🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1K videos
4 files
725 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Snow Queen #SQ🇲🇲🇲🇲🇲🇲 (Snow Queen)
Jun 9

PDF လူသတ်မှုနဲ့ပတ်သက်ပြီး USDP က စလှမ်းလိုက်တဲ့ နိုင်ငံတကာ ခြေလှမ်းသစ်

နေပြည်တော်၊ ဇွန် ၉

ပြည်သူ့ကာကွယ်ရေးတပ်မတော်လို့ အမည်ပေးထားတဲ့ PDFရဲ့ လူသားမဆန်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းပြုလုပ်ထားတဲ့ မှတ်တမ်း စာအုပ်နှစ်အုပ်ကို ပြည်ခိုင်ဖြိုးပါတီက ကမ္ဘာ့ကုလသမဂ္ဂနဲ့ အာဆီယံဥက္ကဋ္ဌကိုလိပ်မူပြီး ပေးပို့လိုက်ပြီလို့ ပါတီအသိုင်းအဝိုင်းထံက သိရပါတယ်။

အဲ့ဒီစာရင်းဇယားအပြည့်အစုံပါတဲ့ အချက်အလက်မှတ်တမ်းစာအုပ်ထဲမှာတော့ ပါတီဝင်တွေ ၊ပါတီဝန်းရံသူတွေ၊နိုင်ငံ့ဝန်ထမ်းတွေ၊ ရဟန်းသံဃာတွေ၊လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အချက်အလက်စုံစုံလင်လင်ကိုမှတ်တမ်းပြုစုထားတယ်လို့သိပါတယ်။

ပြည်ခိုင်ဖြိုးအသိုင်းအဝိုင်းကတော့ ဒီစာအုပ်ကို ဗဟိုကော်မတီအစည်းကျင်းပရာခန်းမထဲက ဓာတ်ပုံနဲ့ စာရွက်စာတမ်းမှတ်တမ်းတွေ ပြသထားတဲ့နေရာမှာ ခင်းကျင်းပြသထားတယ်လို့ အစည်းအဝေးတက်ရောက်နေတဲ့ ဗဟို​ေကာ်မတီဝင်တစ်ဦးကပြောပါတယ်။

ရွေးကောက်ပွဲမသမာမှုကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကိုရယူပြီးတဲ့နောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပါတီဝန်းရံသူတွေနဲ့ မိသားစုဝင် ဒီနေ့အထိ ၁၆၆၃ ဦး အကြောင်းအမျိုးမျိုးပြကာ သတ်ဖြတ်မှုမျိုးစုံ ခံစားနေကြရတာပါ။

ဒီကနေ့ပြုလုပ်နေတဲ့ ဆဋ္ဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ပါတီဥက္ကဋ္ဌက
"လူ့အဖွဲ့အစည်းတစ်ခုရှင်သန်ခိုင်မာဖို့၊ရှင်သန်ဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်အေးချမ်းမှု့က အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တယ်။ ဒီနေ့နိုင်ငံအဝှမ်းမှာ နိုင်ငံသားအားလုံးဦးစားပေးလိုအပ်ချက်ကခံစား​ေနရတဲ့အသက် အန္တရာယ် မလုံခြုံမှု လူမှုစီးပွားဘဝမလုံခြုံမှုတွေအတွက် မိမိတို့တတ်နိုင်တဲ့ဖက်က အာဏာပိုင်တွေခွင့်ပြုတဲ့အတိုင်းအတာအတွင်းကပူးပေါင်းဆောင်ရွက် မှုတွေကိုအတတ်နိုင်ဆုံးဆောင်ရွက်ခဲ့ပါတယ်။ တရားဥပဒေကိုလေးစားလိုက်နာကြတဲ့သာမန်ပြည်သူတွေသာ ဖြစ်တဲ့အတွက် ဥပဒေကခွင့်မပြုတဲ့၊အာဏာပိုင်ရဲ့ခွင့်ပြုချက်ထက် ကျော်လွန်တဲ့လုပ်ဆောင်မှုမျိုးကိုတော့ သတိကြီးစွာထားရပါတယ်" လို့ပြောဆိုထားတာဖြစ်ပါတယ်။

ပါတီအသိုင်းအဝိုင်းရဲ့အဆိုအရ UN တာဝန်ရှိသူက
သူတို့မသိရသေးတဲ့၊အမှန်တရားဖြစ်တဲ့ဒီမှတ်တမ်းစာအုပ်လေးကို ရရှိလို့ ကျေးဇူးတင်ကြောင်း ဝမ်းမြောက်စွာလက်ခံခဲ့​ေကြာင်းနဲ့ နောက်ဆက်တွဲ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို ပေးပို့စေချင်ကြောင်း အာဆီယံနဲ့ ကုလ တာဝန်ရှိသူတွေက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

#myanma_gone
#USDP
နွားထိုး PDF စခန်းကို တပ်က ဝင်စီး

နွားထိုးကြီး၊ ဇူလိုင် ၆

မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်ထဲမှာရှိတဲ့ Natogyi People Defence Force လိုအမည်ပေးထားတဲ့ စခန်းတစ်ခုကိုတပ်မတော်စစ်ကြောင်းက ဒီကနေ့ ဇူလိုင် ၃ ရက်နေ့ မနက်ပိုင်းက ရှင်းလင်းလိုက်တယ်လို သိရပါတယ်။

"ရွာထဲကိုမကြာမကြာလာတယ်။ ရိက္ခာလာတောင်းတယ်။ ငွေတောင်းတာလည်းရှိတယ်၊ ခြိမ်းခြောက်တာတွေ ပစ်ခတ်တာတွေလည်းရှိတယ်" လို ဒေသခံတွေက ပြောပါတယ်။

Natogyi People Defence Force လိုအမည်ပေးထားတဲ့စခန်းကို ရှင်းလင်းရာမှာ ထမင်းချက်နေတဲ့ PDF တစ်ဦးဖမ်းဆီးခံရပြီး လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လိုလည်း သိရပါတယ်။

#myanma_gone
#PDF
ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်မှာ စစ်ရေးဆောင်ရွက်မှုတွေ ဆက်တိုက်လုပ်မယ်လို့ ကြေညာ

MMG ဩဂုတ် - ၂


တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်လုပ်ဆောင်မယ်လို့သိရပါတယ်။

အရှေ့ဘက်စစ်နယ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ရှီးယိက သြဂုတ်လ ၂ ရက်နေ့ညကစပြီး အရှေ့စစ်နယ် ထိုင်ဝမ်ကျွန်း အနီး တစ်ဝိုက်ကို စစ်ရေးလေ့ကျင့်တာတွေ ဆက်တိုက်ပြုလုပ်မှာဖြစ်ကြောင်း၊ ထိုင်ဝမ် ကျွန်း မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းက ပင်လယ်ပြင်နဲ့ လေပိုင်နက်တွေမှာ လေကြောင်းနဲ့ ပင်လယ်ရေကြောင်း ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ တာဝေးပစ် ကျည်ဆန်တွေ
ကို ပစ်ခတ်မှု ပြုလုပ်ပြီး ထိုင်ဝမ်ကျွန်းရဲ့အရှေ့ ရေပြင်မှာ သမားရိုးကျ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


Ref-Cri Myanmar
#myanma_gone
Forwarded from Aerial(Myanmar Update News)
ကြိုးဆွဲချသေတဲ့အမျိုးသမီးမှာ ကိုဗစ်ပိုးရှိနေ

MMG - စက်တင်ဘာ ၁၃

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့ ပုသိမ်ကြီးမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေး ရွာအုပ်စု၊ကန်ကောက်အရှေ့ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး သူနာပြုဆရာမတစ်ဦးဖြစ်ကာ ဘာကြောင့် ခုလိုလုပ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ရုပ်အလောင်းကို မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင် စစ်ဆေးရာ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေတာကို စစ်ဆေးတွေ့ ရှိရတာကြောင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟာအောင်မြေမြို့နယ်က ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေးအသင်းမော်တော်ယာဉ်နဲ့ အေးရိပ်ငြိမ် ဘာသာပေါင်းစုံသုသာန်ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

#myanma_gone
#covid
#ကြိုးဆွဲချ
#aerial 220913
https://t.me/aerial2020
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တွင် မော်တော်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား
++++++++++++++++++++++++++++++++++++++++++++++++++
30th၊July၊MMG

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၄/၇) နှင့် (၂၅/ဝ)ကြားတွင် ယာဉ်တစ်စီး မီးလောင်မှု ဇူလိုင် ၃၀ ရက် ယနေ့ နံက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင် ၃၀ ရက် ၊ နံနက် ၈ နာရီကျော်ခန့်တွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၄/၇)နှင့်(၂၅/ဝ)ကြားတွင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့မှ သွားရောက်ခဲ့ကြပါတယ်။

အဆိုပါ မီးလောင်ကျွမ်းရာသို့ ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယာဉ်မီးလောင်မှုအား မီးသတ်တပ်ဖွဲ့မှ တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ပါတယ်။

#Myanma gone
ဓာတ်ပုံ - MFSD