Horror ဇာတ်ကားများ 🇲🇲
88.4K subscribers
796 photos
35 videos
860 links
ကြေငြာထည့်လိုပါက @sora_entertainment_adminn သို့ ဆက်သွယ်နိုင်ပါသည်
Download Telegram
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️It (2017)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+kCL2wmUR_sY4NjNl

📱 ဇာတ်ကား Link
https://t.me/c/2274736087/1035

Review
----------

မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်…သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး…  အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်…ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ…မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့… ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…

ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…

သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ်လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်ကလည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်..ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်…ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”…ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်…ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ်Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ…ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်…IMDb Rating ကတော့ 7.3/10 ပါ…  ကဲ မိုးအေးအေးနဲ့ ကြောက်လိုက်ကြပါဦး

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Conjuring (2013)

IMDB (7.5/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/209

Review
---------
ဒီကားက ၁၉၇၁ ခုနှစ်က Rhode Island မှာရှိတဲ့ အိမ်မှာထိတ်လန့်ခြောက်ခြားမှု ထိတ်လန့်ခြောက်ခြားမှုတွေ ဖြစ်ခဲ့တာကိုပြန်လည်ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ဒီအိမ်ကြီးက ယနေ့တိုင် ရှိပြီး ကမ္ဘာလှည့်ခရီးသည် များ။လည်ပတ်စရာ နေရာအဖြစ်ရှိဆဲပါ။ပရောဂဆရာမ Lorraine Warren နဲ့ သူ့အမျိုးသား Ed Warren တို့ဟာCarolyn and Roger Perron တို့ မိသားစု (သမီး ၅ယောက်နဲ့အတူ)ဒီအိမ်ကို ပြောင်းရွှေ့ပြီးကတည်းက ခြောက်ခြား စရာတွေ ဆက်တိုက်လိုကြုံတွေ့ရတာတွေကို ကူညီပေးရင်း ဘဝတစ်ပါးသို့ မကူးပြောင်းဘဲအိမ်မှာ ကျန်ရစ်နေတဲ့ ဝိဉာဏ်ဥစ္စာစောင့်နတ်ဆိုးကမိသားစုဝင်အားလုံးကို ဘယ်လိုအနှောင့်အယှက်ပေး တယ်၊ထိတ်လန့်မှုတွေပေးတယ်၊နောက်ဆုံးအသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးလာတယ် ဆိုတာ ရိုက်ပြထားတာပါ။ အရုပ်တရုပ်ကထူးဆန်းစွာသွားလာပြုမူနေတာကို ရှုစားရမှာပါ။ဒီအရုပ်က အပြင်မှာ တကယ်ရှိခဲ့တဲ့ အရုပ်ပါပဲ။

သရဲကားတွေရဲ့ ထုံးစံအတိုင်း တခါးက သူ့အလိုလိုဝုန်းခနဲ ပိတ်သွားတာ၊ သူ့အလိုလိုတအိအိ ပွင့်သွားတာမျိုး၊ အိပ်နေရင်း တယောက် ယောက်ကခြေထောက်ကို ရုတ်တရက် စောင့်ဆွဲသလိုမျိုး ပြ ကွက်တွေကို တွေ့ရမှာပါ။ဒီကားရဲ့ အဓိက ထူးခြားချက်ကတော့ လက်ခုပ်တီး တာပါပဲ။ကြည့်ရှုသူ ပရိသတ်တော်တော်များများ မျက်စိထဲ မှာစွဲကျန်အောင် လက်ခုပ်သံရဲ့ ခြောက်ခြားစရာကောင်းပုံကို ရိုက်ပြနိုင်တာကဒီကား ဒါရိုက်တာ တော်တယ်လို့ ပြောလို့ရပါတယ်။ Rated R ဆိုပေမဲ့ ဒီဇာတ်ကားမှာ သမီးရည်းစားခန်း အဖော်အချွတ်ခန်း တစ်ခန်းမှ မပါပါဘူး။ သာမန်ရိုးရှင်းတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ။ စုန်းမပူးတဲ့ အခန်းတွေ၊သွေးထွက်သံရဲရဲဇာတ်ကွက်တွေကဇာတ်သိမ်းပိုင်း နားမှာအတော်လေးပါတာမို့ အသက် (၁၈)နှစ်အောက်မ ကြည့်သင့်တဲ့ စာရင်းထဲ ဝင်သွားတာပါ။

မိသားစုတူတူကြည့်ဖို့ အဆင်ပြေပါတယ်။ ဇာတ်စ၊လယ်၊ဆုံး ဆွဲဆောင်မှုရှိပါတယ်။ အဆုံးပိုင်းကို သိပ်သဘောမတွေ့ပေမဲ့ ရိုက်ချက်တွေက အတော်ကောင်းတာမို့ လူကြိုက်များတဲ့ ဇာတ်ကားဖြစ်ပါတယ်။သရဲကား ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ကားတစ်ကားပါ။

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Saw (2004)

📱IMDB 7.6

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/221

Review

Sora ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version 6. ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်း ကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင် ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထား တဲ့ Leigh Whannell တို့ ၂ ယောက်ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိ ရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှား နိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ် ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင် ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင် ဝင်ငွေ သန်း ၁ဝဝ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….. (လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။)ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိ ရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေ ကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန် မှုအတွက် ပါဝင်ကစားကြရတယ်။ကစားကွင်းနယ်မြေကို Jigsaw ရွေးချယ်ထား တာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာ နဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ် တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက် တွေ ပေးအပ်ကြရတာ။Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ် ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက် က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင် ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျ တဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့် တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေး တယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။)ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူ တွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝ မှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထား ပေးသလို သူက ရွေးချယ်ထားတာ။လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက " ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် " ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေး တယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။နောက်မိသားစုဘဝနဲ့ရွေးချယ်ထားတဲ့အလုပ်ပေါ်တန်ဖိုးထားမှု။Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ် ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့ အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမား တွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန် သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်း တဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့် ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ် မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေ ပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြ ကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူ ဟာ သူတော်စင်လုပ်မလား၊မကောင်းဆိုးဝါးလုပ်မ လားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေ ကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူ တွေ။လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင် ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မ တရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့ အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။

#uploadbybhonemyatpaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Exorcist (1973)

IMDB ( 8.1 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/230

Review
------------

ဒီဇာတ်လမ်းလေးကတော့ "World No.1 horror film" လို့ သတ်မှတ်ခံထားရဆဲဖြစ်တဲ့အပြင်
တစ်ခါက Imdb rating 8 အထိရရှိထားပါတယ်။ တစ်ခေတ်က ဒိတ်ဒိတ်ကျဲအောင်မြင်ခဲ့တဲ့အပြင်
ခုထိလည်း‘ဟောင်းပေမယ့်လည်းကောင်းနေဆဲ'
ဇာတ်လမ်းလေး ဖြစ်လို့နေမှာပါ။ ၁၉၇၃ ခေတ်အနေအထားအနေနဲ့ဆိုရင် တကယ်ကိုပီပြင်တဲ့ရိုက်ချက်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်ရှိနေတယ်လို့လည်း သိရပါတယ်။ တကယ်ခြောက်ခြားစရာ သွေးသံရဲရဲတွေ ဇာတ်ကွက်တွေကြောင့် ပြသခွင့်တောင်ပိတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အော်စကာဆုအတွက် ဇကာတင်အများကြီးဝင်ခဲ့ပြီး အော်စကာဆု၂ဆုတောင် သိမ်းပိုက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကဲ horror ကြိုက် ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။

ဇာတ်လမ်းအစမှာ သရုပ်ဆောင်မင်းသမီး ခရစ်မက်နီယယ်က ဇာတ်ကားရိုက်ဖို့ ဝါရှင်တန်ကို သူ့သမီးလေးနဲ့အတူ လာခဲ့ပါတယ်။ ၁၂နှစ်အရွယ် ရေဂန်လေးက အစပိုင်းမှာ ချစ်စရာကလေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် အပြုအမူတွေထူးဆန်းလာတယ်၊ နောက်ပိုင်းမှာကြမ်းတမ်းလာတယ်။ မိခင်ဖြစ်တဲ့ ခရစ်ကတော့ ဆေးကုသမှုတွေ အစွမ်းကုန်ဆောင်ရွက်ပေးပါတယ်။ ဒါပေမဲ့လည်း ဆေးပညာနဲ့ အဖြေရှာမရ၊ကုသမရဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ဖာသာဒေမီယမ်ကားရက်စ်ဟာ သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး ဘာသာရေးယုံကြည်မှုတွေ လျော့ပါးလာပါတယ်။ ဒီတော့ ရေဂန်လေးကို ဘယ်လိုကယ်တင်ကြမလဲပေါ့။

(သွေးသံရဲရဲ ဇာတ်ဝင်ခန်းများပါသည့်အတွက် ကလေးငယ်များ ကြည့်ရှုရန်မသင့်ပါ)

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Predator (1987)

📱 7.8

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/231

Review

Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သားအသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားကဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီးသိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။

ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကား တွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။Generation X နဲ့ Y တို့ ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသား အဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့ဗျာ။ ၁၅ သန်း အသုံးပြု ခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။

သူရဲ့နောက်မှာPredator 2 (1990) Predators (2010) The Predator (2018) $ Prey (2022) ຕູ້ ໓:໓: ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) $ Alien vs. Predator: Requiem (2007)တို့ပါ။

မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ် ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ် ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။

ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အ မေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါ တယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက် ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ် သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ် တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Cabin in the woods 2011

IMDB (7 /10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/242

Review
~~~~~~~
ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်း တစ်စု အပတ်ကုန်ရက်မှာ
မြို့ပြနဲ့ ဝေးရာဆီ အပန်းသွားဖြေကြမယ်လို့ စီစဉ်ကြတယ်။
ကာ့က သူ့ဝမ်းကွဲ ဝယ်ထားတဲ့ အိမ်ကို သွား အပန်းဖြေကြဖို့ စီစဉ်ပေးတယ်။

တဲအိမ်ကို ရောက်တဲ့အခါမှာတော့ သည်း ထိတ်ရင်ဖိုတွေ စလာပါတော့တယ်။

ဒါပေမဲ့ ဒီလို ဖြစ်လာတာတွေက သာမန် လူသတ်၊ ကြောက်စရာကောင်းအောင်
လုပ်ပြတာထက် ပိုကြီးတဲ့ အကြောင်းရင်း တွေ ရှိနေမလား၊ သူတို့ အဲဒီအိမ်ကိုလာဖြစ်တယ်ဆိုတာ သူတို့ကိုယ်တိုင်ဆုံးဖြတ်ပြီး သွားခဲ့ရတာရော ဟုတ်ပါ့မလား...

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Midsommar 2019

IMDB (/10)

📱Channel အရင်join ပါ

https://t.me/+fdoM7RwLwQM2YTY1

📱ဇာတ်ကားlink

https://t.me/c/2177896296/250

Review
~~~~~~~
ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့rating ကောင်းတွေနင်းကန်ရထားတဲ့Drama/Thrillerကားတစ်ကားပါ
မနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီး
အကောင်း'နဲ့ ဝေဖန်မှုတွေရခဲ့တဲ့
ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကား ပါမိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ်သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစု ဖို့အားသန်နေတဲ့
သာသာယာယာနေတတ်တဲ့
ကောလိပ်ကျောင်းသားတွေ
သူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာလိုက်လည်ကြပါတော့တယ်

ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန် တဲ့နေရာမှာရှိပြီးကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြား ရှိနေတဲ့အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကိုကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါအစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖို့ သွားကြပေမယ့်နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာ တွေကြုံလာရပါတယ်

လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကိုတစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့်Ari Aster masterpieceဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်းနည်းနည်းစားလို့ ကြည့်ပြီးရင်spoilers alertတွေ ပြန်ရှင်းပြတာတွေကိုgoogleမှာရှာကြည့်လို့ရပါတယ်

#uploadedbyyumyatmin
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️28 Days Later (2002)

IMDB ( 7.5 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/249

Review
------------

သင် အိပ်ယာကနိုးပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ကမ္ဘာကြီးဟာ ပျက်စီးသွားပြီရင် သင်ရော ဘာလုပ်မှာလဲ။ ဂျင်ဆိုတဲ့ကောင်လေးတစ်ယောက် ကားအက်စီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ နိုးထလာခဲ့ပါတယ်။ အရာအားလုံးဟာတိတ်ဆိတ်နေပြီး မြို့ပြကြီးဟာလည်း သုဿန်တစပြင်ကြီးတစ်ခုဖြစ်နေတာကို သူ့အနေနဲ့ နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ ဗိုင်းရပ်တစ်ခုကြောင့် ကမ္ဘာကြီး ပျက်စီးသွားပြီဆိုတာ သူသိလိုက်ရတဲ့အခါ သူဘာဆက်လုပ်မှာလဲ ၊ ချစ်ရတဲ့ မိသားစုမရှိတော့တဲ့ ဘဝမှာ သူ ဘယ်လိုဆက်ရှင်သန်မှာလဲ ၊ ဘယ်ကို သွားရမှာလဲ ၊ ဘယ်သူ့ကိုအားကိုးရမှာလဲ။

၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇွန်ဘီကားထဲမှာ ဇွန်ဘီဗိုင်းရပ်ထက်စာရင် ရန်သူငါးပါးထဲမှာ လူသားတွေကသာကြောက်စရာအကောင်းဆုံးဆိုတာ ကွက်ကွက်ကွင်းကွင်းပြသွားတဲ့ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှု့ကြောင့်ပဲ 28 Weeks Later (2007) ကားကို ဆက်လက်ရိုက်ကူးခဲ့ပါတယ်။

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️ Cloverfield (2008)

IMDB ( 7.0 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/263

Review
------------

New York မြို့ရဲ့ ညတစ်ညမှာသူငယ်ချင်းတွေစုပြီး Party လုပ်နေတုန်း အကောင်ကြီးတစ်ကောင် ဘယ်က ဘယ်လိုမှန်းမသိ မြို့ပေါ်ကျလာပါတယ်။ အဲကောင်ကြီးက မြို့ မှာမြင်မြင်သမျှသောင်းကျန်းပြီး မြို့တစ်မြို့လုံးလည်း ဘာတွေဖြစ်နေမှန်းမသိရလို့ အဲသူငယ်ချင်းတစ်စုလည်း တခြားလူတွေနည်းတူ မြို့က ထွက်ပြေးဖို့လုပ်ကြရာမှာ အထဲကတစ်ယောက်က Party မှာ Video နဲ့မှတ်တမ်းတင်ရင်း သူတို့အဖြစ်အပျက်တစ်ခုလုံးကို မှတ်တမ်းတင်ပါတော့တယ်။

ဒီဇာတ်ကားကိုစကြည့်တုန်းက သယ်ရင်းတစ်ယောက်ကညွှန်းလို့ စကြည့်ဖြစ်တာပါ။ Found Footage Film အမျိုးအစားပါ။ ဒီနေ့ခေတ်မှာ အဲလိုကားတွေခေတ်စားလာတာ ဒီကားကြောင့်ဆိုတာ အသေအချာပါပဲ။ (သူ့လောက်တော့ ကြည့်ကောင်းတဲ့ကားရှားပါတယ်)။ စကြည့်လိုက်ကတည်းက သတိထားမိတဲ့အချက်ကတော့ Perspective တွေပါပဲ။ ဒီဇာတ်ကားတစ်ကားလုံးကို လူတစ်ယောက်ထဲကကင်မရာကိုင်ပြီး မှတ်တမ်းလိုက်တင်ထားတဲ့ပုံစံမျိုးနဲ့ရိုက်ထားတာပါ။ ဇာတ်လမ်းကတော့အပေါ်မှာပြောထားသလိုပါပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ အကောင်ကြီးတွေက New York မြို့ကိုလာတိုက်ခိုက်တာဆိုတော့ တခြားဘာဇာတ်လမ်းမှသိပ်မရှိပေမဲ့ ဇာတ်ကားတစ်ကားလုံးက လုံးဝပျင်းဖို့မကောင်းအောင် ကြည့်တဲ့လူကိုဆွဲဆောင်ထားနိုင်တယ်။ တစ်ချို့အခန်းတွေဆိုရင် တိတ်ဆိတ်နေတဲ့ ညအမှောင်ကြီးမှာ အသံလေးသဲ့သဲ့လေးကြားရတာကိုက လန့်ဖို့ကောင်းတယ်။

