Myanmar Update News 🇲🇲
37K subscribers
76.6K photos
3.53K videos
10 files
12.3K links
Myanmar Update News
Download Telegram
လားရှိုးကို MNDAA က သေနတ်တစ်ချက်မှ မဖောက်ရဘဲ စစ်တပ်ကို ပြန်ပေးလိုက်ရတယ်။

ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို MNDAA ဆိုတာ တရုတ်မွေးထားတဲ့ ခွေးသာသာ အဆင့်ရှိတာကိုး။ လာဆိုလာ၊ သွားဆိုသွား၊ သေဆိုသေ၊ ရှင်ဆို ရှင်ဘဲ။

ဒီကိစ္စ တော်လှန်ရေး အားပေးတဲ့ အနီ အသိုင်းအဝိုင်းက မကျေနပ်ကြဘူး။

ဒါလည်း ဖြစ်သင့်ပါတယ်။ ဘာလို့ဆို အဲဒီ တရုတ်ခွေးတွေ လားရှိုး သိမ်းတော့ အာဏာရှင် တော်လှန်ရေး ဂျင်းမိပြီး NUG/PDF တွေ ထောင်ချီ အသေခံ တိုက်ပေးခဲ့ရတာကိုး။

ကျွန်တော်ကတော့ ဒီလို စဉ်းစားကြည့်တယ်။

MNDAA ကတော့ တရုတ်ကို သေအောင် ကြောက်ရတော့ လားရှိုးကို ပြန်သိမ်းရဲမှာ မဟုတ်ဘူး။

ဒါပေမယ့် NUG/PDF တွေက တရုတ်ကို မကြောက်ဘူး ဆိုတော့ MNDAA တွေ မပါဘဲ သူတို့ချည်း လူစုပြီး လားရှိုးကို ဝင်သိမ်းပြလိုက်ရင် ပွဲက အတော်လှသွားမှာ။

လားရှိုးရောက်နေတဲ့ တရုတ်ကိုယ်စားလှယ် Deng Xijung ကိုပါ ဖမ်းပြလိုက်ရင် Xi Jinping ပျားတုတ်သွားပြီး။ သမ္မတကြီး ဒူဝါလရှိလကို ကော်ဇော်နီတွေဘာတွေ ခင်းပြီး ကြိုချင် ကြိုနေမှာ။

ကျွန်တော်ကတော့ အဲလို လုပ်ပြလိုက်စေချင်တယ်။

ဖားလား ငါးလား ကျားလား နွားလား သဲကွဲသွားတာပေါ့။
21.Apr.2025;Mon
အော် သူမ တကယ် မလှုပ်ခဲ့ပါဘူးလေ။
သဗ္ဗီတိယော ဝိဝဇ္ဇန္တု၊ သောကော ရောဂေါ ဝိနဿတု။ မာ တေ ဘဝန္တန္တရာယာ၊ သုခီ ဒီဃာယုကော ဘဝ။

အဘိဝါဒန သီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။ စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

ဘေးရန်ခပ်သိမ်းကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ ကင်းစေကုန်သတည်း။ အနာရောဂါဟူသမျှ ပျောက်စေကုန်သတည်း။ သင့်အား အန္တရာယ် တစုံတရာမဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့် အသက်ရှည်စွာ နေရပါစေသတည်း။

ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ်ရိုသေလေးစားတတ်သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏။ ခွန်အားဗလ တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့ ထာဝစဉ် တိုးတက်လျက်သာနေကြကုန်သတည်း။
🙏🙏🙏🙏🙏

https://t.me/updatenews2023
ကျက်သရေမရှိတဲ့ သတင်း
========================

             ပညာရေးဝန်ကြီးဌာနကနေ မီးလောင်သွားတဲ့ ကယား ၊ စစ်ကိုင်း ၊ မန္တလေးတိုင်း က Grate 12 စာမေးပွဲကို ပြန်ဖြေရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ ( မြို့နယ်အချို့မှ အပ) ။ ယခင် ကောလဟာလ ကြားနေရစဥ် စာမထွက်သေးပါဘူးလို့ ဆိုပြီး ဘာတခုမှ မရေးခဲ့ပါဘူး ။

          ယခုတော့ ရေးရပါလိမ့်မယ် ။ ဒီဆုံးဖြတ်ဟာ ပညာရေးဝန်ကြီးရဲ့ စုတ်ပဲ့ညံ့ဖျင်း အောက်တန်းကျတဲ့ စိတ်ကို ဖော်ကျူးနေတာ မြင်ရလို့ပါပဲ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာ ဘယ်လောက်ပင်ပန်းကြီးစွာ အားထုတ်ဖြေဆိုရတယ်ဆိုတာ အားလုံးသိကြပါတယ် ။

