နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ စာရေးဆရာကြီး ရွှေဥဒေါင်း ရဲ့ သတင်းစာဆရာ ဗမာ့ခေတ် ဦးအုန်းခင် အကြောင်း ဆောင်းပါးကို တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://bit.ly/4vA2sQG

👍31
သြစတြေးလျသို့ ဖရီးဂိတ်စစ်သင်္ဘောများ ဂျပန် ရောင်း
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းကဏ္ဍမှာ အဓိကကျတဲ့ အောင်မြင်မှုတခုအဖြစ် တိုကျိုအစိုးရဟာ သြစတြေးလျရေတပ်အတွက် အဆင့်မြှင့်တင်ထားတဲ့ မိုဂါမီအတန်းအစား (Mogami-class) ဖရီးဂိတ်စစ်သင်္ဘော ၁၁ စင်း ထောက်ပံ့ပေးဖို့ ကင်ဘာရာအစိုးရနဲ့ စနေနေ့မှာ သမိုင်းဝင်သဘောတူညီချက် ရရှိခဲ့ပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဂျပန်ရဲ့ အကြီးမားဆုံး ကာကွယ်ရေးပစ္စည်း တင်ပို့မှုစာချုပ်လည်း ဖြစ်ပါတယ်။
ပထမဆုံး ၃ စင်းကို ဂျပန်မှာ တည်ဆောက်ပြီး ၂၀၂၉ ခုနှစ်မှာ စတင်လွှဲပြောင်းမှာဖြစ်ကာ ကျန်တဲ့ ၈ စင်းကိုတော့ သြစတြေးလျမှာပဲ ဆက်လက်တည်ဆောက်သွားမှာပါ။
ဒီစစ်သင်္ဘောတွေဟာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးမှာ အားကောင်းပြီး ရေဒါမှာ ဖမ်းရခက်တဲ့ (Stealth) ပုံစံဖြစ်သလို၊ လူအင်အား ၉၀ ဝန်းကျင်နဲ့တင် မောင်းနှင်နိုင်လို့ ကုန်ကျစရိတ် သက်သာပါတယ်။
တရုတ်ရဲ့ စစ်အင်အားပြလာမှုအပေါ် စိုးရိမ်ရတဲ့ကာလမှာ နှစ်နိုင်ငံစစ်ရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကြောင့် နယူးဇီလန်၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း ဂျပန်ရဲ့ ကာကွယ်ရေးနည်းပညာတွေကို စိတ်ဝင်စားမှု မြင့်တက်လာနေပါတယ်။
ဒါ့အပြင် ဂျပန်- သြစတြေးလျကြား ဒရုန်းနည်းပညာနဲ့ ဆိုင်ဘာကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
ကိုးကား။ ။ The Japan Times သတင်း Japan seals largest-ever defense contract with frigate sale to Australia
ဓာတ်ပုံ - သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles နှင့် ကာကွယ်ရေးဝန်ကြီး Koizumi Shinjiro တို့ စာချုပ်ချုပ်ဆိုစဉ်/ AFP