ဒီဇာတ်ကားမှာသဘောကျတာက ရိုက်ကူးထားတဲ့လူက လိုက်မှတ်တမ်းတင်ထားသလိုရိုက်ထားတာကြောင့် အဲ့ဒီကိုယ်တစ်ကယ်ရောက်သွားသလိုခံစားရမှာဖြစ်မြို့ထဲကိုပြီး သူတို့ ဖြစ်နေတာလား ကိုယ်ဖြစ်နေတာလားဆိုတာတောင် ဝေခွဲရခက်လောက်အောင် ရိုက်ထားတာ တော်တော်ကိုကောင်းပါတယ်။ တစ်ခုရှိတာက ဒီဇာတ်ကားက ကင်မရာကို Found Footage Film ပုံစံလက်ကနေကိုင်ပြီးရိုက်ထားတဲ့ပုံနဲ့တင်ဆက်ထားတာဖြစ်တာကြောင့် Camera အရမ်းလှုပ်ရင် မူးတတ်တဲ့လူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

ဒီစာရေးတဲ့ ကျွန်တော်တောင် နှစ်ခါလောက်ခွဲကြည့်ရတယ်။ ပထမတစ်ခေါက်ကြည့်တုန်းက တစ်ဝက်လောက်ကြည့်ပြီး တော်တော်ခေါင်းမူးသွားတယ်။ အဲ့ဒါနဲ့ ဆက်မကြည့်နိုင်တော့လို့ နောက်နေ့ကြမှထပ်ကြည့်တယ်။ ပြောရမယ်ဆိုရင် တစ်ကားလုံးကလှုပ်ခါနေတာကြောင့် ခေါင်းမူးလွယ်တဲ့လူတွေအနေနဲ့တော့ သိပ်အဆင်ပြေမယ်မထင်ပါဘူး။ တစ်ချို့အခန်းတွေဆိုရင်တော့ လှုပ်လွန်းအားကြီးလို့ မြင်ကွင်းတွေ မသဲကွဲတာမျိုးတွေလဲရှိပါတယ်။ ဒီကားထဲမှာပါတဲ့ သရုပ်ဆောင်တွေကလဲ တော်တော်ကောင်းပါတယ်။ အကောင်ကြီးတွေကြောင့်ဘယ်သွားလို့သွားရမှန်းမသိ ၊ ဘာလုပ်လို့လုပ်ရမှန်းမသိပဲ ကူရာကယ်ရာမဲ့ပြီး ကြောက်လန့်နေကြတာကို ကြည့်ရှုသူကိုမြင်အောင်ပုံဖော်နိုင်ပါတယ်။ အခုအချိန်က Superhero တွေခေတ်စားနေတာကြောင့် Superhero တွေကြားထဲက ခနလောက်ရုန်းထွက်ချင်တဲ့ ပိတ်သတ်တွေအတွက်ကြောင့် မပျင်းရပဲကြည့်လို့ကောင်းမဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကား အတွက် Budget က $25 Million အထိပဲသုံးထားပြီး $170 Million တောင်ပြန်ဝင်ထားတာဆိုတော့ နည်းနည်းရင်း များများမြတ်ပါပဲ။ ဒီဇာတ်ကားကိုရော ကြည့်ဖူးတဲ့ ပိတ်သတ်တွေရှိလား။ ရှိခဲ့ရင်လည်း ဒီဇာတ်ကားအပေါ် အမြင်လေးတွေ ရေးသွားကြပါဦး။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The menu (2022)

IMDB (7.2/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/272

Review
--------
လူတစ်ယောက်ကို ဒေါ်လာ ၁၂၅၀ ပေးရတဲ့ ကျွန်း တစ်ကျွန်းပေါ်က ဈေးအရမ်းကြီးတဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ခုရှိပါတယ်။ လှေနဲ့သီးသန့် သွားရပြီး တစ်ညလုံး ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းတဲ့ဆိုင်မျိုးဖြစ်ပါတယ်။ အဲဒီ စားသောက်ဆိုင်ရဲ့ အထူးည တစ်ညမှာတော့ ဧည့်သည်မျိုးစုံရောက်ရှိလာပါတယ်။

ဝေဖန်ရေး သမား၊ ရုပ်ရှင်မင်းသား၊ သူဌေးတွေ စသဖြင့်ပါပဲ။ ဒါပေမဲ့ သူတို့တွေကို ဟင်းလျာတွေ တစ်ခုပြီးတစ်ခု တည်ခင်းရင်းနဲ့ စားဖိုမှူးကြီးက ပုံပြင်တွေပြောပြ သွားတဲ့အပြင် အသတ်အဖြတ် အကြမ်းပတမ်းတွေ နဲ့ ကြောက်စရာတွေပါ ဖြစ်လာတဲ့အခါ... Dark Comedy ပီပီ လူသတ်ရတဲ့ အကြောင်းရင်း တွေကလည်း နက်နက်နဲနဲစဉ်းစားချင်စရာကောင်း သလို ရယ်ရခက်ငိုရခက်လည်းဖြစ်နေပါသေးတယ်။ အတော်လေးကိုခံစားလို့ကောင်းတဲ့ရုပ်ရှင်ဖြစ်ပြီးလက်မလွှတ်ဘဲကြည့်လိုက်ပါရှင်

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Scream (1996)

IMDB (7.4/10)