            ကျောင်းသားဆိုမပြောနဲ့ မိဘတွေပါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ငွေဆင်းရဲ အားလုံးကြုံခဲ့ကြရတာ အထူးပြောဖွယ်မလိုပါဘူး ။ မိဘတွေရော ကျောင်းသားတွေကော အားလုံးချွေးပြန်အောင် ကြိုးစားပန်းစား တောင်ထိပ်ရောက်အောင် တက်ခဲ့ပြီးပြီ ။

               အောက်ပြန်ရောက်ပြီး အမောဖြေနေမှ နောက်တခေါက်ပြန်တက်ကြရမယ် ဆိုတဲ့ ပညာရေးဝန်ကြီးရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပေပြီ ။ ငလျင်ကြောင့် မီးလောင်မှုကြောင့် အဖြေလွှာဆုံးရှုံးသွားတာ ရှောင်လွှဲမရတဲ့ သဘာဝဘေးဒဏ်လေ ။ တာဝန်ရှိရင် လုံခြုံစိတ်ချရတဲ့ ( မီးဘေး ၊ ရေဘေး) နေရာမှာ ထိမ်းသိမ်းမထားတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိနေတာမျိုးလေ ။

           အဖြေလွှာချည်း မီးလောင်ကုန်တယ် ထင်သလားဗျ ။ ကျောင်းသားတွေရဲ့ မှတ်စုတွေကရော မီးမလောင်တော့ဘူးလား ၊ တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား ချီးဘရိန်းတွေ... ။ ကျုပ်လိုကျောင်းသားဆို စာမေးပွဲ ပြီးတာနဲ့ ပိဿာချိန် နဲ့ အကုန်ရောင်းပြီးပြီ ။

               အခြားနည်းတွေ အများရှိနေပါလျှက် ပြည်သူတွေ ဆူပူလာနိုင်တဲ့ အညံ့ဆုံးနည်းကို တွေးခေါ်ဆုံးဖြတ်ကြတဲ့ အပေါ်မှာတော့ ညံ့မှန်းတော့သိတယ် အဲသလောက် ကျက်သရေ(ဋုန်း)အောင် ညံ့မှန်းမသိဘူး ။

                ဖြေရှင်းနည်းတွေ ပြောထားကြတာ တွေ့ရပါတယ် ။

-  မီးလောင်တဲ့ အဖြေလွှာရှင်တွေကို အကုန်အောင်တယ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေခိုင်းတဲ့ ( ဘာထူးမှာလည်းဗျာ) ၊

-  အခြားဒေသက ကြိုးစားထားသူတွေ နစ်နာမတဲ့ 😂( အခြားဒေသက ဆေး / အင်ဂျင်နီယာ မှန်းထားကြတဲ့ မိဘတွေ ဝင်ခွင့် ပြိုင်ဘက်များမှာစိုးလို့  ၊ တချို့က မနာလိုလို့ ပြောနေတာလို့ ယူဆမိပါရဲ့) ၊

-  တနိုင်ငံလုံး အအောင်ပေးမှ မျှတ မတဲ့ ( အခြားဒေသတွေမှာ ဖြေဆိုထားတဲ့ ကျဖို့များနေသော သူများရဲ့ ဆန္ဒပေါ့ ၊ ပွဲစားလောက စကားသုံးရရင် မဆီမဆိုင် ဒိုက်ဗင်ထိုးတယ်ပေါ့ဗျာ 😁😁)

             ဒီပြောဆို အကြံပြုချက်တွေက မှန်သင့်သလောက်တော့မှန်ပါတယ် ။ သို့သော် ထွက်ပေါက်တွေလည်း ရှိပါတယ်ဗျ ။ တွေးမိတာလေး ဥပမာနဲ့ ပြောချင်ပါတယ် ။ အဲဒီတိုင်းတွေက ကျောင်းသားတွေကို အအောင်ပေးလိုက်ပါ ။ ဆေး နဲ့ အင်ဂျင်နီယာ အတွက် မနှစ်က ဝင်ခွင့်ရခဲ့ကြတဲ့ ကျောင်းသားဦးရေအတိုင်း ခွဲတမ်းပေးလိုက်ပါ ။

           ဆေး နဲ့ အင်ဂျီနီယာအတွက် ဝင်ခွင့်ဖြေခိုင်းပါ ( ကိုယ့်ကိုကိုယ်သိတဲ့ ကျောင်းသားတွေပဲ ဖြေပါလိမ့်မယ် ၊ ဖြေတဲ့ထဲက အမှတ်အများဆုံးရသူတွေကို စီနီယာအတိုင်း ဖြတ်ချပြီး ခွဲတမ်းအတိုင်းသင်ကြားခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ်)

          ကျန်တဲ့ ကျောင်းသားတွေကို ဝါသနာပါရာ တက္ကသိုလ်အသီးသီး ဝင်ခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ် ။ ဒါဆိုရင် အခြားဒေသတွေက ဆေး နဲ့ အင်ဂျီနီယာအတွက် ငွေကုန်ခံ ကြိုးစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝေစုလည်း မထိခိုက်သမို့ သူတို့ မကျေမနပ်ဖြစ်ကြမှာ မဟုတ်တော့ပါဘူး ။

              အချို့ကတော့ ဟယ်ရီတန်ကို မျှော်မှန်းပြီး တနိုင်ငံလုံး အအောင်ပေးဖို့ စိတ်ကူးနေကြပါတယ် ။ အပေါစားသမိုင်းဝင် စာမေးပွဲကြီး တခု ထပ်ဖြစ်သွားမှာပေါ့ဗျာ ။

             စာမေးပွဲ ပြန်ဖြေဖို့ဆိုတဲ့ နည်းလမ်းအစား အခြားသင့်တော်ရာ နည်းတွေ ဖြည့်စွက်စဥ်းစား လုပ်ကိုင်ဖို့ ကောင်းပါတယ် ။ အခုနေတုန်း ပါမောက္ခ ၁၀၀ လောက်ကို Grate 12 စာမေးပွဲ ပြန်ဖြေခိုင်းကြည့်လေ ။ ဘာသာစုံ အောင်မြင်သူ 5 % ရရင်ပဲ ကံကောင်း ။

           နိုင်ငံရေးအရ ကိုယ့်ဖက်ကို စည်းရုံးတဲ့ အနေနဲ့ တောပြန် PDF တွေကို ထောက်ပံ့ငွေပေးစည်းရုံးနေရတဲ့ နစက ၊ မြို့ရွာတွေ အသိမ်းခံထားရပြီး စော်ကားခံနေရတဲ့ ကြားထဲက သူပုန်ပေါင်းစုံကို ဆွေးနွေးပါ ညှိနှိုင်းပါ နဲ့ ( နိုင်ငံရေးအရဖြစ်စေ) အော်နေရတဲ့ နစက ။

   
        အဲသလို အခြေအနေမှာ လူယုတ်မာ PDF တွေက ကျောင်းသားသတ် ၊ ဆရာ / ဆရာမသတ် နေတဲ့ ကြားထဲက အသက်စွန့်စာသင်ပြီး ကြိုးစားဖြေထားရတဲ့ အဖြူထည် ကျောင်းသားတွေကြမှ စာမေးပွဲလက်နက် နဲ့ ထပ်မံနှိပ်စက်ပြီး အမုန်းစွဲအောင် လုပ်သင့် မလုပ်သင့်ကတော့ တွေးကြည့်ကြပေါ့ ။

          ပညာရေးဝန်ကြီးဌာနကတော့ ဖရဲသီး အပေါဆုံးမို့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး ။ နစက အနေနဲ့ကတော့ တိုင်းပြည်ဒီလောက်ဖြစ်နေတာ ဘာကြောင့်ဆိုတာ သိကြပါ ။ တဝမ်းပူနဲ့လည်း မတုံးပါနဲ့တော့ ၊ ဋ သန်လင်းချိတ် နဲ့ လည်း ဋုံးပြဖို့ အချိန် မဟုတ်တော့ပါဘူး ။

           ကိုရွှေမျိုးဝင်း
အဖြေလွှာမီးလောင်သွားခဲ့သော ကချင်၊ စစ်ကိုင်းနှင့် မန္တလေးရှိ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းဖြေဆိုရမည်အချိန်ဇယားထုတ်ပြန်

◾ ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အတွင်း ဖြေဆိုရမည်ဖြစ်သော်လည်း ဘာသာစုံဖြေဆိုခဲ့သူများသာ ပြန်လည်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ စာစစ်ဌာနကိုးခုတွင် ဖြေဆိုခဲ့သူများ ပြန်လည်ဖြေဆိုရန် မလိုအပ်ဟု ကြေညာ

MT News
၂၂.၄.၂၀၂၅

◾️ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=98438

#sac #မန္တလေးငလျင်ကြီး #မန္တလေးတက္ကသိုလ် #အဖြေလွှာ #တက္ကသိုလ်ဝင်စာမေးပွဲ #PPP #တက္ကသိုလ်ဝင်ခွင့် #ပြည်သူ့ရှေ့ဆောင်ပါတီ #MT #mtnews #MyanmarTransparency
အပစ်ရပ်စဲကာလ မကုန်မီ တပ်စခန်းကို လာတိုက်တဲ့ DPLA/PDF (ကျောက်ဂူ)

ဧပြီ ၂၁ ရက် ညနေ ၅ နာရီခန့်က ကျောက်ဂူရွာအနီးရှိ လခရစခန်းတစ်ခုအား အပစ်ရပ်စဲကာလ မကုန်မီ (၁)ရက် အလိုတွင် အကြမ်းဖက် DPLA/PDF ၅၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၃ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် DPLA/PDF ၆ လောင်း
(၂) လက်နက်မျိုးစုံ ၈ လက်
(၃) ကျည်မျိုးစုံ ၁၃၇၂ တောင့်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (ကျန်ရှိပုံများ ထပ်မံဖော်ပြပါမည်)
-
အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၊ အလစ်အငိုက်ရလောက်တယ်ထင်ပြီး လာတိုက်တဲ့အကြမ်းဖက်တွေကတော့ ခံစား သွားရပြီ။ နောက် ၁ ရက်ကြာရင်တော့ အကြမ်းဖက်သမားတွေ အလှည့်ပေါ့။
-
တိုက်ပွဲသတင်းစုံ
Forwarded from People Media (၁)
Media is too big
VIEW IN TELEGRAM
လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာတဲ့ ရာနဲ့ချီသော တပ်မတော် ယာဉ်တန်း မြင်ကွင်း


#Peopl@peoplemedianews
Forwarded from Ko Myo Win (Myo Win)
လွှတ်တော် အမေး အဖြေ မဟုတ်ပါ😂
===============================

ရေးပြမှ ရတော့မှာမို့ "ကိုရွှေမျိုးဝင်း"ရေ ---
-(၁)နဝတ ခေတ် ၁၉၉၀ ခုနှစ်မှာလမ်းညွှန်ချက်အရခြေလျင်တပ်သုံးလက်နက်ငယ်များကို7.6251 mm သုံး BA series ကို အစားထိုးဖို့ 5.5645 mm သုံးMA series (gas operated) များကိုစတင်သုတေသနပြု ထုတ်လုပ်ခဲ့ပါတယ်၊ ပိတ်စို့မှုပေါင်းများထဲကComponents များစွာကို နိုင်ငံခြားအကူအညီမပါ အဆင့်ဆင့်စမ်းသပ်ထုတ်လုပ်ခဲ့ရပါတယ်၊ Design, meterials ကအစ ခက်ခဲစွာကျိုးစားခဲ့ပါတယ်၊ နမူနာအဖြစ်အစ္စရေးရဲ့ Galli, yugo ရဲ့ M8 series,တောင်အာဖရိကရဲ့ R4, R5 စသည်တို့ကို အကန့်အသတ်ဖြင့် သုတေသနပြုခဲ့ကြရပါတယ်၊ ယင်းအချိန်တွင် ခဲယမ်းပိုင်းအနေဖြင့် 7.6251 mmထုတ်လုပ်နေသောစက်များကို ပြည်ပနည်းပညာအကူအညီမပါ 5.5645 mm (M193 ball) ကို အခက်အခဲများစွာကြားက ထုတ်လုပ်နိုင်ခဲ့ကြပါတယ်၊ယနေ့ ကမ္ဘာကျော် M16 AR ပင်လျှင်ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်စစ်သားများ၏ အားကိုးယုံကြည်မဲ့စွာ ရန်သူ့လက်နက် ရုရှားထုတ် AK47 AR ကိုအလုအယက်အားကိုးခဲ့ကြပါတယ်၊ Colt ကုမ္ပဏီ အနေဖြင့် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှသာDesign, meterials, process များမှန်ကန်လာမှသာ ကမ္ဘာကျော် M16 ARဘဝကိုရောက်ခဲ့ရပါတယ်၊

(၂) ၁၉၉၈ ခုနှစ်မှသာ ခဲယမ်းထုတ်လုပ်မှုအတွက် စင်္ကာပူအကူအညီနဲ့ မတန်မရာသူခိုးဈေး($45သန်း) ပေးပြီး စက်ရုံခုလုံးရခဲ့ပါတယ်၊စက်ရုံနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့SAA နည်းပညာများစွာကိုရခဲ့ပါတယ်၊(M193 ball, M196 tracer, ss109 penetrator) ထိုအချိန်တွင် အီရတ်စစ်ပွဲမှာ အမေရိကန်က M16 modulation gun နဲ့အတူ 5.5645 mm (M855 penetrator) ကိုသုံးစွဲနေပါပြီ၊

(၃) ပစ်ခတ်ထိရောက်မှု အကွာအဝေးဆိုတာ လက်နက်/ ခဲယမ်း တွဲဆက်မှုမှန်ကန်မှသာ ထိရောက်မှုရှိသကဲ့သို့သုံးစွဲသူသာ တတ်သိနားလည်ဖို့ကအခရာကျပါသည်။ ဥပမာ-ယနေ့နာမည်ကြီး အစ္စရေးထုတ်UZI ဆိုလျှင် 919 mm ကိုသာသုံးစွဲပါသည်။ ရည်ရွယ်ရင်းက တာတိုပစ်(Stoping power) ကိုအရတည်ဆောက်ထားသကဲ့သို့ ကျည်ထွက်နှုန်း (800/rate of fire) ကိုတည်ဆောက်ထားပါသည် ။

(၄) လက်နက်ငယ်တစ်လက် တည်ဆောက်ရာတွင် အောက်ပါအချက်များဖြင့်ကိုက်ညီအောင် တည်ဆောက်ကြရပါသည်။အလေးချိန်, အရှည်, တိကျမှု,အကြမ်းခံနိုင်မှု, သက်တမ်း, နှစ်သက်လိုဘွယ်အဆင်း, ကျည်ထွက်နှုန်း, ယုံကြည်အားကိုးမှု, စတဲ့အချက်တွေကို နိုင်ငံတကာမှာရော ကပစတွေမှာပါ တည်ဆောက်ထုတ်လုပ်ကြပါတယ်၊

(၅) လက်နက်ငယ်များတွင် ပြောင်းပိုင်တည်ဆောက်မှုနည်းပညာအရပြောင်းရစ်(rifling twist) သတ်မှတ်ချက်များရှိပါသည်။ အီရတ်စစ်ပွဲအတွင်း M16 modulation gunသည် dual used ၉ လက်မ တစ်ပတ်(230 mm per one turn)ကို M855ကျည်ဖြင့်ပစ်မှသား အကွာအဝေး ထိရောက်မှု ဖောက်ထွင်းနိုင်မှုရရှိနိုင်သော်လည်း M193 ball ကျည်ကိုရောထွေးသုံးစွဲခြင်းကြောင့် အရေးယူအပြစ်ပေးခံရသည့်ဖြစ်စဉ်များရှိခဲ့ပါတယ်၊

(၆)ကျည်ထုတ်လုပ်မှုအတွက်သုံးစွဲသည့်ကြေး(MS 72)(MS 90)များကိုကိုယ်တိုင်ကြိုချက်နိုင်တဲ့ နည်းပညာကို၁၉၇၅ ခုနှစ်ကပင်ရရှိပြီးဖြစ်ပါတယ်5.56 mm စက်ရုံနှင့်အတူ ဝယ်ယူရရှိခဲ့သော Brass wire များဖြင့်ထုတ်လုပ်စဉ် ကုန်ကြမ်းသိုလှောင်မှုကာလကြာမြင့်သည်အခါ ဒဏ်အားလျော့ချသည်နည်းစဉ်များဖြင့်ထုတ်လုပ်ခဲ့ကြရပါတယ်၊ ထိုနည်းစဉ်ကို ၂၀၁၅ခုနှစ် လောက်ကိုင်ပထမစစ်ပွဲတွင် ပြောင်းရင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့်သတ္တုဗေဒ ပညာရပ်ရပ်များမှဖော်ထုတ်ခဲ့ရပါတယ်၊
မှတ်ချက်၊
ကိုရွှေမျိုးဝင်းရေ-ထောင်ထဲက စကားကထောင်ထဲမှာပဲထားလိုက်ပါဗျာ၊Armerment technologyဆိုတာ နာရီထုတ်လုပ်တဲ့Tolarence ထက်ပိုပြီး ကျဉ်းကြပ်ပါတယ်ဗျာ၊ technicals, meterials,Design, process, စတာတွေကအရပ်သုံး အတွေးအခေါ်တွေနဲ့လုပ်လိုမရပါဘူးဗျာ၊ယနေ့ခြေလျင်တပ်သုံးလက်နက်ငယ်/ ခဲယမ်းများနှင့်ပတ်သက်ပြီး အဆင့်ဆင့်ကျိုးပန်အားထုတ်ခဲ့ရပါတယ်၊ နိုင်ငံတကာအကူအညီမဲ့ နေချိန်မှာကပစတွေက နေ့မအား၊ ညမနားကိုယ်ခြေထောက်ပေါ် ကိုယ်မတ်တတ်ရပ်နိုင်အောင် ဖိအားပေါင်းများစွာနဲ့ကျိုးစားခဲ့ရသူတွေပါဗျာ၊လက်နက်/ခဲယမ်းအချို့ကို ပြည်ပကကြိုက်လို့ ထုတ်တောင်ရောင်းနေပါပြီဗျာ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာတောင်မရှိသေးတဲ့ နည်းပညာမြင့်တွေရှိနေပါပြီဗျာ၊ မာရဝိဇိယ ဆင်းတုတော်ကြီးက နည်းပညာသက်သေပါပဲဗျာ။လေးစားစွာဖြင့်
--------------------------------------------------------------

မနေ့က ကပစ ထုတ် MA စီးရီးရဲ့ တိုက်ခိုက်ရေးသုံး အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ ပို့စ် အပေါ် ပြန်ရှင်းပြထားတာပါ ။ အဖြေတွေက လွှတ်တော် အမေး အဖြေ ကဏ္ဍကိုတောင် သတိရလာစေတဲ့ အထိ တခြားစီ ဖြစ်နေပါတယ် ။

လက်နက်ရဖို့ လွယ်ခဲ့သလား ဆောင်းပါးရှည် နဲ့ ပြုံယမ်းမှ နေပြည်တော် သို့ဆိုတဲ့ တပ်မတော်ရဲ့ အားထုတ်ခဲ့ရမှု ဆောင်းပါးရှည်တွေ ကျနော်လေ့လာရေးသားခဲ့ဖူးပါတယ် ။ ဒီတော့ လူကြီးမင်းရဲ့ အဖြေ နံပါတ် ၁ နဲ့ ၂ ကို မပြောလိုပါဘူး ။
နံပါတ် ၃ က MA 1 သည် မီတာ ၂၀၀ အတွက် ထုတ်ထားတာလား.. ? မီတာ ၅၀၀ အတွက် ထုတ်ထားတာလားလို့ မေးချင်ပါတယ် ။ သုံးစွဲသူ တတ်သိနားလည်ဖို့ လိုတယ်ဆိုတော့ကား တပ်မတော်သား စစ်သည်တွေ မတတ်လို့လား ၊ တိုက်ခိုက်ရေးသင်တန်းကျောင်းကြီး အသုံးမကျလို့လား မေးရမလိုပါပဲ ။ နောက်ဆုံး အာဆီယံပြိုင်ပွဲဝင်တွေတောင် မသုံးတတ်သေးဖူးလို့ ဆိုလိုတာလား ဗျ ။

         နောက်ထပ် နံပါတ် ၄ လက်နက်ငယ်တွေ ဘယ်လိုထုတ်ရမလဲ ဆိုတာ ပြောပြလို့ကျေးဇူးပါ 😂အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကပစထုတ် MA ကို သုံးစွဲနေကြရတဲ့ စစ်သည်တွေ စိတ်ကျေနပ်မှု ရနေပါသလား...? ယုံကြည်မှု ရှိနေကြပါသလား မေးပါရစေ ။ အဲဒါပြဿနာ အရင်းအမြစ်ပါပဲ ။

         ကျည်ဘောက် အံမကျဘူး ၊ ကျည် ကန့်လန့်ခံတယ် ၊ ကျည်ကပ်စပရင်တွေကောင်းကောင်းအလုပ်မလုပ်တာ ချိန်ဆိုဒ်တွေချောင်နေတာ simiရပြီး Brustမရတာ Autoမရတာ Autoရပြီး simiပစ်ခတ်စဥ်မရတာအဲ့ပြသနာတွေ ဖြစ်နေတာကို ခင်ဗျားတို့ ရှေ့တန်းက စစ်သည်တွေ ရင်ဖွင့်ထားကြတာလေ ။ အကြိမ်ကြိမ် တင်ပြထားကြပြီလို့ သိရပါတယ် ။ အဲလို ပြဿနာမရှိပါဘူးလို့ ယခုစာရေးထားတဲ့ ပုဂ္ဂိုလ် ပြောချင်ပါသလား... ?

      နံပါတ် ၅ မှာ သေနတ်ပြောင်း ပြဿနာ တင်ပြမှုအတွက် အသုံးပြုသူတွေ သတ်မှတ်ကျည် မသုံးလို့ဆိုသော ပြစ်တင်စကားကြားရပြန်ပါတယ် ။ ရှိကောင်းရှိပါလိမ့်မယ် ။ သေနတ် နဲ့ ဖက်ရှင်ကျတဲ့ အဆင့်မြင့် ကျည်ဘောက် နဲ့ အရည်အသွေးမှီ ကျည်ဆံ လုံလောက်အောင် ထုတ်နိုင်ပြီလား...? ပေးထားသလား ဆိုတဲ့ မေးခွန်းကိုတော့ ကကနက် ဆီ လွှဲချမှာ သေချာပါရဲ့ ။

          နံပါတ် ၆ အဖြေမှာ ကျည်ဆံ ထုတ်လုပ်မှု စနစ်ပဲ ပြောသွားပါတယ် ။ ထိရောက်မှုကို ဘာလို့ မပြောတာလည်း နားမလည်ပါဘူး ။ တိုင်းတပါးက ကျည်ဆံနဲ့ MA 1 ကို မီတာ ၅၀၀ ပစ်နိင်ပြီး ကပစ ကျည်ဆံကျတော့ ဒီ MA 1 ကိုပဲ မီတာ ၂၀၀ ပဲ ထိရောက်တဲ့ ပြဿနာကို ဘယ်လို ရှင်းပြမလဲ သိချင်မိပါတယ် ။

                 ပြင်ပကကြေးဝယ်တာကို မပြောနဲ့ဆိုတော့ မပြောတော့ပါဘူးလေ ။ လက်နက် ခဲယမ်းတွေ ကိုယ်ပိုင်ထုတ်ဖို့ ဘယ်လောက်ကြိုးပမ်းခဲ့ရတယ်ဆိုတာကို သမိုင်းကြောင်းနဲ့တကွ နှိုက်နှိုက်ချွတ်ချွတ် ကိုယ်တိုင်ရေးပြထားသူမို့ သာမန်လူတွေထက် ကျနော်ပိုနားလည်ပါတယ် ။.

          လက်နက်ခဲယမ်း အချို့ ပြည်ပက ဝယ်တယ်ဆိုတဲ့ သတင်းအတွက်လည်း ဂုဏ်ယူစွာ ရေးသားခဲ့ဖူးပါတယ် ။ အရှေ့တောင်အာရှမှာ လက်နက် နည်းပညာ အမြင့်ဆုံးဆိုတာလဲ လက်ခံပါတယ် ။

          လက်မခံနိုင်တာက ပြည်တွင်းက လက်တွေ တိုက်ပွဲဝင် MA 1 တွေ သုံးစားမရတာ ဘာကြောင့်လည်း သိချင်ပါတယ် ။ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တုန်းက သုံးခဲ့တဲ့ အဆင်မြင့် MA 1 တွေ ကျည် မအဘူး ၊ ကန့်လန့်မခံဘူး ၊ ကျည်ဘောက်မပြုတ်ဖူး ၊ ချိန်သီးမချောင်ဘူး ၊ ကျည်စုထိချက် မီတာ ၅၅၀ ထိရောက် တယ်လို့ ကြားမိပါတယ် ။

          အဲသလောက် အရည်အချင်းရှိတဲ့ ကပစ အနေနဲ့ ဘာကြောင့် သုံးစားမရတဲ့MA 1 တွေကို အပ်ဒိတ်လုပ်မပေးကြတာလဲ သိချင်တယ် ။

           ဒါတွေ ဝေဖန်နေတာ ကျနော့်အကျိုးစီးပွား တခုမှ မပါဘူး ။ စစ်တပ်ဆီက ရွှေဖီဦးတခွက်စာ အလကား မသောက်ဖူးဘူး ၊ နို့ဆီတဇွန်း အခမဲ့ မစားဖူးဘူး ။ သို့သော် တပ်မတော်ရှိနေလို့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေရတဲ့ ကျေးဇူးက အများကြီးပါ ။ ဒါတွေကြောင့် ပြင်သင့်တာ အချိနိမှီ ပြင်ဆင်နိုင်ဖို့ ဝေဖန်ထောက်ပြနေရတာပဲ ဖြစ်ပါတယ် ။

           မင်းက မဆီမဆိုင် ဝင်ပြောနေတာလို့ မယူဆပါနဲ့ ။ တပ်မတော်ရဲ့ အဓိက အားနည်းချက်ကြီးက ရာထူးကြီးသွားရင် ငါသာ တကယ်သိ တကယ်တတ်တယ် ဆိုသော ဘဝင်မြင့်ကြတဲ့ အချက်ကြီးရှိပါတယ် ။ အောက်က တပည့်ငယ်သားတွေခမျှာ ရေငုံနှုတ်ပိတ် နေကြရတော့ မပြောရဲ မဆိုရဲမို့ ဝင်ပြောပေးနေခြင်းဖြစ်ပါတယ် ။

        ကပစ မှာ နည်းပညာရှိတယ် မရှိတာ ရိုးသားမှုလို့ပဲ မြင်မိတယ် ။  ရိုးသားနိုင်ကြပါစေလို့ မပြည့်တဲ့ဆုတောင်းနဲ့ နှုတ်ဆက်ပါတယ် ။

          ကိုရွှေမျိုးဝင်း
❝ပညာရှင်တွေ စစ်ဆေးပြီးနောက် မန္တလေးစျေးချိုကို ဧပြီ ၂၄ ရက်တွင် ပြန်ဖွင့်မည်❞

 đ™ˆđ™ƒđ™đ™‰đ™€đ™’đ™Žă€Šđ˜źđ™‹đ™đ™„đ™‡ď˝žđŸđŸă€‹ 


အင်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုအချို့ ဖြစ်ပေါ်ခဲ့သဖြင့် ယာယီပိတ်ထားရသည့် မန္တလေးစျေးချိုကို ဧပြီ ၂၄ ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စျေးအကျိုးတော်ဆောင်များ၏ ထုတ်ပြန်မှုအရ သိရသည်။

စျေးရုံပေါင်း ၈ ရုံနှင့် ဆိုင်ခန်းပေါင်း ၃၂၀၀ ရှိသည့် အဆိုပါ မန္တလေး စျေးချိုတော်၏ ငလျင်ဒဏ်သင့် အဆောက်အအုံများကို ပြည်တွင်း ပညာရှင်များနှင့် အိန္ဒိယပညာရှင်များက ခိုင်ခံ့မှု စစ်ဆေးခဲ့ပြီးနောက် ထိခိုက်မှုမရှိခဲ့သည့် အဆောက်အအုံအစိတ်အပိုင်းများတွင် ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ထိုသို့ စျေးကိုပြန်လည်ဖွင့်လှစ်မည်ဆိုသော်လည်း စျေးချိုအရှေ့ဘက်ရှိ အဆောက်အဦများမှာ ဖျက်သိမ်းရမှာဖြစ်သဖြင့် စျေးချိုတော်သို့လာရောက်မည့်ယာဉ်များအတွက် ရပ်နားရန်နေရာ အခက်အခဲရှိမည်ဖြစ်ကြောင်း အသိပေးထားသလို စျေးရုံ၏ အဝင်အထွက်လမ်းများကို ရှင်းလင်းရမည်ဖြစ်သည့်အတွက် မိမိဆိုင်ခန်းဧရိယာထဲအတွင်းမှာသာ ရောင်းချကြရန်လည်း စျေးအကျိုးတော်ဆောင်များက သတိပေးထားသည်။

အဆိုပါ စျေးချိုအရှေ့ဘက်ရှိ တောင်မြောက်ဆောက်လုပ်ထားသော တိုက်တန်း၏ အဆောက်အဦများသည် ငလျင်ဒဏ်ကြောင့် လုံးဝဖျက်သိမ်းရမည့်အခြေအနေရှိနေသဖြင့် ယင်းဆိုင်ခန်းပိုင်ရှင်များအနေဖြင့် ယာယီရောင်းချခွင့်နေရာအတွက် မဲနှိုက်ခဲ့ကြရကြောင်း သိရသည်။

#mhtnews@myanmarhardtalk
#myanmarhardtalk@myanmarhardtalk
Forwarded from MYANMA GON NEWS AGENCY
လားရှိုးကို ထပ်ပြီးဝင်သွားတဲ့
စစ်ကား ၇၀ ကျော် အလံတွေတလူလူနဲ့အရာရှိတွေကို ကိုးကန့်လက်နက်ကိုင်လူကြီးပိုင်းတွေက ခရီးဦးကြိုဆိုခဲ့တယ်လို့သိရပါတယ်။

#MMG
ပူတာအိုမှ ဘုရားပေါ် ဖိနပ်ဖြင့်တက်ခဲ့သည့်အမျို့သမီးအား ဖမ်းဆီးထိန်းသိမ်းခဲ့။