Myanmar Update News 🇲🇲
37K subscribers
76.6K photos
3.53K videos
10 files
12.3K links
Myanmar Update News
Download Telegram
လားရှိုးမြို့ကို MNDAAကဘာကြောင့် အစိုးရကိုပြန်ပေးရသလဲဆိုရင် တရုပ်ကဖိအားပေးတာကနည်းနည်း (တရုပ်က၂နိုင်ငံကုန်သွယ်ရေးလမ်းပိတ်နေတော့ စီးပွားရေးထိခိုက်လာတာလဲပါတယ်) လားရှိုးကိုသပ်မှတ်ရက်အတွင်းပြန်မပေးရင် MNDAAရဲ့ အရင်ရရှိပြီးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုတပ်မတော် ဓနုနဲ့ ရှမ်းအဖွဲ့ စုံကထိုးစစ်ဆင်ပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်ဖို့အသင့်ပြင်ထားတာကိုသိနေလို့ပြန်ပေးတာပဲဖြစ်တယ် (မနှစ်ကကျနော်ပြောဘူးပါတယ် ရှမ်/တောင်ပိုင်းရောက်နေတုန်းက တိုးနယား၅ကောင်ကတပ်မတော်နဲ့ပူးပေါင်းပြီး မြန်မာပြည်အတွက်အကြီးမားဆုံးစစ်ဆင်ရေးကြီးလုပ်ဖို့ရှိတယ်ဆိုတဲ့အကြောင်း) အခုတော့ လားရှိုးကိုမတိုက်ခိုက်ရပဲ ပြန်ရပြီဆိုပေမယ့် နစက အစိုးရရဲ့ (ကုန်သွယ်ရေးလမ်းတလျှောက် လုံခြုံစိတ်ချမှု့မရသရွေ့ ကုန်သွယ်မှု့ရပ်ဆိုင်းထားအုံးမယ်)ဆိုတဲ့ ပါးနပ်တဲ့ စကားတခုတည်းနဲ့တင်တရုပ်အစိုးရကိုအကျပ်ရိုက်စေခဲ့တယ် မူဆယ် မန်းလေးကုန်သွယ်ရေးလမ်းတင်မက ဗန်းမော် လွယ်ဂျယ် ကန်ပိုက်တီး ကုန်သွယ်ရေးဇုံတွေပါ အကုန်စိတ်ချမှ နယ်မြေအေးချမ်းမှ တရုပ်အစိုးရနဲ့ ကုန်သွယ်ရေးပြန်လုပ်နိုင်မယ်ဆိုတဲ့ သဘော စီးပွားရေးသမားကို စီးပွားရေးလမ်းကြောင်းနဲ့ ပြန်အကျပ်ကိုင်လိုက်တာပါပဲ
နစက အစိုးရအနေနဲ့ အပစ်ရပ်ကာလပြည့်ရင် ရင်ဆိုင်ရမှာ KIA နဲ့ TNLA ပဲကျန်တော့တယ် ဘာဆက်လုပ်မလဲ အပြောင်ရှင်းမလား နားလည်မှု့ယူမလားဆိုတာပဲစောင့်ကြည့်ရမယ် ရှမ်းမြောက်မှာ ရှမ်းနီတပ်မတော် နဲ့ ကချင်ပြည်သူ့စစ် ရှမ်းတောင်ပိုင်းကအဖွဲ့စုံကတော့ ကျည်ထိုးပြီးအသင့် အနေအထားနဲ့ အထက်အမိန့်ကိုစောင့်နေတယ် ။
ကိုယ့်မျက်ချေးကို ပြန်ကြည့်ချိန်တန်ပြီ
===============================
MA စီးရီးပြဿနာများ
-------------------------------------

               MA စီးရီးတွေမှာ ကျည်ဆံခဏခဏ ညှပ်တယ် ။ ကျည်ဘောက်တွေ ပြဿနာရှိတယ် ။ ဥပမာ MA 1 ခြင်း အတူတူ 2002 ထုတ် ကျည်ဘောက်က 2005 ထုတ် MA 1 မှာ တပ်လို့မရတဲ့ ပြဿနာ ။

              အာစီယံပြိုင်ပွဲမှာ ကိုယ့်ဆီက MA စီးရီးသေနတ် နဲ့ ကိုယ်ပိုင်ကျည်ဆံ သုံးပြီး ပစ်တာ ကပစ ထုတ် 5.56 ကျည်ဆံဟာ မီတာ ၂၀၀ လောက်ပဲ ထိရောက်တယ် ။ သူများတွေက မီတာ ၅၀၀ အထိ ထိရောက်မှု ရှိတယ် ။ ကိုယ်ကျည်ဆံက မီတာ ၅၀၀ မှန်ဖို့ အသာထား အဲဒီလောက်ကို ကျည်မရောက်ခဲ့ဘူး ။

          သေနတ်ညံ့နေတာလားဆိုပြီး ရုရှား ၊ စင်္ကာပူ ၊ မလေးရှားထုတ် 5.56 ကျည်ဆံနဲ့ ကိုယ့်ဆီက MA 1 နဲ့ ပစ်တော့ မီတာ ၅၀၀ ကို ကျည်စုဝင် ထိရောက် သတဲ့ ။ ဒီတော့ ပြိုင်ပွဲခေါင်းဆောင်အရာရှိက ဗထူးစစ်ဦးစီးအစည်းအဝေးမှာ ကျည်ဆံတွေကို အရည်အသွေးမှီတဲ့ ကြေးတွေနဲ့ ထုတ်လုပ်ပေးဖို့ ဆွေးနွေးတော့ ကပစ အရာရှိကြီးတွေနဲ့ အခြေအတင် စကားများကြသတဲ့ ။

              ဒါနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးကို တင်ပြကြတယ် ။ အရမ်းတော်တဲ့ ဦးစီးချုပ်ရုံးက ပြိုင်ပွဲဝင်ဖို့ လိုအပ်တဲ့ ကျည်ဆံ ၂၀၀ / ၃၀၀ ကို ပြည်ပက ဝယ်စေတဲ့ '' ထွီ ''။

           အရည်အသွေးပြည့်မှီတဲ့ ကြေးအကောင်းစားနဲ့ ထိရောက်မှုရှိတဲ့ ကျည်ဆံထုတ်ဖို့ ကပစကို အမိန့်ပေးရမှာကို ပေါက်ကရ တပွဲတိုး ကလိမ်ကကျစ် လုပ်ခိုင်းလေရဲ့ ။

               တိုက်ပွဲဝင်တိုက်ခိုက်ရေးတပ်တွေမှာ ပေးထားတဲ့ MA စီးရီးတွေမှာ ကျည်ညှပ်တာ ၊ ကျည်ဘောက် မကိုက်ညီတာ ၊ simiရပြီး Brustမရတာ Autoမရတာ Autoရပြီး simi ပစ်ခတ်စဥ် မရတာ အဲ့ပြသနာတွေ လုံးထွေး တိုက်ပွဲဝင်နေကြပါတယ် ။

            ဒါဆို မြန်မာ့တပ်မတော်ရဲ့ MA စီးရီးတွေ နည်းပညာ ညံ့တာပေါ့လို့ ဝေဖန်မစောနဲ့အုံးခင်ဗျ ။ ရုရှား နဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်တုန်းက MA စီးရီးက မီတာ ၅၅၀ ထိ ကျည်စုဝင်သဗျ ။ ကျည်ညှပ်တာ ၊ မောင်းတုန်းညီပ်တာ လုံးဝမဖြစ်ဖူးနော် ။

            ဟာ ဒီလောက် ကောင်းတာ တိုက်ပွဲဝင်တိုက်ခိုက်ရေးတပ်တွေ ပေးလိုက်ပါလားမလုပ်နဲ့ တပ်မတော်နေ့ စစ်ရေးပြပွဲမှာပဲ တွေ့လိုက်ရသတဲ့ ။ ရှေ့တန်းက စစ်သည်တွေကတော့ သေနတ်အစုတ် ၊ ပေမမှီ ဒေါက်မမှိ ကျည်ဆံတွေနဲ့ နပန်းလုံးနေရဆဲပါပဲ ။

              ဒါတွေကို ခြေလျှင် ခြေမြန် တပ်မှူးတွေ အကြိမ်ကြိမ်တင်ပြခဲ့ကြပါတယ် ။ ကပစ ညွှန်မှူးတွေကတော့ အထက်ကလူတွေနဲ့ ပေါင်းပြီး ခိုးမြဲ ခိုမြဲ လုပ်နေကြဆဲပါပဲ ။ ဟကောင် ကြေးကို ဘယ်လိုခိုးမလဲ သိချင်သလား... ?

               ကပစ အတွက် အဆင့်မြင့်ကြေး ( 99.9%) တွေကို နိုင်ငံတော်က ထုတ်ပေးလိုက်တယ် ။ ညွှန်မှူးတွေက ရောင်းစားလိုက်ကြတယ် ။ လမ်းဘေးက အရည်အသွေးနိမ့် ကြေးအတိုအစတွေ ပိဿာချိန်နဲ့ ပြန်ဝယ်ပြီး အစားထိုးကာ ကျည်ဆံထုတ်တယ် ။

               ကျနော်ဆက်စပ်ပြအုံးမယ် ။ အင်းစိန်ထောင်ထဲကို ဖုန်းတာဝါတိုင်က ဝါယာ ကြိုးတွေ ၊ ထရန်စဖော်မာတွေက ဝါယာ ကြိုးအမဲအတုတ်ကြီးတွေခိုးတဲ့ အဖွဲ့နဲ့ တွေ့ခဲ့တယ် ။ ဘယ်သူတွေဝယ်သလဲ မေးကြည့်တော့ ကပစ စက်ရုံက ဗိုလ်မှူးဝယ်တာတဲ့ ( ဘယ်စက်ရုံလဲ ဘာညာတော့ မေးပေမယ့် သူတို့မသိဘူးတဲ့)

  
          အဲဒီကောင်တွေထဲက ခေါင်းဆောင်က အင်းစိန်ထောင် လူငယ် အိပ်ဆောင် ၃ ထဲမှာ မနှစ်က ၇ လ ပိုင်းထိ ရှိသေးတယ် ။ AIDS ဖြစ်နေလို့ ARV ဆေး သောက်နေတဲ့ သူဆို ရှာရလွယ်ပြီလေ ။ ထပ်စစ်ချင်ရင် ပြောပါတယ် ။

             သေနတ်ဆိုတာ စစ်တိုက်ရင် အနိုင်ရအောင် တိုက်ခိုက်နိုင်ဖို့ ထုတ်ကြတာပါ ။ မြန်မာတပ်မတော်ကတော့ စစ်တိုက်ဖို့ထက် ပြိုင်ပွဲဝင်ဖို့ ရည်ရွယ်နေသလားပဲ မေးစရာဖြစ်လာပါပြီ ။

            တောင်ခမ်းလို တိုက်ပွဲကြီးတွေမှာတောင် ရန်သူ့လက်နက် ပြန်သုံးနေရတဲ့အထိ မိမိတပ်မှူးတွေ ကြုံတွေ့နေကြရပါတယ် ။ ကပစ ကို ပြောလည်း ဘာမှ မတိုးတက်လာဘူး ။ ကကကြည်းကို သတင်းပို့လည်း ဘာမှ ထူးမလာဘူး ။ ဒီတော့ နစက လူကြီးတွေ သိဖို့ အရေးကြီးလာပြီလို့ ယူဆမိလို့ ထပ်မံတင်ပြလိုက်ပါတယ် ။

            ကပစ ညွှန်မှူးများအား တင်းကြပ်စွာကိုင်တွယ်သင့်ပါပြီ ။ ယခု ကြေးအကောင်းစား ခိုးရောင်း ယမ်းအကောင်းစားခိုးရောင်း စားသောက်နေတဲ့ အဆင့်မဟုတ်တော့ပါဘူး ။ မိမိစစ်သည်တွေရဲ့ အသားကို ဖဲ့စား ၊ သွေးကို သောက်သုံးသလို ဖြစ်နေတာ သိကြပါသလား မေးချင်ပါတယ် ။

         နည်းပညာပြဿနာက နည်းနည်း အကောင်းစား ကုန်ကြမ်းခိုးရောင်း ၊ အပေါစားကုန်ကြမ်း အစားထိုးနေတဲ့ ပြဿနာကို ထိပ်ဆုံးက ပုဂ္ဂိုလ်ကြီးများ သိဖို့ကောင်းသလို အမြန်ဆုံး ပြုပြင်ဖို့လည်း လိုအပ်နေပါပြီ ။

          ကိုရွှေမျိုးဝင်း
( တရုတ်က မြောက်သုံးကောင်နဲ့တ၀က်ကိုအမိန့်ပေး)

၁။ မန်းတလေးကနေ မူဆယ်ထိ EAO
     အားလုံးဆုတ်ခွာပေးရမယ်။

၂။ TNLA ကို ထိန်းပေးဖို့ UWSAကို တာ၀န်ပေး
    လိုက်တယ် ကျောက်မဲ ပါဆုတ်ပေးရမယ်။

၃။  လားရှိုး၀န်းကျင် ဖြန့်ခွဲနေရာယူထားတဲ့ PDF
     စစ်ရေးမဖေါ်ဆောင်နိုင်ဖို့  တွေရဲ့လုံခြုံးရေးကို      
     UWSA   နှင့် MMDAA က ပူးတွဲလုံ‌ခြုံးရေး
     ယူပေးရမည်။

