The Irrawaddy - Burmese
98.6K subscribers
27.8K photos
809 videos
3 files
14K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
ပစ်ချခံရသည့် ဂျက်ဖိုက်တာ စက်ချို့ယွင်းဟု စစ်တပ်ဆိုပြန်

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းတိုက်ပွဲ၌ ပစ်ချခံရသည့် ဂျက်ဖိုက်တာလေယာဉ်သည် ရုတ်တရက် စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်လေယာဉ်သည် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာအရှေ့ဘက် မီတာနှစ်ထောင်ခန့်အကွာ စပါးစေ့ကျေးရွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျနေရာအနီးတဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်ကာ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်ချို့ယွင်းမှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးနေကြောင်းလည်း ဖော်ပြထားသည်။

စစ်ကောင်စီသည် မေ ၂၀ ရက်၌ ဗန်းမော်သို့ စစ်ကူနှင့်ရိက္ခာပို့လာသည့် ရဟတ်ယာဉ်သုံးစင်းအနက် ၂ စင်းအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပစ်ချခဲ့စဉ်ကလည်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းသာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ယခုပစ်ချခံရသည့်တိုက်လေယာဉ်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နှင့် ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသော ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲသို့ ပစ်ကူလာစဉ် PLA တပ်ဖွဲ့ဝင်များမှ ပစ်ချခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှာပေါက်ကွဲ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း PLA က အတည်ပြုပြောဆိုထားသည်။

ထိုလေယာဉ်ပျက်အနီး လွင့်စင်ထွက်လာသည့် အပိုင်းအစများတွင် လေယာဉ်မှူးဦးထုပ် အပိုင်းအစများလည်းပါဝင်ပြီး သွေးစများ စွန်းထင်နေသည်ကိုတွေ့ရှိရသဖြင့် လေယာဉ်မှူး သေဆုံးခဲ့ကြောင်း သုံးသပ်ထားသည်ဟု ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုဇော်ထက်က ဧရာဝတီကို ပြောသည်။

လတ်တလောတွင် ပစ်ချခံရသည့် တိုက်လေယာဉ်နှင့်ပတ်သက်ပြီး အမျိုးအစားနှင့် အသေးစိတ်အချက်အလက်များအား ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း PLA ဘက်က အသိပေးထုတ်ပြန်ထားသည်။

#WhatsHappeningInMyanmar
#RejectMilitaryCoup
လော့စ်အိန်ဂျလိစ်ကို မရိန်းတပ်သား ၇၀၀ ထပ်လွှတ်

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီးမှုများကို ကန့်ကွက်ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပွားနေသော လော့စ်အိန်ဂျလိစ်ကို ပင်တဂွန်စစ်ဌာနချုပ်မှ စစ်သား ၂၀၀၀ ကျော် စေလွှတ်ပြီးနောက် ထပ်မံ၍ မရိန်းတပ်သား ၇၀၀ စေလွှတ်ရန် စီစဉ်နေကြောင်း Sky News က ဖော်ပြသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတပ်သားများအား စေလွှတ်ပြီးနောက် ဆန္ဒပြသူများကို ဖမ်းဆီးခြင်းသည် ယခင်ကထက် ပိုမိုပြင်းထန်မည်ဟု ပြောဆိုခဲ့သည်။

ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom က အဆိုပါလုပ်ရပ်ကို ပြစ်တင်ရှုတ်ချပြီး အမေရိကန် မရိန်းတပ်သားများအား အာဏာရှင်သမ္မတတဦး၏ ဆိုးရွားသော စိတ်ကူးယဉ်မှုကို ဖြည့်ဆည်းရန်အတွက် နိုင်ငံသူနိုင်ငံသားများနှင့် ရင်ဆိုင်ရသည့် အမေရိကန်မြေပေါ်တွင် တပ်စွဲခြင်းမပြုသင့်ပါ။ သူ(သမ္မတ ထရမ့်)သည် အမေရိကန် မဟုတ်ဟု ၎င်း၏ X စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့ တပ်သားများစေလွှတ်ကာ ဆန္ဒပြသူများအား နှိမ်နင်းသည့်လုပ်ရပ်သည် ပြည်နယ် အချုပ်အခြာအာဏာကို ချိုးဖောက်သည့်အတွက် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးက အမေရိကန်အစိုးရအား တရားစွဲဆိုထားပြီး သမ္မတထရမ့်ကလည်း အုပ်ချုပ်ရေးမှူးအဖမ်းခံရပါက ပိုကောင်းသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုင်းနယ်စပ် စစ်စခန်းတခု KNU ပူးပေါင်းတပ် ထပ်သိမ်း

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

တနင်္သာရီတိုင်း ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်တပ်၏ အမိုနယ်စပ်(ခ) ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်များက ယနေ့သိမ်းပိုက်ရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)မှ သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ-၄ နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းပါဝင်သည့် အမိုနယ်စပ်စခန်းအား ဇွန်လ ၈ ရက်မှစတင်ကာ ထိုးစစ်ဆင်ပြီးနောက် သုံးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုစခန်းသည် ၁၉၉၇ နှစ်ကုန်ပိုင်းတွင် စစ်တပ်က စတင်အခြေစိုက်တပ်စွဲခဲ့ပြီး ထီးထာဗျူဟာ ကွပ်ကဲမှုအောက် ခြေလျင်တပ်ရင်း(ခလရ-၂၅) အထိုင်ချနေရာယူခဲ့သည့်တပ်စခန်း ဖြစ်သည်။

KNLA ပူးပေါင်းတပ်များသည် မြိတ်-ထားဝယ်ခရိုင်အတွင်း နယ်စပ်ကုန်သွယ်ရေးအရ အရေးပါသည့် ထီးထဗျူဟာစခန်းအား ဧပြီ ၁၉ ရက်နှင့် ထီးခီးစခန်းကို မေလ ၉ ရက်တို့တွင် သိမ်းပိုက်ထားပြီဖြစ်သည်။

ပုံစာ-စခန်းသိမ်းပြီးနောက် တွေ့ရပုံ/KNU MTD

#WhatsHappeningInMyanmar
#RejectMilitaryCoup
Media is too big
VIEW IN TELEGRAM
ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကို ထရမ့်ဖမ်းမှာလား

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

#မြန်မာ #ဧရာဝတီ #အမေရိကန် #LA #california #Newsom
ကိုယ့်လူကိုပါ ပြန်ဖမ်းနေရတဲ့ စစ်ကောင်စီ ဖြစ်ရပ် (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

နိုင်ငံတဝန်း စစ်ရေး၊ နိုင်ငံရေး အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ ပတ်သက်ပြီး စစ်တပ် ထောက်ခံ သူတွေ ကိုယ်တိုင်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ဝေဖန်ပြစ်တင် နေကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ပြည်သူတွေကို ဆိုးဆိုးဝါးဝါး နှိပ်ကွပ်နေတဲ့ အာဏာသိမ်း ခေါင်းဆောင်ဟာ အခုတော့ သူ့ကို ထောက်ခံနေသူတွေကိုပါ ပြန်ဖမ်းနေပါတယ်။ အဖမ်းခံရတဲ့ တပ်ထောက်ခံသူတွေဟာ စစ်ခေါင်းဆောင်နဲ့ စစ်တပ်ကို ဝေဖန် ပြစ်တင်နေတဲ့သူတွေ ဖြစ်ပါတယ်။

ဒီသူတွေဟာ အာဏာသိမ်းပြီးကတည်းက စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို စဉ်ဆက်မပြတ် ထောက်ခံ အားပေးလာခဲ့ပြီး၊ စစ်တပ်ထောက်ခံသူတွေအဖြစ်နဲ့ ကိုယ့်ကိုယ်ကို လက်ခံထားကြသူတွေ ကိုယ်တိုင် စစ်တပ်ရဲ့ စစ်ရေးရှုံးနိမ့်မှု၊ တပ်တွင်း မညီမျှမှုတွေနဲ့ အကျင့်ပျက်ချစားမှုတွေကို ဝေဖန်ပြောဆိုလာတဲ့အထိ အခြေအနေတွေ ပြင်းထန်လာခဲ့တာပါ။

ဒီလို ဝေဖန်ပြောဆိုမှုကြောင့် ဖမ်းဆီးခံထားရတဲ့ စစ်တပ်ထောက်ခံသူတွေ များစွာရှိလာနေပြီး သူတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ ၁၂၄ ဥပဒေတွေနဲ့ အရေးယူထောင်ချမှုတွေ ရှိနေပါတယ်။

https://youtu.be/_XgGKtsPJ1Y
#မြန်မာ #ဧရာဝတီ #စစ်တပ်ထောက်ခံသူ #အာဏာသိမ်းစစ်တပ် #ဝေဖန် #၅၀၅က #စစ်ခေါင်းဆောင် #WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Media is too big
VIEW IN TELEGRAM
လော့စ်အိန်ဂျလိစ် မှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)
လော့စ်အိန်ဂျလိစ် မှာ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

သမ္မတထရမ့်က နေထိုင်ခွင့်မဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး နိုင်ငံပြန်ပို့တဲ့စစ်ဆင်ရေး ICE (Immigration and Customs Enforcement) ကို လုပ်ဆောင်နေပါတယ်။

အဲ့ဒီစစ်ဆင်ရေးမှာ တရားမဝင်နေထိုင်သူတွေကို နေအိမ်၊ လုပ်ငန်းခွင်တွေထဲအထိ ဝင်ဖမ်းရာကနေ မိသားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက လူ့အခွင့်အရေးကို ချိုးဖောက်တယ်ဆိုပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့တာပါ။

လော့စ်အိန်ဂျလိစ်မြို့မှာ ဆန္ဒပြပွဲတွေကို ဇွန်လ ၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အခုဆို ၄ ရက်ကြာရှိလာ နေပြီဖြစ်ကာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ပြင်းထန်နေပါတယ်။

ဒီဆန္ဒပြပွဲကို နှိမ်နင်းဖို့ဆိုပြီး ထရမ့်အစိုးရက National Gaurd တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ကို စေလွှတ်ခဲ့ပြီး စစ်တပ်အင်အား ၇၀၀ လောက်ကိုပါ ထပ်မံစေလွှတ်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေမှာ လော့စ်အိန်ဂျလိစ်မြို့ပြည်နယ်ဝန်ကြီးချုပ်က ထရမ့်ဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန်လို့ဆိုပြီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

တရားမဝင်နေထိုင်တဲ့သူတွေကို ဖမ်းဆီးရေးဆောင်ရွက်ရာကနေ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ဘာတွေဖြစ်နေလဲ၊ ထရမ့်အစိုးရနဲ့ လော့စ်အိန်ဂျလိစ် ပြည်နယ်ဝန်ကြီးချုပ်တို့အကြား ထိပ်တိုက်တွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီး အဲ့ဒီမြို့မှာ နေထိုင်နေတဲ့ ဦးဝင်းဗိုလ်ဟန်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/etDQoGQta0U
#မြန်မာ #ဧရာဝတီ #LA #ICE #အမေရိကန် #ဆန္ဒပြပွဲ #ထရမ့်အစိုးရ #ဦးဝင်းဗိုလ်ဟန်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ပစ်ချ တိုက်လေယာဉ်မှ လေယာဉ်မှူး သေဆုံး (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ တော်လှန်ရေးတပ်တွေပစ်ချလိုက်တဲ့ တိုက်လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အတွင်း လေယာဉ်မှူး သေဆုံးသွားတယ်လို့ ပုလဲမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူ ဦးဇော်ထက် က ဧရာဝတီကို ပြောပါတယ်။

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာ ရဲစခန်းသိမ်း တိုက်ပွဲအတွက် လေကြောင်းပစ်ကူလာတဲ့ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်တွေက ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ်ချခဲ့ကြတာဖြစ်ပါတယ်။

တိုက်လေယာဉ်ပစ်ချခံခဲ့ရတဲ့နေရာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ပုလဲမြို့နယ် ပအဖ က ပြောပါတယ်။

https://youtu.be/u3T0IgEsqTk
#မြန်မာ #ဧရာဝတီ #တိုက်လေယာဉ် #ပုလဲမြို့နယ် #ပအဖ #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
Media is too big
VIEW IN TELEGRAM
ပစ်ချ တိုက်လေယာဉ်မှ လေယာဉ်မှူး သေဆုံး (ရုပ်/သံ)
Media is too big
VIEW IN TELEGRAM
စစ်ကောင်စီနဲ့ PNA စစ်ကြောင်းထိုးလို့ ဖယ်ခုံဒေသခံ ထောင်ချီ ထွက်ပြေးနေရ (ရုပ်/သံ)
စစ်ကောင်စီနဲ့ PNA စစ်ကြောင်းထိုးလို့ ဖယ်ခုံဒေသခံ ထောင်ချီ ထွက်ပြေးနေရ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ဒေသခံ ၃၀၀၀ ကျော်ဟာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တို့ရဲ့ စစ်ကြောင်းထိုးမှုကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပါတယ်။

ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာကို စစ်ကြောင်းထိုးထိန်းချုပ်နိုင်ခဲ့ပြီးတဲ့နောက် ဇွန်လ ၇ ရက်နေ့ကစပြီး ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတာလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေမယ့် စစ်ကောင်စီနဲ့ PNA စစ်ကြောင်းတွေက လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်ပြီးရွှေ့ပြောင်းနေကြတာဖြစ်တယ်လို့ သိရပါတယ်။

https://youtu.be/CEaZ1bTPfOs
#မြန်မာ #ဧရာဝတီ #ဖယ်ခုံ #PNA #ပြည်သူ့စစ် #စစ်ရှောင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy
ဖားကန့်ဝင်တဲ့ စစ်ကြောင်းကို ပြောက်ကျားတပ်တွေ ဖြတ်တိုက် (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁၀၊ ၂၀၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကျောက်စိမ်းမှော်တွေထဲကို စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ အုပ်စုထဲက ကျောက်စိမ်းမှော်တွေထဲ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ပြောက်ကျားတပ်တွေက ဇွန်လ ၉ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လုံးခင်းကျောက်စိမ်းမှော်ထဲမှာရှိတဲ့ တောက်ပကြယ်ကုမ္ပဏီကို ဇွန်လ ၅ နေ့ကတည်းက အင်အား ၁၀၀ ခန့်နဲ့ ဝင်ရောက်တပ်စွဲနေတာဖြစ်ပြီး ဇွန်လ ၉ ရက်နေ့က စစ်ရေးလှုပ်ရှား လာချိန်မှာ ပြောက်ကျားတပ်တွေက ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

https://youtu.be/GA9xwuadq0s
#မြန်မာ #ဧရာဝတီ #ဖားကန့် #ပြောက်ကျား #လုံးခင်း #ကျောက်စိမ်းမှော် #KIA #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy