72.7K subscribers
21K photos
1.47K videos
250 files
8.33K links
Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
ကျိုက်ထိုမြို့နယ်အတွင်း အမက ကျောင်းအုပ်ဆရာမကြီးအား သတ်ဖြတ်ခဲ့သည့်  အကြောင်းအရင်း အမှန်

ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး အား အကြမ်း ဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင် သွားပြီး မကြာမီအချိန်ကင်ပွန်းချောင်းငှက်ပျောတောလမ်းဘေးတွင်သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။
ကျောင်းအုပ်ဆရာမကြီးအား အကြမ်း ဖက် PDF များမှ ဖမ်းစီးခေါ်ဆောင်သွား ကြောင်း သတင်းရရှိသည်နှင့် နယ်မြေခံလုံခြုံရေးအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အချိန်မမီလိုက်ပဲ အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးလိုက်ရပါသည်။
၎င်း သတင်းနှင့်ပတ်သက်၍ ဆက်လက်ခြေရာခံ စုံစမ်းခဲ့ရာ ယမန်နေ့ကအသတ်ခံရသောကျောင်းဆရာမမှာ ယခင်က NLD ပါတီအမာခံထောက်ပို့ဖြစ်ပြီး အသတ်မခံရမှီ ၁ ရက်အလိုတွင် ရွာထဲမှာအခြေပြုနေသော သူငယ်ချင်းဟောင်း CDM တောခိုနှင့်အကြမ်းဖက်အဖွဲ့အားတွေ့ဆုံစကားပြောကြားခဲ့သေး
ကြောင်း၊  CDM ဦးဆောင်သောတောခိုအကြမ်းဖက်များ၏ တည်နေရာကို ၎င်းကိုယ်တိုင်သိရှိထားခြင်း၊ယခင်ထောက်ပို့ အလုပ်ကိုမလုပ်လိုကြောင်းငြင်းဆိုခဲ့ခြင်းတို့ကြောင့် နှုတ်ပိတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

မြန်မာပြည်သူများအတွက် သတင်းအမှန်များကိုသာ PAN Media မှ တင်ဆက်ပေးနေပါသည်။

#PAN
ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ဆန့် ကျင်တဲ့ နိုင်ငံခြောက်နိုင်ငံက ရုရှားနဲ့ ပူးပေါင်း

ဖေဖော်ဝါရီ ၂၄

     ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သော ယူကရိန်းတွင် စစ်ပြုမှုများ အဆုံးသတ်ရန်နှင့် ရုရှား၏ တပ်ဖွဲ့များကို ရုပ်သိမ်းရန် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှ မဲခွဲဆုံးဖြတ်ခဲ့ကြသည့် ကုလသမဂ္ဂအထွေထွေညီ လာခံ ဆုံးဖြတ်ချက်တွင် ခြောက်နိုင်ငံက ရုရှားနှင့် ရပ်တည်ခဲ့ကြသည်။

    ဘီလာရုစ်၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရစ်ထရီးယား၊ မာလီနှင့် နီကာရာဂွာနိုင်ငံတို့သည် အဆိုပါ ကြေညာ ချက်ကို ဆန့်ကျင်ရာတွင် ရုရှားနှင့် ပူး ပေါင်းခဲ့သည်။

     အဆိုပါ ဆုံးဖြတ်ချက်သည် ရုရှားအား ယူကရိန်းမှ ထွက်ခွာရန် တွန်းအားပေးခြင်း မရှိသော်လည်း မော်စကို၏ ကျူးကျော်မှုကို ဆန့်ကျင်သည့် နိုင်ငံ တကာ ပြစ်တင်ရှုတ်ချခြင်းကို ကိုယ်စားပြုပါသည်။

      ရုရှား၏ယူကရိန်းနယ်မြေများ သိမ်း ပိုက်မှုကို ရှုတ်ချသည့် အောက်တိုဘာ လ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့သည့် နိုင်ငံလေးနိုင်ငံမှ မဲသည် အနည်း ငယ် တိုးလာခြင်းဖြစ်သည်။ ထိုအချိန်တွင် မာလီနှင့် အီရီထရီးယားတို့က မဲမပေးဘဲနေခဲ့သည်။

      အဆိုပါ ဆုံးဖြတ်ချက်ကို ဆန့်ကျင်သည့် ခြောက်နိုင်ငံသည် ရုရှားနှင့် စစ်ရေးအရ နီးကပ်စွာ ဆက်ဆံမှု ရှိခဲ့ကြပါ
​သည်။ ဘီလာရုစ်မှ အဆိုပြုထားသော ပြင်ဆင်ချက်များသည် ဆုံးဖြတ်ချက် ၏ဘာသာစကားအများစုကို ဖယ်ရှားလိုက်သော်လည်း သိသိသာသာ ရှုံးနိမ့်သွားခဲ့သည်။

     ကြာသပတေးနေ့တွင် မဲခွဲဆုံးဖြတ်ရာတွင် ကြားနေခဲ့သည့် နိုင်ငံများမှာ တောင်အာဖရိက၊ တရုတ်နှင့် အိန္ဒိယတို့ ဖြစ်ကြသည်။

    ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kulebaက ၁၄၁-၇ မဲဖြင့်အနိုင်ရခဲ့ပြီး ယူကရိန်းအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ခံမှုကို ကိုယ်စားပြုသည်ဟု ပြောကြားခဲ့သည်။

    ဒီမဲပေးမှုက ယူကရိန်းဘက်ခြမ်းမှာ မရပ်တည်ဘူးဆိုတဲ့ အကြောင်းပြချက်ကို ကမ္ဘာလုံးဆိုင်ရာ တောင်ဘက်ခြမ်းက ဖီလာမှာ မဟုတ်ဘူး” ဟု Kuleba က ဆိုသည်။ လက်တင်အမေရိက၊ အာဖရိကနှင့် အာရှတို့ကို ကိုယ်စားပြုသည့် နိုင်ငံအများအပြားက ထောက်ခံမဲပေးခဲ့ကြသည်။
   ယနေ့ သောကြာနေ့တွင် ရုရှားစစ်တပ်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သည့် တစ်နှစ်ပြည့်သည့်နေ့ ဖြစ်ပါသည်။ စစ်ပွဲသည် နှစ်ဘက်စလုံးတွင် သောင်းနှင့်ချီ သေဆုံးခဲ့ပြီး ယူကရိန်းမြို့ကြီးတစ်ခုလုံးကို ဖြိုဖျက်ကာ ကမ္ဘာတစ်ဝှမ်း အစားသောက်နှင့် လောင်စာဆီ စျေးနှုန်းများ မြင့်မားလာစေပါသည်။

https://www.foxnews.com/politics/six-countries-join-russia-opposing-uns-resolution-peace-ukraine

#PAN
Breaking News

ဖေဖော်ဝါရီ ၂၄

ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းမြို့နယ်၊ခမောက်ကြီးမြို့အနီး အကြမ်းဖက်
PDFနှင့်ကော်သူးလေးအာမီစခန်းချနေရာ ဝိုင်ဒင်းကျေးရွာသို့ တပ်မတော်လှုပ်ရှားစစ်ကြောင်းတည်ရှိရာ အေးမြ သာယာကျေးရွာမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် pdfများကျဆုံး/ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူများအားဝိုင်‌ဒင်းကျေးရွာတစ်ဖက်ကမ်းထိုင်းနိုင်ငံကရဘူရီမြို့နယ်၊ကျော့မဲကျေးရွာဆီအုန်းတောအတွင်း၌ ဆေးကုသပေးလျက်ရှိကြောင်းသတင်းရရှိ

#PAN
မော်လမြိုင်ကျွန်းမြို့နယ်၊ လ္ဘက်ရည်ဆိုင်တွင် အရပ်သားပြည်သူများအား အကြမ်းဖက် pdf များက သေနတ်ဖြင့် ပစ်ခတ်ခဲ့

ဖေဖော်ဝါရီ ၂၄

ယနေ့ နေ့လည် ၁၂ နာရီ ၅ မီးနစ် အချိန်ခန့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့မ(၁၀)ရပ်ကွက် ဗိုလ်ချုပ်လမ်း နဘေးရှိ Happy လဘက်ရည်ဆိုင်တွင် ဦးကျော်တင်ဦး (၁၂ရပ်ကွက် )၊ဦးဇော်ဝင်း(၉ ရပ်ကွက်) ၊ဦးမြင့်နိုင်(စော်ကဲချောင်းကျေးရွာ) တို့ (၃)ဦး လဘက်ရည်ဆိုင် ထိုင်နေစဥ်အကြမ်းဖက် pdf ၂ဦး ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး သေနတ်ဖြင့် (၄)ချက်ခန့်ပစ်ခတ်ခဲ့ရာ ဦးကျော်တင်ဦး ၏ ဆီးခုံ နှင့် နောက်ကျောကုန်း တို့အား (၂)ချက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဦးကျော်တင်ဦးကို ဆေူရုံသို့ အမြန်ဆုံးပို့ဆောင်ရာ  ညနေ ၄ နာရီခန့် တွင် ပုသိမ်မြို့ အမှတ်(၄)စစ်ဆေးရုံ သို့ ကောင်းမွန်စွာ ရောက်ရှိ သွားကြောင်းသိရှိရပါ သည်။
လာရောက်ပစ်ခတ်သူ အကြမ်းဖက် pdf များမှာ ပစ်ခတ်ပြီး မြစ်ကမ်းနားဘက် ထွက် ပြေး၍ ဆိုင်ကယ်ထားခဲ့ပြီးစက်လှေ Speed boat နှင့်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

#PAN
ပြည်သူတို့၏ ဒုက္ခ

၂၄ - ၂ - ၂၀၂၃

ကချင်ပြည်နယ်၊ မဘိမ်းမြို့နယ်၊စီပိန်းကျေးရွာအုပ်စု၊စီပိန်းကျေးရွာတွင်အိမ်ခြေ ၁၉၂အိမ်ရှိ

ယမန်​နေ့က တစ်အိမ်ထောင်လျှင် ခုနှစ်သောင်း ကျပ်နှုန်းနဲ့ kiaမှ ဆက်ကြေး ကောက် ခံခဲ့ကြောင်း

#PAN
စာရင်းဇယားတွေအရ စစ်ကိုင်းတိုင်းဒေသကြီးဟာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးက ဒုတိယအများဆုံး ဖြစ်ပါ တယ်။

သေဆုံးခဲ့ကြရတဲ့ ကလေးငယ် အများစုဟာ နိုင်ငံရေး အရောင်အသွေး မတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲtတ်ဖြတ်လို့အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံအကြမ်းဖက် တွေလက်နက်စမ်းသပ်ရင်း ကျေးရွာတွေထဲကို ရမ်းသမ်း ပစ်ခတ်လို့၊ ကျေးရွာ မီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိ ပစ်ချလို့ သေဆုံးခဲ့ ကြရတာ အများစုဖြစ်ပြီး၊ PDF အမည်ခံအကြမ်းဖက် တွေ အကြမ်းဖက်မှု ဆောင်ရွက်ဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို ဓားစာခံအဖြစ်
အသုံးချတဲ့အတွက် သေဆုံးခဲ့ကြ ရတဲ့ဖြစ်စဉ်များလည်း ပါဝင်နေပါတယ်။
ရွေးကောက်ပွဲ၊ တည်ငြိမ်အေးချမ်းရေး၊ ကုန်စျေးနှုန်းကျဆင်းရေး
တို့သည် ပြည်သူလူထု လိုလားချက်
အမှန် ဖြစ်ပါကြောင်း PAN သတင်း
ဌာနမှ ထပ်ဆင့် တင်ပြအပ်ပါသည်။

PAN
သိန္နီမြို့နယ်၊ပန်းတီးကျေးရွာအနီး ဂတ်(စ်)အိုး တင်ဆောင်လာသည့် ကား နှင့် အခြားယာဉ်တစ်စီးတို့ တိုက်မိ မီးလောင်မှု ဖြစ်ပွား

ဖေဖော်ဝါရီ ၂၄

ယနေ့ နံနက် ၁၀ နာရီအချိန်ခန့် ရှမ်းပြည် နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်၊ပန်းတီးကျေးရွာအနီးတွင် ယာဥ်မောင်း စိုင်းကျော်သူ အသက် ၃၅ နှစ် (အဘ) ဦးအိုက်လိုင်း ကုန်းညောင်ကျေးရွာ၊သိန္နီမြို့နယ်နေသူ ယာဥ်အမှတ် MDY 6K/9136 HINOယာဥ်သည် သိန္နီဘက်သို့ မောင်းနှင်လာစဥ် မိုင်တိုင်အမှတ်မိုင်တိုင်အမှတ်(၂၁/၆) အရောက်တွင် သိန္နီဘက်မှ ကွမ်းလုံဘက်သို့ ဂက်စ်အိုးများတင်ဆောင်လာသော ယာဥ်မောင်း အောင်မျိုးထွန်း မောင်းနှင်လာသည့် ယာဥ်အမှတ် 1N/ 4752 NISSAN အဝါရောင် ခြောက်ဘီးယာဥ်တို့ မျက်နှာချင်း ဆိုင်တိုက်မိပြီး ခြောက်ဘီးယာဥ်ပေါ်မှ ဂက်စ်အိုးများပြုတ်ကျ မီးလောင်ရာမှ ယာဥ်နှစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ပါသည်။
အဆိုပါ ယာဥ်မတော်တဆမှုကြောင့် မီးလောင်ပျက်စီးရာတွင် လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းနှင့် ယာဥ်မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဥ်မောင်းများအား အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

#PAN
မတ္တရာမြို့နယ်အတွင်း အသက် ၇၁ နှစ်အရွယ် အပြစ်မဲ့ပြည်သူ တစ်ဦးအား အကြမ်းဖက် pdf များက သတ်ဖြတ်

ဖေဖော်ဝါရီ ၂၄

ယနေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ပန်းယျကျေးရွာဘအုပ်စု၊ပန်းယျကျေး ရွာနေ အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးသောင်းဟန်၊၇၁နှစ်၊(ဘ)ဦးဘို သည်သားဖြစ်သူထံ ဟင်းသွားပို့စဥ် ပန်းယျ - တုန်ကုန်းကျေးရွာချင်းဆက်လမ်းပေါ်တွင် အကြမ်းဖက်သမားများက သေနတ်ပစ်ခတ်ခဲ့ရာ ဦးသောင်းဟန်တွင် ဝဲ ဘက်နားအောက် နားထင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါ သည်။
အကြမ်းဖက် pdf များသည် အသက် အရွယ်ကြီးရင့်သူများကိုပင် အလွတ်မပေးဘဲ မင်းမဲ့စရိုက်ဆန်စွာ ဥပဒေမဲ့သတ်ဖြတ်နေခြင်းများ ထေရဝါဒဗုဒ္ဓ ဘာသာနိုင်ငံဟု ပြောရမည်ကိုပင် အလွန်ပင်ရှက်ဘို့ကောင်းကြောင်း တွေ့မြင်နေရပါသည်။

#PAN