📱Channel အရင် join ပါ။

https://t.me/+fdoM7RwLwQM2YTY1

😍ဇာတ်ကား link

https://t.me/c/2177896296/273

Review
--------
horror ကားတွေနဲ့ ဒီကားနဲ့ကွာခြားချက်ကို ပြောပါဆိုရင် သူက supernatural ဆန်ဆန် သရဲတွေ နာနာဘဝ တွေမပါဘဲ mystery အသားပေးထားပြီး လူသတ်သမားက ဘယ်သူများဖြစ်မလဲဆိုပြီး ရင်တ ထိတ်ထိတ်ကြည့်ရတဲ့ဖီလင်ကိုပေးတဲ့ ကားမျိုးပါ။ ဒီကားက ထွက်ပြီးပြီးချင်းပဲ horror ရုပ်ရှင်တွေ ကြားထဲမှာ ဇာတ်လမ်းတည်ဆောက်ပုံရော ဇာတ်ရှိန်ထိန်းသွားတာရောကောင်းလွန်းလို့ နာမည် အရမ်းကြီးခဲ့တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ ဆစ်ဒ နေဆိုတဲ့ ကောင်မလေးဟာသူမရဲ့အမေကို မုဒိန်းကျင့်ပြီးလူသတ်မှုတစ်ခုမှာ တစ်ခုမှာ ဆုံးရှုံးခဲ့ရတာပါ။အဲလိုနဲ့ စိတ်ဒဏ်ရာရနေတဲ့ ဆစ်ဒနေဟာ ဘဝကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတုန်း ၁ နှစ်ပြည့်သွားတဲ့အချိန်မှာပဲ သူ့အမေတုန်းကလို လူသတ်မှုတွေ ဖြစ်လာပါတော့တယ်။ ထူးဆန်းတာက သူ့အမေကိုသတ်ခဲ့တယ်လို့ သံသယ ရှိသူကို ထောင်ထဲထည့်ပြီးသွားပြီ ဖြစ်နေလို့ပါ။ ဒီတော့ အခုဖြစ်လာတဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်က တရားခံကဘယ်သူတွေလဲ?သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ? အရင်လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်နေလဲ?

#uploadbyhsukaykhaing
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️The Others (2001)

IMDB ( 7.6 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/284

Review
------------

"The others" ရုပ်ရှင်ဟာ 2001ခုနှစ်မှာစတင်ဖြန့်ချိခဲ့တဲ့ အမေရိကန်- ပြင်သစ်သဘာဝလွန်သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ IMDBအနေနဲ့ 7.6/10ကိုရယူထားပြီး Rotten Tomatoကတော့83%ပါ။ ဒါရိုက်တာဖြစ်သူ Alejandro Amendbarကရိုက်ကူးထားပြီး အဓိကဇာတ်ကောင်တွေအဖြစ် Nicole Kidman, Fionnula Flanagan, Christopher Eccleston, Elaine Cassidy, Eric Sykes, Alakina Mann, James Bentleyစတဲ့သူတွေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ 17မီလီယံဖြစ်ပြီး ရုံတင်ဝင်ငွေက 209.9မီလီယံဒေါ်လာဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါမှာတင် ရုံတင်တဲ့ပထမအပတ်မှာတင် 14မီလီယံဒေါ်လာကိုရရှိခဲ့ပြီး ရုံတင်ဝင်ငွေအများဆုံးနံပါတ်4နေရာမှာ နောက်ထပ်သုံးပတ်တိတိရပ်တည်ခဲ့ပါတယ်။

ခရစ်ယာန်ဘာသာကို လေးနက်စွာယုံကြည်သော အမျိုးသမီးတစ်ယောက်သည် ကလေးငယ်နှစ်ဦးနှင့်အတူ အိမ်ကြီးတစ်အိမ်တွင်နေထိုင်ကြသည်။ သူမ၏ယောကျားသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီတို့ကိုတိုက်ထုတ်ရန် ထွက်သွားသည်မှစ၍ မည်သည့်သတင်းမှမကြားရတော့။အမျိုးသမီး၏ ကလေးငယ်များသည် photosensitivityဟုခေါ်သော နေရောင်နှင့်ဓာတ်မတည့်သောရောဂါတစ်မျိုးကြောင့် တစ်အိမ်လုံးကိုလိုက်ကာများဖြင့်ကာ၍ အမှောင်ချထားရသည်။ ထိုအိမ်ကြီးသို့ လူသုံးယောက် အိမ်အကူအဖြစ်လုပ်ကိုင်ရန် ရောက်ရှိလာသည့်အချိန်မှစ၍ အမျိုးသမီးသည် ထူးဆန်းမှုများကို သတိထားမိလာသည်။ အမျိုးသမီးကမူ အိမ်စေတို့သည် သူမတို့မိသားစုကို အန္တရာယ်ပေးလိုသည့်အတွက်ကြောင့် စီရင်ဖန်တီးသည်ဟုယူဆသည်။ "တမလွန်လောကနှင့် လူ့ဘုံလောကတို့အတူနေထိုင်နိုင်ရန်ကြိုးစားရမည်"ဟူသောစကားကိုသူမကြားရသောအခါ... သမ္မာကျမ်းစာအပေါ် လုံးဝဥဿုံယုံကြည်မှုနှင့် လက်တွေ့အဖြစ်အပျက်တို့ကွာဟနေမှုကို ကြုံတွေ့ရသောအခါ.. အမှန်တရားကိုသိမြင်လာရသောအခါ…

(ဤဇာတ်ကား၏ ထူးခြားချက်မှာ ဖြစ်ရိုးဖြစ်စဉ်သည်းထိတ်ရင်ဖိုဇာတ်လမ်းများနှင့်မတူဘဲ ပရိသတ်အနေနှင့် မည်သို့မျှမျှော်လင့်ထားစရာမရှိသည့်ဇာတ်ကွက်ကို ချပြထားခြင်းဖြစ်သည်။ ထို့အပြင်စိတ်ပညာပိုင်းဆိုင်ရာရှုထောင့်မှ စဉ်းစားစရာအချက်တစ်ချို့ကိုလည်း ထည့်သွင်းထားသည်။)

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Sleepy Hollow (1999)

📱 7.3

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/294

Review

Sleepy Hollow လို့ပြောရင် သိတဲ့သူနည်းတယ်ဆိုပေမယ့် ခေါင်းပြတ်နေတဲ့မြင်းစီးသရဲကြီးက ခေါင်းလိုက်ဖြတ်တဲ့ကား လေ လို့ပြောရင် တော်တော်များများသိထား ကြည့်ဖူးပြီးသား ဖြစ်ကြမှာပါ။

ဟုတ်ပါတယ် ဒီဇာတ်ကား က ၁၉၉၉ ကရိုက်ခဲ့တဲ့ မင်းသားကြီး Johnny Depp ရဲ့ ဇာတ်ကားပါ။ Stephen King တို့နဲ့ပြိုင်နာမည်ကြီးတဲ့ စာရေးဆရာ Washington Irving ရဲ့ ဝတ္တုကို ခပ်ဆန်းဆန်းပုံစံတွေနဲ့ တင်ဆက်တတ်တဲ့ နာမည်ကြီး ဒါရိုက်တာ Tim Burton က ရိုက်ကူးထားတာဖြစ်ပါတယ်။

ကျိုးကြောင်းဆင်ခြင်တတ်ပြီး ယုတ္တိကျကျ အတွေးရှိလို့ ခေတ်နောက်ပြန်ဆွဲနေတဲ့ အထက်လူကြီးတွေက ရာထူးအနိမ့် ဆုံးထိချထားခြင်းခံရတဲ့ ရဲသားကရိန်း(Johnny Depp) တစ်ယောက် Sleepy Hollow ဆိုတဲ့ရွာငယ်လေးက လေး လောင်းပြိုင်ခေါင်းဖြတ်သတ်မှုတွေ အကြောင်းကို ဖိအားပေး စုံစမ်းဖို့စေလွတ်ခြင်းခံရပါတယ်။

ယုတ္တိကျတာကိုပဲ ယုံတတ်တဲ့ရဲသားကရိန်းတစ်ယောက် သဘာဝလွန်ဖြစ်ရပ်များနဲ့ ကြုံတွေ့လာတဲ့အခါ သူ့ရဲ့ငယ်ဘဝ အတိတ်ဆိုးတွေကြောင့် ဖြစ်နေတဲ့ အကြောက်လွန်ရောဂါကို ဘယ်လိုကျော်လွှားပြီး သဘာဝလွန်အမှုတစ်ခုကို သိပ္ပံပညာနဲ့ ပေါင်းစပ်ပြီး ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာ ဇာတ်ကား မှာဆက်ပြီး ကြည့်လိုက်ကြပါ။

ခေတ်တစ်ခေတ်ရဲ့အကူးအပြောင်းမှာ ကျန်နေခဲ့ချင်သူတွေ နဲ့ ဆက်ပြီးတိုးသွားချင်သူတွေ၊ သိပ္ပံပညာနဲ့ သဘာဝလွန်တို့ကို ပေါင်းစပ်ဖော်ပြထားတာတွေကို စိတ်ဝင်စားစရာ ဖြစ်အောင် တင်ဆက်ထားတာကို မင်းသား Johnny Depp ရဲ့ ကြောင်တောင်တောင်သရုပ်ဆောင်ချက်တွေနဲ့ ပိုမို အသက်ဝင်အောင်အားဖြည့်ထားတာကိုတွေ့ရမှာပါ။ အပြောင်းအလဲကိုလက်ခံသူတွေ လက်မခံသူတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ခေတ်ကြီးကတော့ ရှေ့ကိုဆက်နေဦးမှာပါပဲ။

#uploadbyshoonshoon
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️ Hereditary (2018)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/293

Review
------------

ဂရေဟမ်မိသားစုရဲ့ အိမ် ထောင်ဦးစီးဖြစ်တဲ့ အယ်လန်ဂရေဟမ်ကွယ်လွန်သွားပြီးနောက်မှာ သူ့ရဲ့သမီးဖြစ်တဲ့ အန်နီဂရေမ်တို့ မိသားစုဟာ ဘိုးဘွားဘီဘင်မျိုး ရိုးအစဉ်အဆက်ရှိတဲ့ ထိတ်လန့် စရာလျှို့ဝှက်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အန်နီဟာ ပုံစံငယ်လေးတွေ ဖန်တီးတဲ့ ပညာရှင်တစ်ယောက် ဖြစ်ပြီး ခင်ပွန်းသည် စတိဗ်၊ ပီတာနဲ့ ချာလီဆိုတဲ့သားနဲ့ သမီးရှိပါတယ်။ ဒီလိုနဲ့ အယ်လန်ကွယ်လွန် ပြီးနောက်မှာတော့ အန်နီတို့ မိသားစုဟာ သဘာဝလွန်အဖြစ်အပျက်တွေ ကြုံရပါတယ်။ ပီတာဟာ ပါတီပွဲတစ်ခုကို ချာလီနဲ့အတူသွားခဲ့ပြီး အဲဒီပါတီ ပွဲမှာ ဆေးခြောက်ပါတဲ့ ချော ကလက်တွေကို ချာလီစားမိပြီး နောက် ဓာတ်မတည့်ဘဲ အစာအ ဆိပ်သင့်ပါတော့တယ်။ အဲဒါနဲ့ ဆေးရုံကို မောင်နှမနှစ်ယောက် သွားရင်း ချာလီက အသက်ရှူမဝ ဖြစ်လာလို့ ကားထဲကနေ ခေါင်း ထွက်လေရှူရင်း ထိခိုက်မိတာ ခေါင်းပြတ်သွားခဲ့ပါတယ်။ ပီတာကလည်း ရူးကြောင်ကြောင်ဖြစ်နေတာမို့ မိဘတွေကို ဘာမှပြန်မပြောဘဲ ဒီအတိုင်း အိမ်ပြန်လာခဲ့ပါတယ်။

ချာလီသေဆုံး ပြီးနောက်မှာတော့ ပီတာဟာ ချာလီ သူ့အနီးအနားမှာပဲရှိနေသလို လိုနဲ့ ခြောက်လှန့်ခံရပါတော့တယ်။ အန်နီရဲ့ မိတ်ဆွေဂျုံးက ကွယ်လွန်သွားတဲ့ သူ့ရဲ့မြေးကိုဝိညာဉ်ခေါ် စကားပြောတဲ့အ ကြောင်းကို ပြောပြခဲ့ပြီး အန်နီကို လည်း လုပ်ကြည့်ဖို့ အကြံပြုခဲ့ပါ တယ်။ တစ်ညမှာတော့ အန်နီအိပ်မက်ဆိုးတွေမက်သလို ချာလီရဲ့ ဝိညာဉ်ဝင်ပူးခြင်းခံခဲ့ရပါတယ်။

ချာလီရဲ့ ဝိညာဉ်ဟာ နာ ကြည်းချက်တွေရှိနေတယ်ဆိုတာ အန်နီခံစားမိတဲ့အတွက် ချာလီရဲ့ ပုံဆွဲစာအုပ်ကို မီးရှို့ပစ်တဲ့အခါ အန်နီရဲ့ လက်တစ်ဖက်ပါ မီးလောင်ခဲ့ပါတယ်။ နောက်တော့ အခြေအနေတွေကို ဂျုံးကိုပြောပြ ပြီး အကြံတောင်းဖို့လုပ်ခဲ့ပေမယ့် ဂျုံးကို ဘယ်မှာမှ ရှာမတွေ့တော့ပါဘူး။ အဲဒါနဲ့ အိမ်ထဲမှာ ဟိုသည် လျှောက်ရှာရင်း ထူးဆန်းစွာနဲ့ သူ့ မိခင်အယ်လန်နဲ့ ဂျိုးတို့ အဆက် အစပ်ရှိတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့သလို အိမ် ထပ်ခိုးမှာလည်း အယ်လန်လို့ ယူဆရတဲ့ အလောင်းတစ်လောင်း ရှာတွေ့ခဲ့ပါတယ်။

အယ်လန်နဲ့ ဂျုံးက ဘယ်လို အချိတ်အဆက်တွေရှိနေတာလဲ။ ဂရေဟမ်မိသားစုရဲ့ ဆွေမျိုးအ စဉ်အဆက် လျှို့ဝှက်ချက်က ဘာ ဖြစ်မလဲ။ တစ်မိသားစုလုံး အ ခြောက်အလှန့်တွေ၊ ထိတ်လန့် စရာတွေ ကြုံနေရတဲ့ အန်နီနဲ့ မိသားစုတွေ ဘယ်လိုအခြေအနေ နဲ့ အဆုံးသတ်မှာလဲဆိုတာ ထိတ်လန့်သည်းဖိုရင်း ဆက်ကြည့် လိုက်ဦးနော်။ ပါဝင်သရုပ်ဆောင်ထားသူ တွေက အန်နီ ဂရေဟမ်အဖြစ် တိုနီကော်လက်၊ ပီတာအဖြစ် အဲ လက်စ်ဝုဖ်၊ ချာလီအဖြစ် မစ်လီ ရှာပီရို၊ စတိဗ်အဖြစ် ဂက်ဘရီ ယယ်ဘန်း၊ ဂျုံးအဖြစ် အန်းဒိုးဒ် တို့ ဖြစ်ပါတယ်။

#uploadbykevinaris
Please open Telegram to view this post
VIEW IN TELEGRAM
Forwarded from Horror Movie 🇲🇲
❗️❗️❗️❗️❗️Sweeney Todd: The Demon Barber of Fleet Street (2007)

IMDB ( 7.3 )

📱 Channel အရင် Join ပါ
https://t.me/+fdoM7RwLwQM2YTY1

📱 ဇာတ်ကား Link
https://t.me/c/2177896296/305

Review
------------

Big Fish of Charlie and the Chocolate Factory တို့လို Narrator လန်းလန်းနဲ့ ရုပ်ရှင်တွေ Edward Scissorhands, Sleepy Hollow, Dark Shadows တို့လို Gothicဆန်ဆန်ရုပ်ရှင်တွေ အရိုက်များတဲ့ Tim Burtonကို အားလုံး ရင်းနှီးပြီးသားဖြစ်မှာပါပဲ။ Sweeny Todd ကလည်း သူ့ရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုပါပဲ။ သူ့ဟန်ဖြစ်တဲ့ Gothic ဟန်ကို အပြည့်အဝပုံဖော်ထားတဲ့အပြင် သူ့ရုပ်ရှင်တွေနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်တွေဖြစ်တဲ့ သူ့ရုပ်ရှင်တွေမှာမကြာ မကြာတွဲလျက်ပါတတ်တဲ့ အလိုက်ဖက်ဆုံအတွဲ Johnny Deep နဲ့Helena Bonham Carterကို သုံးထားတယ်။ ဒီလိုရုပ်ရှင်မျိုးတွေက Johnny Deepရဲ့ Typeလို့ ပြောလို့လောက်အောင် Johnnyနဲ့ ဇာတ်ကောင်ဟာ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ Sweeney Toddဟာ Musical အမျိုးစားကိုမှ သွေးသံရဲရဲတွေ မှိုင်းညှို့တဲ့အမှောင်ဆန်တဲ့လမ်းတွေ အဆောက်အဦးတွေ၊ Gothic ဆန်ဆန်ဇာတ်ကောင်တွေနဲ့ လန်ဒန်ရဲ့ အမှောင်ဘက်ခြမ်းကို ပုံဖော်ထားတဲ့ Horrorရုပ်ရှင်ပါ။ Musical Horrorလို့ဆိုပါတယ်။ ရုပ်ရှင်အစအဆုံး စကားပြောခန်းမရှိသလောက် ရှားပါ
တယ်။ ဇာတ်ကောင်တွေဟာ ပြောချင်တဲ့ စကားတွေကို အော်ပရာဆန်ဆန် သီချင်းလုပ် ဆိုပြီးပြောကြတယ်။ Musical နဲ့ Horrorကို ရောထားတဲ့ ထူးခြားတဲ့အရသာကို ပေးအပ် ထားတယ်။

ဟိုးရှေးရှေးတုန်းက လန်ဒန်မှာ ဘင်ဂျမင်ဘိတ်ကာဆိုတဲ့ နာမည်ကျော် ဆံသဆရာလေးတစ်ယောက်ရှိခဲ့တယ်။သူ့ဇနီးလူစီရယ် သူ့အချိန်တစ်ခုမရောက်ခင်အထိတော့ သမီးလေးဂျိုအန်နာရယ်နဲ့ သူ့ဘဝရဲ့ နေရယ်သာတဲ့ နေ့ရက်နေ့တို့ဟာ တောက်လို့ပလို့ပါပဲ။ တစ်နေ့မှာတော့ ဆိုးယုတ်တဲ့ တရားသူကြီး တာပင်ဟာ လူစီလေးရဲ့ အလှကိုတပ်မက်ရာကနေ ဘိတ်ကာကို အမှုဆင်ထောင်ချပြီး ဘိတ်ကာရဲ့ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေကို အဆုံးသတ်ပစ်လိုက်တယ်။ ဆံသဆရာကလေးဟာ ထောင်အချခံခဲ့ရပြီး ၁၅နှစ်အကြာမှာတော့ လန်ဒန်ကိုပြန်ရောက်လာခဲ့တယ်။ သူ့အိမ်ရှိရာ ဖလိဒ်လမ်းဟာ ဟိုအရင်လို ပြာရီဝင်းပနေတဲ့ တိမ်တွေ၊ရောင်စိုတောက်ပနေတဲ့နေရာတွေ စုတည်ရာနေရာတစ်ခု မဟုတ်တော့ဘူး။ အစာရှာနေတဲ့မြေကြွက်တွေ ၊ နူနာနေတဲ့သူဆင်းရဲတွေ ၊ ဒုစရိုက်သမားတွေ ပြန့်ကျဲနေတဲ့ မှုန်ရီမှိုင်းပြညစ်ထေးတဲ့ အမှောင်လောကနေရာတစ်ခု ဖြစ်နေခဲ့ပြီ။ သူ့ဇနီးဟာ အဆိပ်သောက်သတ်သေသွားခဲ့သလို၊ သူ့သမီးဟာလည်း သူ့ရန်သူ တရားသူကြီးမွေးစားခံခဲ့ရပြီး သူ့ကိုတောင်မသိတော့ဘူး။

ရက်စက်တဲ့လောကရဲ့ လှိုက်စားမှု ဒဏ်ကိုခံခဲ့ရတဲ့ သူကလည်း အရင်က သူထပ်မဟုတ်တော့ဘူး။ သူဟာ ဘင်ဂျမင်ဘိတ်ကာမဟုတ်တော့တဲ့ ဆီးနီတော့ဒ်ဖြစ်လာခဲ့ပြီ။ သူဟာ ဆွီးနီတော့ဒ်ရဲ့ ဆံသဆိုင်ကို ဖွင့်ခဲ့တယ်။ အတော်ဆုံးဆံသဆရာဖြစ်တဲ့ သူ့ဆိုင်ကို လူတွေကတော့ ဝင်လာမစဲတသဲသဲပါပဲ။ သတိထားမိရင်တော့ ဆံသဆိုင်ကို ဝင်သွားကြတဲ့သူတွေဟာ ဘယ်တော့မှ ပြန်ထွက်မလာကြတော့ဘူးဆိုတာ တွေ့ကြမှာပဲ။ သူ့ဆံသဆိုင်အောက်ထပ်က ပိုင့်မုန့်ဆိုင်ရဲ့ မီးခိုးခေါင်းတိုင်ကတော့ လူတွေဟာ ညှော်နံ့တွေ ရနေကြတယ်။ အချိန်တစ်ခု မတိုင်ခင်အထိပေါ့။ သို့ပေမဲ့ အချိန်တစ်ခုရောက်လာတဲ့အခါမှာတော့....

#uploadbyhoshiko
Please open Telegram to view this post
VIEW IN TELEGRAM