The Irrawaddy - Burmese
69.8K subscribers
20.1K photos
437 videos
3 files
9.08K links
The Irrawaddy magazine and its Web site cover Burma and Southeast Asia, providing in-depth news and information to international readers.

burma.irrawaddy.com
Download Telegram
စစ်တပ်က ပစ်ခဲ့ကြောင်း အာဏာသိမ်းခေါင်းဆောင် ဝန်ခံ (ရုပ်/သံ)

ယဉ်မွန်၊ ဇွန် ၂၄၊ ၂၀၂၄

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ရဲ့ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တာဟာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ သေနတ်ကျည်ကြောင့် ဖြစ်ပြီး၊ အဲဒီဖြစ်စဉ်အပေါ် များစွာ ဝမ်းနည်းမိတယ်ဆိုတဲ့အကြောင်း အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းပန်စာ ပေးပို့ခဲ့ပါတယ်။

အဲဒီတောင်းပန်စာပေးပို့မှုအပေါ် လျှောက်ထားတဲ့အတွက်တော့ သိရှိရပြီဖြစ်ပေမယ့်၊ အဲဒီဖြစ်ရပ်အပေါ် မမေ့ပါဘူး လို့ ဆရာတော်တပါးက တုန့်ပြန်မိန့်ကြားလိုက်တာကိုလည်းတွေ့ရပါတယ်။

အဲဒီတောင်းပန်စာကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ တာဝန်ရှိသူတွေက လာရောက် ဖတ်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

တောင်းပန်စာဟာ ဇွန်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ဖြစ်ပေမယ့်၊ ဆရာတော်တွေဆီကိုတော့ ဇွန်လ ၂၄ ရက်နေ့၊ ဆရာတော်ဘုရားကြီးရဲ့ အန္တိမစျာပန ၆ ရက်မြောက်တဲ့နေ့မှသာ ရောက်ရှိလာခဲ့တာပါ။

ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီ ပစ်ခတ်မှုကို စစ်ကောင်စီက PDF တွေလုပ်တာ ဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းဌာနက တဆင့် ထုတ်ပြန်ခဲ့ပေမယ့်၊ ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော်ကြီးက ဖြစ်စဉ်မှန်ကို ထုတ်ဖော်မိန့်ကြားမှုအပြီးမှာတော့ စစ်ကောင်စီဟာ ဝန်ခံခဲ့တာဖြစ်ပါတယ်။

https://youtu.be/WxSDfsTgye0
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အင်တာနက်ဆင်ဆာဖြတ်ဖို့ တရုတ်အကူအညီယူနေ (ရုပ်/သံ)

ဘုန်းအောင် ၊ ဇွန် ၂၄ ၊ ၂၀၂၄

အာဏာသိမ်း စစ်ကောင်စီဟာ ပြည်တွင်းမှာ အင်တာနက် ဆင်ဆာဖြတ်တောက်တာတွေနဲ့ ကြားဖြတ်စောင့်ကြည့် တာတွေကို တရုတ်ရဲ့ နည်းပညာ အကူအညီရယူကာ မေလကုန်ပိုင်းက စတင် လုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ Justice For Myanmar (JFM) က ထုတ်ပြောထားပါတယ်။

အဆိုပါ တရုတ်နည်းပညာဟာ အင်တာနက် အသုံးပြုသူတွေရဲ့ အင်တာနက် ဝန်ဆောင်မှုကနေ တဆင့် အသေးစိတ် အချက်အလက်တွေကို ဖမ်းယူစောင့်ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်မှာ ဖြစ်သလို၊ ဖုန်းမက်ဆေ့ချ်နဲ့ အီးမေးအကြောင်းအရာတွေ အထိ ထောက်လှမ်းနိုင်တယ်လို့ ဆိုထားပါတယ်။

အင်တာနက်ဆင်ဆာနဲ့ စောင့်ကြည့်ထောက်လှမ်းရေး စနစ်တွေကို တရုတ်ကုမ္ပဏီတွေရဲ့ နည်းပညာအကူအညီတွေ ရယူ လုပ်ဆောင်ရာမှာ တည်နေရာ ခြေရာခံစနစ်အတွက် မြန်မာလက်နက်ပွဲစားကုမ္ပဏီဖြစ်တဲ့ Mascots Group လည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

Mascots Group ကို စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာဝင်းကျော် ဦးဆောင်ပြီး သူဟာ Burbrit Beer ကို ပူးတွဲ တည်ထောင်သူလည်း ဖြစ်တယ်လို့ JFM က ဆိုထားပါတယ်။

https://youtu.be/psofPtPIIRg
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ပစ်ခတ်မှုများဆောင်ရွက်ခဲ့ရခြင်းကြောင့် ဆရာတော်ကြီးကို ထိမှန်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွား သည်ကို ဝမ်းနည်းစွာ သိရှိရပါသည်ဘုရား။ ပရိယတ္တိသာသနာတွင် တန်ဖိုးရှိ ထင်ရှားကျော်ကြားလှသော သံဃာ တပါးဖြစ်သည့် ဆရာတော်ကြီး ဆုံးရှုံးခဲ့ရသည့်အတွက် တပည့်တော်တို့ အနေဖြင့် များစွာဝမ်းနည်း ကြေကွဲရသည့်အပြင် ယခုဖြစ်စဉ် အတွက်လည်း အလေးနက်ထား၍ တောင်းပန်အပ်သည်ကို လျှောက်ထားလိုပါသည်

Website တွင် ဖတ်ရန် https://bit.ly/4bjko70
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အင်းတော်ကြီး-ဖားကန့်လမ်းကို KIA ထိန်းချုပ် (ရုပ်/သံ)

ဇော်မြတ်ခန့်၊ ဇွန် ၂၄၊ ၂၀၂၄

ကချင်ပြည်နယ် အင်းတော်ကြီးမြို့ မြောက်ဘက်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း သုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဧရာဝတီကို အတည်ပြုပါတယ်။

အင်းတော်ကြီးမြို့နဲ့ မိုင် ၂၀ ကျော်ဝေးတဲ့ ညောင်ပင်ရွာက ခလရ ၄၂ တပ်စခန်းနဲ့ ခမရ ၁၁၁ တပ်တွေ အခြေချထားတဲ့ ဝှေလုံ တပ်စခန်းကို ဇွန်လ ၂၃ ရက်နေ့ ညပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး ချောင်းဝ တပ်စခန်းကိုတော့ ဇွန်လ ၂၄ ရက်နေ့ မနက် ၄ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ KIA နဲ့အတူ ပူးတွဲ တိုက်ပွဲဝင်ခဲ့တဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် (KPDF ) ဘက်က ပြောပါတယ်။

အင်းတော်ကြီး-ဝှေခါ-ဖားကန့် ကားလမ်းဘေးက စစ်ကောင်စီ အထိုင်ချစခန်းတွေကို သိမ်းပိုက်လိုက်တဲ့အတွက် အဲဒီလမ်းပိုင်းကို ထိန်းချုပ်လိုက်ပြီလို့ KPDF ဘက်က ပြောပါတယ်။

ဖားကန့်မြို့တောင်ဘက် ၁၀ မိုင်ကျော်မှာရှိတဲ့ ဝှေခါရွာအနီးက စစ်ကောင်စီစခန်းကို KIA က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ သိမ်းပိုက်ထားခဲ့တာကြောင့် ဟိုပင် နဲ့ ဖားကန့်ကြားကို စစ်ကောင်စီမလာနိုင်ဖို့ ဖြတ်တောက်ထားနိုင်တဲ့အခြေအနေဖြစ်တယ်လို့ ဝါရင့်စစ်ရေးသုတေသီက သုံးသပ်ပြောဆိုပါတယ်။

https://youtu.be/765EZ4a7H2c
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လူတွေက AA က ရဲစခန်းထဲဝင်သိမ်းလို့ ပစ်နေ ခတ်နေ ကြပြီဆိုပြီး ကောလဟလတွေနဲ့ ကြောက်လန့် တကြား ပြောနေကြတာ၊ တကယ်တော့ ကားပေါ်တက်ပြီး ပြေးခါနီး ရဲစခန်းထဲမှာ သေနတ်ဖောက်ကြတာ၊ အံတော် တံတားကနေတောင်မှ ကြားရတယ်

Website တွင် ဖတ်ရန် https://bit.ly/3xmLNHk
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ကော့သောင်း မာရမ်းရဲစခန်း ပစ်ခတ်ခံရမှု ရဲ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ် ရာရ

ဧရာဝတီ၊ ဇွန် ၂၄၊ ၂၀၂၄

ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ နယ်၊ မာရမ်းကျေးရွာထဲရှိ မာရမ်းရဲစခန်းကို ဇွန် ၂၂ ရက် နံနက်က တော် လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်တဦးက "စကစဘက်က သေတဲ့တယောက်ကိုတော့ ဘုန်းကြီးကားနဲ့ ကော့သောင်းမြို့ကို သယ်သွားတယ်လို့ သိရပါတယ်။ ဒဏ်ရာရ နှစ်ယောက်ကိုတော့ ထိုင်းနိုင်ငံ ကရပူရိမြို့ဆေးရုံမှာ ဆေးကုနေတယ်လို့ သိရပါတယ်" ဟု ပြောသည်။

အဆိုပါ သွားရောက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် မာရမ်းကျေးရွာဒေသခံများ ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက "အသံတွေကြားတော့ ပြေးကြတာပေါ့။ ဒါပေမယ့် တ ရက်ပါပဲ။ အဲဒီ မနက်ဖြစ်တယ်ပေါ့နော်။ ထိုင်းဘက်ကို ထွက်ပြေးကြတယ်။ ည ၇ နာရီလောက်ကျတော့ ထိုင်းဘက်ကနေ ပြန်ဝင်လာကြတယ်ပေါ့နော်။ ခုတော့ ငြိမ်နေတယ်။ စစ်ကား အတက်အဆင်းတောင် သိပ်မရှိတော့ဘူး" ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက အဆိုပါ ပစ်ခတ်ခံခဲ့ရသော မာရမ်းရဲစခန်း၌ အင်အား ၅၀ နီးပါးဖြင့် လာရောက်အထိုင်ချ တပ်စွဲထားပြီး နယ်မြေရှင်း လင်းရေး လုပ်ဆောင်နေသောကြောင့် စစ်ရေးတင်းမာနေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ပုံစာ - တိုက်ပွဲများကြောင့် ထိုင်းဘက်သို့ စစ်ဘေးရှောင်လာကြသော ခမောက်ကြီးမြို့နယ် ဒေသခံများ/ CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လားရှိုးတွင် စစ်တပ်နှင့် MNDAA တို့ တိုက်ပွဲပြန်ဖြစ်

မိုင်းခြိူဝ်းဇာရ်၊ ဇွန် ၂၄၊ ၂၀၂၄

နှစ်ဖက်စစ်ရေးပြင်နေသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်၌ စစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ ယမန်နေ့နံနက် ၈ နာရီခန့်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လားရှိုးနှင့် မိုင်းယော်တိုက်နယ်ကြား ပိန်းခမ်းရွာအနီးရှိ မိုင်တင်စစ်ဆေးရေးဂိတ်မှ ခလရ ၁၁၅ က စစ်ကြောင်း ထိုးလာသဖြင့် MNDAA တပ်ဖွဲ့နှင့် ၁၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပိန်းခမ်းရွာနှင့် နီးစပ်သူဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကိုးကန့်က အရင်ကတည်းက အဲဒီမှာ လှုပ်ရှားနေတာ စစ်တပ်က ရှေ့တိုးလာတော့ တိုက်ပွဲဖြစ်တာပေါ့။ ခဏလေးပဲ ပစ်ကြပြီးတော့ ပြန်ဆုတ်ကြတယ်လို့ ဆိုတယ်” ဟု ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်က တရုတ်၏ ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် စစ်ကောင်စီတပ်နှင့် MNDAA တို့ကြား ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး၊ မတ်လ၂၆ ရက်က လားရှိုးမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ ပိန်းကိုင်ရွာနှင့် လုံမွန်းကျေးရွာကြားတွင်လည်း ၄၅ မိနစ်ခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သေးသည်။

တိုက်ပွဲများနှင့် ပတ်သက်၍ MNDAA မှ သတင်းထုတ်ပြန်ခြင်း မရှိသလို ပြောရေးဆိုခွင့်ရှိသူနှင့် အဆက်သွယ်မရပေ။

ယခု ဇွန်လလယ်၌ စစ်ကောင်စီနှင့် ညီနောင် မဟာမိတ် ၃ ဖွဲ့တို့ လားရှိုးကို ဗဟိုပြု၍ တကျော့ပြန် စစ်ရေးတင်းမာနေရာ စစ်တပ်က မိုင်းတင်၊ အီနိုင်း၊ ဟိုပိတ်၊ မယ်ဟန်ရွာများ၌ အင်အား ထောင်ချီ စစ်ပြင်ထားသလို လားရှိုး အနီးရှိ တောင်ကုန်း၊ စေတီကုန်း၊ မြို့သို့ ဝင်နိုင်သည့် တောလမ်း များတွင် စခန်းများချထားကာ သွားလာသူများကို ပစ်ခတ်ကြောင်း မြို့ခံများက ဆိုသည်။

ထို့ပြင် လားရှိုးမြို့ပေါ်တွင်လည်း ပြည်သူ့စစ် ၃၀၀ ခန့်ကို ဖြန့်ကျက်ကာ ဗျူဟာမှူးက ကွပ်ကဲကြောင်း၊ ဌာနဆိုင်ရာ ရုံး ကျောင်းတို့တွင် နေရာယူကာ ည ၆ နာရီနောက်ပိုင်း စစ်ကားများဖြင့် ကင်းလှည့်ကြောင်း၊ လားရှိုးအနောက်ဘက် TNLA သိမ်းထားသည့် နမ္မတူမြို့နှင့် နမ့်ဆန်မြို့တို့၌ ယခုရက် စစ်ကောင်စီက ဒရုန်းများဖြင့် နေ့စဉ် ကင်းထောက်နေသည်။

ပုံစာ - ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA တပ်ဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီတိုးဂိတ်ကို စီးနင်းထားစဉ်/ The Kokang

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
လက်ရှိ စစ်ရေးလှုပ်ရှားမှုက သံလမ်းရိုး တလျောက် ဦးတည်လာတယ်တော့ ပြောလို့ရတယ်။ ဒီနှစ်ပိုင်းမှာပဲ အရွေ့တခု၊ အပြောင်းအလဲတခုဖြစ်ဖို့ကို ကျနော်တို့ ကြိုးစားနေတယ်

Website တွင် ဖတ်ရန် https://bit.ly/4eBicKQ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ကောင်စီသည် ငပလီကမ်းခြေအား လက်လွှတ်ရတော့မည်။ ငပလီကမ်းခြေသည် AA ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလျှင် စစ်ခေါင်းဆောင်နှင့် ရင်းနှီးသော ခရိုနီကြီးများ ဘာလုပ်မည်နည်း။ ဟိုတယ်များကို စွန့်လွှတ်လိုက်မည်လော သို့မဟုတ် ဟိုတယ်ဖွင့်လှစ်ရေးနှင့် ဟိုတယ် ပြုပြင်ထိန်းသိမ်းရေး AA နှင့် စကားပြောမည်လော။

Website တွင် ဖတ်ရန် https://bit.ly/4bgrM32
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ခေါင်းဆောင် ဉာဏ်ရည်နိမ့်ပါးတယ်လို့ ရေတပ် CDM ပြော (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

အာဏာသိမ်းခေါင်းဆောင်ဟာ ဉာဏ်ရည်နိမ့်ပါးပြီး ဆင်ခြင်တုံတရားကင်းမဲ့သူဖြစ်တယ်လို့ တပ်မတော် (ရေ) မှာ ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့တဲ့ တပ်ကြပ်ကြီး ကိုလင်း က ပြန်ရှင်းပြပါတယ်။

နိုင်ငံတော်နဲ့ ပြည်သူကို ကာကွယ်မယ်ဆိုပြီး၊ ရေတပ်ရဲ့ ရေငုတ်သင်္ဘောမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့ လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းယူမှု အပါအဝင် စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားနဲ့ မမျှတတဲ့ အမိန့်အာဏာတွေကျောခိုင်းပြီး တော်လှန်ရေးဘက် ကူးပြောင်းခဲ့တာလို့ ဆိုပါတယ်။

CDM ပြုလုပ်ပြီးတဲ့နောက်မှာတော့ လွတ်မြောက်နယ်မြေတနေရာမှာ သူတက်ကျွမ်းတဲ့ ချည်ထိုးပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတာတွေ့ရပါတယ်။

https://youtu.be/i-xMqcGTkp8
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အပြင်ဈေးကတော့ မဖွင့်ကြဘူး။ အဖမ်းအဆီးလည်း များနေတယ်။ လက်လီသမားတဦးကို အိတ်အရေအတွက် ၃၀၊ ၄၀၊ ၅၀ တော့ ရောင်း ပေးတယ်။ ကျနော်တို့က အရင်ဆို အိတ်ရေ ၁၀၀ ယူ ၂၀၀ ဝယ်တာလေ။ အခုတော့ လိုသလောက် မရဘူး

Website တွင် ဖတ်ရန် https://bit.ly/3RLGmZh
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မနက် ၅ နာရီခွဲဝန်းကျင်မှာ နောင်ချိုဘက်မှာရော ကျောက်မဲဘက်မှာပါ တိုက်ပွဲဖြစ်ပွားတာတွေ ရှိပါ တယ်။ စစ်ကောင်စီက ကျမတို့ရှိရာကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်ပါတယ်

Website တွင် ဖတ်ရန် https://bit.ly/4cAowAp
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
နိုင်ငံတကာနှင့် ပြည်တွင်း လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) က ရိုဟင်ဂျာများကိုသာ အာရုံစိုက်မှု မြင့်မားနေခြင်းသည် ရခိုင် CSOs များကို ပစ်ပယ်ရာရောက်သည်။ ဘူးသီးတောင်ဖြစ်ရပ် မတိုင်မီကပင် ရိုဟင်ဂျာ မဟုတ်သူ ရာနှင့်ချီ၍ လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးပြီး သိန်းနှင့်ချီသောသူများသည် မိုးရာသီ စတင်သောအခါ အမိုးအကာ လုံလုံလောက်လောက်မရှိ ဖြစ်နေသည်ကို နိုင်ငံတကာအဖွဲ့အစည်းများက တုံ့ပြန်မှုမရှိသည့်အပြင် မှတ်သားထားခြင်းပင် မရှိပေ။

Website တွင် ဖတ်ရန် https://bit.ly/3xF5WZ1
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေ TNLA သတိပေး (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်နေတာကြောင့် ဒေသခံ ပြည်သူတွေ အနေနဲ့ စစ်ရေး၊ နိုင်ငံရေး သတိရှိကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော် က သတိပေးပြောဆိုလိုက်ပါတယ်။

ဒီသတိပေးချက်ကို ဇွန်လ ၂၄ ရက်နေ့မှာ PSLF/TNLA က ရုပ်သံနဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်ရဲ့ ရှင်းလင်းချက်ထဲမှာ TNLA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့နဲ့ မြေပြင်မှာ ကြုံတွေ့နေရတဲ့ ပွတ်တိုက်မှု အခြေအနေတွေလည်း ထည့်သွင်းရှင်းလင်းသွားတာတွေ့ရပါတယ်။

တရုတ်ရဲ့ ကြားဝင်မှုကြောင့် TNLA အပါအဝင် ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အာရက္ခတပ်တော် (AA) တို့ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ပေးခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် မြေပြင်မှာ စစ်တပ်က အပစ်ရပ်သဘောတူပြီးချိန်ကတည်းက စစ်ရေးပြင်ဆင်မှုတွေလှုပ်ရှားတာ၊ စစ်ဘက်နဲ့ အရပ်ဘက်ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတဲ့ အတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အပါအဝင် မြေပြင်မှာ ရှိနေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

https://youtu.be/0_Zq6xFy-8Q
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ကျောက်မဲတိုက်ပွဲ လက်နက်ကြီးကြောင့် အရပ်သား ၃ ဦး သေ

ခမ်းမိန်၊ ဇွန် ၂၅၊ ၂၀၂၄

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်း လာရောက်ပြီး တပတ်ခန့်အကြာ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့တွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေးတပ်မတော် (TNLA) နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်ပြီး မြို့ပေါ် ရပ်ကွက်များသို့ လက်နက်ကြီးကျ၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတဦး သေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရထားကြောင်း သိရသည်။

ကျောက်မဲမြို့ခံ အမျိုးသမီးတဦးက “တိုက်ပွဲက မြို့ပေါ်ရောက်လာပြီ၊ မြောက်ဘက် ၇ ရပ်ကွက် အစွန်က ခရိုင်ရဲရုံးက TNLA က နေရာယူဝိုင်းထားပြီ။ မြို့အနောက်ဘက်မှာလည်း တရစပ်ကို ပစ်နေတာ၊ အနီး အနားကရွာတွေ ထွက်ပြေးနေရပြီ” ဟု ပြောသည်။

မြို့ အနောက်ဘက် ၉ ရပ်ကွက် (တိလင်)နှင့် အခွန်လွတ်ဈေးအနီး၊ ပြည်သူ့ဆေးရုံနောက်ကျောရှိ အမှတ် ၁ ရပ်ကွက်၊ ဇောတိကရပ်ကွက်တို့တွင်လည်း လက်နက်ကြီး ကျည်ကျခဲ့သည်။

မြို့ခံအမျိုးသမီးတဦးက “ကျမတို့ရပ်ကွက်မှာ လက်နက်ကြီးတလုံးကျတယ်၊ အမျိုးသမီးတဦးဒဏ်ရာရတယ်၊ တိလင်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတယောက် ထပ်သေပြီ၊ ရင်ဘတ်ထိတာ။ အခုမြို့ထဲမှာ အကုန်လုံးတိတ်ဆိတ်ပြီး တလမ်းလုံး လူသူမရှိတော့ဘူး။ အကုန်လုံး ကိုယ့်အိမ်မှာပဲ နေကြတော့တာ၊ မြို့ပြင်တွေမှာလည်း ပိတ်ထားတယ်၊ ဘယ်မှ ထွက်မရတော့ဘူး၊ အခြေအနေကတော့ တော်တော်ဆိုးနေတယ်၊ ဘယ်လိုဖြစ်လာမလဲတော့ အကုန်လုံးက စိုးရိမ်နေကြတယ်” ဟု ပြော သည်။

ထို့ပြင် ငြိမ်းချမ်းရေးကုန်းအနီး တိုက်ပွဲဖြစ်နေပြီး နံနက် ၆ နာရီခန့်က တည်းက လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ ရှိနေကြောင်း၊ မြို့ခံများလည်း အချိန်မီ စစ်ရှောင်ကြပြီး ကျောက်မဲမြို့အဝင်ကို ပိတ်လိုက်ကြောင်း ဒေသခံ တချို့က ဆိုသည်။

တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့် ယာယီအပစ်ရပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်းဒေသတွင် ယနေ့မနက်ပိုင်းက စတင်ပြီး TNLA နှင့် စစ်တပ်ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး နောင်ချို၊ မိုးကုတ်မြို့နယ်တို့ ၌လည်း ထိတွေ့တိုက်ပွဲများ ရှိနေသည်။

ပြီးခဲ့သည့် ဇွန် ၂၂ရက်တွင်လည်း TNLA ၏ တပ်မဟာ ၂ စစ်ဒေသဖြစ်သည့် မိုးကုတ်၌ စစ်ကောင်စီတပ်က အောက်ပိန်းပြစ်နှင့် အထက်ပိန်းပြစ်ရွာများကြား TNLA ရှိလာသို့ စစ်ဆင်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

TNLA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ် ဆင်ရေးအပြီးမှာ နမ့်ခမ်း၊ မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့မြို့ ၇ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားပြီး တရုတ် ၏ ဖိအားပေးမှုကြောင့် ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင်ဂင် သဘောတူချက်ကို လက်မှတ်ထိုးခဲ့သည်။

ပုံစာ- ကျောက်မဲမြို့ရပ်ကွက်များသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးတချို့/CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR