လားရှိုးမြို့သို့ ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်းများ တပ်နေရာချမှု ဆောင်ရွက်နေဟုဆို
ယနေ့ ဧပြီ(၂၂)ရက် နံနက်ပိုင်းအချိန်က လားရှိုးမြို့သို့ စတင်ဝင်ရောက်လာသည့် တပ်မတော်စစ်ကြောင်း အနေဖြင့်ထောက်ပို့တပ် အပါအဝင် ခလရ (၄၁) တပ်တို့တွင် တပ်နေရာနေရာချထားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
" မြို့တွင်းမှာအေးဆေးပါဘဲ၊ အခု (၆၂၆)ထောက်ပို့တပ်နဲ့ ခလရ (၄၁) တပ်တွေမှာ တပ်နေရာချထားတာတွေလုပ်နေတာတွေ့ရပါတယ်" ဟု ၎င်းက ဆိုသည်။
ထို့ပြင် ယနေ့ ဝင်ရောက်လာသည့် တပ်မတော် စစ်ကြောင်းတွင် တပ်မိသားစုဝင်များ ပါဝင်လာသည်ကို တွေ့ရသော်လည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများပါဝင်လာသည်ကိုမတွေ့ရှိရကြောင်း ၎င်းက သူမြင်တွေ့ရသည်ကို ပြောကြားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/လားရှိုးမြို့သို့-ဝင်ရေ/

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ဆုတောင်းပွဲပြုလုပ်
ဧပြီ ၂၁ ရက်တွင်ကွယ်လွန်သွားခဲ့သည့် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အတွက် ဆုတောင်းပွဲကို ယနေ့(ဧပြီ ၂၂) ရက်တွင် ရန်ကုန်မြို့ရှိ Saint Mary Church တွင်ပြုလုပ်ခဲ့သည်။

လူဦးရေတိုးပွားရေး ရည်မှန်းချက်အတွက် မိခင်လောင်းများကို X ပလက်ဖောင်းမှတစ်ဆင့် အီလွန်မက်စ် စုဆောင်းနေ
အီလွန်မက်စ်သည် သူ၏ အနာဂတ်ရှုမြင်ချက်နှင့်ကိုက်ညီမည့် သားသမီးများဖြင့် "တပ်စုကြီး" တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် သူ၏ လူမှုမီဒီယာပလက်ဖောင်း X ကို အသုံးပြုကာ အမျိုးသမီးများအား သူနှင့် သားသမီးရယူရန် အဆိုပြုခဲ့ကြောင်း ဝေါစထရိဂျာနယ်(WSJ) က မကြာသေးမီက ရေးသားဖော်ပြခဲ့သည်။
အမေရိကန်မှ ဆယ်လီ ကလောင်ရှင် အမျိုးသမီးတစ်ဦးဖြစ်သူ အက်ရှ်လေစိန့်ကလဲယား(အသက် ၂၉)သည် X လူမှုကွန်ရက်တွင် အီလွန်မက်စ်နှင့် စတင်ဆက်သွယ်မိခဲ့ပြီး၊ သူတို့၏ အွန်လိုင်းစကားပြောဆိုများမှတစ်ဆင့် ရင်းနှီးသောအဆင့်သို့ ရောက်ရှိခဲ့သည်။ စိန့်ကလဲယားသည် နောက်ပိုင်းတွင် မက်စ်၏ ကုမ္ပဏီဌာနချုပ်သို့ သွားရောက်ခဲ့ပြီး၊ ၂၀၂၃ နှောင်းပိုင်းတွင် ရိုမျူလပ်စ်အမည်ရှိ သားတစ်ဦးကို မွေးဖွားခဲ့သည်။
မက်စ်၏ အနီးကပ်အကြံပေးနှင့် မိသားစုရေးရာမန်နေဂျာ ဂျရက်ဘာချယ်လ်ဦးဆောင်သော အဖွဲ့က စိန့်ကလဲယားအား ငွေကြေးဆိုင်ရာ လျှို့ဝှက်သဘောတူညီမှု တစ်ခု ပြုလုပ်ရန် အဆိုပြုခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/လူဦးရေတိုးပွားရေး-ရည်မှ/

တရုတ်၏ ၈ ကြိမ်မြောက် အထောက်အပံ့များ မြန်မာနိုင်ငံသို့ ရောက်ရှိ
ရန်ကုန်၊ ဧပြီ ၂၂
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ဒဏ်ခံပြည်သူများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အင်္ဂါနေ့တွင် တရုတ်နိုင်ငံက ပေးပို့သော အဋ္ဌမအသုတ် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ ရောက်ရှိလာသည်။
ထောက်ပံ့ရေးပစ္စည်းများတွင် အရိုးပြား ၂၄,၆၀၀၊ အရိုးဝက်အူချောင်း ၁၃၂,၀၀၀၊ သွေးကြောသွင်းလက်သည်း ၄,၅၂၆ ခု၊ ကိရိယာအစုံ ၃၀၊ ဆေးထိုးရန်အတွက် ဆိုဒီယမ် ပင်နီဆီလင်ပုလင်း ၁ သန်း၊ မက်ထရိုနိုင်ဒါဇောလ် ဆေးပြား ၄၀၀,၀၀၀ ပုလင်း၊ ဆေးဘက်ဆိုင်ရာ သန့်စင်ဆေးတံအထုပ် ၃၀၀ ဗူး၊ ဆက်ဖရာဒင်း ဗူး ၉၀,၀၀၀၊ ဆေးပြားများနှင့် ဆေးဘက်ဆိုင်ရာ အိုင်အိုဒင်း ဂွမ်းစဆေးသုတ်တံ စည်ပေါင်း ၂,၀၀၀ ပါဝင်ကြောင်းသိရပါသည်။
ဧပြီလ ၁၈ ရက်နေ့အထိ ငလျင်ကြောင့် ေ-သဆုံးသူ ၃,၇၂၆ ဦးရှိပြီး ၅,၁၀၅ ဦး ဒဏ်ရာရရှိကာ ၁၂၉ ဦး ကျန်ရှိကြောင်း မြန်မာနိုင်ငံမှတရားဝင် အချက်အလက်များအရ သိရသည်။
Ref:ရှင်းဟွာ

အမေရိကနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲ ရွှေ့ဆိုင်း--ပေတုံတန်
ဧပြီလ ၂၃ ရက်နေ့တွင် ပြုလုပ်မည့် ထိုင်း-အမေရိက ကုန်သွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို ရွှေ့ဆိုင်းလိုက်သည်ဟု ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
အစီအစဉ် ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကိုမူ ပေတုံတန်က ပြောဆိုခဲ့ခြင်း မရှိပေ။
ထိုင်းမှပို့ကုန်ပစ္စည်းများအပေါ် အခွန် ၃၆ ရာခိုင်နှုန်း စည်းကြပ်မည့် ထရမ့်ပ်အစိုးရ၏ အစီအစဉ်ကို ရုပ်သိမ်းပေးရန် ထိုင်းနိုင်ငံက ကြိုးပမ်းနေပြီး ယခုသီတင်းပတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>
https://www.popularmyanmar.com/အမေရိကနှင့်-ကုန်သွယ်ရေး/

ပုပ်ရဟန်းမင်းကြီးကွယ်လွန်ခြင်းအတွက် နစက ဥက္ကဋ္ဌမှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့
ဗာတီကန်မြို့ပြနိုင်ငံ(Holy See)၏ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ဧပြီ ၂၁ ရက်ကကွယ်လွန်ခဲ့သဖြင့် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
နစက ဥက္ကဋ္ဌမှ ဗာတီကန်မြို့ပြနိုင်ငံ(Holy See) အစိုးရအဖွဲ့အကြီးအကဲဖြစ်သည့် ဘုန်းတော်ကြီးထံသို့ ယနေ့ ဧပြီ ၂၂ ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။
နစက ဥက္ကဋ္ဌပေးပို့သည့် သဝဏ်လွှာ၌ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဗာတီကန်မြို့ပြနိုင်ငံ ပုပ်ရဟန်း မင်းကြီးဖရန်စစ် ကွယ်လွန်သွားသည်ဟုကြားသိရ၍ အလွန်စိတ်မကောင်းဖြစ်ရပြီး မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများကိုယ်စား၊ မိမိကိုယ်စား ကိုယ်တော်နှင့်ဗာတီကန်မြို့ပြနိုင်ငံပြည်သူများထံသို့ ဝမ်းနည်းကြေကွဲကြောင်းဖော်ပြလိုဟု ရေးသားထားသည်။