👍50❤11
မြန်မာ့ရေနံတူးဖို့ တရုတ်စိတ်ဝင်စားနေ (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
စစ်အစိုးရကတော့ အခုလို တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စွမ်းအင်စီမံကိန်းတွေကို အရှိန်မြှင့်လုပ်ဆောင်တာဟာ ပြည်တွင်းက လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းဖို့လို့ ဆိုနေပေမဲ့ လက်တွေ့မှာတော့ ဒီစီမံကိန်းတွေကထွက်လာမယ့် စွမ်းအင်အများစုဟာ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့ဖို့နဲ့ တရုတ်ရဲ့ ရထားလမ်းစီမံကိန်းတွေမှာ သုံးစွဲဖို့သာ ဦးတည်နေတာကို တွေ့ရတယ်လို့ သဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာနေသူတွေကထောက်ပြပါတယ်။
ဒါကြောင့် အခုလို စီမံကိန်းသစ်တွေ ထပ်မံတိုးချဲ့ဖို့ ကြိုးပမ်းနေတာဟာ ပြည်သူတွေအတွက် လျှပ်စစ်မီးရရှိရေးထက် စစ်အစိုးရရဲ့ ရပ်တည်ရေးနဲ့ တရုတ်ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။
သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံမှာ ရှိပြီးသား အရင်းအမြစ်တွေကိုသာ စနစ်တကျ ပြည်တွင်းအတွက် သုံးစွဲမယ်ဆိုရင် လျှပ်စစ်ဓာတ်အားက လုံလောက်တာထက်တောင် ပိုနေတယ်လို့ ထောက်ပြထားကြပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ စီမံကိန်းတွေရှိရာ ဒေသခံပြည်သူတွေဟာ အမှောင်ထဲမှာ နေနေရဆဲဖြစ်ပြီး အကြီးစား ရေကာတာစီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေနဲ့သာ ရင်ဆိုင်နေရတာပါ။
ဒါကြောင့် အခုလို စွမ်းအင်ကဏ္ဍကို အရှိန်မြှင့်ဖို့ ကြိုးပမ်းမှုတွေဟာ ပြည်သူ့အကျိုးကို အမှန်တကယ် ရှေးရှုတာမျိုး မဟုတ်ဘဲ နိုင်ငံခြားကို စွမ်းအင်ထုတ်ရောင်းဖို့သာ ဖြစ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အပါအဝင် စောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုနေကြတာ ဖြစ်ပါတယ်။
https://youtu.be/UUUpUZxxZOc
#မြန်မာ #ဧရာဝတီ #သဘာဝပတ်ဝန်းကျင် #Environment #Oil #ရေနံ #တရုတ် #What'sHappensInMyanmar

YouTube
မြန်မာ့ရေနံတူးဖို့ တရုတ်စိတ်ဝင်စားနေ (ရုပ်/သံ)
စစ်အစိုးရကတော့ အခုလို တရုတ်နိုင်ငံနဲ့ ပူးပေါင်းပြီး စွမ်းအင်စီမံကိန်းတွေကို အရှိန်မြှင့်လုပ်ဆောင်တာဟာ ပြည်တွင်းက လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းဖို့လို့ ဆိုနေပေမဲ့ လက်တွေ့မှာတော့ ဒီစီမံကိန်းတွေကထွက်လာမယ့် စွမ်းအင်အများစုဟာ တရုတ်နိုင်ငံကို ပြန်လည်တင်ပို့ဖို့နဲ့…
👎55❤4👍4😱1
အာဏာသိမ်းကာ သမ္မတလုပ်သည့် ဦးမင်းအောင်လှိုင်သည် လတ်တလောရင်ဆိုင်နေရသည့် လောင်စာစွမ်းအင်အကျပ် အတည်းဖြေရှင်းရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်ကို ရုရှားသို့စေလွှတ်ကာ ရေနံနှင့် ရေနံထွက်ပစ္စည်းတင်ပို့ ပေးရန် နားလည်မှုစာချွန်လွှာတရပ် အလျင်အမြန်လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိ ရန်ကုန်၊ နေပြည်တော် စသည့် မြို့ကြီများမှာ လျှပ်စစ်မီး အလှည့်ကျသုံးစွဲနေရသလို စက်သုံးဆီဈေးကြီးကာ လိုသလောက်ဝယ်မရခြင်းကြောင့် သာမန်ပြည်သူများသာမက လုပ်ငန်းရှင်များ အခက်တွေ့နေပြီး ကုန်ဈေးနှုန်းများ ကြီးမြင့် ကာ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍအထိ ထိခိုက်မှုများ ဆက်တိုက်ဖြစ်နေသည်။
ထို့ကြောင့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင် အစိုးရသစ်အနေဖြင့် ရက်တရာအတွင်း ...
Website တွင် ဖတ်ရန် https://bit.ly/4etmypB

👎38❤6😱1
အီရန်စစ်ပွဲက ဖြစ်လာတဲ့ စွမ်းအင် အကြပ်အတည်းက ထိုင်းစီးပွားရေးကို ခြိမ်းခြောက်လာနေလို့ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူတွေ နိုင်ငံတွင်း ပိုင်ဆိုင်မှုများ ရောင်းချပြီး စွန့်ခွာ နေကြပါတယ်။
စစ်ပွဲကြောင့် ကမာ္ဘ့ ရေနံဈေးဟာ ရေနံ ၁ စည် ဒေါ်လာ ၁၀၀ ထိ မြင့်တက်လာခဲ့ပြီး ထိုင်းနိုင်ငံက လိုအပ်တဲ့ လောင်စာ ထက်ဝက်နီးပါး အတွက် အရှေ့အလယ်ပိုင်း နိုင်ငံတွေအပေါ် မှီခိုနေရမှုကြောင့် အထိခိုက်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်ကြောင်း ထိုင်း Krungsri သုတေသန လေ့လာမှု အရ သိရပါတယ်။
အစိုးရကြွေးမြီ ပမာဏက အစိုးရ ကိုယ်တိုင် ချမှတ်ထားတဲ့ ၇၀ ရာခိုင်နှုန်း ဆိုတဲ့ ပမာဏကို နီးကပ်လာနေခြင်းနဲ့ အီရန် စစ်ပွဲ မတိုင်ခင်တည်းက ငွေတန်ဖိုး မြင့်တက်မှုဒဏ်ကို ခံနေရတဲ့ စီးပွားရေးကြောင့် ...
Website တွင် ဖတ်ရန် https://bit.ly/4tebT6Q

👍36😁3🤔2❤1
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာ လာမည်
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး စီဟာဆက်သည် အမည်ခံအစိုးရသစ်၏ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေး အခြေအနေများကို ဆွေးနွေးရန် ဧပြီလ ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း Thai PBS သတင်း၌ ယနေ့ ဖော်ပြသည်။
အရှေ့တောင်အာရှနိုင်ငံများဖြင့် စုဖွဲ့ထားသည့် အာဆီယံက စစ်တပ်ပြုလုပ်သော ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို စစ်ခေါင်းဆောင်အား အစည်းဝေးတက်ရောက်ခွင့်ပိတ်ထားပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရန် တိုက်တွန်းထားသည့် အခြေအနေတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်သည် အမည်ခံအစိုးရကို တရားဝင် အသိအမှတ်ပြုလိုက်သလိုဖြစ်မည်ဟု သတင်းက ဆိုသည်။
ထို့ပြင် စစ်တပ်ကျောထောက်နောက်ခံ အသွင်ကူးပြောင်းထားသည့် ဦးမင်းအောင်လှိုင်အစိုးရထံသို့ အာဆီယံနိုင်ငံများထဲ ပထမဆုံး လာရောက်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်လာမည်ဟုလည်း Thai PBS က ဖော်ပြထားသည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup

👎48❤4👍3🤔1
မင်းအောင်လှိုင် မကြာမီ တရုတ်ပြည် သွားမည်
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
အာဏာသိမ်းကာ သမ္မတလုပ်သည့် စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် လာမည့်မေလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်းသိရသည်။
စစ်တပ်က လုပ်ပေးသည့် ရွေးကောက်ပွဲမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အကြား ထားရှိသော သဘောတူညီချက်ဖြစ်ကြောင်း တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျင်းမှ ပြီးခဲ့သည်နှစ် ဒီဇင်ဘာလက တရားဝင်ထုတ်ဖော်ပြောထားပြီးဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၀ရက်က သမ္မတအဖြစ် ကျမ်းကျိန်ခဲ့သူ စစ်ခေါင်းဆောင်သည် ၅နှစ်ကျော်ကြာ ဖမ်းထားသော သမ္မတဦးဝင်းမြင့်ကို ယမန်နေ့က တောင်ငူထောင်မှ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ထောင်ဒဏ် ၃၅နှစ်အထိ ချခံထားရသူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုမူ ပြစ်ဒဏ် ၆ ပုံတပုံသာ လျော့ပေးရာ ၄ နှစ် ၆လသာ လျော့နည်းသွားသည်။
ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ထားမည့်သတင်းများ ထွက်ခဲ့သေးသည်။
စစ်ခေါင်းဆောင်ဟောင်း ဦးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်ပြည်သို့ ၂၀၂၄ ခု နိုဝင်ဘာတွင် ပထမဆုံးအကြိမ်၊ ၂၀၂၅ သြဂုတ်လတွင် ဒုတိယအကြိမ်သွားရောက်ကာ သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီး မြန်မာ့ရွေးကောက်ပွဲကို တရုတ်၏ ထောက်ခံအားပေးမှုနှင့် သံတမန်ရေးရာကိစ္စရပ်မျာ ဆွေးနွေးခဲ့သည်။
ပုံစာ-၂၀၂၅ ဩဂုတ်လ ၃၀ ရက်က စစ်ခေါင်းဆောင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ကြစဉ်