၄။ မြန်မာအစိုးရမှ  ကိုယ်ပိုင်အုပ်ချုပ်ရေးရ ၀
    နယ်နှင့် ကိုးကန့်နယ်များကို ညိမ်းချမ်းစွာ အတူ
   ယှဉ်တွဲနေထိုင်နိုင်ရေးနှင့်  ထာ၀ရညိမ်းချမ်းရေး
    အတွက် အာမခံချက်ပေးရမည်။

၅။ လက်နက်ကိုင် ပရိပက်ခ မဖြစ်ရေး ညှိနှိုင်းရေး
    ကော်မတီ အဖြစ် တရုတ်အစိုးရက ကြားနေ
    ဆောင်ရွက်ရန် စောင့်ကြည့်ရေးရုံး လားရှိုးတွင်
    ဖွင့်လှစ်ထားပေးမည်။

၆။ ယာယီလုံခြုံရေးကာလ အဖြစ် UWSAနှင့်
    MMDAA က လားရှိုးအနီး ယာယီတပ်စွဲ
   ထားပေးပြီး အစိုးရတပ်များ နေရာယူပေးပြီး
   ပါက ထွက်ခွာပေးရမည်။

၇။ ယခင် အစိုးရထိန်းချုပ်ထားသော ၀ အုပ်ချုပ်
   ခွင့်ရ မြို့နှစ်မြို့ကို  UWSAထံ အပ်နှံရန်
   တပ်မတော်မှ သဘောတူညီသည်။

၈။ တ၀က် ပဒက် ခွေးဖြစ်

   အတွင်းစည်း နယ်ခံ ၀ဘက်မှ သတင်းရယူ
  တင်ပေးခြင်းဖြစ်ပါတယ်။

ဆေခမ်း
21-4-2025
Breaking News !!!

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်သွားကြောင်း ဗာတီကန်နန်းတော်က ကြေညာ။
ပဲခူးတိုင်းဒေကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ရေးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧပြီ ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့ဖြင့် ရေးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု အခြေအနေများအား လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
🔴 ငလျင်သတိပေးချက်! 🔴

ပြင်းအား : 3.0
တည်နေရာ : Wan Hai, Mong Hsu ဒေသ, ရှမ်းပြည်နယ် ပြည်နယ်, မြန်မာနိုင်ငံ
ကိုဩဒိနိတ် : 21.9080, 98.1020
အနက် : 10.0 ကီလိုမီတာ
ငလျင်လှုပ်ချိန် : 2025-04-21 15:04:00 (ရန်ကုန်အချိန်)
သတိပေးချိန် : 2025-04-21 15:15:59 (ရန်ကုန်အချိန်)
Google Maps : https://www.google.com/maps?q=21.908,98.102

နောက်ထပ်အချက်အလက်များ: https://earthquake.tmd.go.th/inside-info.html?earthquake=13966
This media is not supported in your browser
VIEW IN TELEGRAM
အဖွားကြီးကတော့ ဘူမသိကိုးမသိလုပ်နေတာ ပြီးတော့မှသက်ကြီးရွယ်အို ပြည်သူမလုပ်နဲ့နော်။
သားသမီးတွေကိုယ့်အမေကိုထိန်းကြ🤫🤫🤫
မိုင်းဖုန်းဆရာတော်ကြီး ပြင်ဦးလွင်မြို့တွင်တရားဟောကြား

အလှူခရီးစဉ် ကြွရောက်တောာျမူနတေဲ့မိုငျးဖုနျးဆရာတောျကွီးဟာ ဧပြီ၂၁ရက်၊ ညနေပိုင်းက ပြင်ဦးလွင်မြို့မှာ တရားဟောကြားခဲ့တယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့ကို မကြွရောက်မီမှာ မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ကြွရောက်ပြီး အလှူငွေပေးလှူခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- Austen Thadoe Saw
အသက် ၆၂ နှစ်အရွယ် အိုးဝေမောင်းသူကို သတ်ဖြတ်ခဲ့သည့် တရားခံများ ဖမ်းမိ 

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၊ ပြည်မြို့နယ်၌ ယခုလအစောပိုင်းက ဖြစ်ပွားခဲ့သော အသက် ၆၂ နှစ်အရွယ် အိုးဝေမောင်းသူကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်မှ လူသတ်တရားခံများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဥ်အတွင်း သေဆုံးသူမှာ ပြည်မြို့၊ ရွှေတံခါးမီးသတ်ရုံး၊ ခေတ္တရာမောင်ကားဂိတ်အနီး ဂိတ်ထိုးထားသော ရွှေတံခါး အပိုင်း (၁)နေ ရွှေခေတ္တရာ အိုးဝေအဖွဲ့မှ ဦးဖိုးလုံး ဆိုသူဖြစ်ပြီး ဧပြီလ ၄ ရက်နေ့က ၎င်းအိုးဝေကို လာရောက်ငှားရမ်းသည့် လူငယ်အမျိုးသား(၂) ဦးနောက်သို့ ကယ်ရီလိုက်သွားရာမှ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ယာဘက်လည်ပင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ကျောပြင်တွင်ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည့် အဆိုပါ အိုးဝေမောင်းသူဦးဖိုးလုံး၏ ရုပ်အလောင်းကို ပြည်မြို့နယ်၊ မှုတ်ရှည်အုပ်စု ကန်သုံးဆင့်ဘုန်းကြီးကျောင်း(ရိပ်သာ) ပေါက်အနီးမှ အခင်းဖြစ်ပွားသည့် ဧပြီ ၄ ရက်၊ နေ့လည်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။
အီစတာပွဲတော်အတွက် အပစ်အခတ်ရပ်စဲကြောင်း သမ္မတပူတင်ကြေငြာ

မော်စကို၊ဧပြီ ၁၉

ရုရှားသမ္မတဗလာဒီမာပူတင်သည် အီစတာပွဲတော်အထိမ်းအမှတ်အနေဖြင့် နာရီ ၃၀ ကြာ အပစ်အခတ်ရပ်စဲမည်ဟု သတင်း ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။

သို့သော် ယူကရိန်းသမ္မတဇယ်လန်းစကီးကမူ ပူတင်၏အပစ်အခတ်ရပ်စဲရေးသည် တစ်ဖက်သတ်သာဖြစ်ပြီး စစ်ဆင်ရေးကိုအရှိန်မြှင့်လိုခြင်းဖြစ်ကာ လေကြောင်းတိုက်ခိုက်မှုကဆက်ရှိနေသဖြင့် အပစ်အခတ်ရပ်မည်မဟုတ်ကြောင်းတုန့်ပြန်ပြောကြားခဲ့သည်။

"အပစ်အခတ်ရပ်မယ်သာပြောတာပါ ယူကရိန်းမှာလေကြောင်းတိုက်ခိုက်မှုအချက်ပေးသံကညံနေပြီး တကယ်တော့ ဒီအပစ်ရပ်မှုက ပူတင်ရဲ့ လူ့အသက်တွေနဲ့ကစားပွဲတစ်ခုပါပဲ၊အပစ်ရပ်မယ်ပြောပြီး လေကြောင်းတိုက်ခိုက်မှုလုပ်နေတာက အီစတာနဲ့လူတွေအပေါ်ထားတဲ့သူ့ရဲ့သဘောထားအမှန်ပါ" ဟုလည်း ဇယ်လန်းစကီးကဆိုသည်။

ရုရှားသမ္မတပူတင်ကမူ ယခုပြုလုပ်သည့် အပစ်အခတ်ရပ်စဲရေးသည် အီစတာကာလအတွင်း မော်စကို၏ လူသားဆန်မှုကိုပြသလိုခြင်းဖြစ်ရာ အပစ်အခတ်ရပ်ရန် စစ်ဦးစီး အရာရှိချုပ်ကို ပူတင်ကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရုရှား၏အစီအစဉ်ကို ယူကရိန်းဘက်ကလိုက်နာမည်ဟုယုံကြည်ကြောင်း သမ္မတပူတင်ကပြောကြားခဲ့ပြီး အပစ်အခတ်ရပ်ထားသည့်ကာလအတွင်း ယူကရိန်းဘက်ကတစ်စုံတစ်ရာချိုးဖောက်ခဲ့ပါက တုန့်ပြန်ဖို့တပ်ဖွဲ့များအဆင်သင့်ပြင်ထားရန်လည်းညွှန်ကြားထားသည်ဟုသိရသည်။

