တို့က မြန်မာ့တပ်မတော်အတွက် လက်နက်ခဲယမ်းနဲ့ ကုန်ကြမ်းများ လုံးဝပြတ်တောက်သွားစေရန် အတွက် ယုတ်မာစွာနဲ့ unoffilicl ကုန်ကူးသန်းမှုနဲ့ လက်နက်ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ် ။

            1992 မှာတော့ ဥရောပသမဂ္ဂမှ UN ရီဗော်လူးရှင်း ချမှတ်၍ ထပ်မံပြီး တင်းကျပ်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ကာ မြန်မာ့တပ်မတော်ကို အင်အားချိနဲ့ သေဆုံးပျက်ဆီးရန် သင်းသတ်ဖို့ အားသွန်ခွန်စိုက် ယုတ်မာကောက်ကျစ်စွာ လုပ်ဆောင်ခဲ့ကြပါတယ် ။

            ဂျာမဏီ အစိုးရ နဲ့ Fritz Werner ကုမ္ပဏီအပေါ်ကိုလည်း ဖိအားအမျိုးမျိုးပေးပြီး မြန်မာကို ဆက်လက်မကူညီဖို့ တောင်းဆိုကြပါတယ် ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲမှု ၊ ဦးနေဝင်းအနားယူသွားမှု နဲ့ ဖိအားအမျိုးမျိုးတို့ကြောင့် Fritz Werner ကုမ္ပဏီဟာ သူသံယောဇဥ်ကြီးတဲ့ မြန်မာပြည်ကနေ ဆုတ်ခွါသွားကြပါတယ် ။

              ၈၈ မတိုင်မှီအထိ မြန်မာ့တပ်မတော် ရဲ့ တခုတည်းသော စစ်လက်နက် နဲ့ နည်းပညာများ ထောက်ပံ့ပေးနေသူ ဖြစ်တဲ့ ဂျာမဏီ ရှိ Fritz Werner ရဲ့ လမ်းခွဲမှုဟာ မြန်မာပြည်အတွက်တော့ ကံဆိုးခြင်းပါပဲ ။ ပြည်တွင်း သစ္စာဖောက်များ နဲ့ ပြည်ပ မိစ္ဆာများတို့ ရီမောသံများ သောသော ညံနေကြပါပြီ ကော ။

  မြန်မာ့တပ်မတော်အတွက် ဦးနေဝင်းရဲ့ plan အတိုင်း အလိုက်သင့် စီးမျှောလိုက်ပါခဲ့ရာမှ မထင်မှတ်ပဲ နိုင်ငံရေး တဆစ်ချိုးကွေ့သွားတဲ့ အခိုက်အတန့်မှာ ပြည်တွင်း ပြည်ပ ပယောဂများကြောင့် မိမိတို့ရဲ့ ရည်မှန်းချက်ကို လက်မြောက် အရှုံးပေးပြီး စွန့်ပစ်မယ် ထင်ကြပါသလား ....? ။

         ဘယ်ပေးမလဲဗျာ နိုင်ငံတော် ကာကွယ်ရေး အတွက် အလွန်လိုအပ်နေတဲ့ ခေတ်မှီ လက်နက်နဲ့ နည်းပညာတွေကို ရရှိနိုင်ဖို့ PLAN A B C မက ရေးဆွဲပြီးသားမို့ ကမ္ဘာကို မျက်လှည့်ပြပြီး ဆက်လက်ဆောင်ရွက်ခဲ့တာပေါ့ ဗျာ ။

             မြန်မာရဲ့ Plan B ဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ စင်္ကာပူပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ သမိုင်းကြောင်းကလည်း ရှိခဲ့တာကိုး ဗျ ။ ၁၉၈၄ တုန်းက စင်္ကာပူဟာ မြန်မာနဲ့ ကုန်သွယ်ခဲ့ရာမှာ ဂျပန် နဲ့ ဂျာမဏီ ပြီးရင် 15 % နဲ့ တတိယနေရာမှာ ရှိခဲ့ပါတယ် ။

            လက်နက်ဝယ်ယူခွင့် ပိတ်ပင်ထားတဲ့ မြန်မာနိုင်ငံကို မဟာမိတ်လက်နက်ခဲယမ်းများ စင်္ကာပူ ဆိုတဲ့ စာတမ်းထိုးထားတဲ့ သေတ္တာ ရာပေါင်းများစွာဟာ မြန်မာပိုင် ကြယ်ငါးပွင့် သင်္ဘော ၂ စီး အပြည့် ရောက်လာပါတယ် ။ မင်္ဂလာဒုံ တပ်မတော် သိုလှောင်ရုံများသို့ ညဖက် အမှောင်ချပြီး လူသူမသိအောင် ရွှေ့ပြောင်းခဲ့ကြပါတယ် ။

              ပစ္စည်းတွေက မြန်မာ့တပ်မတော်အတွက် လိုအပ်နေတဲ့ ကိုယ်တိုင်မထုတ်နိုင်သေးသော အရေးကြီး စစ်လက်နက်တွေဖြစ်ပါတယ် ။

          ဆွီဒင် နိုင်ငံ FFV လိုင်စင်နဲ့ စင်္ကာပူ CIS မှ ထုတ်လုပ်တဲ့ သောင်းကျန်းသူတွေ ဖင်တုန်အောင် ကြောက်ရတဲ့ 84 mm Carlgusgv နောက်ပွင့် နှင့် ခဲယမ်းများ ၊ ဘယ်လ်ဂျီယံ နှင့် အစ္စရေးထုတ် 40 mm RPG 2 လောင်ချာများ နဲ့ 57 mm သေနတ်များ ပါဝင်ပါတယ် ။
(လက်ဘနွံကနေ အစ္စရေးတွေ သိမ်းပိုက်ထဲက ပါလာတဲ့ လက်နက်တွေကို စင်္ကာပူကတဆင့် မြန်မာပြည်ရောက်လာတယ်လို့ မီဒီယာတွေက ဖွကြပါသေးတယ် ) စင်္ကာပူနဲ့ အဲလို လက်တွဲဖူးတော့ PLAN B အရ သူ့ကိုပဲ ယာယီဦးစားအနေနဲ့ ရွေးချယ်ခဲ့ပါတယ် ။

            ၈၈ နောက်ပိုင်း စျေးကွက်စီးပွါးရေးစနစ် ပြောင်းလဲလိုက်တဲ့ အတွက် စင်္ကာပူအတွက်လည်း မြန်မာဟာ ကုန်သွယ်မှု အရင်းအမြစ် နိုင်ငံ ဖြစ်လာခဲ့ရပါတယ် ။

           လီကွမ်ယူနဲ့ဦးနေဝင်းဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြပြီး မြန်မာပြည်ပေါက် တရုတ်သံအမတ် မစ္စချန်ဘောင်လီ ကြောင့် ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကောင်း ဖြစ်ထွန်းလာပါတယ် ။

            မစ္စချောင်ဘောင်လူနဲ့ လီကွမ်ယူတို့ ပူးပေါင်းပြီး မြန်မာပြည်ကို ကူညီကယ်တင်ခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန်လည်း ရှိခဲ့ဖူးပါတယ် ။ ( ယခင် အသေးစိတ် ရေးသားခဲ့ဖူးပေမယ့် ယခု အနည်းငယ် ထပ်မံ တင်ပြပါ့မယ်) ၈၈ အရေးအခင်း အပြီးမှာ တပ်မတော်က အာဏာအရပ်ရပ်ကို တာဝန်ယူပြီးနောက် ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကို အခွင့်ကောင်းယူပြီး ဗကပ များက မိုင်းယန်း နဲ့ KNU များက
မဲသဝေါမှာ ထိုးစစ်အကြီးကြီးတွေ ဆင်နွဲကြပါတယ် ။

              မြန်မာ့တပ်မတော်ဟာ  တရုတ်ရဲ့ အကူအညီနဲ့ ခေတ်မှီလက်ခဲယမ်းများအား ဖောချင်းသောချင်း သုံးပြီး မိုင်းယန်းကို တိုက်ခိုက်နေတဲ့ ဗကပ များနဲ့ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုများနဲ့ ပေါများနေတဲ့ ခေတ်မှီလက်နက်ခဲယမ်းတွေကို အလျှံပယ်သုံးနေသော KNU တို့ ကို အပြင်းအထန် ကာကွယ်နေရပါတယ် ။

             နိုင်ငံရဲ့ မြေပုံ ပြောင်းလဲသွားနိုင်တဲ့ အဆိုပါ တိုက်ပွဲကြီးများအတွက် မြန်မာ့တပ်မတော်မှာ လက်နက်ငယ်တွေ ပဲ ပြည်တွင်းထုတ်မို့ အလုံလောက်ရှိခဲ့ပေမယ့် လက်နက်ကြီး ခဲယမ်းတွေက ကုန်သလောက် ရှိသွားပါပြီ ။

           အဲဒါကို သိသွားတဲ့ မစ္စချန်ဘောင်လီဟာ စင်္ကာပူကို ချက်ခြင်းသွားပြီး လီကွမ်ယူနဲ့ ညှိနှိုင်းကာ ရက်လွန် ခဲယမ်းများအား ဖျက်ဆီးရန် မြန်မာအား ကံထရိုက်ပေးလိုက်သည် ဆိုပြီး 81 mm ဗုံးသီး တသိန်း နဲ့ ဖျက်ဆီးခ ဒေါ်လာ တသိန်းကို အမြန်ပေးပို့လိုက်ပါတယ် ။

          အချိန်မှီရောက်လာတဲ့ စင်္ကာပူ 81 mm များနဲ့ ဗုံးမိုးရွာခဲ့ရာ ဗကပရော KNU ရော ဆုတ်ခွါသွားကြရပါတယ် ။ မြန်မာပြည်မြေပုံ အပျိုစင်အတိုင်းကျန်နေသေးတာ လီကွမ်ယူ နဲ့ မစ္စချန်ဘောင်လူတို့ ကျေးဇူးကြောင့်ပါပဲ ။

            တပ်မတော်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်းကို စင်္ကာပူဟာ နောက်ထပ်ကြီးမားတဲ့ အထောက်အကူများနဲ့ သက်သေပြခဲ့ကြပြန်ပါတယ် ။ အဲဒီလုပ်ဆောင်ချက်တွေကတော့.............?

                ကိုရွှေမျိုးဝင်း
သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023
Forwarded from Ko Thet
Media is too big
VIEW IN TELEGRAM
ဘယ်သူသေသေ ခွက်ခေါက်ဖို့က အဓိက 🙄
-
ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်း
မြှင့်တင်ရောင်းချသည့် ဆောက်လုပ်ရေးပစ္စည်းဆိုင်
(၆၂) ဆိုင်အား တည်ဆဲဥပဒေများနှင့်အညီ
အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိဟုဆို

ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းများအား
ဈေးနှုန်းမြှင့်တင်ရောင်းချသည့် ဆောက်လုပ်ရေး
ပစ္စည်းဆိုင် (၆၂) ဆိုင်အား တည်ဆဲဥပဒေများနှင့်အညီ
အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မတ် ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး
လှုပ်ခတ်မှုနှင့်ဆက်စပ်၍ ဈေးကွက်၌ ဘိလပ်မြေ
ဝယ်လိုအား မြင့်တက်ခဲ့သဖြင့် အဆမတန်ဈေးနှုန်း
မြှင့်တင်ရောင်းချခြင်းမရှိစေရေးအတွက်

နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိ
မြို့ကြီးအချို့တွင် ရောင်းဝယ်လျက်ရှိသည့်
ဆောက်လုပ်ရေး ပစ္စည်းဆိုင်များကို တာဝန်ရှိသူများ
ပါဝင်သော ပူးပေါင်းအဖွဲ့များက ဧပြီ ၂၃ ရက်တွင်
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက
ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂၀)ဆိုင်ကို
စစ်ဆေးချက်တွေ့ရှိချက်များအရ ဝယ်ရင်းဈေးထက်
အမြတ်ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်း
အထိ အမြတ်ယူရောင်းချလျက်ရှိသည့်
ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၀) ဆိုင်။

ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း
၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချ
လျက်ရှိသော ဆောက်လုပ်ရေးပစ္စည်းဆိုင် (၃၂)ဆိုင်နှင့်

ဘိလပ်မြေအိတ်များအား မသမာသည့်
နည်းလမ်းဖြင့် ပြုလုပ်ရောင်းချသည့် တောင်ကြီးမြို့
အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်တွင်
ဖွင့်လှစ်ထားသည့် ပြည့်စုံအောင်အိမ်ဆောက်ပစ္စည်း
အရောင်းဆိုင်ပိုင်ရှင် အပါအဝင် ရှစ်ဦးတို့ကို
တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး
ဆောင်ရွက်လျက်ရှိကြောင်းနှင့်

အိမ်ဆောက် ပစ္စည်းများကို ဈေးနှုန်းမြင့်မားစွာ
မြှင့်တင်ရောင်းချသူများကိုလည်း ဆက်လက်ဖော်ထုတ်
အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။