ကရင်နီအတွက် အကူအညီများနှင့် ကုန်စည်စီးဆင်းမှု စစ်ကောင်စီ တားမြစ်
ဧရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၄
ရေဘေးသင့်ဒဏ်ကို အချိန်ကြာမြင့်စွာ ကြုံတွေ့နေရသော ကရင်နီပြည်အတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား ကန့်သတ်ထားသည့်အပြင် ကုန်စည်စီးဆင်းမှုကိုလည်း တားမြစ်ထိန်းချုပ်ထားကြောင်း ဒေသခံများနှင့် ကူညီသူများထံက သိရသည်။
ကရင်နီပြည်၌ ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယပတ်မှစ၍ ရေကြီးနစ်မြုပ်မှုဒဏ်ကို အချိန်တလနီးပါးအကြာထိ ကြုံခဲ့ရပြီး တချို့နေရာများတွင် လက်ရှိအချိန်ထိ ရေလွှမ်းနေဆဲ ဖြစ်သည်။
လွိုင်ကော်၊ ဒီးမော့ဆို (အရှေ့)၊ နန်းမယ်ခုံ၊ ဒီးဘောင်းခူ၊ ဖယ်ခုံ၊ ဟိုယာ၊ ဘောလခဲ၊ မယ်စဲ့၊ ရှားတော စသည့်မြို့နယ်များ တွင် မြို့ပေါ် ရပ်ကွက်များ၊ ၅၄ ရွာနှင့် စစ်ရှောင်စခန်း ၁၆ ခု၌ ရေဘေးနှင့် ကြုံခဲ့ရသည်။
ရေကြီးမှုကြောင့် ပြည်သူ ၃ သောင်းနီးပါး သဘာဝဘေး ခံစားခဲ့ရပြီး စိုက်ခင်း ၁၁၀၀၀ ခန့်နှင့် အိမ်ခြေ ၈၄၀ ကျော် ပျက်စီးခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ထားသလို လွိုင်ကော်မြို့တွင် အောက်တိုဘာ ပထမအပတ်တွင်းကစ၍ ရပ်ကွက်တချို့ ရေပြန်ကျသွားသော် လည်း အနိမ့်ပိုင်းရပ်ကွက်များ ရေမြုပ်နေဆဲဟု ဒေသခံများထံမှ သိရသည်။
ရေပြန်ကျသွားသော်လည်း ရေနှင့်မီးမရသေးသောကြောင့် သန့်ရှင်းရေးလုပ်ရသည်မှာ အခက်များကြုံနေရပြီး ရေစက် မောင်း၍ ရေတင်ကာသန့်ရှင်းရေးလုပ်နေရသဖြင့် ကုန်ကျစရိတ်ကြီးမားနေကြောင်း ရှမ်းစုရပ်ကွက်မှဒေသခံတဦးက ပြောသည်။
ထို့ပြင် ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက်လည်း စစ်ကောင်စီထံ ထောက်ခံချက်များပြုလုပ်ရသောကြောင့် ကုန်စျေး နှုန်းကြီးမြင့်မှုနှင့်ပါ ရင်ဆိုင်နေကြရသည်။
လွိုင်ကော်မြို့ခံတဦးက "ဝက်စာသယ်တာကအစ ထောက်ခံချက် တောင်းတယ်။ ထောက်ခံစာကတခုကို သုံးသောင်း ပေးရတယ်။ ၃ ခုဆိုတော့ တသိန်းနီးပါပဲ။ တော်ရုံဘယ်သူက တတ်နိုင်မှာလဲ။ နယ်လုံရယ်၊ ဒကစရယ်၊ မြို့နယ်အုပ်ချုပ် ရေးရယ် အဲဒီ သုံးခုလုပ်ရတာ။ နောက်ပြီး လမ်းမှာလည်း ဂိတ်က ၂၀ လောက်ရှိတယ်။ တဂိတ်ကို ၃၀၀၀ လောက်ပေး ရတယ်" ဟု ပြောသည်။
လက်ရှိ ရေဘေးပြန်လည်ထူထောင်ရေးကာလအတွင်း စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှုကို တားမြစ်ကန့်သတ်ထား သောကြောင့် ကုန်စျေးနှုန်းမှာ အဆမတန်ကြီးမားနေပြီး ဆန်အကြမ်း ၂၄ ပြည် တအိတ်လျှင် ကျပ် ၁ သိန်းခွဲထိနှင့် ဆန် ချောတအိတ်လျှင် ကျပ်နှစ်သိန်းခွဲထိ ပေါက်စျေးရှိကြောင်း ဒေသခံများက ဆိုသည်။
ရေဘေးသင့်ပြည်သူများနှင့် စစ်ရှောင်များကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများကို နိုင်ငံတကာမှ သိရှိပြီး စာနာထောက်ထားခြင်းဖြင့် ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို ပြန်လည်ကုစားထူထောင်ရေး လုပ်ငန်းများတွင် ကူညီပံ့ပိုးမှုများ ထပ်မံတိုးမြှင့်လုပ်ဆောင်ပေးကြရန် IEC က မေတ္တာရပ်ခံထားသည်။
ပုံစာ- ကရင်နီပြည်နယ်အတွင်း ရေဘေးသင့်စစ်ရှောင်များအား စားနပ်ရိက္ခာတချို့ ပို့ဆောင်ပေးနေသည့် ပရဟိတအဖွဲ့ဝင်တချို့/Jobs For Kayah
လုပ်သားများ/SangPan Pan
