76.4K subscribers
24.1K photos
1.72K videos
250 files
10K links
တိကျမှန်ကန် PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး အား အကြမ်းဖက် PDF များမှ ဖမ်းစီးခေါ်ဆောင် သတင်းဆက်
**********
ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း အရှေ့တောင်ဘက်ရှိ တကေးချောင်းဖျားရွာ အမက ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ဦး အား အကြမ်းဖက် PDF များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး မကြာမီအချိန်အတွင် သဋ်ဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
နယ်မြေခံလုံခြုံရေးအဖွဲ့များမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့သော်လည်း အချိန်မမီလိုက်ပဲ အကြမ်းဖက်သမားများ၏ သဋ်ဖြတ်ခြင်းခံရပြီး အသက်ဆုံးရှုံးလိုက်ရကာ ပညာရေးဝန်ထမ်းကောင်းတစ်ဦး ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။
အကြမ်းဖက်သမားတို့၏ လုပ်ရပ်အရ စာမေးပွဲဖြေနေသော ကာလအတွင်း ကလေးများ၏အနာဂတ်ဖျက်ဆီးရာ ရောက်သကဲ့သို့ ပညာရေးဝန်ထမ်းတစ်ဦးအား လူမဆန်စွာ သဋ်ဖြတ်ခဲ့ခြင်းမျိုးလည်း ဖြစ်ပါသည်။

PAN
မင်းတုန်းမြို့နယ်အတွင်း အုပ်ချုပ်ရေးမှူးတစ်ဦးအား အကြမ်းဖက် PDFများက ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်

ဖေဖော်ဝါရီ ၂၃

           ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းတုန်း မြို့နယ်၊ဝက်ကော်ကျေးရွာအုပ်စု၊ ဝက်ကော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦမြင့်အောင် အသက် ၅၉နှစ် အား အကြမ်း ဖက် pdf ၄ဦး ဆိုင်ကယ်နှစ်စီး မောင်းပြန် သေနတ် ၃ လက် နှင့်လာရောက်ပြီး ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်ပြီး ၁မိုင်ခန့်အကွာ ရှိ ဆင်ဖြူတောင်ကျောတွင် လည်ပင်းအား ဓားနှင့်လှီး သတ်ဖြတ်သွားကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက် pdf များ ဂျီနီဗာ ကွန်ဗင်းရှင်းပါ နိုင်ငံတကာဥပဒေများကို ဖောက်ဖျက်ပြီး လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်နေသည်မှာ အများအပြားဖြစ်ပေါ်နေသော်လည်း နိုင်ငံ တကာမှ မသိကျိုးကျွန်ပြု၍ ပြည်ဖျက်မီဒီယာများမှတစ်ဆင့် မဟုတ်မမှန် သတင်းများဖြင့် ဗြောင်လိမ်ပြီး မြန်မာပြည်သူသာမက ကမ္ဘာ့လူထုကြီးကိုပင် မှိုင်းတိုက် ဝါဒဖြန့်နေသည်မှာ အလွန်ရွံရှာ စက်စုပ်ဖွယ်ကောင်းလှပါသည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဟု ပြောရမည်ကိုပင် အလွန်ရှက်ဖွယ်ကောင်းလှပါသည်။


#PAN
ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက် PDFအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရသေဆုံး

ဖေဖော်ဝါရီ ၂၃

      ယနေ့ ညနေ  ၄ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ညောင်ပင်ကြီးကျေးရွာ သို့ အကြမ်းဖက် pdf များက ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူတို့မှာ မတူး (၆၅) နှစ် (ဘ) ဦးကျောက်ဖြူ၊ လယ်လုပ်သူ ၊ညောင်ပင်ကြီးရွာသစ်နေသူ(သေဆုံး) ၊ မသူဇာနွယ် (၃၅)နှစ်(ဘ) ဦးစိုးသိန်း၊လယ်လုပ်သူ၊ ညောင်ပင်ကြီးရွာသစ်နေသူ (သေဆုံး)တို့ဖြစ်ကြောင်းနှင့်  ဒဏ်ရာရရှိသူ မဖြူသွယ်နှင်း (၃၂) နှစ် (ဘ) ဦးပန်းကျော်၊ လယ်လုပ်သူတွင် ဘယ်ဘက်နံရိုးအောက်ဘေးပေါက်ဝင် အစထိမှန် ပေါက်ထွက် (၁) ချက်၊ ညာဘက် ပုခုန်း (၂) ချက်(မစိုးရိမ်ရ) အား ကျေးရွာသူ/သားများမှ ကျေးရွာ ဘုန်းကြီးကျောင်း မော်တော်ယာဉ်  Wish အမျိုးအစား အဖြူရောင် BGO
RLG / 1263 ရွှေကျင်မြို့၊ ကျွဲတဲရပ်ကွက်ရှိ ကုတင် (၁၀၀) ပြည်သူဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိပါသည်။
သေဆုံးသူများကျေးရွာမှမီးသဂြိုလ်ပြီးစီးသွားသည်အထိ ရွာတွင်း Pdf 20ဦးခန့်ရှိနေသောကြောင့် သေဆုံးသူတို့၏ဓာတ်ပုံများ ရိုက်ခွင့်မရခဲ့ကြောင်း
သိရှိရပါသည်။

#PAN
ညောင်ဦးမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူတစ်ဦး အကြမ်းဖက် PDF များက သေနတ်ဖြင့် ပစ်သတ်ခဲ့

ဖေဖော်ဝါရီ ၂၃

      ယနေ့ ညနေ  ၅ နာရီ ၁၅ မီးနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ၊ ရွှေကျင်မြို့နယ်၊ညောင်ဦးမြို့နယ်၊လက်ထုပ်ကျေးရွာအုပ်စု၊လက်ထုပ်ကျေးရွာနေ ဦးအောင်မိုးလွင်၊၅၃နှစ်၊(ဘ)ဦးဘကြည်၊(ကျေးရွာမီးလင်းရေးကော်မတီ၊မီတာခကောက်ခံရေးတာဝန်ခံ)သည် နေအိမ်ဝိုင်းအတွင်း ဆီကြိတ်နေစဥ် pdf အကြမ်းဖက်သမား ၂ဦး၊ဆိုင်ကယ် ၁စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးအောင်မိုးလွင်တွင် ဦးခေါင်းအောက်ဂျိုစောင်းဖောက်ဝင်ဒဏ်ရာ ၂ချက်၊ယာဘက်ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နှာခေါင်းဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဆီးခုံဘေး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက်ပုခုံး ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ဝဲဘက်နားတွင်း ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

#PAN
တိုင်း​ဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်ခြင်း

ဖေဖော်ဝါရီ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ်၊ ၂၅ / ၂၀၂၃ ဖြင့် ၁၃၈၄ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်)တွင် တိုင်း​ဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများခန့်အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN
မြန်မာအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများကိုရုရှားနိုင်ငံသို့အဝင် ၆လဗီဇာခွင့်ပြု

ရုရှားနိုင်ငံအစိုးရမှ မြန်မာနိုင်ငံအပါအဝင် ၁၉ နိုင်ငံမှ နိုင်ငံသားများအား ရုရှားနိုင်ငံတွင်းသို ဝင်ရောက်ခြင်းနှင့်နိုင်ငံတွင်းမှ ပြန်လည်ထွက်ခွာ ခြင်းလုပ်ထုံးလုပ်နည်းများဆိုင်ရာ ဖက်ဒရယ်ဥပ ဒေပုဒ်မ ၂၅ အရ ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် ရုရှားနိုင်ငံသို့လာရောက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

ထိုသို ၆ လသက်တမ်းရှိ ခရီးသွားဗီဇာဖြင့် လာရောက်ခွင့်ပြုခြင်းအား ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ဖေဖော်ဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

PAN
မကွေးတိုင်းဒေသကြီး
ပခုက္ကူ မြို့နယ်၊
ပေါက်တော အုပ်စု
ချမ်းသာကြီးရွာ၊
ငွေသောင်ရွာတွေမှာ
ပြီးခဲ့တဲ့လက pdf တွေ
အင်အားအများအပြားနဲ့
ရွာကိုဝိုင်းပြီး
တစ်ရွာလုံး
တစ်ယောက်မကျန်
အစည်းဝေးတတ်ရမယ်လို့
တစ်အိမ်ဆင်း
တစ်အိမ်တတ်နှင့်
သေနတ်ပြကာ လိုက်လံ
ဖိတ်ကြားခဲ့ပါတယ်

အဲဒီအစည်းဝေးပွဲမှာ
အသက်(၁၈)နှစ်မှ
(၃၅)နှစ်အတွင်း
ကျေးရွာလုံခြုံရေး
အတွက်ဆိုပြီး
သေနတ်ပစ် သင်တန်းနဲ့
ဗုံးခွဲ သင်တန်း မဖြစ်မနေ
တတ်ဖို့ လိုက်ရမယ်လို့
ကြိမ်းမောင်း ခြိမ်းခြောက်
ပြောဆို ခဲ့ကြပါတယ်

ချမ်းသာကြီးရွာမှ
(၆၀)ယောက်ခန့်
ငွေသောင်ရွာမှ
(၂၀)ယောက်ခန့်
အဲဒီသင်တန်းကို
သွားရောက်
တတ်ခဲ့ ကြပါတယ်

အခု့ pdf အကြမ်းဖက်သင်တန်းဆင်းတွေ
အဲဒီရွာတွေကို
ပြန်ရောက်နေကြပါပြီ

ရွာသူရွာသား
အားလုံးလည်း
ရွာမှာ
pdf ကြီးစိုးနေမှု့ကြောင့်
နေ့စဥ်ရက်ဆက်
စိတ်ဆင်းရဲ စိတ်ဒုက္ခ
ရောက်နေကြရပါတယ်

တပ်မတော်မှ
စစ်ကြောင်းဝင်ချိန်မှာ
pdf များမှ ပေါက် ဘက်ကို ထွက်ပြေးပြီး
စစ်ကြောင်း ပြန်လည်
ဆုတ်ခွာချိန်မှာ
ရိက္ခာစုပြီး တစ်အိမ်ကို
(၃)သောင်းကျပ် နဲ့.
ပိုက်ဆံရှိသူတွေဆိုရင်
(၅)သောင်းကျပ်
(၁)သိန်းကျပ်အထိ
ဆက်ကြေး
တောင်းခံလျှက်
ရှိပါတယ်

သေနတ်ပြ
တောင်းတာဆိုတော့
မထည့်ရင် အသက်ခံရမှာကို စိုးရိမ်လို့ နေ့စဥ်လိုလို
ရိက္ခာ အတွက်
ထည့်ဝင်ပေးနေရပါတယ်

ရွာခံ တွေ ဖြစ်တဲ့
pdf ခန့်ထားတဲ့
သူကြီး စိုးရွှေ
pdf ခေါင်းဆောင်
မောင်ဦး
ထောက်ပို့ ခေါင်းဆောင်
ဖိုးအော် တို့
ကျေးရွာလုံခြုံရေးဆိုပြီး
ရွာထဲ မှာ
ပုန်းအောင်းနေထိုင်လျက်
ရှိနေပါတယ်


ငွေသောင်ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးတင့်လွင်ကို လွန်ခဲ့သော(၆)လခန့်က
pdf တွေ လာရောက်
သတ်ဖြတ်သွားပါတယ်

လက်ရှိ ငွေသောင်ရွာနဲ့
ချမ်းသာကြီးရွာတွေမှာ
pdf ခေါင်းဆောင်က
ခန့်ထားတဲ့
အုပ်ချုပ်ရေးမှူးတွေလည်း
ရှိနေပါတယ်

ဟိုနေ့က ရွာဦးကျောင်းကို တပ်မတော် သားတွေ လာတယ်

တစ်ရွာလုံးက pdf တွေက
ဘယ်သူတွေပါဆိုတာ
သိပေမယ့်လည်း
မပြောရဲကြဘူး

ဘာလို့လဲ ဆိုတော့
ဒလန်လုပ်ရင် တစ်မိသားစုလုံးသတ်မှာဆိုပြီး
သူတို့ အစည်းအဝေးလာ
လုပ်တုန်းက ပြောသွားတယ်


pdf ခန့်
ငွေသောင်ရွာလူကြီး က စိုးရွှေ
pdf အဖွဲ့ ခေါင်းဆောင်ကမောင်ဦး
pdf. ထောက်ပို့ က ဖိုးအော်
အဲဒီသုံးယောက်က ခေါင်းဆောင်တွေဖြစ်ပါတယ်
အဲဒီလူတွေအားလုံး
ငွေသောင်ရွာကပါ

တပ်မတော်သားတွေ
ရွာကိုရောက်လာရင်
နယ်ခံ မပါတာက တစ်ကြောင်း.  ရွာသူရွာသားတွေကလည်း
မပြောရဲတာကတစ်ကြောင်း...
စစ်ကြောင်းလာမယ်ဆိုရင်
(၂ )ရက် အလိုကတည်းက
ကြိုတင်
သတင်းပေါက်ကြားနေတဲ့ အတွက်ကြောင့်သူတို့ ရှောင်လို့ရနေကြောင်း
သတင်းရရှိပါသည်။

PAN
လှည်းကူးမြို့နယ်အတွင်း မိသားစုတစ်စုလုံး သတ်ဖြတ်ခဲ့သည့် တရားခံအစစ်

ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်၊၁/န (၄) လမ်းကွက်သစ်ရှိ မိသားစုတစ်စုလုံးကို  ဖေဖော်ဝါရီလ ၂၂ ရက် ည ၈ နာရီအချိန်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း၊ ငါးခြောက်၊ ပုစွန်ခြောက်အွန်လိုင်းရောင်းဝယ်သူ ဒေါ်စန်းနွဲ့၊ သားဖြစ်သူ ကိုမောင်မောင်၊ သမီးဖြစ်သူ မဝင်းနွယ်၊မဝင်းနွယ်၏သား အသက်သုံးနှစ်အရွယ်ကလေးနှင့် အိမ်သို့လာရောက်လည်ပတ်နေသူ အသက် ၈၅ နှစ်ရှိ ဦးလေးအပါအဝင် ငါးဦးသည် နေအိမ်ဧည့်ခန်းတွင် ထိုင်စကားပြောနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူ လေးဦးရောက် လာပြီး မိသားစုတစ်စုလုံး (၅)ဦးကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သတင်းများ ထုတ်ပြန်ထားကြပါသည်။

၎င်း သတင်းနှင့်ပတ်သက်၍ အစိုးရနှင့်နီးစပ်သော မီဒီယာများက pdf အကြမ်း ဖက်များက သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့သလို့၊ NLD, NUG ဘက်အနောက်ယိမ်း မီဒီယာဖြစ်သော ခေတ်သစ် မီဒီယာကလည်း ၎င်း ဖြစ်စဥ်တွင် အသတ်ခံရသည့် မိသားစုမှာ pdf မိသားစုဝင်​ကြောင်း၊ pdf ထောက်ပို့လုပ်နေခြင်းကြောင့် စစ်မှုထမ်းဟောင်းနှင့် ပျူစောထီးတို့က သတ်ဖြတ်ခဲ့ကြောင်း ပြန်သတင်းထုတ် ဝါဒဖြန့်လာပါသည်။

ထို့ကြောင်း ဒီသတင်းနှင့်ပတ်သက်၍ PAN မှ ၎င်း သတင်းကို ထဲထဲဝင်ဝင် လိုက်လံစိစစ်ကြည့်ခဲ့ပါသည်။

သတင်းအမှန်မှာ ၎င်းအသတ်ခံရသည့်မိသားစုသည် မွန်ပြည်နယ်၊သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေ ဝါးတော အမက မူလွန် ကျောင်း ဆရာ ဦးဝင်းစိုး၏ မိသားစုဖြစ်ကြောင်း၊ ဦးဝင်းစိုးသည် စစ်တပ်မှ အာဏာထိန်းပြီးနောက်ပိုင်း CDM လုပ်ပြီး KNU တပ်မဟာ ၁ နယ်မြေသို့ တောခိုသွားခဲ့ကြောင်း၊ KNU နယ်မြေတွင် သင်တန်းတက်ပြီးနောက် pdf အကြမ်းဖက်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်း CDM လုပ်၍ တောခိုသွားပြီးနောက်ပိုင်းတွင် ၎င်း၏ မိသားစုမှာလည်း သထုံမြို့တွင်နေထိုင်းခြင်းမပြုတော့ဘဲ မိဘများရှိရာ လှည်းကူးမြို့သို့ ပြောင်းရွှေနေထိုင်ခဲ့ကြောင်း၊ အခင်းဖြစ်သည့်နေ့တွင် အိမ်သို့အလည်အပတ်ရောက်နေသူ ဦးလေးဆိုသူမှာ သထုံမြို့မှဖြစ်ကြောင်း၊ ထိုပြင် သထုံမြို့မှ အလည်လာသော ဦးလေးဖြစ်သူနှင့် အတူပါသောအဖော်ဖြစ်သူ တစ်ဦးရှိသေးကြောင်း၊၎င်းအဖော်ပါလာသူမှာ အခင်း ဖြစ်ပွားစဥ် နောက်ဖေးသို့ ထွက်ပြီး ဖုန်းပြောဆိုနေစဥ် လွတ်သွားခဲ့ကြောင်း၊ ထိုအဖော်ဖြစ်သူမှာ ယခုအခါ သက်ဆိုင် ရာက စစ်ဆေးလျက်ရှိကြောင်း၊ ၎င်းအဖော်သည်လည်း pdf သတင်းပေး ဖြစ်နိုင်ကြောင်း၊ ထို့သို့ မိသားစုတစ်စုလုံးသတ်ဖြတ်ရခြင်း အကြောင်းအရင်းအမှန်မှာ CDM ကျောင်းဆရာ ဦးဝင်းစိုးမှာ pdf အကြမ်းဖက်အဖွဲ့ KNU နယ်မြေမှ လွန်ခဲ့သော အပါတ်ထဲကပင် ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို ထွက်ပြေးသွားသော CDM ကျောင်း ဆရာ ဦးဝင်းစိုးကို သစ္စာဖောက်ခေါင်းစဥ်ဖြင့် pdf အကြမ်းဖက်အဖွဲ့မှ ၎င်း မိသာစု တစ်စုလုံးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN