𝗧𝗲𝗰𝗵𝟰𝗨 𝗠𝘆𝗮𝗻𝗺𝗮𝗿
5.59K subscribers
650 photos
40 videos
11 files
370 links
Programming • Networking • Database • Cybersecurity 🛡️

New tutorials and updates posted daily!

Click to learn more.

https://youtube.com/@tech4u-mm?si=ZK9X8GQ0nn7sG2oZ
Download Telegram
Windows 11 Recall AI က သင့်ကွန်ပျူတာပေါ်က လုပ်သမျှတိုင်းကို အလိုအလျောက် မှတ်တမ်းတင်မယ်! 👀💻

Microsoft က Windows 11 အတွက် AI အခြေခံ "Recall" feature အသစ်ကို ကြေညာလိုက်ပါတယ်။ ဒီ feature က သင့်ရဲ့ PC ပေါ်ကလုပ်ဆောင်ချက်တွေအားလုံး (ဖိုင်ဖွင့်တာ၊ App သုံးတာ၊ ဝက်ဘ်ဆိုဒ်ကြည့်တာ) ကို အားလုံးမှတ်တမ်းတင်ထားပြီး၊ Natural Language Query (စကားပြောလိုရှာလို့ရတဲ့ စနစ်) နဲ့ ပြန်ရှာဖွေလို့ရမယ်။

🔹 သုံးချင်ရင် "Copilot + PC" လိုအပ်မယ်
🔹 ပထမဆုံး Version မှာ English, Chinese (Simplified), French, German, Japanese, Spanish ဘာသာစကားတွေကိုပဲ Support လုပ်မယ်
🔹 Microsoft ကတော့ User Data တွေကို သူတို့ Server ကို မပို့ဘူးလို့ အာမခံထားပါတယ် 🤷‍♀️

👉 အသေးစိတ်ဖတ်ရန်: [BleepingComputer Article]

#Windows11
#RecallAI
#Microsoft
#TechUpdate
#AI #Privacy
#CopilotPC
#TechNewsMM
5
Google Gemini မှာ အသစ်ထပ်မံဖြည့်စွက်ထားတဲ့ Data Analysis Features တွေအကြောင်း! 📈

အခုဆို Gemini Advanced မှာ Excel, Sheets နဲ့ CSV ဖိုင်တွေကို ဖော်မြူလာမလိုဘဲ တိုက်ရိုက် Upload လုပ်ပြီး ဒေတာတွေကို Analyze နဲ့ Visualize လုပ်လို့ရနေပါပြီ!

ဘာတွေလုပ်ပေးနိုင်မလဲ?
- ဒေတာတွေကို အချိန်တိုအတွင်း စီမံခွဲခန့်နိုင်ခြင်း
- CSV, TSV, XLSX နဲ့ Google Sheets ဖိုင်တွေကို Desktop Browser သို့မဟုတ် Google Drive ကနေ တိုက်ရိုက်အသုံးပြုနိုင်ခြင်း
- Presentation-ready Charts တွေကို အလိုအလျောက်ဖန်တီးပေးခြင်း (စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်)

🔹 သုံးချင်ရင်ဘယ်လိုလုပ်ရမလဲ?
Gemini Advanced မှာ CSV, XLSX, Google Sheets ဖိုင်တွေကို Upload လုပ်ပြီး "Analyze this data" လို့ ရိုက်ထည့်လိုက်ပြီ အလွယ်တကူ ဆန်းစစ်နိုင်ပါတယ်!

#GoogleGemini
#DataAnalysis
#AI
#NoCode
#TechUpdate
#MyanmarTech
#DataVisualization
#ProductivityHacks
7🍓1
This media is not supported in your browser
VIEW IN TELEGRAM
🇨🇳 တရုတ်နိုင်ငံက coding နဲ့ agents အတွက် ကမ္ဘာ့အကောင်းဆုံး Open AI Model ကို ထုတ်ပြန်လိုက်ပါပြီ!

DeepSeek က Kimi K2 ဆိုတဲ့ trillion-parameter AI Model အသစ်ကို ထုတ်လိုက်ပါပြီ။ ဒီ Model က Claude, Gemini, GPT-4.1 တို့ကိုတောင် စွမ်းဆောင်ရည်သာလွန်နေပြီး... လုံးဝ Open-Source ဖြစ်ပါတယ်!

🔥 Kimi K2 ရဲ့ အထူးချွန်ဆုံးစွမ်းရည်များ
Claude 4 နဲ့ အဆင့်တူ Reasoning၊ DeepSeek v3, Qwen, GPT-4.1 တို့ထက် သာလွန်ခြင်း
Claude Sonnet / Gemini 2.5 Pro ထက် Token ကုန်ကျစရိတ် ၅ ဆ သက်သာ ခြင်း
သုတေသနအတွက် 100K-token စာသားများကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း
Minecraft Clone အပါအဝင် Web Game တစ်ခုလုံးကို တစ်ချက်တည်းနဲ့ ရေးနိုင်ခြင်း
Browser ထဲကနေ Search, Booking အပါအဝင် Tool 17 မျိုးသုံးပြီး ခရီးစဉ်များစီမံနိုင် ခြင်း

🎉 အကောင်းဆုံးအချက်က ဒါက အခမဲ့ဖြစ်ပြီး လူတိုင်းသုံးလို့ရပါတယ်!
👉 စမ်းသုံးရန်: kimi.ai

📌 အသေးစိတ်ဖတ်ရန်: Crypto Insider

#AI #DeepSeek #KimiK2 #OpenAI #ChinaTech #Coding #AIAgents #TechUpdate #MyanmarTech
7
This media is not supported in your browser
VIEW IN TELEGRAM
🎨 ChatGPT မှာပုံတွေဖန်တီးတဲ့အခါ ကိုယ်ကြိုက်တဲ့ Style နဲ့ရွေးပြီ ဖန်တီလို့ရတဲ့ new feature ရှိနေပါပြီ!

🛠 ဘယ်လိုအလုပ်လုပ်လဲ?
✔️ အရင်ကထက် ပိုမိုလွယ်ကူစွာ ပုံဖန်တီးနိုင်ဖို့ အမျိုးအစား (Style) တွေကို List ကနေ ရွေးချယ်လို့ရ ပါတယ်။
✔️ Free သုံးတဲ့ Users တွေရော Paid သုံးတဲ့Users တွေရောနှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပါတယ်။
✔️ ကိုယ်ပိုင်ပုံတွေကို Upload လုပ်ပြီး ရွေးထားတဲ့ Style အတိုင်း AI က အလိုအလျောက်ပြောင်းပေးမယ် (မူရင်းပုံရဲ့ အသွင်အပြင်ကို မပျက်စေဘဲ!)

#ChatGPT #AIImage #AIArt #TechUpdate #DigitalCreativity #MyanmarTech
8
🚀 AWS က Amazon Bedrock AgentCore ကို ကမ္ဘာ့အကြီးဆုံး AI Agent Platform အဖြစ် မိတ်ဆက်

⚡️July လအလယ်ပိုင်းက နယူးယောက်မြို့မှာကျင်းပခဲ့တဲ့ AWS နှစ်ပတ်လည်ထိပ်သီးအစည်းအဝေး (Summit)မှာ Cloud နည်းပညာလောကရဲ့အထင်ကရ Amazon Bedrock AgentCore ကိုမိတ်ဆက်လိုက်ပါပြီ။ ဒီဝန်ဆောင်မှုက AI Agent တွေကို Enterprise-Level မှာစတင်အသုံးပြုဖို့ ပြင်ဆင်နေတဲ့ Developer တွေအတွက် အရမ်းအထောက်အကူဖြစ်စေမှာပါ!

---
🔹 Bedrock AgentCore ရဲ့ အဓိက ဝန်ဆောင်မှုများ

1️⃣ AgentCore Runtime
- Serverless Environment ဖြစ်ပြီး Framework/Protocol မရွေးဘဲ အလုပ်လုပ်နိုင်

2️⃣ AgentCore Identity
- AI Agent တွေအတွက် သီးသန့်အထောက်အထားနဲ့ ( credential )လိုင်စင်စီမံခန့်ခွဲမှု

3️⃣ AgentCore Gateway
- Lambda Functions/API တွေကို Agent အဖြစ်အလွယ်တကူပြောင်းလဲ နိုင် ("Code အနည်းငယ်နဲ့")

4️⃣ AgentCore Observability
- Agent တွေရဲ့ Performance ကို Debug, Monitor, Trace လုပ်နိုင်တဲ့ Tool

5️⃣ AgentCore Memory
- Short-term & Long-term Memory စနစ်ပါဝင်ပြီး Context ကို ထိန်းချုပ်နိုင်

6️⃣ AgentCore Code Interpreter
- Sandbox Environment ထဲမှာ AI Agent တွေက Code ရေးပြီး Run နိုင်

7️⃣ AgentCore Browser
- Cloud-Based Secure Browser ဖြစ်ပြီး Website တွေနဲ့အပြန်အလှန်အလုပ်လုပ်နိုင်

---
💡 ဒီဝန်ဆောင်မှုကို preview အဖြစ်ရရှိနိုင်ပြီး တစ်ခုလုံးအဖြစ်သုံးနိုင်သလို တစ်ခုချင်းစီလည်းသုံးနိုင်ပါတယ်။ AWS ရဲ့ agentic AI အတွက် ဒုတိယဥက္ကဋ္ဌ (VP) Swami Sivasubramanian က သူ့ရဲ့ keynote မိန့်ခွန်းမှာ AgentCore ဟာ proof of concept ကနေ production အဆင့်ကို လုံခြုံစွာရွှေ့ပြောင်းရာမှာ "step change" တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

#AWS #AmazonBedrock #AgentCore #AIAgents #CloudComputing #TechUpdate #MyanmarTech
3🔥1
GPT-5 အတွက် တရားဝင် အသုံးပြုနည်း လမ်းညွှန်ထုတ်ပြန်

🛠 OpenAI မှ GPT-5 model အသစ်ကို အကျိုးရှိရှိ အသုံးချနည်း‌ တွေကို ရှင်းလင်းစွာ ဖော်ပြထားတဲ့ official prompt guide ကို ထုတ်ပြန်လိုက်ပါတယ်။

🔰ဒီ guide ထဲမှာ စီးပွားရေး၊ ကုဒ်ရေးသားခြင်း နှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် အဆင်သင့်သုံးနိုင်တဲ့ နမူနာ prompt များ၊ အကြံပြုချက်များ နှင့် ညွှန်ကြားချက်များ ပါဝင်ပါတယ်။

🔗 Links: 💥
[OpenAI Cookbook]

👍 #AI #GPT5 #OpenAI #TechUpdate
10🥰1
⚡️ Gemini CLI မှာ Interaction အသစ်ရောက်လာပါပြီ! ⚡️

Developer များအတွက် သတင်းကောင်းဖြစ်ပါတယ်! 🎉
Gemini CLI v0.9.0 မှာ pseudo-terminal (PTY) support ကို မိတ်ဆက်လိုက်ပါပြီ။

ဒါဟာ ဘာကိုဆိုလိုတာလဲဆိုရင်?

🛠️ vim, top, git rebase -i လိုမျိုး interactive commands တွေကို သီးခြား Terminal ပြောင်းစရာမလိုဘဲ Gemini CLI ထဲမှာ တိုက်ရိုက် run လို့ရပါပြီ!

👀 node-pty ကို အသုံးပြုပြီး Terminal State (စာသား၊ အရောင်၊ cursor နေရာ) တွေကို real-time မှာ မြင်တွေ့နိုင်ပါတယ်။

🤝 keyboard input နဲ့ window resizing လိုမျိုး two-way communication ကိုလည်း အပြည့်အဝ ထောက်ပံ့ပေးထားတာမို့ context မပျောက်ဘဲ အလုပ်လုပ်နိုင်ပါပြီ။

CLI ကို ပိုမိုမြန်ဆန်၊ ထိရောက်ပြီး Interactivity အပြည့်အဝရှိတဲ့ အဆင့်သစ်တစ်ခုကို ခံစားလိုက်ပါ။

💡📲 @tech4umm

---
#GeminiCLI #DeveloperTools #TechUpdate #DeveloperMyanmar
1🔥1🥰1💯1
⚠️ DRAM capacity specifications အပြောင်းအလဲများ

TrendForce ရဲ့ ၂၀၂၅ ဒီဇင်ဘာ အစီရင်ခံစာအရ -

Smartphones: ကုန်ကျစရိတ်ကြောင့် Entry ဖုန်းတွေမှာ 4GB ဆီ ပြန်လျော့သွားနိုင်ပြီး Mid-range တွေမှာ 12GB ပျောက်ကွယ်သွားနိုင်ပါတယ်။

Notebooks: အများစုက 8GB - 16GB ကြားမှာပဲရှိနေပြီး 8GB ဘက်ကို ပိုအသားပေးလာပါတယ်။

High-end: ဖုန်းရော Laptop ပါ High-end model တွေမှာသာ RAM များများ (16GB+) ကို ဆက်တွေ့ရဖို့ ရှိပါတယ်။

#Tech4U #RAMSpecs #DRAM #TechUpdate
4🔥1