The Irrawaddy - Burmese
69.8K subscribers
20.1K photos
437 videos
3 files
9.08K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
မယ်ဆိုင်- တာချီလိတ် နယ်စပ်ကုန်သွယ်မှုတိုးမြှင့်ရေး မြန်မာနှင့် ထိုင်း ဆွေးနွေး

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

မြန်မာ- ထိုင်းနယ်စပ် မယ်ဆိုင်- တာချီလိတ်လမ်းကြောင်းမှ နယ်စပ်ကုန် သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ချင်းမိုင် ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ချင်းရိုင်ခရိုင်နှင့် မယ်ဆိုင်မြို့ အာဏာပိုင်များထံ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ဦးမင်းကျော်လင်းအနေဖြင့် ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး Mr. Phutthiphong Sirimat အား ဇွန်လ ၂၁ ရက်တွင် လည်းကောင်း၊ မယ်ဆိုင်- တာချီလိတ် ချစ်ကြည်ရေးတံတား ၁ နှင့် ၂ တွင် တာဝန်ယူဆောင်ရွက်နေသည့် ချင်းရိုင်းခရိုင် အကောက်ခွန်ဌာနနှင့် လူဝင်မှုကြီးရေးဌာနတို့မှ တာဝန်ရှိသူများအား ဇွန်လ ၂၂ ရက်တွင်လည်းကောင်း တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

အမှတ် ၂ အာရှ အဝေးပြေးလမ်းမကြီးအဖြစ် ပါဝင်သော ချင်းရိုင်း- တာချီလိတ်- ကျိုင်းတုံလမ်းအား အနာဂတ်တွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ကုန်သည်ကြီးအသင်းများကြား စီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့အပြင် ချင်းရိုင်းခရိုင်ရှိ မြန်မာအလုပ်သမားများအား ကောင်စစ်ရေးရာ အကာအကွယ် ပေးရေးတို့ ပူး ပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။

မြန်မာ-ထိုင်း အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော မြဝတီအာရှလမ်းမကြီးသည် တိုက်ပွဲများကြောင့် ယနေ့အထိ ပိတ်ထားရပြီး ယခင် ကော့ကရိတ်-မြဝတီလမ်းဟောင်းနှင့် တောလမ်းများကသာ ကုန်ကားများသွားလာနေရကာ ထိုလမ်းများမှာ လမ်းကြမ်းပြီး မိုးတွင်းကာလဖြစ်သည့် အတွက် လမ်းပျက်စီးမှုများကြောင့် ကုန်သွယ်မှုများ ပိတ်ဆို့နေသည်။

ထိုသို့ မြဝတီလမ်းကြောင်းမှ နှစ်နိုင်ငံကုန်သွယ်မှု ပိတ်ဆို့ကျဆင်းနေချိန်တွင် စစ်ကောင်စီက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မယ်ဆိုင်- တာချီလိတ်နယ်စပ်ဂိတ်အား ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် တိုးမြှင့်ရန် ကြိုးပမ်းသည့်အခြေအနေ ဖြစ်သည်။

မြဝတီ အာရှလမ်းပိတ်ဆို့မှုကြောင့် ယခင် နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၇ နယ်မြေအတွင်းရှိသည့် မဲသဝေါလမ်းပိုင်းအား နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အသုံးပြုရန် ထိုင်းအာဏာပိုင်းများနှင့် KNU တာဝန်ရှိသူများထံ ညှိနှိုင်းရန်လုပ်ဆောင်နေကြောင်းလည်း ဒေသတွင်း မီဒီယာများ၌ ဖော်ပြထားသည်။

ဓာတ်ပုံ- MOFA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ခံတပ်ကို AA သိမ်းပိုက် (ရုပ်/သံ)

စောမေရီ၊ ဇွန် ၂၅၊ ၂၀၂၄

ရခိုင်ပြည်နယ် တောင်ပိုင်း၊ အမ်းမြို့နယ်၊ ကဇုကိုင်းက တောဟိန်းတောင် ဗျူဟာကုန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်နိုင်ပြီလို့ မြေပြင်စစ်ရေး သတင်းအရင်းအမြစ်တွေက ဧရာဝတီကို ပြောပြကြပါတယ်။

စနစ်တကျ တည်ဆောက်ထားပြီး တိုက်ခိုက်ရခက်ခဲ့တဲ့ အဲဒီ ဗျူဟာကုန်းကို ရရှိဖို့ AA က ပြီးခဲ့တဲ့ မတ်လထဲက အပြင်းအထန် ထိုးစစ်ဆင်နေတာဖြစ်ပြီး စစ်ကောင်စီက မြေပြင်ရော၊ ဝေဟင်ကပါ ခုခံနေတဲ့ကြားမှာပဲ AA က တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တာဖြစ်ပါတယ်။

တောဟိန်းတောင်ဗျူဟာကုန်းကို AA က သိမ်းပိုက်လိုက်နိုင်တာကြောင့် အမ်းမြို့ကိုပါ တိုက်ရိုက် ထိုးစစ်ဆင်နိုင်မှာ ဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကိုပါ စစ်ရေးအရ ခြိမ်းခြောက်လိုက်တဲ့ အခြေအနေဖြစ်သွားပါတယ်။

ဒါ့အပြင် စစ်ရေးမှာ တပန်းသာသွားပြီး ရခိုင်ပြည်နယ်ထဲက ကျန်ရှိနေတဲ့ မြို့နယ်တွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ဖို့ လွယ်ကူသွားတယ်လို့ စစ်ရေးသုတေသီတွေက သုံးသပ်နေကြပါတယ်။

https://youtu.be/8rjtajSeKME
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဆရာတော်ကြီးတွေကိုတောင် စစ်တပ်က ရက်ရက်စက်စက် သတ်နေပြီ

အခုတပတ်မှာတော့ ပြည်သူတွေကြား အထိတ်တလန့် တုန်လှုပ်မှုဖြစ်ခဲ့ရတဲ့ ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး ပြည်သူကို လိမ်လည်ခဲ့တာ ပေါ်ခဲ့ပေမယ့် အမှားကို ဝန်မခံပဲ ထပ်လိမ်ဖို့ ကြိုးစားနေတဲ့အကြောင်းတွေကို ကိုယ်တိုင်လည်း စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေကို ကြုံတွေ့ခဲ့ရဖူးတဲ့ စီဒီအမ် စစ်ဗိုလ်တဦးက ပြောပြတာကို “ပြည်သူ့စစ်သားရင်တွင်းစကား အစီစဉ်”မှာ နားဆင်နိုင်ပါပြီ။

https://youtu.be/NCeDyJ7hplo
မယ့်စလောင်းတောင်စခန်း ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

ဒီးမော့ဆို- ဖားဆောင်းပြည်ထောင်စုကားလမ်းမရှိ စစ်ရေးအရ အရေးပါသော မယ့်စလောင်းတောင် စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက ယနေ့မနက်ပိုင်း၌ သိမ်းပိုက်ရရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်တဦးက အတည်ပြုသည်။

၎င်းက "အကုန် သိမ်းလိုက်ပြီ။ လက်နက်တွေ ရတယ်။ အတိအကျတော့ မသိရသေးဘူး" ဟု ဆိုသည်။

မယ့်စလောင်းတောင်ကို ပြီးခဲ့သည့်အပတ်ကတည်းက တော်လှန်ရေးအင် အားစုများ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့တွင် အလုံးစုံတိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ ဘောလခဲဗျူဟာဌာနချုပ်နှင့် အနီးကပ်ဆုံးရှိနေသော တပ်စခန်းတခုအား သိမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

မယ့်စလောင်းတောင်စခန်းရှိ တပ်စခန်းကို ၂၀၂၃ ဇန်နဝါရီ ၂၀ ရက်က တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ဘောလခဲစစ်ကောင်စီဗျူဟာမှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ရယူကာ အထိုင်စခန်း ပြန်ချထားခဲ့သော စခန်းလည်း ဖြစ်သည်။

လက်ရှိ ကရင်နီပြည်တွင် စစ်ကောင်စီက လွိုင်ကော်မြို့အားရရှိရေးအတွက် အင်အားထောင်ချီ စစ်ကူပို့နေပြီး ဒရုန်းအစင်းရေ တရာကျော်ခန့်ပါဝင်သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင်မူ လွိုင်ကော်မြို့ကို ထိန်းချုပ်ထားပြီး စစ်ရှောင်များနေရပ်ပြန်နိုင်ပြီဟု ဖြန့်ဝေရေးသားထားသော်လည်း လက်ရှိ မြို့တွင်း၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ဓာတ်ပုံ- လွိုင်ကော် PDF

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မန္တလေး- မိုးကုတ်လမ်းနှင့် မန္တလေး- မြစ်ကြီးနားလမ်း ညဘက် ခရီးမသွားရန် သတိပေး

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

စစ်ရေးအခြေအနေများကြောင့် မန္တလေး- မိုးကုတ်ကားလမ်းနှင့် မန္တလေး- မြစ်ကြီးနားကားလမ်းတို့တွင် ယနေ့မှစ၍ ည ၇ နာရီ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်းမပြုရန် ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်သည်။

သတ်မှတ်ချိန်အတွင်း ခရီးသွားလာပါက ကားမှန်ချ မောင်းနှင်ရန်၊ စစ် တပ်ယာဉ်များနှင့် အနီးကပ် နေထိုင်သွားလာခြင်း ရှောင်ကြဉ်ရန်နှင့် လမ်း ခရီး၌ တိုက်ပွဲဖြစ်ပွားပါက ဘေးကင်းရာတွင် ရပ်နားထားရန် သတိပေးထားသည်။

ထိုဒေသန္တရ တားမြစ်ချက်များ လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို တာဝန်ယူမည် မဟုတ်ကြောင်းနှင့် ဘေးကင်းစွာ ဖြတ် သန်းသွားလာနိုင်မည့်အချိန်အား အလျဉ်းသင့်သလို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လက်ရှိတွင် မန္တလေး- မိုးကုတ်လမ်းပိုင်းရှိ မတ္တရာမြို့နယ်၊ မိုးကုတ်မြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားနေပြီး စဉ့်ကူး မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်ကြား မန္တလေး- မိုးကုတ်လမ်းပေါ်ရှိ တံတားတစင်းကိုလည်း စစ်တပ်က ချိုးဖြတ်လိုက်ကြောင်း ၎င်းတို့က ပြောထားသည်။

ယနေ့တိုက်ပွဲများအတွင်း မတ္တရာမြို့နယ်၊ အရှေ့မြောက်ဘက်ရှိ ဆည်တော်ကြီးရေလှောင်တမံအနီးက လေကြောင်းရန် ကာကွယ်ရေးတပ်တခုအား PDF များ သိမ်းပိုက်ထားကြောင်း သတင်းရေးသားဖော်ပြမှုများရှိနေသော်လည်း သက်ဆိုင်ရာအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ယနေ့ တကျော့ပြန်ဖြစ်ပွားနေသည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများအတွင်း မိုးကုတ်ဗျူဟာတပ်ရင်းများဖြစ်သည့် တပ် ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နှင့် ၁၂၂၄ တို့ ပူးပေါင်းပါဝင်ပြီး စစ်ဆင်ရေးဆောင်ရွက်လျက်ရှိနေကြောင်း မိုးကုတ်ဗျူဟာက ယနေ့ ကြေညာသည်။

ပုံစာ - ယနေ့တွင် မိုးကုတ် ဒေါ်နန်းကြည်တောင်ပေါ်၌ ပေါက်ကွဲမှုဖြစ်ပွားနေစဉ်/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လေယာဉ်နဲ့ကြဲတာက ဇီးဖြူကုန်းရပ်ကွက်နောက်ကျောက တိုက်ပွဲဖြစ်နေတဲ့ တောစပ်နဲ့ ခမရ ၅၆၆ ဘက် ကို ကြဲတယ်၊ ပြည်သူ့စစ်တချို့က လက်နက်မချဘဲ ခံပစ်နေလို့မနေ့က တိုက်ပွဲမှာ ပြည်သူ့စစ်တွေလည်း ကျတယ်

Website တွင် ဖတ်ရန် https://bit.ly/3XyrIbF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးက အကောင်းမြင်ပြီး "ပထမနေ့မှာတော့ တင်းမာကြပြီး နောက်ပိုင်းမှာတော့ တဖက်ရဲ့ခံစားချက်ကို တဖက်က နားလည်လာတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးကြတယ်။ ဒုတိယနေ့မှာ အစည်းအဝေးက ည ၈ နာရီခွဲအထိ ကြာတယ်" ဟု ပြောသည်။ "အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်း ပွင့်လာပြီလို့ ကျနော်ယုံကြည်တယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