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Clickandpledge
The Irrawaddy
တောင်ဒဂုံ မိုင်းပေါက်ကွဲမှု နှစ်ဦး သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အောက်တိုဘာ ၂၉ ရက်မနက် ၆ နာရီခွဲအချိန် ယာဉ်တစီးပေါ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါသူ ၄ ဦးအနက် ၂ ဦးသေဆုံးပြီး တဦးဖမ်းမိထားကြောင်း စစ်ကောင်စီသတင်းစာတွင် ယနေ့ ဖော်ပြထားသည်။
မိုင်းပေါက်ကွဲမှုသည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူ ဖိုးလပြည့်နှင့် ပိုင်မင်းထက်ဆိုသူတို့အား ယာဉ်မောင်ဖြစ်သူ ငွေစိုးက ဆက်လက်သယ်ဆောင်မောင်းနှင်ကာ အမှတ် ၆၂ ရပ်ကွက်၊ ပတ္တမြားလမ်းရှိ အမှတ် ၃၀ အခြေခံပညာမူလတန်းကျောင်းအနီး ချထားခဲ့ရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒဏ်ရာရသူနှစ်ဦးအား ဖမ်းမိပြီးနောက် အမှတ်-၁ ကုတင် ၁၀၀၀ စစ်တပ်ဆေးရုံသို့ ပို့ဆောင်ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းဖြစ်သူ ငွေစိုးကိုလည်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြည်ထောင်စုလမ်းနှင့် မေယဝတီလမ်းထောင့်တွင် ယာဉ်နှင့်အတူ ဖမ်းမိထားကြောင်း စစ်ကောင်စီက ဆိုသည်။
စစ်ကောင်စီသတင်းထုတ်ပြန်မှုအရ အခြား ယာဉ်ပေါ်ပါသူတဦးဖြစ်သည့် အောင်နိုင်ထွန်း(ခ)ကရင်ဆိုသူမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲ တိုက်ခိုက်ရန် သွားရောက်စဉ် ယာဉ်ပေါ်၌ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-MOI

ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ခေတ္တပိတ်
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
တရုတ်နိုင်ငံ၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတွင် နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ သာမန်နိုင်ငံကူး လက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း၊ နိုတြီထပ်ဆင့် ထောက်ခံပေးရန် လျှောက်ထားခြင်းနှင့် ပြည်ဝင်ဗီဇာ လျှောက်ထားခြင်းတို့အား ခေတ္တဆိုင်းငံ့မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်သည်။
အထက်ပါ လျှောက်ထားမှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ နိုဝင်ဘာ ၈ ရက်မှသာ ပြန်လည်ထုတ်ပေးသွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
ခေတ္တဆိုင်းငံ့ကာလအတွင်း အရေးပေါ်ဆေးရုံ ထောက်ခံစာနှင့် အရေးပေါ်ကောင်စစ်ဆိုင်ရာ ထောက်ခံစာများ ဆောင် ရွက်ရန်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကူမင်းရုံးသို့ လာရောက်လျှောက်ထားထုတ်ယူနိုင်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
လတ်တလော၌ စစ်ကောင်စီအား တိုက်ခိုက်နေသော တရုတ်- မြန်မာနယ် စပ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ထိုးစစ်ရပ်ရန် တရုတ်အစိုးရ ဖိအားပေးသည့်အနေဖြင့် နယ်စပ်ဂိတ်များ ပိတ်ဆို့ကာ စားသောက်ကုန်၊ ဆေးဝါး၊ လောင်စာဆီနှင့် လူဝင်ထွက်မှုများ ကန့် သတ်နေ၍ ဒေသခံပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ရင်ဆိုင်နေကြရသည်။
ဓာတ်ပုံ-thuyainmon

မန္တလေး PDF စစ်သုံ့ပန်းအချုပ်ဆောင် ဗုံးကြဲခံရပြီး ၁၂ ဦး သေ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး/MDY-PDF) ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်တပ်မှ ယမန်နေ့ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်ခံရသည့်နေရာသည် ဘီလူးစစ်ကြောင်းမှ ဖမ်းမိထားသူများနှင့် အခြားစစ်သုံ့ပန်းများအား ထားရှိသော အဆောက်အအုံဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ၆၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အား ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
MDY-PDF အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအား ဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရကြောင်း ၎င်းတို့က ဆိုထားသည်။
ဓာတ်ပုံ - MDY-PDF

ကယန်းအမျိုးသားတပ်မတော် ဖွဲ့စည်း
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများစုစည်း၍ ကယန်းအမျိုးသားတပ်မတော် (KNA) ကို အောက်တိုဘာ ၂၉ ရက်တွင် ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သည်။
ကယန်းအမျိုးသားတပ်မတော်သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြားကယန်းဒေသများရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်များကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းကာ အကြမ်းဖက်စစ်ကောင်စီအား တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုထားသည်။
ထို့ပြင် ကယန်းအမျိုးသားတပ်မတော်သည် အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်းနှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည်ဟုလည်း ဖော်ပြထားသည်။
KNA တွင် စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့ ၈ ဖွဲ့ ပါဝင်ပြီး ထိုအဖွဲ့များထဲ စစ်တပ်နှင့် အပစ်ရပ်ထားသော ကယန်းပြည်သစ်ပါတီ ပါဝင်ကြောင်း ကြားသိရသော်လည်း တရားဝင် ပြောဆိုထုတ်ပြန်ထားခြင်း မရှိပေ။
ကယန်းအမျိုးသားတပ်မတော်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

အမ်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ယာဉ်တန်း တိုက်ခိုက်ခံရ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့ဘက်မှ ရိက္ခာပို့ပြီးပြန်လာသည့် စစ်ကားနှစ်စီးနှင့် ဆိုင်ကယ်နှစ်စီးပါ ယာဉ်တန်းကို ယမန်နေ့က အမ်း-ပဒါန်းလမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းက ထုတ်ပြန်သည်။
ထိုတိုက်ပွဲတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တပ်ဖွဲ့လည်းပါဝင်ပြီး စစ်တပ်ဘက်က ၁၀ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများရှိခဲ့ပြီး ပူးပေါင်းတပ်ဘက််မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ဆိုထားသည်။
မင်းဘူးခရိုင် အမှတ်၂ တပ်ရင်း တာဝန်ရှိသူတဦးက "ကျနော်တို့ မနေ့က အနီးကပ် တိုက်ပွဲဖြစ်တာပါ။ကိုယ့်ဘက်က ပစ်အားပဲရှိတယ်။ သူတို့ဆီက G3 ငါးချက်လောက်ပဲ ထွက်လာတယ်။ လူ၊ လက်နက် သိမ်းဆည်းရမိတာတော့ မရှိပါဘူး" ဟု ပြောသည်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်တို့အား ဆက်သွယ်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်များ လှုပ်ရှားပြီး စစ်ကူရိက္ခာလမ်းကြောင်းနှင့် စစ်တပ်မိသားစုဝင်များဖြတ်သန်းသွားလာလေ့ရှိကြောင်း AA ဘက်ကပြော သည်။
ပြီးခဲ့သော အောက်တိုဘာ ၁၆ ရက်ကလည်း အမ်း-ပဒါန်းလမ်း၊ အမ်းမြို့အရှေ့မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင် ယာဉ်တစီးအား AA ပစ်ခတ်ခဲ့သည့်အတွက် အမျိုးသား ၄ ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပစ်ခတ်မှုဖြစ်စဉ်နှင့် မီတာ ၂၀၀ ခန့်အကွာ၌လည်း မော်တော်ယာဉ် ၁၀ စီးအား AA က ရပ်တန့်စေကာ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၁၄ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်းလည်း စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုပစ်ခတ်ခံရသူများနှင့် ဖမ်းဆီးခံရသူများမှာ အရပ်သားများဖြစ်ကြောင်း စစ်ကောင်စီက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသလို AA ဘက်မှ ထိုပစ်ခတ်မှု၊ ဖမ်းဆီးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တိတိကျကျ ဖြေဆိုခြင်းမရှိသေးပေ။
လက်ရှိတွင် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အား အပြီးသတ် သိမ်းပိုက်ရန် AA ထိုးစစ်ဆင်နေရာ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး တပ်ရင်းဌာနချုပ်အချို့ကို AA သိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။
ပုံစာ - မင်းဘူးခရိုင် အမှတ်၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ/ PDF
ပုံ၂- အမ်း-ပဒါန်းလမ်း
ပုံ၃- အမ်းမြို့နယ်အတွင်း ရိက္ခာလာပို့နေသော စစ်ယာဉ်တန်းကို ယခုနှစ်အတွင်း တွေ့ရစဉ်/ CINCDS

လားရှိုး သာသနာ ၂၅၀၀ ဘုရားကို စစ်တပ် ဗုံးကြဲ
ဧရာဝတီ၊ အောက်တိုဘာ ၂၉၊ ၂၀၂၄
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့၊ ရပ်ကွက်(၁) သာသနာ ၂၅၀၀ ဘုရားအပါအဝင် နှစ်နေရာအား စစ်တပ်က ယနေ့လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ယနေ့ ၁၂ နာရီခန့်နှင့် ၂ နာရီခွဲခန့်တို့တွင် နှစ်ကြိမ်ဗုံးကြဲခဲ့သောကြောင့် သာသနာ ၂၅၀၀ ဘုရားနှင့် ရပ်ကွက်(၁၁) ဂေါက်ကွင်းအနီးရှိ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ဒေသခံတဦးဒဏ်ရာရရှိပြီး ဘုရားကျောင်းနှင့် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်းလည်း MNDAA က ဆိုထားသည်။
စစ်တပ်သည် လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား MNDAA သိမ်းပိုက်ပြီးနောက် အောက်တိုဘာလဆန်းက စတင်ကာ မကြာခဏ ဗုံးကြဲတိုက်နေခြင်းဖြစ်ပြီး အရပ်သားသေဆုံးထိခိုက်မှုများလည်း ရှိနေသည်။
ပုံစာ- ယနေ့ နံနက် ဗုံးကြဲပြီးနောက် မြင်ကွင်း/ MNDAA

မန္တလေး၌ ၀မ်းပျက်ဝမ်းလျှောကြောင့် သေဆုံးမှုရှိ၍ ကာကွယ်ရေးအတွက်သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၄
မန္တလေးရပ်ကွက်အချို့၌ အောက်တိုဘာ တတိယပတ်မှစ၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေရာ သေဆုံးမှု ရှိလာသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ရပ်ကွက်များတွင်း လှည့်လည်သတိပေးခြင်း၊ လူမှုကူညီရေးအသင်းများက ရောဂါဖြစ်ပွားရာ အိမ်အနီးဝန်းကျင်ရှိ ယင်လုံအိမ်သာများ၊ ရေကန်များအနီး ပိုးသတ်ဆေးဖြန်းခြင်းတို့ ဆောင်ရွက် နေသည်။
လူမှုကူညီရေးအသင်းတခုမှ အဖွဲ့ဝင်တဦးက “မြို့အနောက်ပိုင်းက ရပ်ကွက်အချို့မှာ ဖြစ်နေတာ။ ပြီးခဲ့တဲ့ ၂၆ ရက်က မဟာအောင်မြေဘက်မှာ ကလေးတယောက် ဝမ်းပျက်ဝမ်းလျှောနဲ့ သေသွားတယ်။ သိရသလောက်ဆိုရင် သေတာ အနည်းဆုံး ၅ ယောက်လောက်တော့ ရှိနေပြီ။ ဖြစ်တာ အရမ်းမြန်တယ်။ ဒီနေ့ဖြစ် နောက်ရက်သေ၊ အဲဒီလိုမျိုး ဖြစ်နေတာ” ဟု ပြောသည်။
ထို့အတွက် အောက်တိုဘာ ၂၇ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာနက ရပ်ကွက်များအတွင်း၌ လော်စပီကာဖြင့် လိုက်လံသတိပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်အနောက်ခြမ်းနေသူတဦးက “ကျနော်တို့ဘက်မှာတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေတာကြောင့် သတိထားဂရုပြုနေထိုင်ကြဖို့ဆိုပြီး ၂၇ ရက်နေ့ ညပိုင်းက မိုက်နဲ့ အော်သွားတယ်။ အခုဖြစ်နေတဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါက အသေအပျောက်တွေလည်းရှိတယ်ဆိုပြီး အော်သွားကြတယ်” ဟု ပြောသည်။
အောက်တိုဘာ ၂၅ ရက်နေ့က အမရပူရမြို့နယ်မှ သက်ကြီးရွယ်အို အမျိုးသမီးတဦး၊ အောက်တိုဘာ ၂၆ ရက်နေ့က ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား ၁ ဦး၊ ၅ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ မဟာအောင် မြေမြို့နယ်မှ ကလေးငယ် ၁ ဦးတို့ သေဆုံးခဲ့ပြီး ရက်ခြားဆိုသလို လူသေဆုံးမှုများ ရှိလာခြင်းဟု သိရသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့် တိုင်းကျန်းမာရေးဦးစီးဌာနကို ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
မန္တလေးဒေသခံတချို့ကလည်း ယခုရာသီသည် ပွဲတော်ရာသီဖြစ်သလို သန့်ရှင်းမှုထက် လူစည်ကားရေးသာ ဦးစား ပေးပြီး ဘုရားပွဲများ လုပ်လာသလို မိုးကြီးရေလျှံမှုကြောင့် ကျုံးရေ အဓိကသုံးသည့် မြောက်ပြင်နှင့် ကျုံးအနောက်ခြမ်း ရပ်ကွက်များတွင် လူသေဆုံးမှုရှိ၍ သတိထားရန်၊ အပြင်စာ ယင်နားစာများရှောင်ရန် လူမှုကွန်ရက်တွင် ရေးသားထားသည်။
ဓာတ်ပုံ - မဟာလူမှုကယ်ဆယ်ရေးအဖွဲ့

သေဒဏ်အပါအဝင် ရာဇဝတ်သား ၇ ဦးကို UWSAက လူထုရှေ့ တရားစီရင်
ခေါက်တွေတိုက်၊ အောက်တိုဘာ ၃၀၊ ၂၀၂၄
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော ဟိုပန်ခရိုင်၊ ဟိုပန်မြို့၌ ယနေ့ နံနက်ပိုင်းက ရာဇဝတ်သား ၇ ဦးကို လူထုရှေ့မှောက် တရားစီရင်ရာ သေဒဏ်ပေးခံရသူလည်းပါဝင်ကြောင်း သိရသည်။
သေဒဏ်ပေးခံရသူမှာ ဓားပြမှု ကျူးလွန်သူ စိုင်းကျော်ထွန်းဖြစ်ပြီး သြဂုတ်လ ၃ရက် နံနက် ၁နာရီဝန်းကျင်တွင် ဟိုပန်မြို့၌ ဓားပြတိုက်၍ ၁၀နှစ်အရွယ်ကလေးတဦးကို သတ်ခဲ့သူဖြစ်သည်။ ယင်းဖြစ်စဉ်တွင် မိသားစုဝင် ၃ဦးလည်း ဒဏ်ရာရခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဝ ပြည်နယ်၏တရားဥပဒေအရ သေဒဏ်ပေးကြောင်း လူထုရှေ့ ထုတ်ပြန်ခဲ့သည်။
" သေဒဏ်ပေးတဲ့တယောက်က အသက် ၁၆နှစ်ပဲရှိသေးတယ်၊ ကွပ်မျက်ကွင်းမှာ သေဒဏ်ပေးမယ်လို့ပြောတယ်'' ဟု ပွဲခင်းသွားရောက်သူ အမျိုးသားတဦးက ပြောသည်။
သေဒဏ်ပေးခံရသူ မောင်စိုင်းကျော်ထွန်းသည် လားရှိုးမြို့၊ ရပ်ကွက် (၄)တွင်နေထိုင်သူဖြစ်ကာ ဟိုပန်မြို့ကို အလုပ်လုပ်ရန် ရောက်လာသူဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့ပြင် ကျန်ရာဇဝတ်သား ၆ဦးသည် အမျိုးသမီးတဦးအား အဓမ္မပြုကျင့်မှုဖြင့် ပြစ်မှုစွဲဆိုခံရပြီး ဦးဆောင်သူကို ထောင်ဒဏ် တသက်တကျွန်းချကာ ကျန် ၅ဦးမှာ ထောက်ဒဏ် ၁၅နှစ်စီ ချမှတ်ခံရကြောင်း သိရသည်။
" ၇ ယောက်လုံးက ဆယ်ကျော်သက်ပဲရှိသေးတယ်၊ သူတို့ မုဒိမ်းကျင့်တဲ့ကလေးကလည်း ငယ်သေးတယ်။ ဘီယာတွေ သောက်ရင်း ကျူးလွန်ကြတာ'' ဟု ဒေသခံတဦးက ပြောသည်။
ယခု ပြစ်ဒဏ်စီရင်ခံရသူများသည် မြောင်ဇီးလူမျိုးနှင့် ဗမာလူမျိုးများဖြစ်ကြောင်း၊ အမှုစီရင်သောအခမ်းအနားကို ဟိုပန်ခရိုင်မှ ဌာနပေါင်းစုံနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ကြပြီး ပြစ်မှုကျူးလွန်သူတဦးစီ၏ ပြစ်မှုများကို ဖော်ထုတ်ကာ စီရင်ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- ယနေ့ နံနက်ပိုင်းက ဟိုပန်မြို့တွင် ပြုလုပ်သော ရာဇဝတ်မှုကျူးလွန်သူများအား လူထုရှေ့ တရားစီရင်သည့် မြင်ကွင်း/ CJ
သတင်း-CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။ Support The Irrawaddy: https://bit.ly/3btQYpR

“ဝ” ဒေသ၌ ကုန်စျေးနှုန်းမတက်ရန် UWSA သတိပေး
ဧရာဝတီ၊ အောက်တိုဘာ ၃၀၊ ၂၀၂၄
ဝ-တရုတ်နယ်စပ်ဂိတ် အပါအဝင် တရုတ်-မြန်မာနယ်စပ်ဂိတ်များ ပိတ်ပင်ထားပြီး ကုန်စည်သယ်ဆောင်ခွင့် ကန့်သတ်ထားသည့်အပေါ် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသော “ဝ” ဒေသများ၌ ကုန်ပစ္စည်းများအား စျေးတင်မရောင်းရန် UWSA က ထုတ်ပြန်သတိပေးထားသည်။
ဒေသခံတဦးက "လော်စပီကာတခုနဲ့ ဝ စစ်သားတွေက လမ်းမကြီးတလျှောက်လုံး ကုန်စျေးနှုန်းတွေ မတင်ရောင်းဖို့ လိုက်ပြောတယ်” ဟု ပြောသည်။
အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ “ဝ” ဒေသနှင့် ဆက်စပ်နေသည့် နယ်စပ်ဂိတ်များမှ ကုန်စည်တင်သွင်းခွင့်ကို တရုတ်ဘက်မှ ပိတ်ပင်လိုက်ရာ ဒေသခံများက စိုးရိမ်ပြီး စက်သုံးဆီနှင့် အသုံးအဆောင်ပစ္စည်းများ အလုအယက်ဝယ်ယူကြသဖြင့် ကုန်စျေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
ဒေသခံတဦးက "လွန်ခဲ့တဲ့နှစ်ရက်ကပဲ တရုတ်က ဂိတ်ပိတ်တယ်ကြားလို့ ကုန်စျေးနှုန်းတွေတက်လာတာ။ ကုန်တွေ လုဝယ်နေမှတော့ စျေးတက်မှာပေါ့” ဟု ဆိုသည်။
ထို့ကြောင့် “ဝ” တပ်ဖွဲ့က ရှမ်းမြောက်ဒေသရှိ ဟိုပန်၊ ပန်လုံ၊ နမ့်တစ်မြို့များနှင့် “ဝ” တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများ၌ ဆန်၊ ဆီ၊ ဆားနှင့် အခြား အခြေခံလူသုံးကုန်ပစ္စည်းများကို စျေးတင်ရောင်းခြင်း၊ စျေးနှိမ်ခြင်း၊ စျေးကစားခြင်း၊ ကုန်စျေးနှုန်းနှင့် ပတ်သက်သော သတင်းအမှားများ ဖြန့်ဝေခြင်း မပြုလုပ်ရန် သတိပေးထားပြီး မလိုက်နာသူများကို စောင့်ကြည့်အရေးယူသွားမည်ဟု ဆိုထားသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအား ရပ်တန့်ရန် တရုတ်အစိုးရမှ တိုင်းရင်းသား လက်နက်ကိုင်များကို ဖိအားပေးလာပြီး ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေများကို ဖြတ် ၅ ဖြတ်ဖြစ်သော ရေ၊ မီး၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် လက်နက်ခဲယမ်းသယ်ဆောင်ခွင့်တို့ ပိတ်ပင်ထားခြင်းဖြစ်သည်။
သတင်း - ခေါက်တွေတိုက် / CJ