Source : အယ်လ်ဂျာဇီးရာ
အမြန်လမ်းတွင် ဒုဋ္ဌဝတီ တံတားမှအပ ကျန်ပျက်စီးနေရာများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထား

မန္တလေးငလျင်ကြီးကြောင့် လမ်းပိုင်းများ ပျက်စီးခဲ့ရသည့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး၏ ပျက်စီးမှူများကို ယာယီသွားလာနိုင်ရန် ပြင်ဆင်ပေးထားပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ပေးရာတွင် မိုင်တိုင်အမှတ် (၃၅၈/၂) ရှိ ဒုဋ္ဌဝတီတံတားမှအပ ကျန်လမ်းပိုင်းများကို ပြင်ဆင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ယာယီပြင်ဆင်ထားသည့် လမ်းပိုင်းများတွင် ခွင့်ပြုသတ်မှတ်မိုင်နှုန်းများအတိုင်းမောင်းနှင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကပြန်လည်ပြုပြင်ဆောင်ရွက်နေသည့် အခြေအနေများကို ကြည့် ရှုစစ်ဆေးစဉ် တိုက်တွန်းပြောကြားထားသည်။ 

မတ် (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ကွန်ကရစ်လမ်းပိုင်းများ ကျိုးကြေပျက်စီးသည့်နေရာ (၂၈၃) နေ ရာ၊ လမ်းသားမပျက်စီးသော်လည်း လှိုင်းတွန့်များ ဖြစ်ပေါ်သဖြင့် မျက်နှာပြင်ညှိ၍ ပြင်ဆင်ရမည့်နေရာ (၁၈၅) နေရာအထိ ရှိခဲ့ကြောင်း သိရသည်။
ငလျင်ကြောင့်ထိခိုက်ခဲ့ရသော ကောင်းမှုတော်စေတီတော်ကြီးကို သွားရောက်ကြည့်ရှူ့စစ်ဆေး

(၂၁.၄.၂၀၂၅)


သီတဂူအဓိပတိဆရာတော်ဘုရားကြီးသည် ၂၁.၄.၂၀၂၅ ရက်နေ့​ နံနက်ပိုင်းက ငလျင်ကြောင့် ထိခိုက်ခဲ့ရသော ကောင်းမှုတော်စေတီတော်ကြီကို တမ္ပ၀တီဦးဝင်းမောင်၊ အင်ဂျင်နီယာကိုချိုဇော်မင်းတို့နှင့်အတူ သွားရောက်ကြည့်ရှူ့စစ်ဆေးခဲ့ပါသည်။
ပဒက်တွေ အချင်းချင်း ပြန်ချကြတော့မယ်ထင်....
ကျောက်ဆည်ကပဒက်တပ်ရင်း ၂ က ကောင်တွေ NUG က ထွက်မယ်လို့ဆို...
တလ ၈၈ သိန်းကို ၂လတခါ ၃လတခါမှရပြီး သူတို့အဖွဲ့ကိုလည်း အကောင်းမမြင်လို့ နှုတ်ထွက်ကြတယ်လို့ဆို....
ပေးထားတဲ့သေနတ် ၄၅ လက် ပြန်အပ်ပြီး NUGကထွက်ကာ ဓနုအဖွဲ့နဲ့ ပေါင်းမယ်လို့ဆို....
21.Apr.2025;Mon
သူပိုင်ဆိုင်တဲ့ ခြံဝန်းကြီးထဲမှာ လူအယောက် (၂၅၀) စာအတွက် (၃)လစာ အေးဆေး စားသောက်နေထိုင်လို့ ရအောင် ယာယီတည်းခိုရာ နေရာလေးကို မေတ္တာ အပြည့်နဲ့ တည်ဆောက်ပေးခဲ့တဲ့ ကွီးနေထူးနိုင်

သေချာသပ်သပ်ရပ်ရပ် လေးကို လုပ်ပေးထားတာ အညာထန်းလျက်အမိုး လေးနဲ့ မပူအောင် ကွီးနေထူးနိုင်် ရဲ့ စေတနာကို အတိုင်းသားမြင်ရတယ် ...
21.Apr.2025;Mon
မည်သူမဆို အများပြည်သူ အထိတ်တလန့်
ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝ
ဘေးအန္တရာယ်နှင့် စပ်လျဥ်း၍ မဟုတ်မမှန်
သတင်းလွှင့်ပါက

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဥပဒေ ပုဒ်မ။ ၂၇ အရ အရေးယူခံရနိုင်ပါသည်။
21.Apr.2025;Mon