76.4K subscribers
24.1K photos
1.72K videos
250 files
10K links
တိကျမှန်ကန် PAN

Positive Angle News - PAN. Myanmar Local Media. PAN is the offical media. PAN media is used on online platforms such as YouTube, Telegram, TikTok , VK, Facebook and Viber Channel. Wellcome to PAN.
Download Telegram
ပဲခူးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်
**
(ပြည်တွင်း) နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ၍ ပဲခူးမြို့၊ မဟာတန်ဆောင်တိုင် မီးပုံးပျံ လွှတ်တင် ပူဇော်ပွဲအား နိုဝင်ဘာလ(၁၄) ရက်နေ့၊ ညပိုင်းက ရွှေမော်ဓောဘုရားလမ်း၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ပဲခူးတန်ဆောင်တိုင်ပွဲတော် စာတမ်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ၊ မြို့မိ/မြို့ဖများက တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ကြသည်။

တစ်ဆက်တည်း ပဲခူး ဟု စာတမ်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး(၁၅၀၀)နှင့် မီးပုံပျံအကြီး (၆)လုံးတို့အား စတင်၍ လွှတ်တင်ပူဇော်ခဲ့ကြသည်။

ထို့နောက် ပဲခူးတန်ဆောင်တိုင် မီးပုံးပျံလွှတ်တင် ပူဇော်ပွဲသို့ လာရောက်ကြသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များက တေးသီချင်း....

Webpage>>...
https://positiveanglenews.com/2024/11/15/ပဲခူးမြို့-တန်ဆောင်တိုင/

VK Link>>...
https://vk.com/wall-220066330_9278

Telegram»...
https://t.me/positiveanglenews

#PAN
ရွာငံမြို့နယ်ရှိ ဘီးခွန်ဂိတ်၊ မူးယစ်လှုပ်ရှားတပ်ဆွယ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အား အကြမ်းဖက် PDF အဖွဲ့ ဝင်ရောက်ပစ်ခတ်
********
(ပြည်တွင်း) နိုဝင်ဘာ ၁၅

ရှမ်း​ပြည်နယ်၊ ရွာငံမြို့နယ်ရှိ မြို့ဝင်/ထွက် ဘီးခွန်ဂိတ်တွင် ရွာငံမူးယစ် လှုပ်ရှား တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အကြမ်းဖက် PDF အဖွဲ့ ၏ပစ်ခတ်မှုကြောင့် ရဲမှူးအပါဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသွားကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ၁နာရီကျော်အချိန်ခန့်က ရွာငံမြို့နယ်ရှိ မူးယစ်တပ်ဖွဲ့ခွဲ(၂)၊တောင်ကြီးကွပ်ကဲမှုအောက်ရှိ ရွာငံမြို့နယ်၊ရွာငံမူးယစ် လှုပ်ရှားတပ်ဆွယ်ရုံးမှ တပ်ဖွဲ့ဝင်များ၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့၏ တောင်ဘက် ၇ဖာလုံခန့် အကွာ မြို့ဝင်/ထွက် ဘီးခွန်ဂိတ်တွင် ပိတ်ဆို့စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်.....

Webpage>>...
https://positiveanglenews.com/2024/11/15/ရွာငံမြို့နယ်ရှိ-ဘီးခွန/

VK Link>>...
https://vk.com/wall-220066330_9279

Telegram»...
https://t.me/positiveanglenews

#PAN
ညောင်ဦးမြို့နယ်တွင် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက် PDF များက သေနတ်သတ်ဖြတ်
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် ယနေ့နံနက် ၈ နာရီ ၂၅ မိနစ်အချိန်ခန့်က လူတစ်ဦးသေနတ် ပစ်ခတ်ခံရကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် အပစ်ခံရမှုကြောင့် ဦးကျော်မိုး၊ ၆၇ နှစ်၊ (ဘ)ဦးခင်မောင်၊တောင်သူ၊ တောပြားကျေးရွာ၊ ညောင်ဦးမြို့နေသူ(သမဝါယမစာရေး-ငြိမ်း)အား ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း အခင်းဖြစ်နေရာအနီးမှ USA 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ ခု၊9-MM Luger NRC စာတမ်းပါ ကျည်ခွံ ၂ ခု၊Win 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ ခုတို့အား တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူသည် ၁၄-၁၁-၂၀၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF များရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်....

Webpage>>...
https://positiveanglenews.com/2024/11/15/ညောင်ဦးမြို့နယ်တွင်-အရပ/

VK Link>>...
https://vk.com/wall-220066330_9281

Telegram»...
https://t.me/positiveanglenews

#PAN
ပုဂံနယ်မြေ၊ သီရိပစ္စယာရပ်ကွက်တွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွား
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ပုဂံနယ်မြေ၊ သီရိပစ္စယာရပ်ကွက်အ တွင်း မီးလောင်မှုဖြစ်ပွားကြောင်း သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၁၈ မိနစ်အချိန်ခန့်က သီရိပစ္စယာရပ်ကွက် သမဝါယမအသင်းပိုင် အဆောက်အဦးတွင် ငှားရမ်းနေထိုင်သည့် ဆိုင်ငှား ဦးဇော်ဝင်းမောင်၏ အခန်းတွင် ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ အနီးရှိထရံသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၃၅×၂၀ ပေ၊သွပ်မိုး၊ ထရံကာ ၁ထပ်၊ရပ်ကွက်သမဝါယမအသင်းပိုင် အဆောက်အဦး ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးဇော်ဝင်းမောင်အား ....

Webpage>>...
https://positiveanglenews.com/2024/11/15/ပုဂံနယ်မြေ၊-သီရိပစ္စယာရ/

VK Link>>...
https://vk.com/wall-220066330_9282

Telegram»...
https://t.me/positiveanglenews

#PAN
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် MSMEs စျေးရောင်းပွဲတော်အား နှစ်စဥ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လဲ ပိုမိုစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေပြီး တန်ဆောင်မုန်းလပြည့်ညတွင် လာရောက်အပန်းဖြေ ဆင်နွဲကြသူများ ကြက်ပျံမကျစည်ကားလျှက်ရှိကြောင်းသိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
#PAN
ရုရှားက SU-57 တိုက်လေယာဉ်ကို ကျူးဟိုင်လေကြောင်းပြပွဲ၌ ပြည်ပနိုင်ငံများသို့ ပထမဆုံးရောင်းချနိုင်
*******
(နိုင်ငံတကာ) နိုဝင်ဘာ ၁၅

တရုတ်နိုင်ငံ၌ကျင်းပနေသော ကျူးဟိုင်လေကြောင်းပြပွဲတွင် ရုရှားနိုင်ငံက SU-57 နောက်ဆုံးပေါ် တိုက်လေယာဉ်ကို ပြည်ပနိုင်ငံများသို့ ပထမဆုံးရောင်းချလိုက်နိုင်ကြောင်း သိရသည်။

ရုရှားနိုင်ငံမှ Rosoboronexport ကုမ္ပဏီက ပဥ္စမမျိုးဆက်တိုက်လေယာဉ်ဖြစ်သော SU-57 ကို ကျူးဟိုင် လေကြောင်းပြပွဲသို့ လာရောက်လေ့လာသော ပြည်ပနိုင်ငံများသို့ ရောင်းချလိုက်နိုင်ခြင်းဖြစ်သည်ဟု ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အလက်ဇန္ဒား မီခီယက် ကပြောသည်။

စစ်ဘက်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုစနစ်ကြောင့် စစ်လက်နက်ပစ္စည်းအသစ်များနှင့် စစ်သုံး ပစ္စည်းများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာနိုင်ခြင်းဖြစ်ပြီး SU-57 အတွက် ပထမဆုံးသော ပြည်ပတင်ပို့ ရောင်းချမှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း မီခီယက် ကပြော....

Webpage>>...
https://positiveanglenews.com/2024/11/15/ရုရှားက-su-57-တိုက်လေယာဉ်ကို/

VK Link>>...
https://vk.com/wall-220066330_9284

Telegram»...
https://t.me/positiveanglenews

#PAN
တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်ထောက်ပံ့မည့်အစီအစဉ်ကို နောက်တစ်ကြိမ်ပြန်စဉ်းစားနေရ
*******
(နိုင်ငံတကာ) နိုဝင်ဘာ ၁၅

တောင်ကိုရီးယားအစိုးရက ယူကရိန်းသို့ လက်နက်များထောက်ပံ့ပေးမည့် အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်စဉ်းစားနေရကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၌ ဒေါ်နယ်ထရမ့် က သမ္မတအဖြစ် ရွေးကောက်ခံပြီးနောက် ၎င်း၏မူဝါဒ ပြောင်းလဲလာ နိုင်မှုအပေါ် သုံးသပ်၍ တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်များထောက်ပံ့ပေးမည့် အစီအစဉ်ကို ပြန်လည် စဉ်းစားနေရခြင်းဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တောင်ကိုရီးယားသည် အမေရိကန်သမ္မတ ဘိုင်ဒင် လက်ထက်တွင် ယူကရိန်းသို့ လက်နက်များ တိုက်ရိုက် ထောက်ပံ့ပေးရန် စဉ်းစားထားခြင်းဖြစ်သည်။

ထိုသို့ ထောက်ပံ့ပေးမှုသည် တောင်ကိုရီးယားနိုင်ငံကို ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း တိုက်ရိုက်ပါဝင်ပတ်သက်သွားစေမည်ဖြစ်သည်။

သို့သော် တောင်ကိုရီးယားက ယူကရိန်းသို့ လက်နက်များ ......

Webpage>>...
https://positiveanglenews.com/2024/11/15/တောင်ကိုရီးယားက-ယူကရိန်/

VK Link>>...
https://vk.com/wall-220066330_9285

Telegram»...
https://t.me/positiveanglenews

#PAN
အင်္ဂလန်အသင်းလူစာရင်းမှ ကစားသမားရှစ်ဦးအထိ ဒဏ်ရာကြောင့်ချန်လှပ်ခဲ့ကြောင်း အက်ဖ်အေထုတ်ပြန်
*******
(အားကစား) နိုဝင်ဘာ ၁၅

နေရှင်းလိဂ်ပြိုင်ပွဲ ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ကစားသမားရှစ်ဦးအထိ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့ရကြောင်း အက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။

အင်္ဂလန်အသင်းက ပြီးခဲ့တဲ့လမှာ နည်းပြ ကာစလေ ကို ထုတ်ပယ်ပြီး နည်းပြ တူချယ်ကို အစားထိုးခဲ့ပြီးနောက် နေးရှင်းလိဂ်ပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးထိရွေးချယ်ထားခဲ့ပေမယ့် ယခုအခါ အဓိက ကစားသမားများဖြစ်တဲ့ အာနိုး၊ ဆာကာ၊ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ကိုဝဲလ် နဲ့ ရမ်ဒေးလ် တို့အပါအဝင် ကစားသမားရှစ်ဦးအထိ ဒဏ်ရာရရှိနေတာကြောင့် အသင်းလူစာရင်းမှ ချန်လှပ်ခဲ့ပြီး လူငယ်ကစားသမားများနဲ့ အစားထိုးခဲ့ရပါတယ်။

လက်ရှိတွင် နည်းပြ တူချယ် က အေဗီလာအသင်းမှ ကွင်းလယ်ကစားသမား ရော်ဂျာ၊ ဝက်စ်ဟမ်းအသင်းမှ တိုက်စစ်မှူး ဘိုဝင်၊ အဲဗာတန် ခံစစ်ကစားသမား ဘရန့်ဝိတ်၊ နယူးကာဆယ်အသင်းမှ လီဗရာ မန်တို.......

Webpage>>...
https://positiveanglenews.com/2024/11/15/အင်္ဂလန်အသင်းလူစာရင်းမ/

VK Link>>...
https://vk.com/wall-220066330_9286

Telegram»...
https://t.me/positiveanglenews

#PAN
ပုလဲမြို့စုပေါင်းရုံးအား တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများစွာဖြင့် ထွက်ပြေး
*******
(ပြည်တွင်း) နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပုလဲမြို့စုပေါင်းရုံးအား တိုက်ခိုက်နေသည့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများစွာဖြင့် ယနေ့ဆုတ်ခွာသွားရကြောင်း သိရသည်။

ပုလဲမြို့တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိကာ နယ်မြေရှင်းလင်း နေသ ဖြင့် စစ်သွေးကြွ ပုလဲနဂါးအဖွဲ့ အကျအဆုံးများပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ တပ်မတော်မှ လေကြောင်းဖြင့် ရှင်းလင်းမှုကြောင့် နေပြီး ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ စစ်ကူစစ်ကြောင်းများ ရောက်ရှိလာပြီး ပုလဲမြို့ကို နယ်မြေရှင်းလင်းနေခြင်းကြောင့် စစ်သွေးကြွ ပုလဲနဂါးနှင့်အဖွဲ့သည် ပုလဲဆေးရုံအနီး ရွှေဥဒေါင်းရပ်ကွက်တွင် သေဆုံးသွားသည့် စစ်သွေးကြွ အလောင်းများကိုတင်ကာ နေအိမ်များကို မီးရှို့ခဲ့ကြောင်း .....

Webpage>>...
https://positiveanglenews.com/2024/11/15/ပုလဲမြို့စုပေါင်းရုံးအ/

VK Link>>...
https://vk.com/wall-220066330_9287

Telegram»...
https://t.me/positiveanglenews

#PAN
ကျောက်ကပ် ရောဂါရှိရင် ဘာတွေရှောင်ရမလဲ
*****
(ကျန်းမာရေး)နိုဝင်ဘာ  ၁၆

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ ကျောက်ကပ် ရောဂါရှိရင် ဘာတွေရှောင်ရမလဲကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       ဆီးချိုရဲ့ နောက်ဆက်တွဲကြောင့်ဘဲ ဖြစ်ဖြစ်၊ သွေးတိုးကြောင့်ဘဲ ဖြစ်ဖြစ် ကျောက်ကပ် ထိခိုက်ပျက်စီးနေတယ်။ ဒီလို ကျောက်ကပ် ပျက်စီးနေတာကြောင့် အနေအထိုင် အစားအသောက်ဂရု စိုက်ဖို့လိုလာတယ်။

ကျောက်ကပ် ဘာတွေများလုပ်ပေးလဲ……

       နံရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့ လက် သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုးရဲ့ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါတယ်။ကျောက်ကပ်က ခန္ဓာကိုယ်ရဲ့ အလုပ်အများဆုံး အစိတ်အပိုင်းတစ်ခုဆိုလည်း မမှားပါဘူး။

       ကျောက်ကပ်ရဲ့ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါတယ်။ စစ်ထုတ်လိုက်တဲ့ အညစ် အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 
Webpage>>...
https://positiveanglenews.com/2024/11/16/ကျောက်ကပ်-ရောဂါရှိရင်-ဘာ/

https://t.me/positiveanglenews
#PAN
သားအမိလေးယောက် ပံ့သကူကောက်ရင်း မိခင်ဖြစ်သူ ကားတိုက်ခံရသဖြင့် သေဆုံး
********
(ပြည်တွင်း) နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ၊ ၁၄ လမ်းဆုံ ပုလဲလမ်းပေါ် တွင် သားအမိလေးယောက် ပံ့သကူကောက်ရင်း အမေဖြစ်သူ ကားတိုက်ခံရကြောင်း သိရသည်။

ယမန်နေ့ ည ၈ နာရီကျော်အချိန်က ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းရှိ ၁၄ လမ်းဆုံတွင် ကားတစ်စီးပေါ်မှပိုက်ဆံကျဲချသည်ကို မိခခင်ဖြစ်သူအပါအဝင် သားအမိ ၄ ဦးကပြေးကောက်စဥ် နောက်မှမောင်းနှင်လာသောကားတစ်စီးမှ အသက် ၄၀ နှစ်ခန့် ရှိ မိခင်ဖြစ်သူအားဝင်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် မိခင်ဖြစ်သူမှာ ဦးခေါင်း၌ထိခိုက် ဒဏ်ရာစိုးရိမ်ရရရှိခဲ့သဖြင့် ကနောင်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ ဆောင်ပေး....

Webpage>>...
https://positiveanglenews.com/2024/11/16/သားအမိလေးယောက်-ပံ့သကူကေ/

VK Link>>...
https://vk.com/wall-220066330_9289

Telegram»...
https://t.me/positiveanglenews

#PAN
ထိုင်ဝမ်သမ္မတ အမေရိကန်ခရီးစဉ် သွားရောက်ဖို့ သတင်းထွက်ပေါ်
********
(နိုင်ငံတကာ) နိုဝင်ဘာ ၁၆

ထိုင်ဝမ်သမ္မတ Lai Ching-te ဟာ အမေရိကန်ခရီးစဉ် သွားရောက်ဖို့အတွက် စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

ပစိဖိတ်ခရီးစဉ်အတွင်း သူဟာ ဟာဝိုင်အီနဲ့ ဂူအမ်တို့ကိုလည်း ဝင်ရောက်သွားဖို့ စီစဉ်ထားကြောင်း Reuters က ဆိုပါတယ်။

ဒါဟာ မေလအတွင်းက သူ တာဝန်ယူရပြီးနောက် ပထမဆုံးပြည်ပခရီးစဉ်လည်းဖြစ်ပြီး တရုတ်ကတော့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရှုတ်ချမှာ သေချာသလောက်ရှိနေပါတယ်။

Lai Ching-te ကို အန္တရာယ်ကြီးမားတဲ့ ခွဲထွက်ရေးသမားလို့ တရုတ်က....

Webpage>>...
https://positiveanglenews.com/2024/11/16/ထိုင်ဝမ်သမ္မတ-အမေရိကန်ခ/

VK Link>>...
https://vk.com/wall-220066330_9291

Telegram»...
https://t.me/positiveanglenews

#PAN
အကြမ်းဖက် PDF အလောင်း နှင့် လက်ပစ်ဗုံး သိမ်းဆည်းရမိ
********
(ပြည်တွင်း) နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ယမန်နေ့ နံနက် ၉ နာရီခန့်က အကြမ်းဖက် PDF နှစ်ဦးကို ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ရွှေဘိုမြို့အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာဖွယ်ရာ ဆိုင်ကယ်မောင်းနှင်လာသူ နှစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်စေရာ ၎င်းမရပ်ဘဲအတင်းမောင်းနှင်ထွက်ပြေးခဲ့သဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးမှုမှ အကြမ်းဖက် PDF အလောင်း ၂ အလောင်း၊ လက်ပစ်ဗုံး ၁ လုံး၊လောက်လေးဂွ ၁ လက်နှင့် လောက်စလုံးများအား သိမ်းဆည်းရမိ....
  
Webpage>>...
https://positiveanglenews.com/2024/11/16/အကြမ်းဖက်-pdf-အလောင်း-နှင့်/

VK Link>>...
https://vk.com/wall-220066330_9292

Telegram»...
https://t.me/positiveanglenews

#PAN
အကြမ်းဖက် PDF များ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ
****
(
ပြည်တွင်း) နိုဝင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ဆားတောင်မြို့အနီးတွင်  ယမန်နေ့ ၂ နာရီ ၃၀ အချိန်ခန့်က ကြမ်းဖက် PDF များဧ။် လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆားတောင်မြို့အနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာဖွယ်ရာ AD Van အဖြူရောင် ယာဉ် ၁ စီးအား တွေ့ရှိ၍ စစ်ဆေးရန် ရပ်တန့်စေရာ မရပ်တန့်ဘဲ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ အတင်းမောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်နောက်သို့ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ လက်လုပ်သေနတ် ၂ လက်၊ ကျည် ၅၄ တောင့်၊ ကျည်အိမ် ၂ ခု၊ ကား ၁ စီး.....

Webpage>>...
https://positiveanglenews.com/2024/11/16/ဖက်-pdf-များဧ။်-လက်နက်ခဲယမ်/

VK Link>>...
https://vk.com/wall-220066330_9293

Telegram»...
https://t.me/positiveanglenews

#PAN
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၁၆)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌
ပြုလုပ်ကျင်းပလျှက်ရှိပြီး ပွဲတော်ကာလအတွင်း နေ့/ည မပြတ် လာရောက်လည်သူများ ၊ ဒေသအလိုက်ထွက်ကုန်များအားလာရောက် လေ့လာဝယ်ယူသူများ ၊ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျှက်ရှိပြီး နိုင်ငံကျော်အဆိုတော်များ ၊ ရုပ်ရှင်နှင့်ဂီတနယ်ပယ်မှ အထင်ကရနာမည်ကြီးများမှ ပြည်သူများအား ဖျော်ဖြေလျှက်ရှိပြီး ယနေ့ နိုဝင်ဘာလ (၁၆)ရက်နေ့ညပိုင်းတွင် လာရောက်လည်ပတ်သူများ ကြက်ပျံမကျစည်ကားလျှက်ရှိပြီး ပြည်သူအများမှ ဝမ်းသာပျော်ရွင်စွာဖြင့် ပွဲတော်၌ ပါဝင်ဆင်နွဲလျှက်ရှိပါသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
#PAN
လဝါးယန်ဌာနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါကွယ်လွန်

(ပြည်တွင်း) နိုဝင်ဘာ ၁၆

လဝါးယန်ဌာနေ၊ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါသည် ယနေ့၊နိုဝင်ဘာလ (၁၆)ရက်၊မနက်အစောပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA)ထံမှ ခွဲထွက်ခဲ့ပြီး ဝိုင်းမော်မြို့နယ်၊ ဂွေထု/နောင်းချိန်၊ လဝါးယန်ဒေသတွင် ဌာနေပြည်သူ့စစ်ဌာနဖွဲ့စည်းကာ ဒေသကာကွယ်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်နေသည့် လဝါးယန်ဌာနေ၊ပြည်သူ့စစ်ခေါင်းဆောင် ဦးလဆန်အောင်ဝါသည် ယနေ့မနက်(၈)နာရီ(၁၅)မိနစ်တွင် ၎င်း၏ဌာနချုပ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရဦးလဆန်အောင်ဝါ သည် သေဆုံးချိန်တွင် အသက်(၈၀) အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။

https://positiveanglenews.com/2024/11/16/လဝါးယန်ဌာနေ-ပြည်သူ့စစ်ခ/

#PAN
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့တွင် ကျင်းပပြုလုပ်လျှက်ရှိသော တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ပြည်သူအများအပန်းဖြေနိုင်ရန် ဂီတဖျော်ဖြေမှု ပွဲတော်အား နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိကျင်းပပြုလုပ်ရာ ပွဲတော်အတွင်း၌ ဒေသထွက်ကုန်များရောင်းချခြင်း ၊ LED အလှမီးများချိတ်ဆွဲခြင်း ၊နေ့မီး/ ညမီး မီးပုံပျံများလွှတ်တင်ခြင်း ၊ ရှေးဟောင်းသမိုင်းဝင်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီးများပူဇော်ခြင်း ၊ မသိုးသင်္ကန်းများယက်လုပ်လှူဒါန်းခြင်း ၊စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း ၊ ရွှေမော်ဓောကားဝန်းအတွင်း၌ နိုင်ငံကျော်အနုပညာရှင်များမှ တေးဂီတများဖြင့်သီဆိုဖျော်ဖြေခြင်း ၊ ရွေ့လျားဖျော်ဖြေရေးယာဥ်ဖြင့်မြို့ပတ်၍ ပြည်သူများအားဖျော်ဖြေခြင်း ၊ ဘုရားလမ်းတွင်ခေတ်ပေါ်စတိတ်ရှိုးများဖြင့် တေးဂီတဖျော်ဖြေခြင်း စသည်တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ညတွင်ဆက်လက်၍ ကျင်းပပြုလုပ်လျှက်ရှိရာ ဒေသခံပြည်သူအများ ဝမ်းသာပျော်ရွင်စွာဆင်နွဲလျှက်ရှိပါသည်။ ပွဲတော်ကာလအတွင်း၌ လုံခြုံဆိုင်ရာကိစ္စရပ်များအား စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ ၊ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးဦးကျော်ထွဋ် ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ပွဲတော်လာ ပြည်သူအများအား ကာကွယ် ကူညီစောင့်ရှောက်လျှက်ရှိသည်။


ဖြိုးကိုလင်း(ညောင်ဝိုင်း)
#PAN
အသည်း ရောဂါများ အကြောင်း
*****
(ကျန်းမာရေး)နိုဝင်ဘာ  ၁၇

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟုသု တရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အသည်း ရောဂါများ အကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

       အသည်း ဆိုတာက ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အကြီးဆုံး အစိတ်အပိုင်း တစ်ရပ်ပါ။ ခန္ဓာကိုယ်က အစာတွေကို ချေဖျက်တဲ့နေရာမှာ ကူညီပေးသလို အင်အားတွေကို သိုလှောင်တာ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားတာတွေကိုလည်း လုပ်ဆောင်ပါတယ်။

       အသည်းလေးက ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘယ်လို တာဝန်တွေ ယူထားလဲဆိုတာနဲ့ အသည်းမှာ ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

အသည်းက ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ ………..

       ညဘက်ကိုယ်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေချိန်မှာ မနားမနေအလုပ်လုပ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းလေးတစ်ခုရှိနေပါတယ်။ တိတ်တိတ်လေးအလုပ်လုပ်နေပမယ့် ခန္ဓာကိုယ်ကျန်းမာဖို့အတွက် ....

အပြည့်အစုံဖတ်ရှု့ရန် အောက်ပါ link ကို နှိပ်ပါ 

Webpage>>...
https://positiveanglenews.com/2024/11/17/အသည်း-ရောဂါများ-အကြောင်း/

https://t.me/positiveanglenews
#PAN
တရုတ်အနေနဲ့ ထရမ့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး စီမံခန့်ခွဲမှုတွေအကောင်းဆုံးလုပ်ဆောင်သွားမည် ဟုဆို
****
(
နိုင်ငံတကာ) နိုဝင်ဘာ ၁၇

ဂျိုးဘိုင်ဒင်နဲ့ နောက်ဆုံးအကြိမ် တွေ့ဆုံမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်အနေနဲ့ ထရမ့်အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးအတွက် စီမံခန့်ခွဲမှုတွေကို အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ စနေနေ့က အာရှ-ပစိဖိတ်စီးပွားရေးဖိုရမ်ကို တက်ရောက်ရင်း  တွေ့ဆုံခဲ့တာဖြစ်ပြီး ပီရူးက ဟိုတယ်တခုမှာ ၂ နာရီကြာအောင် စကားပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

တရုတ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးကို အားကောင်းသန်မာပြီး မပြောင်းမလဲ ဆက်လက်ရှိနေချင်ကြောင်းလည်း ရှီက ...

Ref: NOM
Webpage>>...
https://positiveanglenews.com/2024/11/17/တရုတ်အနေနဲ့-ထရမ့်အစိုးရ/

VK Link>>...
https://vk.com/wall-220066330_9299

Telegram»...
https://t.me/positiveanglenews

#PAN
အမေရိကန်နှင့် အီရန်တို့ကြား တင်းမာမှုများလျှော့ချရေးအတွက် အီလွန်မက် က အီရန်သံအမတ်ကြီးနှင့် ဆွေးနွေး
****
(
နိုင်ငံတကာ) နိုဝင်ဘာ ၁၇

အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားတွင်ရှိသည့် တင်းမာမှုများကို လျှော့ချနိုင်ရေးအတွက် အီလွန်မက် က ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုကို လျှို့ဝှက်စွာလုပ် ဆောင်ခြင်းဖြစ်ပြီး အချိန်အားဖြင့် တစ်နာရီကျော်ကြာမြင့်ကြောင်း နှင့် ဆွေးနွေးမှု၏ရလဒ်မှာ အပြုသဘောဆောင်ကြောင်း အမည်မဖော်လိုသူ အီရန်တာဝန်ရှိသူနှစ်ဦးက ပြောသည်။

ထိုသို့တွေ့ဆုံရာတွင် အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံတို့ကြားရှိ တင်းမာမှုများ လျှော့ချနိုင်မည့်နည်းလမ်း များကို ဆွေးနွေးခဲ့ကြောင်း အဆိုပါတာဝန်ရှိသူများကပြောသည်ဟု New York Times သတင်းဌာနက ဖော်ပြ ထားသည်။

အီလွန်မက် သည် ဒေါ်နယ်ထရမ့်ကို ရွေးကောက်ပွဲကာလတွင် ထောက်ခံအားပေးခဲ့သည်သာမက ထရမ့်က သမ္မတအဖြစ်......

Webpage>>...
https://positiveanglenews.com/2024/11/17/အမေရိကန်နှင့်-အီရန်တို့/

VK Link>>...
https://vk.com/wall-220066330_9300

Telegram»...
https://t.me/positiveanglenews

#PAN