🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.2K photos
974 videos
4 files
696 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Aerial(Myanmar Update News)
ကြိုးဆွဲချသေတဲ့အမျိုးသမီးမှာ ကိုဗစ်ပိုးရှိနေ

MMG - စက်တင်ဘာ ၁၃

မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားတဲ့ ပုသိမ်ကြီးမြို့နယ်က အမျိုးသမီးတစ်ဦးကို စစ်ဆေးကြည့်ရာ ကိုဗစ်ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊နန်းဦးလွင်ကျေး ရွာအုပ်စု၊ကန်ကောက်အရှေ့ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက်က အမျိုးသမီးတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးသူ အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး သူနာပြုဆရာမတစ်ဦးဖြစ်ကာ ဘာကြောင့် ခုလိုလုပ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ရုပ်အလောင်းကို မန္တ လေးမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကိုပို့ဆောင် စစ်ဆေးရာ ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေတာကို စစ်ဆေးတွေ့ ရှိရတာကြောင့် ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဟာအောင်မြေမြို့နယ်က ရွှေချည်စေတနာ ရှာဖွေကယ်ဆယ်ရေးအသင်းမော်တော်ယာဉ်နဲ့ အေးရိပ်ငြိမ် ဘာသာပေါင်းစုံသုသာန်ပို့ဆောင် သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

#myanma_gone
#covid
#ကြိုးဆွဲချ
#aerial 220913
https://t.me/aerial2020