👎38❤8😭1
၂၀၂၅ ခုနှစ် ဂျပန်တွင် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ တာဝန်ယူပြီးနောက်ပိုင်း တရုတ်နှင့် ဂျပန်ကြား တင်းမာမှုများ စတင်ဖြစ်ပွားခဲ့ရာမှ ယခုအချိန်ထိ ငါးလတာကာလအတွင်း တရုတ်တို့၏ ဂျပန်စစ်ဝါဒ ဆန့်ကျင်ရေးနှင့် တရုတ်-ဂျပန် စစ်ပွဲကာလက ဂျပန်တို့၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ဂျပန်စစ်ဝါဒကို တရုတ်တို့ မပြတ်ထုတ်ဖော် ရေးသားလှုံ့ဆော်နေသည်ကို တွေ့မြင်ရ၏ ...
Website တွင် ဖတ်ရန် https://bit.ly/4sLhyAi

👍43😁8❤6
သမ္မတ ထရမ့် သမ္မာကျမ်းစာ ဖတ်ပြဦးမည်
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
ပုပ်ရဟန်းမင်းကြီးနဲ့ အကြီးအကျယ် စကားများခဲ့သလို မိမိကိုယ်ကို ယေရှုခရစ်တော်အဖြစ် သရုပ်ဖော်ထားတဲ့ ပုံကို ထုတ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ကြုံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အခုအခါမှာတော့ ‘သမ္မာကျမ်းစာ မာရသွန် ဖတ်ကြားပွဲ’ အစီအစဉ်မှာ ပါဝင်တော့မှာ ဖြစ်ပါတယ်။
နယူးယောက်တိုင်းမ်သတင်းစာရဲ့ ၁၇ ရက်နေ့ ဖော်ပြချက်အရ ‘အမေရိက၊ သမ္မာကျမ်းစာ ဖတ်ကြစို့’ လို့ အမည်ပေးထားတဲ့ အခမ်းအနားကို ဝါရှင်တန်ဒီစီမှာ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တပတ်ကြာ ကျင်းပသွားမှာပါ။
ဒီပွဲကို စီစဉ်တဲ့ ‘Christian Engaged’ အမည်ရှိ ရှေးရိုးစွဲ ခရစ်ယာန်အဖွဲ့က သမ္မတ ထရမ့် ပါဝင်မယ်လို့ ကြေညာခဲ့ပါတယ်။ အိမ်ဖြူတော်ကတော့ “ဒီပွဲဟာ သမ္မာကျမ်းစာကို ဂုဏ်ပြုဖို့၊ ယုံကြည်ခြင်းကို အသစ်တဖန် တည်ဆောက်ဖို့နဲ့ အမေရိကန်မြေပေါ်မှာ သမိုင်းဝင် ဘာသာရေး နိုးထမှုတခုကို ကြေညာဖို့ အခွင့်အရေး ဖြစ်သလို၊ အမေရိကန်ကို ဘုရားသခင်ရဲ့ လက်အောက်က နိုင်ငံတခုအဖြစ် ပြန်လည် ဆက်ကပ်အပ်နှံတာလည်း ဖြစ်ပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
သမ္မတ ထရမ့်ဟာ သူဖတ်ကြားရမယ့် အပိုင်းကို ပြီးခဲ့တဲ့ ၁၄ ရက်နေ့က အိမ်ဖြူတော် သမ္မတရုံးခန်းမှာ ကြိုတင်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ ထရမ့်ဖတ်ပြတဲ့ ကျမ်းစာလာ ဖော်ပြချက်တွေဟာ ထရမ့်ကို ထောက်ခံတဲ့ ခရစ်ယာန်ဘာသာဝင်တွေအတွက် အလွန်အရေးကြီးတဲ့ အဓိပ္ပာယ်ရှိတယ်လို့ နယူးယောက်တိုင်းမ်က ဆိုပါတယ်။
ဒီကျမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ကွန်ဂရက်ကို လူအုပ်နဲ့ ဝင်ရောက်စီးနင်းမှုအတွင်းမှာလည်း ပဲ့တင်ထပ်ခဲ့တာပါ။ ထရမ့်ကို ထောက်ခံတဲ့ ‘Cowboys for Trump’ အဖွဲ့ တည်ထောင်သူက လူအုပ်ကြီးကို အသံချဲ့စက်နဲ့ ဒီကျမ်းကို ဖတ်ပြခဲ့စဉ် လူအုပ်က “ထရမ့်အတွက် တိုက်ပွဲဝင်ကြ” လို့ ပြန်လည် ကြွေးကြော်ခဲ့ကြပါတယ်။
သမ္မတ ထရမ့်ရဲ့ သမ္မာကျမ်းစာ ဖတ်ကြားမှုဟာ လတ်တလော သူဖန်တီးခဲ့တဲ့ အငြင်းပွားမှုတွေကြောင့် ခရစ်ယာန်ထောက်ခံသူတွေကြားမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရချိန် ပေါ်ထွက်လာတာပါ။
ပြီးခဲ့တဲ့ ၁၂ ရက်နေ့က သမ္မတ ထရမ့်ဟာ AI နဲ့ ဖန်တီးထားတဲ့ သူ့ကိုယ်သူ ယေရှုခရစ်တော်အသွင် သရုပ်ဖော်ထားတဲ့ ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အဲဒီပုံမှာ သူဟာ ဝတ်လုံဖြူကို အနီရောင်ခြုံလွှာနဲ့ ဝတ်ဆင်ထားပြီး ဖျားနာနေသူတဦးရဲ့ နဖူးကို လက်တင်ထားတာကို တွေ့ရပါတယ်။ ဒါကို ခရစ်ယာန်ဘာသာဝင် အများအပြားက ကန့်ကွက်ခဲ့ကြပြီး ‘ဘုရားကို စော်ကားတာ’ လို့အထိ စွပ်စွဲမှုတွေ ပြင်းထန်ခဲ့ပါတယ်။ ၁၂ နာရီလောက်အကြာမှာ ထရမ့်က အဲဒီပုံကို ပြန်ဖျက်ခဲ့ပြီး သူဟာ အဲဒီပုံကို ဆရာဝန်တဦးအသွင် သရုပ်ဖော်ထားတာလို့ ထင်ခဲ့ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ဒါ့အပြင် သမ္မတ ထရမ့်ဟာ အီရန်မှာဖြစ်ပွားနေတဲ့ အမေရိကန်ရဲ့ စစ်ပွဲကို ဝေဖန်ခဲ့တဲ့ အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တာကြောင့် အမေရိကန်ကက်သလစ် ဘာသာဝင် အများအပြားရဲ့ ကန့်ကွက်မှုကိုလည်း ရရှိခဲ့တယ်။
ကိုးကား။ ။ The New York Times သတင်း Trump Will Participate in a Marathon Bible Reading
ဓာတ်ပုံ - ၂၀၂၀ ဇွန် ၁ ရက်တွင် ဝါရှင်တန်ရှိ St John's ဘုရားကျောင်းအပြင်ဘက်တွင် သမ္မာကျမ်းစာကို ကိုင်ဆောင်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်/ AFP

❤22👍15😁8
မြန်မာ့နိုင်ငံရေးတွင် စစ်တပ် ပါဝင်ခြင်းအား အဆုံးသတ်မည်ဟု NUG ဆို
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
နွေဦးတော်လှန်ရေး၏ ဘုံရည်မှန်းချက်ဖြစ်သော စစ်အာဏာသိမ်းမှု ဖယ်ရှားပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်ပါဝင်နေခြင်းကို အဆုံးသတ်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်က ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားများနှင့် ပူးတွဲထုတ်ပြန်ခဲ့သည့် ဘုံသဘောထား ရပ်တည်ချက်နှင့် မတ်လ ၃၀ ရက်တွင် ထုတ်ပြန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီ၏ ဆုံးဖြတ်ချက်အရ ထိုသို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် NUG အစိုးရက နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်အပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းရခြင်းကို ဝမ်းမြောက်ကြောင်းနှင့် NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ရလဒ်ကို အသိအမှတ်ပြုပြီး နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံကို ဆက်လက်အတည်ပြုထားသည်ဟုလည်း ဖော်ပြထားသည်။
နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသူများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဖြစ်သည့်အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစုက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ဦးတည်၍ တိုင်းပြည်နှင့်ပြည်သူလူထုအား နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိသည့် အဆိုးကျော့သံသရာက အပြီးတိုင်လွတ်မြောက်ရေးဖြစ်ကြောင်း NUG က ပြောသည်။
စစ်တပ်၏ ပြည်သူလူထုတရပ်လုံးအပေါ် ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲ စစ်ရာဇဝတ်မှုများနှင့် နိုင်ငံတကာလူသားချင်းစာနာမှု ဆိုင်ရာဥပဒေ (International Humanitarian Law) ကို ကျူးလွန်ဖောက်ဖျက်မှုများအား အသွင် ကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး ဆောင်ကြဉ်းပေးနိုင်သည့်အခြေအနေရှိမှသာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်မည်ဟု မှတ်ယူ၍ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း NUG က အသိပေးထားသည်။
ပုံစာ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆင်ရေးနယ်မြေ (၂)၊ အခြေခံစစ်သင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်း အခမ်းအနား/ NUG-MOD

👍49❤18😁8🤔1
နှလုံးသား ရသ နှင့် ဦးနှောက်ကို ထွန်းညှိခြင်း
အခု စနေမှာ စာရေးဆရာကြီး ရွှေဥဒေါင်း ရဲ့ သတင်းစာဆရာ ဗမာ့ခေတ် ဦးအုန်းခင် အကြောင်း ဆောင်းပါးကို တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://bit.ly/4vA2sQG
အခု စနေမှာ စာရေးဆရာကြီး ရွှေဥဒေါင်း ရဲ့ သတင်းစာဆရာ ဗမာ့ခေတ် ဦးအုန်းခင် အကြောင်း ဆောင်းပါးကို တင်ဆက် ပေးထားပါတယ်။
Website တွင် ဖတ်ရန် https://bit.ly/4vA2sQG
👍28❤4
သထုံ၌ ယာဥ်တိုက်မှုဖြစ် သံဃာများအပါ ၉ ဦး သေဆုံး
ဧရာဝတီ၊ ဧပြီ ၁၈၊ ၂၀၂၆
မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန် - မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ယနေ့ ညနေ ၄ နာရီခွဲက ယာဥ်တိုက်မှုဖြစ်ပြီး သံဃာတော်များအပါအဝင် ၉ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရသည်ဟု ကူညီပေးသူများထံမှ သိရသည်။
ခရီးသည်တင်ယာဉ်နှင့် သံဃာတော်များ စီးနင်းလာသည့် Hi-Jet ယာဉ်သည် ခရီးသည်တင်ယာဉ်နှင့် တိုက်မိရာ Hi-Jetယာဥ်ပေါ်ပါလာသည့် သံဃာ ၅ ပါးနှင့် ကိုရင် ၁ ပါး တို့ ပျံလွန်တော်မူကာ အမျိုးသား ၃ ဦးသေဆုံးသည်ဟု ဆိုသည်။
သွားရောက်ကူညီသည့် လူမှုကူညီရေးအဖွဲ့ဝင်တဦးက" သံဃာ ၇ ပါးနဲ့ အမျိုးသား ၃ ဦးပေါ့။ သူတို့က ဒဏ်ရာ မစိုးရိမ်ရဘူး။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သထုံပြည်သူ့ဆေးရုံနဲ့ သိမ်ဆိပ်တိုက်နယ်ဆေးရုံကို ခွဲပို့ထားတယ်။ ခရီးသည်တင်ယာဥ်ပေါ်က ခရီးသည်တွေတော့ ဒဏ်ရာ မရဘူး"ဟု ဧရာဝတီကို ပြောသည်။
ယာဥ်တိုက်မှုကို သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်း၊ အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ နှလုံးသားလှလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ သင်္ခါရလူမှုကူညီရေးအသင်းတို့က ကူညီပေးခဲ့ကြသည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
“သတင်း-မောင်လူအေး”
ဓာတ်ပုံ-CJ

😭33❤5👍2😱1