Horror ဇာတ်ကားများ 🇲🇲
88.4K subscribers
796 photos
35 videos
860 links
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
Download Telegram
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Evil Dead 1981

IMDB (7.4/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/578

Review
~~~~~~~
ပျော်ရွှင်ဖွယ် ခရီးလေး ထွက်လာတဲ့ သူငယ်ချင်းတစ်စု တောင်တွေ ကာရံပြီး ချောက်ကမ်းပါး ခြားနေ တဲ့ တောတစ်ဖက်သို့ ခရော်နီခရောနဲ့ တံတားလေးကို ဖြတ်ပြီး တောထဲက အိမ်အိုကြီးကိုရောက်အသွားစပ်စုတတ်တဲ့ လူငယ်သဘာဝ ဗီဇအရ ပိတ် ထားတဲ့ မြေအောက်ခန်းထဲကို ရောက်သွားပြီး မူလ ဘိုးဘေးတွေ အသံသွင်းထားတဲ့ အသံဖမ်းစက် အဟောင်းကြီးကို ဖွင့်မိရာက အစ
သရဲများ နိုးထ စေသော ဂါထာ ကို အသံဖမ်းစက်မှ ပြန်လည်ကြားပြီး တောထဲတွင် ချူပ်နှောင်ထားသော သရဲများ လွတ်လာပြီးနောက် လူငယ်တစ်စုကို ပြန်ခွင့်မပေးတော့ပဲ မသေမ ချင်း သတ်ဖို့ ကြံစည်လေသောအခါ…


#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Sakaratul Maut (2024)

IMDB (6.6/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကား link

https://t.me/c/2177896296/588

Review
--------
ဝီရီယိုဟာ အဝေးမှာ အလုပ်လုပ်နေတဲ့ သူ့သမီးလေး ဆီကို မိန်းမနဲ့အတူ သွားလည်ရင်းနဲ့ အပြန်လမ်းမှာ ကားမတော်တဆမှုကြောင့်နဲ့ သေခါနီးအခြေအနေနဲ့ ကိုမာဝင်နေပါတယ်။

ဆေးရုံစရိတ်တွေက ကြီးတဲ့အပြင် မျှော်လင့်ချက်က လည်း မရှိသလောက်ဖြစ်နေလို မိသားစုဟာ ဝီရီယိုကို အိမ်မှာပဲ သက်သောင့်သက်သာနေရဖို ပြန်ခေါ်လာခဲ့တာပေါ့။သမီးဖြစ်သူဟာလည်း အဖေ့ကြောင့်နဲ့ နယ်ပြောင်း လျှောက်ပြီးတော့ အိမ်မှာပြန်လာနေရင်း အဖေ့ကိုစောင့်ရှောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာ ဝီရီယိုရဲ့ ဒုတိယမိန်းမဖြစ်သူနဲ့ သားဖြစ် သူ တာဂျိုဟာလည်း ဝီရီယိုရဲ့အနားကို ရောက်လာခဲ့ပါ တော့တယ်။

တာဂျိုဟာ အဖေ့ကို စိတ်ပူလိုလာတာမျိုးထက် အဖေသေရင်ရမယ့်အမွေတွေအတွက် လာတယ်ဆို ရင် ပိုမှန်ပါလိမ့်မယ်။ဒုတိယမိန်းမကတော့ သူ့ယောက်ျားဘေးမှာနေရင်း ကုရ်အာန်ဖတ်လို့ပေးနေပါတော့တယ်။ သေအံ့ဆဲဆဲဖြစ်နေတဲ့ ဝီရီယိုတစ်ယောက်ကတော့ သူမသေခင် အမွေခွဲတဲ့ကိစ္စတွေကို ကြားပြီးတော့ အသေမဖြောင့်ပဲ ပြန်လည်နိုးထလာရင်းနဲ့ပဲ ဝီရီယိုတစ်ယောက် ပြန်လည်နိုးထလာခဲ့တာကောင်းသောနိုးထခြင်းမျိုးလားသူတိုအိမ်မှာရော ဘယ်လို ကြောက်ဖိုကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဟော်ရာဒရာမာကားလေး ဖြစ်ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️ Doctor Sleep (2019)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/587

Review
------------

IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာ ထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ့၊ အကောင်းဆုံးဟော်ရာကားတွေထဲကတစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။

ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှုပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး သတ်သေသွားခဲ့ပါပြီ။ ကလေးငယ် ဒန်နီမှာ စိတ်စွမ်းအင်ဆက်သွယ်မှုတစ်မျိုးရှိပြီး ဟိုတယ်ရဲ့ စားဖိုမှူးကြီး ဒစ် ဟယ်လိုရန်ကလည်း သူ့လိုစွမ်းအင်ရှိသူမို့ သူတို့ ၂ ဦး စိတ်ထဲကနေ ဆက်သွယ်မိကြပါတယ်။

ဟယ်လိုရန်ကတော့ ဒန်နီကို ဒီစွမ်းအားဟာ shine တောက်ပမှုလို့ခေါ်တယ်လို့ ပြောခဲ့ပါတယ်။သူတို့ နေကြတဲ့ ဒီဟိုတယ်ကြီးထဲမှာ ဝိညာဉ်ပေါင်းအတော်များများရှိပြီးဒါတွေနဲ့ သူတို့မိသားစု ကြုံတွေ့လာရပါတယ်။ ဒါပေမယ့် ပြဿနာက သရဲရှိရုံတင်မဟုတ်ဘဲ ဟိုတယ်နဲ့ မြေကိုယ်တိုင်ကိုက မကောင်းဆိုးဝါးဓာတ်တွေရှိနေတာပါ။ ပြီးတော့ ဟိုတယ်ဟာ ဒန်နီလိုမျိုး အစွမ်းရှိသူရောက်လာလို့ ပိုနိုးကြားလာပြီး ပိုဆာလောင်လာပါတယ်။ ဒီဒဏ်ကိုခံလိုက်ရသူကတော့ဖခင်ဖြစ်တဲ့ ဂျက်ပါပဲ။ ဂျက်ဟာ တဖြည်းဖြည်းရူးသွပ်လာပြီး သူ့မိသားစုကို ပြန်သတ်ဖို့ ကြိုးစားပါတော့တယ်။ ရှိုင်းနင်းရဲ့အဆုံးမှာတော့ ဂျက်သေဆုံးသွားခဲ့ပြီး ဝင်ဒီနဲ့ ဒန်နီတို့ သားအမိလွတ်မြောက်လာခဲ့ပါတယ်။ဂျက်ရဲ့ပုံကတော့ ဟိုတယ်ရဲ့ အဖွဲ့ဓာတ်ပုံထဲမှာ ကျန်နေခဲ့ပြီး သူ့ဝိညာဉ်ဟာ မလွတ်မြောက်တော့တဲ့အဓိပ္ပါယ်နဲ့ အဆုံးသတ်သွားတာပါ။

ဒါမှမဟုတ် ဂျက်ဟာ ယခင်သေသွားတဲ့ ဟိုတယ်အလုပ်သမားသေလို့ ဝင်စားခဲ့သလားတော့ မသိပါဘူး။အခု ဒေါက်တာစလိ ရုပ်ရှင်မှာတော့ ဒန်နီလိုမျိုး အစွမ်းရှိတဲ့ သူတွေအများကြီးပါလာပါတယ်။ ဒီလိုအစွမ်းရှိတဲ့သူတွေကို စားသုံးပြီးအသက်ရှည်နေတဲ့အဖွဲ့တစ်ဖွဲ့ပါလာပါတယ်။ သူတို့တွေက အစွမ်းရှိတဲ့ကလေးတွေဆီကိုသတ်ပြီး အငွေ့တွေကို ရှုကြတယ်၊ သိမ်းထားကြတယ်ပေါ့။ ဒန်နီကတော့ အရွယ်ရောက်ပြီးသားလူကြီးဖြစ်နေခဲ့ပါပြီ။ တစ်နေ့မှာ သူနဲ့စိတ်ချင်းဆက်သွယ်မိတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့လာပြီး ဒီကလေးမလေးကို သတ်မယ့်အဖွဲ့လိုက်လာတာကိုသိတော့ သူတို့ ၂ ယောက်ရဲ့ အစွမ်းကိုသုံးပြီး ပြန်ရင်ဆိုင်ရပါတော့တယ်။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Killing Of A Sacred Deer (2017)

IMDB ( 7.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/599

Review
------------

အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၁၇ နိုဝင်ဘာမှာ အသစ်ထွက်လာတဲ့ The Killing of A Sacred Deer ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားမှာတော့ ဒေါက်တာစတီဗင်ဟာ သူ့ဇနီးရယ် ကလေးနှစ်ယောက်ရယ်နဲ့ အပြစ်ကင်းစင်တဲ့မိသားစုလေးကို အိမ်ထောင်ဦးစီးနေတဲ့ အောင်မြင်ကျော်ကြားတဲ့နှလုံးအထူးကုခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ဘဝထဲကို စိတ်အနှောင့်အယှက်ဖြစ်စရာနည်းလမ်းတွေနဲ့ တဖြည်းဖြည်းချင်းဝင်ရောက်လာတဲ့သူကတော့ အဖေမရှိတော့တဲ့ဆယ်ကျော်သက်ကောင်လေး မာတင်ပါ။

မကြာခင်မှာ မာတင်ဟာ သူတို့မိသားစုရဲ့ပျော်ရွှင်မှုလေးတွေကို ထာဝရဖျက်စီးပစ်မယ့် အတိတ်က အတော်ကြာမေ့ထားခဲ့တဲ့ သူ့ရဲ့အပြစ်ကျူးလွန်ခဲ့မှုကို ဖော်ထုတ်ချိန်မှာ မာတင်ရဲ့ရည်ရွယ်ချက်ဟာ လုံးလုံးလျားလျားပေါ်လွင်လာပါတယ်။ မာတင်က ဘယ်သူလဲ။ ဘာလို့ ဒေါက်တာစတီဗင်တို့ပျော်စရာမိသားစုလေးကို ဖျက်စီးဖို့ ကြိုးစားရတာလဲ။ ဒေါက်တာကရော ဘာအပြစ်တွေ ကျူးလွန်ခဲ့တာလဲ။ နောက်ဆုံးမှာ ဘယ်လိုတွေအဆုံးသတ်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုကြပါဦး

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Bar (2017)

IMDB ( 6.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/608

Review
------------

IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားကတကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။

အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲမှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦးရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်... အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။
စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့…။

ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Ritual Killer (2023)

IMDB ( 6.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/609

Review
------------

မင်းသားကြီး Morgan Freeman ပါဝင်ထားတဲ့ Thriller ကားသစ်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်ကြောင်းကတော့ ရက်ရက်စက်စက် လူလိုက်သတ်တဲ့ကွင်းဆက်လူသတ်သမားအကြောင်းပေါ့လေ။

ဒီထဲမှာတော့ Morgan Freeman ဟာ ပရော်ဖက်ဆာတစ်ယောက်နေရာကနေ ပါဝင်ထားပါတယ်။ စုံထောက်ဘွိုက်ကတော့ သမီးလေးကို ဆုံးရှုံးထားရတဲ့ စိတ်ဒဏ်ရာနဲ့ဖခင်တစ်ယောက်ပါ။ တစ်နေ့ကျ ဟိုတစ်နေရာ ဒီနေရာကနေ ကျားမမရွေး အရွယ်စုံလူမျိုးစုံ လူသေအလောင်းတွေပေါ်လာပါတော့တယ်။ ပုံစံအနေအထားအရ လူတစ်ယောက်တည်းက လုပ်မှန်းထင်ရှားနေပါပြီ။ ရိုးရာသက်ဝင်ယုံကြည်မှုတွေပါ ပါလာတာကြောင့် ပရော်ဖက်ဆာနဲ့ စုံထောက်ကြီးတို့ပူးပေါင်းပြီး လူသတ်သမားကို ဖော်ထုတ်ကြတာပေါ့။

ဇာတ်ညွှန်းကို ဒီမှာတင်ပဲရပ်ပါရစေ အများကြီးရေးရင် ပေါ့သွားမှာစိုးလို့ ပရိတ်သတ်ကြီးတို့ ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Veronica (2017)

IMDB (6.2/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကား link

https://t.me/c/2177896296/620

Review
--------
စပိန်နိုင်ငံ၊မက်ဒရစ်မြို့မှာ 1991၊ဇွန်လ ၂၅ရက်နေ့ မှာဖြစ်ပွားခဲ့တဲ့ အမှုတွဲတစ်ခုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သရဲဇာတ်လမ်းကောင်း လေးဖြစ်ပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်သလို Horrorခန်းတွေ လည်းအများအပြားပါဝင်တာမို့ Horrorပရိတ်တွေ လည်းလက်မလွတ်သင့်ဇာတ်ကားမျိုးပါ။မက်ဒရစ်မြို့မှာ ဗာရိုနီကာဆိုတဲ့ကောင်မလေးတစ် ယောက်ဟာ သူ့အဖေသေဆုံးပြီးနောက်ပိုင်း၊ အမေ ဖြစ်သူ အန်နာနဲ့ မွေးချင်သုံးယောက်ဖြစ်တဲ့ ညီကို မောင်နှမတွေနဲ့အတူတူနေထိုင်ကြပါတယ်။ဖခင်မရှိတဲ့နောက်ပိုင်း သားသမီးလေးယောက်ကို ရှာဖွေကျွေးနိုင်ဖို့ အမေဖြစ်သူမှာ နေ့မနားညမနား အိမ်တောင်မပြန်နိုင်ပဲစားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရရှာပါတယ်။

ဒီတော့ မိသားစုရဲ့ကိစ္စရေးရာတွေက အကြီးဆုံး ဖြစ်သူ ဗာရိုနီကာ အပေါ်ကျရောက်လာပါတော့ တယ်။ဗာရိုနီးကာမှာ မွေးချင်းတွေဖြစ်တဲ့ ညီမနှစ်ယောက် နဲ့ အငယ်ဆုံးလေးဖြစ်တဲ့မောင်လေး အန်သိုနီတို့ရဲ့ ကိစ္စအဝအဝကိုဆောင်ရွက်ပေးပြီးမှ မောင်နှမ လေးယောက်တို့ကျောင်းအတူတူသွားကြပါတယ်။ဒီလိုနဲ့ 1991ခုနှစ်၊ဇွန်လ ၁၂ရက်မှာ မက်ဒရစ်မြို့မှာ နေအပြည့်ကြတ်တာနဲ့ကြုံရပြီး စာသင်ကျောင်း တွေမှာ နေကြတ်ခြင်းသင်ခန်းစာကိုသင်ကြားပြီး၊ နေကြတ်တာကိုလေ့လာကြပါတယ်။ကျောင်းသားတွေအားလုံး နေကြတ်တာကိုထွက် ကြည့်နေကြချိန်မှာ ဗာကိုနီကာက သူ့သူငယ်ချင်း တွေနဲ့ ဝိဉာဏ်ခေါ်ကားချပ်ပြားကို ကစားမိခဲ့ကြပါ တယ်။ဗာရိုနီကာကတော့ သေဆုံးသွားတဲ့သူ့အဖေနဲ့ စကားပြောလိုတာကြောင့် ဝိဉာဏ်ခေါ်ကားချပ်ပြား နဲ့ကစားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီမှာတင်ပဲ ဝိဉာဏ်တစ်ကောင်ရောက်လာပြီး သူ နဲ့အတူတူအိမ်ကိုကပ်ပါလာပါတော့တယ်။အဲ့အခါမှာ ဝိဉာဏ်ကောင်က ဗာကိုနီကာနဲ့သူရဲ့ မောင်နှမတစ်သိုက်ကိုစတင်ခြောက်လှန့်ပါတော့ တယ်။အဲ့အကြီးဆုံးလည်းဖြစ်တဲ့ ဗာရိုနီကာဟာ သူ့ရဲ့ ညီမလေးတွေ၊မောင်လေးတွေ ဘေးကင်းဖို့အတွက် တာဝန်ယူရပါတော့တယ်ဗာရိုနီကာအတူတူကပ်ပါလာတဲ့ ဝိဉာဏ်ဟာ သူ့ အဖေပဲဖြစ်နေမလာ၊တခြားသူစိမ်းသူပဲဖြစ်နေမ လား……..။

ဗာရိုနီကာကလည်း သူ့မောင်လေး၊ညီမလေးတွေကို ဘေးကင်းအောင်ဘယ်လိုကာကွယ်သွားမလဲဆိုတာ ကိုတော့ ဒီဇာတ်လမ်းကလေးမှာ စိတ်ဝင်စား ဖွယ်ရာဆက်လက်ကြည့်ရှု့ရမှာဖြစ်ပါတယ်။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Shining 1980

IMDB ( 8.4/10)

📱Channel အရင်join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကားlink

https://t.me/c/2274736087/978

Review
~~~~~~~
ဒီဇာတ်ကားဟာ နာမည်ကျော် TheShawshank Redemption မူရင်းစာရေးဆရာ Steven King ရဲ့ နာမည် ကျော် စာအုပ်တစ်အုပ်ကိုရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ် ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိထားတဲ့Old but Gold

ဇာတ်လမ်းကတော့…ဘဝမှာ အောင်မြင်မှု မရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ် ယောက်..ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့ မိခင်တစ်ယောက်....

ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ် ရာကောင်းတဲ့ ကောင်လေးတစ် ယောက်...အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ
မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီး ယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာတည်ဆောက်ထားတဲ့ ကော်လိုရာဒိုက ရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်း ဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ ပြီးတဲ့နောက်မှာတော့…..

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Alien (1979)

IMDB (8.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/979

Review
---------
ဂန္ဓဝင် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။"အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင် " ပါ။

၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့ တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့ အထိ ဆက်လက်အောင်မြင်ခဲ့တယ်။ဇာတ်လမ်းအကျဉ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဉ်တစ်စင်းမှာ လိုက်ပါ လာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဉ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ။သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ "Mother" က နေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်း လာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုး ဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်း တဲ့ Alien နဲ့ အတွေ့မှာတော့နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ် ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီ ခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင် ဆက်ပေးလိုက်ရပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️American Psycho (2000)

IMDB (7.6/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/993

Review
---------
အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်း ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြား မှုတွေပြည့်နှက်နေခဲ့တယ် ။ရယ်မောစကားပြောနေပေမယ့် အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု၊ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ် ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ် ပစ်ခဲ့တယ် ။သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ...

ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန် ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကား ဖြစ်တယ်။.ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်။သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာ လား...

စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာ တွေဟာဘာအတွက်လဲ... ဘာကြောင့်လဲ...ဒီကားက အတော် ကို ခေါင်းစားပါတယ်။.နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ဆိုတော့ ဒီကားကိုကြည့်ပြီးခေါင်းစားလိုက်ကြပါဦး။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️    I Am Legend (2007)

IMDB (7.2)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/992

Review
----------

သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့် ဖူးကြမှာပါ။

ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်း ရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်း ရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော် အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာအမျိုးသမီး တစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆို တာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကို ရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမ ဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Psycho (1960)

IMDB ( 8.5 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1007

Review
------------

အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်...

ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူးကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘဝတစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် ဩဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ နာမည်ကျော်ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ပါသေးသတဲ့...

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️World War Z (2013)

IMDB (7/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1006

Review
---------
မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ ပြီး

ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ..။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲက အစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက် တွေ ဆက်ထွက်လာဖို့ရှိပါတယ်။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Zombieland (2009)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1022

Review
---------
ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ် ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူ့ ကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိ တော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါ တယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေ တစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ် ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်

တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူ။တို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြ ပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူ တို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူး လို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်)ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်

ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရ တာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကြောင့် ပရိသတ်များလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ် ကား ဖြစ်ပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Get Out (2017)

IMDB ( 7.8 )

📱Channelအရင်  join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link
https://t.me/c/2274736087/1021

Review
----------

လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွား ဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မ ငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ် ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ တော့ ရို့စ် ရဲ့ မိဘတွေက သူ့ကို ဖော်ဖော်ရွေ ရွေပဲ ဆက်ဆံပါတယ် … ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ … ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာ တော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျ ဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် … အဲ့ဒီမှာ တော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့ တဲ့အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင် ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ ဂျ် မိသားစုရဲ့
မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာ ပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ် သူ အဲ့ ဒီလို ထွက်ပြေးဖို့ ကြိုးစားတာက အောင်မြင် ပါ့မလားသူ့ချစ်သူ ရို့စ် ကကော … သူ့ရဲ့မိသားစုဝင် တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါ Horror/Mystery/Thrillerအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့် Sora fan များ ကြိုက်နှစ်သက်မယ်ထင်ပါတယ်

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM