ကုသိနာရုံမြန်မာကျောင်းတိုက်ကြီးတွင်ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနား

ကုသိနာရုံမြန်မာကျောင်းတိုက်ဆရာတော်၏ စီစဉ်မှုဖြင်် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားကို မေ ၁ ရက်ကကျင်းပရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦး‌ ဇော်ဦးတက်ရောက်ပြီး ဗုဒ္ဓနေ့အခမ်းအနားပူဇော်ခြင်းကို လျှောက်ထားခဲ့သည်။

ထို့ပြင် ဆရာတော်ထံမှ ဩဝါဒကထာနှင့် ကိုးပါးသီလတို့ကိုနာယူပြီးနောက် ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ကပ်လှူပူဇော်ပြီး ကုသိနာရုံဘုရားပရဝုဏ်ရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
👍11🙏87👏1
ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅ နာရီမှ ည ၉ နာရီအထိ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပျဥ်းမနားမြို့ရုံးခွဲရုံ၊ ပေါင်းလောင်းတိုးချဲ့ခွဲရုံ၊ တောင်သာခွဲရုံ၊ ဂမုန်းတောင်ခွဲရုံတို့မှ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကာ ညွှန်ကြားမှုအရပြောင်းလဲမှုရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
👍53👌1
အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်(၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်(၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများတက်ရောက်၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
👍4🙏2👏1
ပြင်ဦးလွင်မြို့ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်

မန္တလေးငလျင်ကြီးအပြီး နောက်ဆက်တွဲငလျင်အမှတ်စဥ်-၂၉၈ သည် ယနေ့ မေ ၃ ရက်ညပိုင်းက ပြင်ဦးလွင်မြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

ပြင်ဦးလွင်မြို့၏ အနောက်မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အနက်(၁၂)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် ယနေ့ မေ ၂ ရက်ည ၆ နာရီ ၃၁ မိနစ် ၉ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
4👍4😱2
ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ
👏4🤔1🕊1
ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ
         
ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။
        
ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။
        
သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။
        
နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရဟတ်ယာဉ်ပျ-က်ကျရခြင်းဖြစ်ပြီး ဆင်းသက်ချိန်တွင် မီးလေ-ာင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
      
မီးသ-တ်သမားများသည် ထူထပ်သောအပင်များကြားမှ မီးသ-တ်ပိုက်များကို ဆွဲယူကာ အင်ဂျင်ကို လေ-ာင်ကျွမ်းနေသောမီးကို ငြှိမ်းသ-တ်ခဲ့ကြရသည်။
       
မီးညွန့်ကျိုးရန် မိနစ် ၃၀ ခန့်ကြာ ခဲ့ပြီးနောက် နောက်ထပ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ထိုနေရာကို ပိတ်ထားခဲ့သည်။
        
ရဟတ်ယာဉ်မှူးနှင့် တွဲဘက် ရဟတ်ယာဉ်မှူးသည် စက်ရုံမှ ချွန်ဘူရီပြည်နယ်ရှိ အခြားစက်ရုံတစ်ခုသို့ သွားရောက်နေခြင်းဖြစ်ကြောင်း ရဲမှူးကြီး ချက်ကရစ်က ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်
4👏3🤔2
ဗီယက်နမ်နှင့်စွမ်းအင်ကဏ္ဍပိုမိုပူးပေါင်းသွားမည်--ဂျပန်ဝန်ကြီးချုပ်
👍3
ဗီယက်နမ်နှင့်စွမ်းအင်ကဏ္ဍပိုမိုပူးပေါင်းသွားမည်--ဂျပန်ဝန်ကြီးချုပ်

မေလ ၂ ရက်

ဂျပန်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ပြီး စွမ်းအင်နှင့် အရေးကြီးသတ္တုတွင်းထွက်ကဏ္ဍများကို အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကအိချိ က ပြောကြားခဲ့သည်။

တာကာအိချိသည်  ဗီယက်နမ် ဝန်ကြီးချုပ် လီမင်ဟန်နှင့် စနေနေ့က ဟနွိုင်းမြို့တွင် တွေ့ဆုံခဲ့ပြီး အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေးနှင့် အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍအသီးသီးအတွက် သဘောတူညီချက် ၆ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။

"အရေးကြီးသတ္တုတွင်းထွက်တွေနဲ့ ပတ်သက်ပြီး တည်ငြိမ်တဲ့ ထောက်ပံ့မှုတွေ ရရှိစေဖို့နဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကို ပိုမိုခိုင်မာစေဖို့ နှစ်ဖက်စလုံးက အနီးကပ် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပါတယ်" ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် "တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေသော အငြင်းပွားမှုများကို နိုင်ငံတကာဥပဒေများအပေါ် အခြေခံ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရန် အရေးကြီးပုံကိုလည်း ထပ်လောင်းအတည်ပြုခဲ့ကြသည်" ဟု ဟန်က ပြောကြားခဲ့သည်။

ဂျပန်နှင့် ဗီယက်နမ်တို့သည် အရှေ့တရုတ်ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် တရုတ်နိုင်ငံ၏ နယ်မြေပိုင်ဆိုင်ကြောင်း အခိုင်အမာပြောကြားချက်များအပေါ် စိုးရိမ်ကြပြီး နှစ်နိုင်ငံစလုံးသည် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများကို ကျယ်ပြန့်စေခြင်းဖြင့် အမေရိကန်က ဦးဆောင်သော ကုန်သွယ်မှုဆိုင်ရာ အနှောင့်အယှက်များမှ ကာကွယ်ရန် ကြိုးပမ်းခဲ့ကြသည်။

ဗီယက်နမ်အစိုးရနှင့် အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ ပထမသုံးလပတ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုမှာ ၁၂.၃ ရာခိုင်နှုန်း မြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၃.၇ ဘီလျံအထိ ရှိခဲ့သော်လည်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ပြည်ပရင်းနှီးမြှုပ်နှံသူများအနက် တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုအသစ်မှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းကာ အမေရိကန်ဒေါ်လာ ၂၃၃ သန်းသာ ရှိခဲ့ပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် တွန်းအားပေး လုပ်ဆောင်လာခြင်း ဖြစ်သည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်လာချိန်တွင် ရေနံထောက်ပံ့ ဖြည့်တင်းမှုများအတွက် ဂျပန်နှင့် အခြားနိုင်ငံများထံမှ အကူအညီများကို ရှာဖွေလျက်ရှိသည်။

အာရှနိုင်ငံများ၏ စွမ်းအင်ဖူလုံမှုကို ထောက်ပံ့ပေးမည့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိ Power Asia Initiative အရ ဂျပန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ Nghi Son ရေနံချက်စက်ရုံနှင့် ရေနံဓာတုဗေဒဆိုင်ရာ အဆောက်အအုံအတွက် ရေနံစိမ်း ကို ထောက်ပံ့ပေးရန် ကူညီသွားမည်ဖြစ်ကြောင်း ဟန်က ပြောကြားခဲ့သည်။

ထို့ပြင် တာကာအိချိသည် စနေနေ့ မွန်းလွဲပိုင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ သမ္မတ တိုလမ်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဂျပန်နိုင်ငံ "လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်" မဟာဗျူဟာ မိတ်ဆက်ခြင်း ၁၀ နှစ်ပြည့်အဖြစ် ဗီယက်နမ်အမျိုးသားတက္ကသိုလ်တွင် အဓိကမိန့်ခွန်းတစ်ရပ်ကို ပြောကြားသွားမည် ဖြစ်သည်။

Ref: ဆော့သ်ချိုင်းနားမောနင်းပို့စ်
👍31
33kV Main DS Red Hot ဖြစ်ပွား၍ ဝမ်းတွင်းမြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ(၁၅၅)ရွာ၌ လျှပ်စစ်မီးပြတ်တောက်နေ

33kV Main DS Red Hot ဖြစ်ပွား၍ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ(၁၅၅) ရွာတွင် လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

ယနေ့ မေ ၃ ရက်ည ၇ နာရီခွဲခန့်က သပြေဝပင်မခွဲရုံ 230/33/11kV,(60)MVA Bank 1 ၏ 33kV Main DS Red Hot ဖြစ်ပွား၍ 33kV သပြေဝ-ဝမ်းတွင်းလိုင်းဓာတ်အားပြတ်တောက်ခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက အရေးပေါ်ဓာတ်အားပိတ်ကာပြုပြင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
👍4
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြော
👍2
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။

မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ ၂၈ ရက်မှ ဧပြီ ၃၀ ရက်အထိပြုလုပ်သည့် စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်၌ မိန့်ခွန်းပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့ရေးကိစ္စသည် အရေးပါပြီး မြန်မာနိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝအရင်းအမြစ်များပေါကြွယ်ဝစေရေးတို့အတွက်ဆောင်ရွက်လျက်ရှိကာ အိမ်နီးခြင်းတရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စဉ်ဆက်မပြတ်တိုးတက်အောင်မြင်ရေးပန်းတိုင်ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ကာဘွန်လျှော့ချရေးနှင့် စိမ်းလန်းသောပတ်ဝန်းကျင်ဖြစ်စေရန် ဒေသအလိုက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် ရှေ့ဆက်၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် သန့်ရှင်းသောစွမ်းအင်၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးလျက်ရှိသည့် လယ်ယာကဏ္ဍများတွင် အတူတကွပူးပေါင်းဆောင်ရွက်ရန်အသင့်ဖြစ်နေပြီး စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်လည်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
👍4