Website တွင် ဖတ်ရန် https://bit.ly/4eFrNjK
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
WFP ဂိုထောင် ဖောက်ခံနေတဲ့ ရုပ်သံမှတ်တမ်း AA ထုတ်ပြန် (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်၊ ဝေသာလီကျေးရွာမှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ဂိုထောင် ဖောက်ထွင်း၊ ဖျက်ဆီးခံနေရတဲ့ ရုပ်သံဖိုင်မှတ်တမ်းကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်အရ ဒရုန်းနဲ့ ရိုက်ထားတဲ့ ရုပ်သံမှတ်တမ်းဟာ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂိုဒေါင်ကို ဖောက်ထွင်းပြီး မီးရှို့ဖျက်ဆီးနေသူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီက စစ်သင်တန်းပေးထားတဲ့ မွတ်ဆလင်တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဂိုဒေါင်ထဲကနေ ဘိလပ်မြေလို့ ယူဆရတဲ့ အထုပ်တွေကို သယ်ယူပြီး ခရိုင်ကျေးလက်ရုံးမှာ ခံစစ်ပြင်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီ အနေနဲ့ သီးခြား အတည်ပြုချက် မရရှိသေးပါဘူး။

https://bit.ly/45HHTpe
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR၄
နောင်ချိုမြို့တွင်း TNLA ပူးပေါင်းတပ်များ စီးနင်း နေရာယူ

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ယနေ့စတင်သည့် ရှမ်းမြောက်ဒေသ တိုက်ပွဲများတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်များက နောင်ချိုမြို့ ဌာနဆိုင်ရာ ရုံးအချို့ အား တိုက်ခိုက်သိမ်းပိုက်ကာ မြို့တွင်း စီးနင်းနေရာယူထားပြီဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

TNLA နှင့် အတူ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF) တို့ ပါဝင်ပြီး ကျောက်ကြမ်း၊ အုမ္မသီး၊ ဘန့်ဘွေရွာများဘက်က စသည့် တိုက်ပွဲသည် မြို့တွင်းအထိ ရောက်ရှိလာခြင်း ဖြစ်ပြီး ရဲစခန်းနှင့် ပြည်သူ့ဆေးရုံအနီး စစ်သားများတပ်စွဲထားရာ မိုး လေဝသရုံးတို့အား TNLA ပူးပေါင်းတပ်များက စီးနင်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြို့တွင်းပစ်ခတ်မှုများ ခေတ္တငြိမ်သက်နေသော်လည်း တိမ်းရှောင်ရန် အခြေအနေကို ညပိုင်းအထိ စောင့်ကြည့်ရမည်ဖြစ်ကြောင်း မြို့ခံတဦးက ပြောသည်။

တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် ရှမ်းမြောက်ဒေသတွင် ယနေ့တကျော့ပြန် ဖြစ်ပွားသည်တိုက်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဖြစ်ကြောင်းလည်း TNLA က ထုတ်ဖော် ကြေညာထားသည်။

ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းနယ်စပ် မိုးကုတ်မြို့နယ်၊ ပန်းဆပေရွာပတ်ဝန်းကျင်တွင်လည်း ယနေ့မနက် ၉ နာရီခန့်က စတင်ကာ စစ်တပ်နှင့် TNLA ပူးပေါင်းတပ်များကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြသည်။

၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် ထိုးစစ်တွင် မိုးကုတ်ဗျူဟာတပ်ရင်းများဖြစ်သည့် တပ်ရင်း- ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ နှင့် ၁၂၂၄ တို့ အစွမ်းကုန် ပူးပေါင်းပါဝင်ပြီး စစ်ဆင်ရေး ဆောင်ရွက်လျက်ရှိနေကြောင်း မိုးကုတ်ဗျူဟာက ယနေ့ ကြေညာသည်။

ထို့ပြင် TNLA ပူးပေါင်းတပ်များအနေဖြင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့မြောက်ဘက် ဆည်တော်ကြီးရေလှောင်တမံအနီးရှိ အမှတ် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်အား ပူးပေါင်းတပ်များကသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သတင်းဖော်ပြမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
မောင်တော WFP သိုလှောင်ရုံ မီးရှို့ဖျက်ဆီးခံရမှု ရုပ်သံ AA ထုတ်ပြန်

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့ရှိ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ကုန်သိုလှောင်ရုံကို ဇွန် ၂၁ ရက်က စစ်ကောင်စီနှင့် ၎င်းတို့လက်အောက်ခံအဖွဲ့ ဖောက်ထွင်းမီးရှို့နေသည့် ရုပ်သံမှတ်တမ်းတခု ယနေ့တွင် အာရက္ခတပ်တော် (AA) ထုတ်ပြန်လိုက်သည်။

ဇွန် ၂၁ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီနှင့် ၎င်းတို့ သင် တန်းပေးထားသော မွတ်စလင်လက်နက်ကိုင်များသည် မောင်တောမြို့ ဝေသာလီကျေးရွာရှိ WFP ဂိုဒေါင်များနှင့် နေအိမ်အိမ်တချို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဂိုဒေါင်အတွင်းမှ ဘိလပ်မြေဟုယူဆရသော အထုတ်များကိုယူကာ ခရိုင်ကျေးလက်ရုံး၌ ခံစစ်ပြင်ဆင်နေကြသည်ဟု AA က ဆိုထားသည်။

အဆိုပါ သိုလှောင်ရုံတွင် လူဦးရေ ၆၄၀၀၀ အတွက် တလစာ ဖူလုံစေမည့် အရေးပေါ် ကယ်ဆယ်ရေးရိက္ခာ စုစုပေါင်း ၁၁၇၅ မက်ထရစ်တန် သို လှောင်ထားကြောင်းနှင့် ယင်းသို့ မီးရှို့ဖျက်ဆီးမှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း WFP က ယနေ့ ထုတ်ပြန်သည်။

ယခုကဲ့သို့ စားနပ်ရိက္ခာနှင့် အခြားကုန်ပစ္စည်းများ လုယူခြင်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ အဆောက်အဦများ ဖျက်ဆီးခြင်းသည် WFP ၏ ကူညီထောက်ပံ့ရေး ကြိုးပမ်းမှုများအား ထိခိုက်ပျက်စီးစေသည့်အတွက် ထိုလုပ်ရပ်များ ချက်ချင်း ရပ်တန့်ရမည်ဖြစ်ကြောင်းလည်း WFP က ဆို သည်။

ထို့ပြင် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အားလုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေပါ တာဝန်ဝတ္တရားများအား လိုက်နာကြရန် တောင်းဆိုထားပြီး လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းများနှင့် အဆောက်အဦများကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်းနှင့် အကူအညီ အရေးတကြီး လိုအပ်နေသူများထံ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ ဘေးကင်းလုံခြုံစွာ အတားအဆီးမရှိ သွားရောက်ပေးအပ်ခွင့်ရရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း WFP က ပြောသည်။

ရခိုင်မြောက်ပိုင်း ဒေသအတွင်း တိုးမြင့်လာသည့် ပဋိပက္ခများကြောင့် WFP ဝန်ထမ်းများမှာ မေလနှောင်းပိုင်းကစတင်ကာ သွားရောက်နိုင်ခြင်း မရှိတော့ကြောင်းလည်း ၎င်းတို့က ပြောထားသည်။

WFP အနေဖြင့် သိုလှောင်ရုံဖောက်ထွင်းဖျက်ဆီးခံရမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်က လုပ်ဆောင်သည်ကို ဖော်ပြထားခြင်း မရှိပေ။

လက်ရှိ မောင်တောမြို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်အများပြား မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံအများအပြားလည်း တိမ်းရှောင်ထွက်ပြေးရလျက် ရှိနေသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စပြီလား (ရုပ်/သံ)

ဘုန်းအောင်၊ ဇွန် ၂၅၊ ၂၀၂၄

စစ်တပ်ကို သမိုင်းဝင် ရှုံးပွဲတွေ့ ကြုံတွေ့စေခဲ့တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရပ်တန့်ပေးခဲ့ရပေမယ့် ၅ လကျော် အကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲတွေဟာ ကျောက်မဲ၊ နောင်ချို ၊ မိုးကုတ် အပြင် ရှမ်းမြောက် လားရှိုးမြို့နယ်မှာလည်း ဇွန်လ ၂၄ရက်နေ့ နံနက်ပိုင်းက စစ်တပ်နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်
(MNDAA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးပါတယ်။

၂ လခွဲဝန်းကျင် ကြာမြင့်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ဟာ မြန်မာ- တရုတ် နှစ်နိုင်ငံ အဓိကကုန်သွယ်ရေးလမ်းမကြီး အပါအဝင် စစ်ရေးမဟာဗျူဟာ ကျတဲ့ စခန်းတွေရာနဲ့ချီ ဆုံးရှုံးခဲ့သလို မြို့ပေါင်း ၁၆ မြို့ထက်မနည်း တော်လှန်ရေးတပ်တွေလက်အောက် ကျရောက်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/qa68uK2AApI
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR