🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.1K subscribers
12.5K photos
1.01K videos
4 files
737 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Aug 26

စစ်ရှောင် စခန်းတွေဆိုပြီး လိမ်လည် ဝါဒဖြန့်နေ
🤣🤣🤣

ကျေးဇူးပြုပြီး စစ်ရှောင်တွေကို မြို့ပေါ်ပို့ပေးလိုက်ကြပါလားဟ😅
ဖါးနဲ့ငါး ကွဲသွားတာပေါ့

စစ်ရှောင်စခန်းဆိုပြီး ဝင်ထွက်သွားလာနေတဲ့ မင်းတို့က
စစ်ရှောင် ဆိုတဲ့ ခေါင်းစဥ်တတ်ပြီး Coverယူချင်သေးတာလားဟ🤣
ဂျပန်ကနျူကလီးယားညစ်ညမ်းရေပင်လယ်ထဲသို့ စွန့်ပစ်တဲ့ လုပ်ရပ်ဟာပင်လယ်သမုဒ္ဒရာဂေဟစနစ်နဲ့ လူသားများရဲ့ ကျန်းမာရေးထိခိုက်စေတဲ့ လုပ်ရပ် ပါပဲ
----------------------
ဒေသစံတော်ချိန် သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှာတစ်ကမ္ဘာလုံးမှ လူဒုနဲ့ဒေးကန့်ကွက်သံများကြားကပဲဂျပန်အစိုးရကဖူကူရှီးမားနျူကလီးယားညစ်ညမ်းရေကိုပင်လယ် ထဲသို့ ဇွတ်အတင်းစတင် စွန့်ပစ်ခဲ့ပါတယ်။ အဲဒါဟာပင်လယ်သမုဒ္ဒရာဂေဟစနစ်နဲ့ လူသားများရဲ့ ကျန်းမာရေးကိုထိခိုက်စေတဲ့ လုပ်ရပ် ဖြစ်ပြီးအဲဒီနေ့ကလည်းတစ်ကမ္ဘာလုံးပင်လယ် သမုဒ္ဒရာဘေးအန္တရာယ်နေ့ ဖြစ်လာခဲ့ပါတယ်။
ဒါဟာလူသားများနျူကလီးယားစွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုကတည်းကပထမဆုံးအကြိမ် နျူကလီးယားမတော်တဆမှုကြောင့် ဖြစ်စေတဲ့ ညစ်ညမ်းရေကိုပင်လယ်ထဲသို့ စွန့်ပစ်ခြင်းဖြစ်ပြီးနိုင်ငံတကာမိသားစုကြီးကိုကြီးမားတဲ့ အန္တရာယ်ထဲကျစေလိုက်တယ်။ ကျွမ်းကျင်ပညာရှင်များရဲ့ ခန့်မှန်းချက်အရလက်ရှိဂျပန်နိုင်ငံမှာနျူကလီးယားညစ်ညမ်းရေတန်ချိန် ၁.၃ သန်းလောက် ရှိပြီးအနှစ် ၃၀ မှ ၅၀ အထိအချိန်ကြာကြာစွန့်ပစ်ရမှာဖြစ်ကြောင်း၊ နျူကလီးယားညစ်ညမ်းရေဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာမြောက်အမေရိကပင်လယ်ကန်းရိုးတန်းသို့ ရောက်ရှိပြီးမြောက်ပစိဖိတ် သမုဒ္ဒရာတစ်ခုလုံး လွှမ်းသွားနိုင်ကြောင်း၊ ၂၀၃၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာအိန္ဒိယသမုဒ္ဒရာသို့ ပျံ့နှံ့ကာ ၁၀ နှစ်ကြာပြီးနောက် ပစိဖိတ် သမုဒ္ဒရာတစ်ခုလုံးသို့ ပျံ့နှံ့သွားမှာဖြစ်ကြောင်းသိရပါတယ်။
ဂျပန်ရဲ့ ဒီလုပ်ရပ်ဟာကိုယ့်အပြစ်ကြောင့် ဖြစ်စေတဲ့ ဘေးဒုက္ခများကိုသူများကိုခံစေတဲ့ လုပ်ရပ်ဆိုးဖြစ်ပြီးဒီလိုမျိုးဂျပန်ကိုကမ္ဘာကြီးကအထူးသတိထားသင့်တယ်။ ဂျပန် ဝန်ကြီးချုပ်ကနျူကလီးယားညစ်ညမ်းရေကိုပင်လယ်ထဲသို့ စွန့်ပစ်ရေးအစီအစဉ် အပေါ် လုံးဝတာဝန်ယူမယ်လို့ ပြောခဲ့တယ်။ ကြိုတင် စီစဉ်မှု၊ အာမခံမရှိတဲ့လုပ်ရပ်၊အန္တရာယ်ဖြစ်စေတာကိုတားမြစ်နိုင်မှာမဟုတ်တဲ့ ဖြစ်ရပ်ဆိုးအပေါ် ဂျပန်နိုင်ငံရေးသမားကဘယ်လိုအပြည့်အဝတာဝန်ယူနိုင်မလဲ၊ သားစဉ်မြေးဆက်အတွက် ဘယ်လိုတာဝန် ယူနိုင်မလဲလို့ လူအများကမေးခွန်းထုတ်ကြပါတယ်။
Aug 26


ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရ

NOM ဩဂုတ်လ ၂၆၊ ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအား ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအနီးဝန်းကျင်သို့ လက်နက်ကြီးဗုံးသီး များကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မကြည်ဖြူလွင် (၁၂) နှစ်တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

#NOM
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ "အာခါ" ဒန်းစီးပွဲတော် တက်ရောက်အားပေး


ကျိုင်းတုံ သြဂုတ် ၂၆
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၄)ရက် ည(၆)နာရီက ကျိုင်းတုံမြို့ အမေ့ရင်ခွင်ကျောင်း၌ အာခါရိုးရာ ဒန်းစီးပွဲတော်တက်ရောက်ကြကြောင်း သိရသည်။

ဒန်းစီးပွဲတော်တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ကျိုင်းတုံမြို့တွင် အာခါဒန်းစီးပွဲတော်ကို တက်ရောက်ရာသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ တိုင်းရင်းသားအားလုံး စုံညီစွာတက်ရောက်သည့်အတွက်တွေ့ရသည်ကို ဝမ်းသာပီတိဖြစ်မိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်အောင်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး အာခါတိုင်းရင်းသားခေါင်းဆောင်ဦးမင်းညိုမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ အာခါတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်း၊ တိုင်းရင်းသားပေါင်းစုံ ယဉ်ကျေးမှုအဖွဲ့မှကပြဖျော်ကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး အာခါတိုင်းရင်းသားခေါင်ဆောင် ဦးမင်းညိုမှ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့ကို အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ဒုတိယဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ကျိုင်းတုံ သြဂုတ် ၂၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၄)ရက် ညနေ(၄)နာရီက ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်က စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ အထွေထွေဆွေးနွေးကြ၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ်ရှင်းလင်းရာ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်မှာအစိုးရ၏တာဝန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်သည့် မည်သည့်အစိုးရမဆို နိုင်ငံကောင်းအောင် ဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း၊ မိမိတို့အစိုးရ၏ နိုင်ငံရေးရည်မှန်းချက်နှစ်ရပ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်မှာ တိုင်းပြည်သာယာဝပြောရေး စားရေရိက္ခာဖူလုံရေးတို့ပင်ဖြစ်ပြီး တိုင်းပြည်သာယာဝပြောရေး၌ ပြည်သူပြည်သားများအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်၊ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာသည် လူတိုင်းအတွက် လိုအပ်ပြီး လက်ရှိကမ္ဘာပေါ်တွင်လည်း စားနပ်ရိက္ခာလုံခြုံရေး(Food Security)မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေကြောင်း၊ နိုင်ငံတစ်ခုတွင် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ရရှိရန်လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များရှိသေးပါကြောင်း၊ လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိမှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူ၍ ချမှတ်ထားပါကြောင်း၊ စီးပွားရေးဦးတည်ချက် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဟူ၍ ချမှတ်ထားပါကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုရှိမှပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် ချမှတ်ထားပါကြောင်း၊ လူမှုရေးဦးတည်ချက်တွင် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထေက်အကူပြု ပညာရှင်များထွန်းကာလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ရေး ချမှတ်ထားပါကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန်ဟူ၍ချမှတ်ထားပါကြောင်း၊ အထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)