Horror ဇာတ်ကားများ 🇲🇲
86.4K subscribers
911 photos
35 videos
975 links
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
Download Telegram
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Woman In Black (2012)

IMDB ( 6.4 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/631

Review
------------

ဇာတ်လမ်းကတော့...
အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး သူ့ဇနီးသည်ကိုမီးတွင်းထဲမှာ လွန်ခဲ့တဲ့လေးနှစ်တုန်းကဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။

တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့ တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာ ဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့ စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ ဖြစ်လာခဲ့ပါတယ်။ အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့ တွေ့ရသလို၊ သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ ချက်ချင်းပြန်ဖို့ပြောပါတယ်။

ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။ အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ ဆက်သွယ်ထားပါတယ်။ အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။

အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီး ဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။

ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်ဝတ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ အဆက်အနေနဲ့ The Woman in Black 2: Angel of Death (2014) ဆိုတဲ့ကား ဆက်ထွက်ခဲ့ပြီး CM မှာ တပြိုင်တည်းတင်ပေးထားပါတယ်။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Hell House LLC IIThe Abaddon Hotel (2018)

IMDB (6.4/10)

📱Channel အရင် join ပါ။

https://t.me/+IH0Mt0PVez83YWNl

📱ဇာတ်ကား link

https://t.me/c/2241867520/93

Review
--------
Hell House အဖြစ် ပြောင်းလဲ ဖွင့်လှစ်ပြီး ပထမ ဆုံး အဖွင့်ညမှာတင် လူ၁၅ယောက် သေဆုံးခဲ့ရလို့ ချိတ်ပိတ်လိုက်ရတဲ့ ဟိုတယ်တစ်ခုခိုးဝင်မိသူတိုင်း ပျောက်ချင်းမလှ ပျောက်ဆုံးသွား လေ့ရှိတာမို့ မြို့ခံတွေကလည်း ရဲအစောင့်အကြပ် တွေ အမြဲ ချထားလေ့ရှိတယ်။ ဒီလိုနာမည်ဆိုးနဲ့ ကျော်ကြားတာမို့ စူးစမ်းချင်သူတွေကလည်း ခိုး ဝင်လေ့ရှိတယ်။

ဒီအကြောင်းအရာတွေကို ဆွေးနွေးဖို့ ဆူဇီက တက် ဆယ်လ်မန်း မစ်ချယ်ရဲ့ အကြားအမြင်ပညာရှင် ဘ ရော့ခ်တို့ကို ဖိတ်ကြားတယ်။ တက်ဆယ်လ်မန်း ကတော့ မစ်ချယ်ဟာ သူ့ရဲ့မှတ်တမ်းရုပ်ရှင် ရောင်း ထွက်ဖို့အရေး လုပ်ဇာတ်ခင်းတာလို့ စွပ်စွဲတယ်။ မစ်ချယ်ကလည်း သူ့လုပ်ဖော်ကိုင်ဖက်တွေ ပျောက်ဆုံးသွားတာ ဟိုတယ်ကြောင့်ဆိုပြီး တစ် ထစ်ချငြင်းတယ်။သူတို့ရဲ့ အငြင်းအခုံတွေ ထွက်ပေါ်လာတဲ့ Leaked Video တွေနဲ့အတူ မစ္စဖောက်စ်ဟာ ဒီဟိုတယ်ရဲ့ အကြောင်းရင်းကို ဖော်ထုတ်ဖို့ သဲလွန်စတချို့ အမည်မသိတစ်ဦးဆီက ရရာက ဟိုတယ်ထဲ ခိုးဝင် ဖို့ ဖြစ်လာတဲ့အခါမှာတော့ဒီဇာတ်လမ်းဟာ ညဘက် မီးပိတ်ကြည့်နေ ရင်းတောင် မီးထဖွင့်ရလောက်တဲ့အထိ ကျောချမ်း ဖို့ ကောင်းလှပါတယ်။ ဇာတ်ကား ၃ကားလုံးကို လည်း ဇာတ်အိမ်ခိုင်ခိုင် လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆွဲဆောင်နိုင်တာမို့ Horror Fans တွေအတွက် သိပ်ကောင်းတဲ့ရုပ်ရှင် ဖြစ်မှာ အသေအချာပါပဲ။


#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Kang Mak From Pee Mak (2024)

IMDB (6.6/10)

📱Channel အရင် join ပါ။

https://t.me/+IH0Mt0PVez83YWNl

📱ဇာတ်ကား link

https://t.me/c/2241867520/103

Review
--------
ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည် အတွက် စစ်တိုက်ဖို့ ထွက်လာခဲ့ရတဲ့ မက်မူရ်ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့ တဲ့ ဆာရီ..သူတို့နှစ်ယောက်ဟာ အရမ်းကိုချစ်ကြ တယ်။ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန် ပြန်လာချင်အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာ မှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်းမိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံး သွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ် လွန်းအားကြီးပြီးမကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတို့ရွာမှာတော့ စေတန်ဆာရီ ဆိုရင်ကိုနာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမ ဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မ ထွက်ရဲလောက်အောင်ထိဖြစ်နေပါတယ်။

ဒီလိုနဲ့ ရက်တွေကြာလာတော့ စစ်ပွဲကြီးလည်း ပြီးဆုံးကာ ယောက်ျားဖြစ်သူ မက် မူရ်တစ်ယောက်...မိန်းမဆီကို သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူတူ ပြန်လာခဲ့ပါတော့တယ်… ဘဝခြားနေကြပြီဖြစ်တဲ့ သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးပါဦး။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Shining 1980

IMDB ( 8.4/10)

📱Channel အရင်join ပါ

https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကားlink

https://t.me/c/2274736087/978

Review
~~~~~~~
ဒီဇာတ်ကားဟာ နာမည်ကျော် TheShawshank Redemption မူရင်းစာရေးဆရာ Steven King ရဲ့ နာမည် ကျော် စာအုပ်တစ်အုပ်ကိုရုပ်ရှင်အဖြစ်ပြန်လည် ရိုက်ကူးထားတာဖြစ် ပါတယ်။Rating အရ IMDb 8.4/10 နဲ့ RT 84% ရရှိထားတဲ့Old but Gold

ဇာတ်လမ်းကတော့…ဘဝမှာ အောင်မြင်မှု မရခဲ့တဲ့ ကျောင်းဆရာလူထွက် ဖခင်တစ် ယောက်..ခင်ပွန်းနဲ့သားကို ချစ်တတ်လွန်းတဲ့ မိခင်တစ်ယောက်....

ထူးခြားတဲ့ပါရမီတစ်ခုကို ပိုင်ဆိုင်ထားပြီးချစ် ရာကောင်းတဲ့ ကောင်လေးတစ် ယောက်...အဲဒီသုံးယောက်ပေါင်းစပ်ထားပြီး မပြည့်စုံတဲ့ မိသားစုတစ်ခုဟာ
မကြာသေးမီအချိန်ကပဲ ဆိုးရွားတဲ့လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့တဲ့၊ ရာသီဥတုဆိုးတဲ့ ဆောင်းတွင်း ကာလမှာပိတ်ထားရပြီး အင်ဒီး ယန်းတွေရဲ့ သုဿန်မြေဟောင်းပေါ်မှာတည်ဆောက်ထားတဲ့ ကော်လိုရာဒိုက ရှေးဟောင်းဟိုတယ်တစ်ခုမှာ ဆောင်းတွင်း ဘက် ဟိုတယ်အစောင့်အလုပ်ကို လက်ခံခဲ့ ပြီးတဲ့နောက်မှာတော့…..

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Alien (1979)

IMDB (8.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/979

Review
---------
ဂန္ဓဝင် စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တစ်ကားဖြစ်တဲ့ Alien ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။"အာကာသမှာ သင့်အော်သံကို မည်သူမှ မကြားနိုင် " ပါ။

၁၉၇၉ လို ကာလမှာ အဲဒီလို မားကတ်တင်းဆင်းခဲ့ တဲ့ ဇာတ်ကားဟာ ဂြိုဟ်သားရှေ့ပြေးရုပ်ရှင်ဖြစ်ခဲ့ ပြီးနောက်ဆက်တွဲရုပ်ရှင်တွေအများကြီးထွက်တဲ့ အထိ ဆက်လက်အောင်မြင်ခဲ့တယ်။ဇာတ်လမ်းအကျဉ်းကတော့ လုပ်ငန်းသုံး Nostromo အာကာသယာဉ်တစ်စင်းမှာ လိုက်ပါ လာတဲ့ အဖွဲ့သားတွေ လုပ်ငန်းစဉ်တွေအားလုံးပြီးလို့ အိမ်ပြန်မယ့်ဆဲဆဲ။သူတို့ကို အလုပ်ခန့်အပ်ညွှန်ကြားသူ "Mother" က နေ အရင်းအမြစ်တစ်ခုကို အပြင်ထွက်ပြီးရှာဖွေခိုင်း လာပြီး အမိန့်မလိုက်နာရင် ဝေစုမရဘူးဆိုတာ ဖြစ်လာပါတယ် ဒီကနေ အဆင့်မြင့်သက်ရှိတစ်မျိုး ဖြစ်ပြီး ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲတတ်ရုံသာမက ရန်လိုပြီးရိုင်းစိုင်း တဲ့ Alien နဲ့ အတွေ့မှာတော့နောက်ဆက်တွဲကားတွေလို action ရုပ်ရှင်မဟုတ် ဘဲ horror ကားတစ်ကားလို ခံစားရမယ့် ဒီ ခေတ်ဟောင်းကားလေးကို ပရိသတ်အတွက် တင် ဆက်ပေးလိုက်ရပါတယ်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️American Psycho (2000)

IMDB (7.6/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/993

Review
---------
အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်း ပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြား မှုတွေပြည့်နှက်နေခဲ့တယ် ။ရယ်မောစကားပြောနေပေမယ့် အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု၊ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ် ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ် ပစ်ခဲ့တယ် ။သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ...

ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန် ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကား ဖြစ်တယ်။.ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်။သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာ လား...

စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာ တွေဟာဘာအတွက်လဲ... ဘာကြောင့်လဲ...ဒီကားက အတော် ကို ခေါင်းစားပါတယ်။.နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ဆိုတော့ ဒီကားကိုကြည့်ပြီးခေါင်းစားလိုက်ကြပါဦး။

#uploadbyhsukaykhaing
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️    I Am Legend (2007)

IMDB (7.2)

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/992

Review
----------

သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့် ဖူးကြမှာပါ။

ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်း ရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်း ရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော် အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာအမျိုးသမီး တစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆို တာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကို ရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမ ဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။

#uploadbykevinaris
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Psycho (1960)

IMDB ( 8.5 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1007

Review
------------

အကောင်းဆုံး Horror ဇာတ်ကားဆိုပြီးရှာလိုက်ရင် စာရင်းအတော်များများရဲ့ ထိပ်ဆုံးကနေ အမြဲလိုရပ်တည်နေတဲ့ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်လို့ အထူးတလည်ညွှန်းနေစရာတော့ မလိုတော့ပါဘူး။ ခင်ဗျားဟာ ဘယ်လောက်ပဲဇာတ်ကားတွေကြည့်ခဲ့ ကြည့်ခဲ့ ဒီဇာတ်ကားဟာ ခင်ဗျားတို့ကို အချိန်ပြည့် ပါးစပ်အဟောင်းသားဖြစ်သွားစေလိမ့်မယ်လို့လည်း တော်တော်များများက ညွှန်းဆိုကြတယ်...

ဇာတ်လမ်းသွားအရတော့ မာရီယွန်ကရိန်းဆိုတဲ့ အတွင်းရေးမှူးကောင်မလေးတစ်ယောက် သူ့အလုပ်ရှင်ဆီက ငွေတွေကို အပျောက်ရိုက်ပြီးအသွား လူသူမနီးတဲ့မိုတယ်တစ်ခုမှာ ဝင်တည်းမိပါတယ်။ အဲ့ဒီမိုတယ်ရဲ့ပိုင်ရှင် မန်နေဂျာတစ်ယောက်ဖြစ်တဲ့ နော်မန်ဘိတ်စ် ဆိုတဲ့လူနဲ့ အတွေ့မှာ သူ့ဘဝတစ်ဆစ်ချိုးဖို့ ဖြစ်လာပါတော့တယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက် ဩဇာအကြီးမားဆုံးတွေထဲက တစ်ယောက်ဖြစ်ပြီး ထိတ်လန့်သည်းဖိုဘုရင်တစ်ပါးလို့ တင်စားကြတဲ့ဒါရိုက်တာကြီး Alfred Hitchcock ရဲ့ နာမည်ကျော်ဖန်တီးမှုလက်ရာတစ်ခုပါပဲ။ Imdb rating ကတော့ (8.5) ရရှိထားပါတယ်။Spoiler ဖြစ်မှာစိုးလို့ ဒီလောက်ပဲရေးပါရစေ.... အော်စကာ(၄)ဆုရရှိထားပြီး အခြားဆု(၁၀)ဆုအတွက်လည်း ဆန်ကာတင်စာရင်းဝင်ပါသေးသတဲ့...

#uploadbykevinaris
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️World War Z (2013)

IMDB (7/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1006

Review
---------
မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ ပြီး

ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ..။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲက အစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက် တွေ ဆက်ထွက်လာဖို့ရှိပါတယ်။

#uploadbyhsukaykhaing
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Zombieland (2009)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+kCL2wmUR_sY4NjNl

😍ဇာတ်ကား link

https://t.me/c/2274736087/1022

Review
---------
ကိုလမ်ဘတ်(စ်) လို့ခေါ်တဲ့ လူငယ်လေးတစ် ယောက်ဟာသူအသက်ရှင်နေထိုင်နိုင်ဖို့အတွက် သူ့ ကိုယ်တိုင်ထုတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကိုတိတိကျကျ လိုက်နာပြီး Zombie တွေသာကျန်ရှိ တော့တဲ့ တိုင်းပြည်မှာ ရှင်သန်နေထိုင်လျှက်ရှိပါ တယ်အမေရိကန်ပြည်မှာ ရောဂါပိုး ကူးစက်ခံရတာကနေ တစ်ဆင့်လူတွေအားလုံးဟာ ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်ဒီအချိန်မှာတော့ လူငယ်လေးကိုလမ်ဘတ်(စ်)တစ် ယောက် သူ့ရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ဆက်လက်ရှင်သန်နိုင်ခဲ့ပါတယ်

တစ်နေ့မှာတော့ သူ့လိုပဲ အသက်ရှင်ကျန်ရစ်တဲ့ တယ်လာဟေဆီ ဆိုတဲ့ဖုတ်ကောင်တွေသတ်ရာမှာ အလွန်ကျွမ်းကျင်တဲ့ လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့ပြီး အိုဟိုင်းရိုး ပြည်နယ်ကို ခရီးဆက်ခဲ့ကြပါတယ်ဒီလိုနဲ့ ခရီးဆက်ရင်း သူ။တို့ဟာ ဈေးဝယ်စင်တာ တစ်ခုမှာလိုအပ်တဲ့ ရိက္ခာတွေ ဖြည့်တင်းရင်းကနေမှ အသက်ရှင်ကျန်ရစ်နေသေးတဲ့ညီအမနှစ်ဦးနဲ့တွေ့ခဲ့ ပြီး နှစ်ကြိမ်တိုင်တိုင် အလိမ်ခံခဲ့ရပါတယ်။နောက်ပိုင်းမှာတော့ သူတို့၄ ယောက်ပေါင်းမိသွားကြ ပြီးလိုရာခရီးကို ဆက်သွားခဲ့ကြတယ်နောက်ပိုင်းမှာတော့ မျှော်လင့်ချက်မဲ့နေတဲ့ သူ တို့၄ယောက်ဖုတ်ကောင်တွေ မဝင်ရောက်သေးဘူး လို့သူတို့ထင်နေခဲ့ကြတဲ့ပစိဖိတ် ပေးလန်း(ဒ်)ကစားကွင်းကို သွားဖို့ဆုံးဖြတ်လိုက်ကြတယ်

ဒါပေမဲ့ သူတို့ထင်ထားခဲ့သလိုတွေ မဖြစ်လာခဲ့ပဲ ဖုတ်ကောင်မြောက်မြားစွာနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရ တာတွေကို ရိုက်ကူးပုံဖော်ထားတဲ့Zombie ဇာတ်ကားကောင်းတစ်ခု ဖြစ်တာကြောင့် ပရိသတ်များလက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ် ကား ဖြစ်ပါတယ်

#uploadbyhsukaykhaing
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Get Out (2017)

IMDB ( 7.8 )

📱Channelအရင်  join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link
https://t.me/c/2274736087/1021

Review
----------

လူမည်းအမျိုးသား ခရစ်တစ်ယောက် သူ့ ချစ်သူ လူဖြူမလေး ရို့စ် ရဲ့မိဘအိမ်ကို သွား ဖို့သူ့ချစ်သူက တောင်းဆိုလာတဲ့အခါမှာ သူ မ ငြင်းဆန်ပဲ လိုက်သွားခဲ့ပါတယ်သူတို့နှစ် ယောက် အဲ့ဒီအိမ်ကို ရောက်သွားတဲ့အချိန်မှာ တော့ ရို့စ် ရဲ့ မိဘတွေက သူ့ကို ဖော်ဖော်ရွေ ရွေပဲ ဆက်ဆံပါတယ် … ဒါပေမဲ့ ထူးခြားတာ တစ်ခုကတော့အိမ်အကူတွေပါ … ခရစ် လည်း ဒါကို သတိထားမိပါတယ် ဒီလိုနဲ့တစ်နေ့မှာ တော့ သူတို့အိမ်မှာ နှစ်တိုင်းကျင်းပနေကျ ဖြစ်တဲ့ ပါတီပွဲတစ်ခုလုပ်ပါတယ် … အဲ့ဒီမှာ တော့ လွန်ခဲ့တဲ့ ၆လလောက်က ပျောက်ဆုံးခဲ့ တဲ့အန်ဒရီ ဟေးဝေ့ါသ် နဲ့ဆုံခဲ့ပါတယ် ... မြင်မြင် ချင်းမှာ သူလည်းမမှတ်မိပေမဲ့ နောက်ပိုင်း သတိထားမိလာတဲ့အခါမှာတော့ ... အာမီတေ့ ဂျ် မိသားစုရဲ့
မသင်္ကာဖွယ်ရာတွေကို သူ ကြောက်လန့်လာ ပြီး ထွက်ပြေးဖို့ ကြိုးစားပါတော့တယ် သူ အဲ့ ဒီလို ထွက်ပြေးဖို့ ကြိုးစားတာက အောင်မြင် ပါ့မလားသူ့ချစ်သူ ရို့စ် ကကော … သူ့ရဲ့မိသားစုဝင် တွေဘက်ကဖြစ်မလား ဒါမှမဟုတ် သူ့ချစ်သူ ခရစ် ဘက်ကဖြစ်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားနိုင်ပါ Horror/Mystery/Thrillerအစားဖြစ်ပြီး IMDB rating လည်း 7.7 ထိ ရထားတာဖြစ်တာကြောင့် Sora fan များ ကြိုက်နှစ်သက်မယ်ထင်ပါတယ်

#uploadbyhoshiko
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️It (2017)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1035

Review
----------

မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်…သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး…  အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်…ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ…မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့… ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…

ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…

သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်..ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်…ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”…ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်…ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ်Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ…ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်…IMDb Rating ကတော့ 7.3/10 ပါ…  ကဲ မိုးအေးအေးနဲ့ ကြောက်လိုက်ကြပါဦး

#uploadbyhoshiko
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️A Quiet Place (2018)

IMDB ( 7.5 )


📱Channelအရင်  join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱ဇာတ်ကား link
https://t.me/c/2274736087/1036

Review
----------

အသံကြားတာနဲ့ ရုတ် တရက် ပေါ်လာပြီး တိုက်ခိုက် သတ်ဖြတ်တဲ့ သတ္တဝါတွေရန်က နေ ကာကွယ်ဖို့ အသံမထွက် အောင် တိတ် တိတ်ဆိတ်ဆိတ် နေထိုင်နေရတဲ့ မိသားစု လေးရဲ့ ထိတ်လန့်စရာ အတွေ့အကြုံ တွေကို ဇာတ်အိမ်ဖွဲ့ထားတာ ဖြစ် ပါတယ်။

လီနဲ့အီဗလင်းတို့ မိသားစု ဟာ မြို့စွန်က ယာတောအိမ် လေးမှာ နေထိုင်ပြီး တစ်ရက် မှာ တော့ ကမ္ဘာပေါ်ကို အမျိုးအမည် မသိတဲ့ သတ္တဝါတွေ ရောက်လာ ကာ လူတွေကို သတ်ဖြတ်ပစ်နေ တာကြောင့် ကမ္ဘာ့နေရာ အနှံ့မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး စစ်တပ်ကတောင်ထိန်း ချုပ်နိုင် စွမ်း မရှိတော့သလို အ ဆက်အသွယ်ကွန်ရက် တွေ အ ကုန်လုံး ပြတ်တောက်ခဲ့ပါတယ်။

အီဗလင်းတို့မှာ သမီးတစ် ယောက်၊ သားနှစ် ယောက်ရှိပြီး သမီးကြီးရီဂန်က နားမကြားသူ လေးမို့ တခြားအိမ်သားတွေ အ ကုန်လုံးက လက်ဟန်ခြေဟန် အချက်ပြစကားနဲ့ပဲ အချင်းချင်း ပြောရပါတယ်။

ဘာမှန်းမသိတဲ့ သတ္တဝါတွေ ဟာ အသံကြား တာနဲ့ရောက်လာ ပြီး အန္တရာယ်ပြုတာမို့ ဘာ သံမှ မထွက်အောင် သတိထားပြီး နေရတာ နေရတာ လည်း လွယ်ကူတဲ့ကိစ္စ တော့ မဟုတ်ပါဘူး။ အီဗလင်း တို့ဟာလည်း ဘာပဲလုပ်လုပ် အသံ လုံးဝမထွက်အောင်လို့ နေ ကြရပြီး သူတို့ယာတောနားက မြို့ဟာလည်း လူသူတစ် ယောက် မှမရှိ၊ အသံဗလံတွေ တိတ်ဆိတ် နေ တဲ့ မြို့ပျက်တစ်ခုလိုဖြစ်နေပါ တယ်။

အဲဒါနဲ့ပဲ လမ်းလျှောက်ရင် တောင် ဖိနပ် သံထွက်မှာစိုးလို့ မြေကြီးပေါ်ကို ဘိလပ်မြေ မှုန့်တွေ ခင်းထားပြီး ခြေဗလာနဲ့ သွားကြ ရ တာပါ။

တစ်ရက်မှာတော့ မြို့ပျက် ထဲကဆိုင်မှာ စားစရာတို့၊ အသုံး အဆောင်တို့ယူပြီးပြန်လာတုန်း သားငယ်လေးက ဆိုင်ကယူလာ တဲ့ ကစားစရာအရုပ်ကို ကစား လိုက်တဲ့အခါ မှာ အသံမြည်သွား တာကြောင့် လီကတားဆီး ဖို့ ကြံခဲ့ပေမယ့် အချိန်နှောင်းသွားပြီး သတ္တဝါ ကြီးတွေ လက်ချက်နဲ့ မျက်စိရှေ့တင် သား ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။

ဒီလိုနဲ့ ရက်တွေကြာလာပြီး တဲ့နောက် အီဗ လင်းဟာ နောက် ထပ် ရင်သွေးလေးကို ကိုယ်ဝန် လွယ်ထားခဲ့ပါတယ်။ တစ်ရက် မှာ တော့ အိမ်မှာခင်ပွန်းရောသား နဲ့သမီးရောမရှိ ချိန် အီဗလင်းဟာ ကိုယ်ဝန်အရင့်အမာနဲ့အပြင်း အထန် ဗိုက်နာနေတဲ့အခါမှာ သတ္တဝါ တွေကလည်း အသံ ကြားလို့ ရောက်လာတဲ့ အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာကို ရင် တ ထိတ်ထိတ်နဲ့ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။

#uploadbykevinaris
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Shaun of the dead 2004

IMDB ( 7.9/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/194

Review
~~~~~~
ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံး သမားတစ်ယောက်ဟာသူ့အချစ်ဆုံး သူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင် ပါတယ်။

သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိ ပါတယ်။

တစ်နေ့တော့ သူတို့ရဲ့ ငကြောင်ကမ္ဘာထဲမှာ ဇွန် ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့ အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား?

ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါး သွားကြမလဲဆိုတာ…ရယ်မောပျော်ရွှင်အောင် ရိုက်ကူးထားပါတယ်။

Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ် မခံသင့်ပါဘူး။

#uploadedbyyumyatmin
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Split (2016)

📱 7.3


📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/195

Review

1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။

Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသော
James McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုး ကိုစိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီးဇာတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ် တည်နေတဲ့စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထား ပါတယ်...ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက် သောရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့် အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်....

သူ့ရဲ့ ပုံမှန်ဘဝ မှာတော့ အလွန်တော်တဲ့လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသောနာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသောကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ်စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မ လာအောင်ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလစိတ်အခြေအနေကိုအနိုင်ယူကာကိုယ်ရည်သွေး စိတ်များ အချိန်အတိုင်းတာ တစ်ခုစီအလှည့်ကျ ထွက်ပေါ်ခဲ့ပါတော့တယ်....

တစ်ရက်မှာတော့ ကယ်ဗင် ရဲ့ မသိစိတ် အတွင်းမှဒင်းနစ် ထွက်ပေါ်ခဲ့ပြီးကေစီ နှင့် သူငယ်ချင်း မိန်းကလေး ၂ ဦးကို ဖမ်းခေါ်၍အခန်းတစ်ခုအတွင်း သော့ခတ်ထားခဲ့ပါတော့တယ်... ထို ၃ ဦးသည် ဟစ်ဝတ် ၊ ပတ်ထရစ်ရှာ ၊ ဒင်းနစ် တို့ အပြင်ကိုယ်ရည်သွေး ပုံစံ တစ်ခုစီ ဖြင့်ဆက်ဆံရမည်ဖြစ်ပြီးမည်သို့ မည်ပုံလွတ်မြောက်အောင် ကြိုးစားမည် ဆိုသည်ကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ....

#uploadbyshoonshoon
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Conjuring (2013)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/209

Review
---------
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာထိတ်လန့်ခြောက်ခြားမှု ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည် များ။လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြား စရာတွေ ဆက်တိုက်လိုကြုံတွေ့ရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ဝိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေး တယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။

သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက် ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြ ကွက်တွေကို တွေ့ရမှာပါ။ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီး တာပါပဲ။ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲ မှာစွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာကဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။ Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့ အခန်းတွေ၊သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်း နားမှာအတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မ ကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။

မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။

#uploadbyhsukaykhaing
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Thing (1982)

📱 8.2

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/210

Review

The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲကတစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါး ကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter... သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာ တစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိ ရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင်ခင်ဗျားတို့ သူ့ကားတွေ Halloween (1978), The Fog (1980), Escape from New York (1981) Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူ ကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက် ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ် ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့ တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။

ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများ အောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေး ထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့ တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက် ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score på Razzie Awards သေးတယ်။ ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန် အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့ တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရ အဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။

ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသန စခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူ တို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်း စခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မ တွေ့ရတော့ဘူး။

အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူ တို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်း တာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့ လိုက်ရတဲ့ အချိန်မှာတော့...

#uploadbyshoonshoon
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Saw (2004)

📱IMDB 7.6

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/221

Review

Sora ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version 6. ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်း ကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင် ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထား တဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိ ရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှား နိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ် ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင် ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင် ဝင်ငွေ သန်း ၁ဝဝ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….. (လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။)ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိ ရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေ ကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန် မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw ရွေးချယ်ထား တာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာ နဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ် တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက် တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ် ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက် က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင် ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျ တဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့် တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေး တယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူ တွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝ မှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထား ပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက " ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် " ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေး တယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။နောက်မိသားစုဘဝနဲ့ရွေးချယ်ထားတဲ့အလုပ်ပေါ်တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ် ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့ အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမား တွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန် သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်း တဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့် ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ် မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေ ပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြ ကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူ ဟာ သူတော်စင်လုပ်မလား၊မကောင်းဆိုးဝါးလုပ်မ လားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေ ကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူ တွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင် ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မ တရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့ အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။

#uploadbybhonemyatpaing
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Exorcist (1973)

IMDB ( 8.1 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/230

Review
------------

ဒီဇာတ်လမ်းလေးကတော့ "World No.1 horror film" လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင်
တစ်ခါက Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်က ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင်
ခုထိလည်း‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ'
ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင်ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အပြုအမူတွေထူးဆန်းလာတယ်၊ နောက်ပိုင်းမှာကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။

(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ကလေးငယ်များ ကြည့်ရှုရန်မသင့်ပါ)

#uploadbyhoshiko
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Predator (1987)

📱 7.8

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/231

Review

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သားအသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားကဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီးသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကား တွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။Generation X နဲ့ Y တို့ ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသား အဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့ဗျာ။ ၁၅ သန်း အသုံးပြု ခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။

သူရဲ့နောက်မှာPredator 2 (1990) Predators (2010) The Predator (2018) $ Prey (2022) ຕູ້ ໓:໓: ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) $ Alien vs. Predator: Requiem (2007)တို့ပါ။

မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ် ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ် ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။

ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အ မေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါ တယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက် ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ် သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ် တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။

#uploadbyshoonshoon