🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
July 26

တောင်ဒဂုံမြို့နယ် သုခဒဂုံအိမ်ရာမှ တိုက်ခန်း ၁၂၀၀ တွင် စတင်နေထိုင် ခွင့်ပြုမည်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမှ ပထမအဆင့် ပြီးစီးမည့် တိုက်ခန်း ၁၂၀၀ ခန့်တွင် စတင် ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး) မှသိရသည်။

အဆိုပါ သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာစီမံကိန်း၏ တိုက်ခန်းများတွင် ဝင်ငွေနည်းပြီး နေထိုင်ရေးအခက်အခဲရှိသည့် ပြည်သူ၊ အငြိမ်းစားဝန် ထမ်းများနှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများကို ငှားရမ်းနေထိုင် ခွင့်ပြုမည်ဖြစ်‌ကြောင်းသိရသည်။

"အမှန်တကယ် နေထိုင်ရေးအခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေမှာ လျှောက်လွှာဝယ်ယူပြီးဇူလိုင် ၃၁ ရက်နောက်ဆုံးထားပြီး လျှောက်လွှာပြန်လည်တင်ပြရမှာ ဖြစ်တယ်" ဟုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)က တာဝန်ရှိသူ တစ်ယောက်က ပြောသည်။

ယင်းတိုက်ခန်း တစ်လငှါးရမ်းခနှုန်းထားများသည် ပထမထပ် ကျပ် ၆၇၀၀၀ ကျပ်၊ ဒုတိယထပ် ကျပ် ၆၀၀၀၀၊ တတိယထပ် ၅၅၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆၀၀၀ ကျပ်ဖြစ်ပြီး အိမ်ငှါးရမ်းသည့် သက်တမ်းမှာ ၅ နှစ်ဖြစ်ကာ ၅ နှစ် နေထိုင်ပြီးလျှင် အိမ်ခန်းကို ပြန်လည် အပ်နှံရမည် ဖြစ်သည်။

သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးနဲ့ ရန်ကုန် မြို့ပတ်လမ်းမကြီး လမ်းဆုံအနီး မြေဧရိယာ ၁၇၁ ဧကတွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး ဆောက်လုပ်နေကြောင်းသိရသည်။

#NOM
July 26


နွားထိုးကြီးမြို့နယ်၊ လှည်းကူးမကျေးရွာအဝင် လမ်းဘေးတွင် PDF အကြမ်းဖက်သမားများသတ်ဖြတ် ထားသည့် အမျိုးသားအလောင်း ၁ လောင်းတွေ့

ဇူလိုင် ၂၅၊ ၂၀၂၃

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လှည်းကူးမကျေးရွာအဝင် လမ်းဘေးတွင် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ PDF အကြမ်း ဖက်သမားများသေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ထားသည့် အသက်(၄၅) နှစ်ခန့်အရွယ်အမျိုးသားအလောင်း ၁ လောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

#NOM
လှိုင်မြို့နယ်တွင် နေထိုင်သူ ထိုင်းလူမျိုးတစ်ဦးသေဆုံး

NOM သြဂုတ် ၂၊ ၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊(၁၀) ရပ်ကွက်၊ ခပေါင်းလမ်း၊ ခပေါင်းအိမ်ယာ၊ တိုက် (၆)၊ အခန်းအမှတ် (၄၀၂) တွင် ငှားရမ်းနေထိုင်သူ ထိုင်းနိုင်ငံသားတစ်ဦးသည် သြဂုတ်လ ၂ ရက် နံနက် ၈း၄၅ နာရီအချိန်က နေအိမ်တွင် သတိလစ်သွားသဖြင့်ဆေးရုံပို့စဥ်လမ်း၌ သေဆုံးသွားကြောင်းသိရသည်။

ထိုင်းနိုင်ငံသား Mr. Wattana Phong Phungnum သည်နေအိမ်တွင် ၅ ရက်ခန့် မကျန်းမမာဖြစ်နေရာမှ သတိမေ့သွားသဖြင့် လူစွမ်းကောင်းလူမှုကူညီရေးအသင်းပိုင်ကားဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဥ်လမ်း၌ သေဆုံးခြင်းဟုသိရသည်။
#NOM
အရာတော်မြို့နယ်၊ ကမ္ဘောဇ (၁) ရပ်ကွက်ရှိ အရာတော်-မုံရွာကားလမ်း မြို့ဝင်ဆိုင်းဘုတ်အနီးတွင် PDF အကြမ်းဖက်အဖွဲ့သတ်ဖြတ်ထားသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိ

NOM ဩဂုတ် ၇၊ ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော် မြို့နယ်၊ ကမ္ဘောဇ (၁) ရပ်ကွက်ရှိ အရာတော်-မုံရွာကားလမ်း မြို့ဝင်ဆိုင်းဘုတ်အနီးတွင် ဩဂုတ်လ ၆ ရက် နေ့ ည ၈ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့သတ်ဖြတ်ထားသည့် အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ကြောင်းသိရသည်။

အသတ်ခံရသူမှာ အသက် (၃၅) နှစ်ခန့်ရှိ အမျိုးသား ၁ ဦးဖြစ်ပြီး လက်နှစ်ဖက်တွင် ကော်ကြိုးဖြင့် တုပ်နှောင်လျက်အနေအထား၊ ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်းသိရသည်

#NOM
Aug 9

၅၂ လမ်း သိန်း ၁၅၀၀ ကျပ် ဓါးပြတိုက်သူများကို တစ်နာရီအတွင်းဖမ်းမိ



ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၅) ရပ်ကွက်၊ ၅၂ လမ်း၊မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ အမှတ် (၂၉) မြေညီထပ်ရှိ Best Century Travel and Tour တွင်သြဂုတ်လ ၈ ရက် ညနေ ၆ နာရီက သေနတ်ပစ်ဖောက်ဓါးပြတိုက်မှုဖြစ်ပွားပြီး ညနေ ၆း၄၅ နာရီအချိန်တွင် ဓါးပြလေးဦးကို လုယူသွားသည့် ကျပ်သိန်း ၁၅၀၀ ဖြင့် ဖမ်းမိကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဆိုင်အတွင်းဝန်ထမ်းရှစ်ဦးရှိနေစဥ် 7N/8293 Ford ကားအနက်ဖြင့် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးရောက်လာကာ ရုံးကြမ်းပြင်အား ပစ္စတိုသေနတ်ဖြင့်ပစ်ပြီး ရုံးအတွင်း ပီနံအိတ်ဖြင့်ထည့်ထားသည့် ငွေကျပ်သိန်း ၁၅၀၀ ကိုလုယူသွားခဲ့သည်။

လုံခြုံရေးအဖွဲ့က ပိတ်ဆို့ရှာဖွေရာအဆိုပါကားကို မရမ်းကုန်းမြို့နယ်၊အေဒီမီးပွိုင့်တွင် ညနေ ၆း၄၅ နာရီ၌တွေ့သဖြင့် ဖမ်းဆီးရာယာဥ်ပေါ်မှ ဓါးပြများဖြစ်သော လှိုင်သာယာနေ အားချီ (၂၁ နှစ်)၊ လှိုင်မင်းထွန်း (၁၆ နှစ်)၊ မရီရီ (၂၆ နှစ်)တို့သုံးဦးကို Sigsaure ပစ္စတိုတစ်လက်၊ကျည်အိမ်တစ်ခု၊ ဓါးပြတိုက်လုယူသွားသည့် ငွေကျပ်သိန်း ၁၅၀၀ တို့နှင့်အတူဖမ်းဆီးရမိပြီး စစ်ဆေးနေကြောင်းသိရသည်။

#NOM
Aug 26


ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦးဒဏ်ရာရ

NOM ဩဂုတ်လ ၂၆၊ ၂၀၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကာဘိုးကျေးရွာအား ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၁၀ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအနီးဝန်းကျင်သို့ လက်နက်ကြီးဗုံးသီး များကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ မကြည်ဖြူလွင် (၁၂) နှစ်တွင် ဗုံးသီးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

#NOM
Aug 29

ရွှေပေါက်ကံတွင် မပေါက်ကွဲသေးသော လက်လုပ်ဗုံးတွေ့



မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ၊ အမှတ် (၁၃) ရပ်ကွက်၊ ညောင်ရမ်းလမ်းနှင့် ရန်ကုန်လမ်းဆုံမြက် ခင်းပေါ်တွင် သြဂုတ်လ ၂၈ ရက်ည ၁၀:၁၅ နာရီက မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ်လုံးတွေ့ရှိကြောင်းသိရသည်။

လမ်းဆုံညောင်ရမ်းလမ်းဘေးမြက်ခင်းပေါ်တွင် Sport တံဆိပ်ပါ ကျောပိုးအိတ်အနက်ရောင်ကို မသင်္ကာဖွယ် တွေ့သဖြင့် လုံခြုံရေးအဖွဲ့က စစ်ဆေးရာ အိတ်အတွင်း PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ် ဗုံးတစ်လုံးတွေ့သဖြင့် အတားအဆီးပြုလုပ်ကာ ည ၁၁း၁၅ နာရီတွင် ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

#NOM
Aug 29

ဒဂုံအရှေ့မြို့မရဲစခန်းအနီးအသံမိုင်းကွဲ
NOM၊သြဂုတ်၂၉၊၂၀၂၃
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊(၁၅၅)ရပ်ကွက်၊မင်းရဲကျော်စွာလမ်း၊မြို့မရဲစခန်းအနီးတွင်သြဂုတ်လ၂၉ရက်ည၉း၀၅နာရီအချိန်ကအသံမိုင်းတစ်လုံးပေါက်ကွဲကြောင်းသိရသည်။
ပေါက်ကွဲမှုမှာမြို့မရဲစခန်းရှေ့လမ်းတစ်ဖက်ခြမ်းရှိအမှိုက်ပုံအနီးမှဖြစ်ပြီးပေါက်ကွဲမှုကြောင့်လူပစ္စည်းထိခိုက်မှုမရှိကြောင်းသိရသည်။


#NOM
Aug 29

ရန်ကင်းနှင့် တောင်ဥက္ကလာမြို့မရဲစခန်းများအနီး အသံမိုင်းပေါက်ကွဲ

NOM သြဂုတ်၂၉၊၂၀၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်များ၏ မြို့မရဲစခန်းများအနီးတွင် သြဂုတ်လ ၂၉ ရက် ညက အသံမိုင်းများ ပေါက်ကွဲကြောင်းသိရသည်။

ည ၈း၄၅ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ (၁၁) ရပ်ကွက်၊ သစ္စာလမ်းမြို့မရဲစခန်းအနီးတွင် အသံမိုင်းတစ်ကြိမ်ပေါက်ကွဲခဲ့သည်။

ည ၈း၅၅ နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်၊သစ္စာလမ်း၊ မြို့မရဲစခန်းဘေးလမ်းပေါ်တွင် အသံမိုင်းတစ်ကြိမ်​ပေါက်ကွဲခဲ့သည်။ ပေါက်ကွဲမှုကြောင့် လူပစ္စည်းထိခိုက်မှုမရှိကြောင်းသိရသည်။

#NOM
Aug 29


ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်

NOM ဩဂုတ် ၂၉၊ ၂၀၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာနေ ကျေးရွာအုပ်ချုပ် ရေးမှူး ဦးအောင်ငွေထွန်း (၄၅) နှစ် သည် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၅ မိနစ်အချိန်၌ သဗြုချောင်ကျေးရွာမှ ရင်းငြိမ်ကျေးရွာသို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့်သွားစဉ် ရင်းငြိမ် (မြောက်) ကျေးရွာ ဘောလုံးကွင်းအနီးအရောက်တွင် ၎င်း၏ အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့် လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၂ ဦးက‌ သေနတ်ဖြင့်ပစ်ခတ် ကာ ထွက်ပြေးသွားခဲ့သဖြင့် ဦးအောင်ငွေထွန်းတွင် ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက် ရှိကြောင်း သိရသည်။

#NOM
Aug 29

ရန်ကင်းမြို့မရဲစခန်းအနီးပေါက်ကွဲမှုနောက်ဆက်တွဲသတင်း
NOM၊သြဂုတ်၂၉၊၂၀၂၃
ရန်ကင်းမြို့နယ်၊(၁၁)ရပ်ကွက်၊ကံဘဲ့လမ်း၊ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင်သြဂုတ်လ၂၉ရက်ည၈း၄၅နာရီကပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ကနဦးသတင်းအရအသံမိုင်းပေါက်ကွဲခြင်းဟုရေးသားခဲ့သော်လည်းလုံခြုံရေးအဖွဲ့ကစစ်ဆေးရာတွင်စိစစ်ဆဲအကြမ်းဖက်သမားကလက်လုပ်ဗုံးဖြင့်ပစ်ခတ်ခြင်းဖြစ်ပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့ရှိပိတ်ထားသည့်ခြံစည်းရိုးသံပန်းအနီးကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ပေါက်ကွဲသည့်နေရာမှာPVC ပိုက်အပိုင်းအစများတွေ့ကြောင်းသိရသည်။



#NOM
Aug 29

ရန်ကင်းကလေးဆေးရုံရှေ့တွင်လက်လုပ်ဗုံးပေါက်ကွဲ
NOM၊သြဂုတ်၂၉၊၂၀၂၃
ရန်ကင်းမြို့နယ်၊(၁၁)ရပ်ကွက်၊ကံဘဲ့လမ်း၊ကလေးဆေးရုံရှေ့တွင်သြဂုတ်လ၂၉ရက်ည၈း၅၅နာရီအချိန်ကပေါက်ကွဲမှုဖြစ်ကြောင်းသိရသည်။
ပေါက်ကွဲမှုမှာဆေးရုံရှေ့၊ယာဘက်ထောင့်ကံဘဲ့လမ်းဘေးတွင်ပေါက်ကွဲခြင်းဖြစ်ပြီးပေါက်ကွဲသည့်နေရာမှPVCပိုက်အပိုင်းအစများတွေ့ကာလူပစ္စည်းထိခိုက်မှုမရှိကြောင်းသိရသည်။




#NOM
စားအုန်းဆီကုန်သည်များအဖမ်းခံရဟုသတင်းထွက်ပေါ်

NOM သြဂုတ် ၃၀၊ ၂၀၂၃

စားအုန်းဆီကိုမတရားစျေးတင်ရောင်းချနေသော စားအုန်းဆီအသင်းဥက္ကဌနှင့် တင်သွင်းခွင့်ပါမစ်ရ ဆီကုန်သည်များကို သြဂုတ်လ ၃၀ ရက်ည နေက ဖမ်းဆီးသွားကြောင်းသတင်းများထွက်ပေါ်နေသည်။

နိုင်ငံတော်မှအခြေခံလူတန်းစားများစားအုန်းဆီကို သက်သာစွာဝယ်ယူနိုင်​ရေးအတွက် တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်း၊ နေ့စဥ် စားအုန်းဆီရည်ညွှန်းစျေး (ကုန်သည်များအတွက် အမြတ်ပါပြီး တပိသာလက်လီစျေး) သတ်မှတ်ပေးသော်လည်း ဆီကုန်သည်များသည် ဆီပေပါ ၂၀ ခန့်ကိုသာရည်ညွှန်းစျေးဖြင့် ဟန်ဆောင်အရောင်းပြပြီး အများစုကို လက်ကားရောင်းချရာတွင်ပင် ရည်ညွှန်းစျေးထက် တစ်ပိသာလျှင်ကျပ်၂၀၀၀ မှ ၃၀၀၀ အထိစျေးတင်ရောင်းချနေသဖြင့် လက်လီစျေးကွက်တွင် စားအုန်းဆီမှာ တစ်ပိသာကျပ် ၈၀၀၀ အထက်တွင် သာရှိနေသည်။

ခွဲတမ်းစနစ်ဖြင့် ပါမစ်ရသူသာဆီတင်သွင်းခွင့်ရခြင်းအပေါ် လောဘဇောတိုက် အမြတ်ကိုတင်ချင်သလိုတင် ရောင်းချနေသော ဆီကုန်သည်များ၏ လစဥ်အမြတ်မှာ တစ်ဦးလျှင် ကျပ်သိန်းပေါင်းတစ်သိန်းမှ ကျပ်သိန်းပေါင်းတစ်သောင်းခွဲကြားရှိကြောင်းသိရသည်။

သြဂုတ်လ ၂၉ ရက်နေ့တွင် စီးကူးဝန်ကြီးဌာနစားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီကိုစျေးတင်ရောင်းချက တိုင်တန်းနိုင်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ ကြားသိရသောသတင်းများအရ ဆီကုန်သည်အသင်းဥက္ကဌ ဦးဆန်းလင်းနှင့် သွင်းခွင့်ပါမစ်ရဆီကုန်သည်များဖြစ်သော ဦးအေးစိန်၊ ဦးမြင့်ကြူ၊ ဦးဝမ်ထိုက်၊ ဦးထွန်းထွန်းဝင်းတို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။ သို့သော်လည်းအမည်စာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

စားအုန်းဆီကို ခွဲတမ်းပါမစ်ဖြင့်တင် သွင်းခွင့်ပြုခြင်းသည် နိုင်ငံတော်အတွက်လည်းအကျိုးမရှိ၊ အခြေခံလူတန်းစားအတွက်လည်း မသက်သာပဲတင်သွင်းခွင့်ရသူလူတစ်စုသာကျိကျိတက်ချမ်းသာစေသော စနစ်ဖြစ်သဖြင့် နီးစပ်ရာကိုပါမစ်ချပေးမည့်အစား လွတ်လပ်စွာ စျေးကွက်တွင် တင်သွင်းယှဥ်ပြိုင်ခွင့်ပြုသင့်ကြောင်းအခြားဆီကုန်သည်များထံမှသိရသည်

#NOM
ချမ်းမြသာစည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး စျေးသည်အမျိုးသမီး ၁ ဦးဒဏ်ရာရ

NOM စက်တင်ဘာ ၂၊ ၂၀၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်န္ဒာရပ်ကွက်နေ ဦးမော်ကြီး (၆၃) နှစ်သည် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၌ ၅၉ လမ်းအတိုင်း ဆိုင် ကယ်မောင်းနှင်လာစဉ် ကန်သာယာရပ်ကွက် ၅၉x၁၁၀ (A) လမ်းထောင့်အရောက်တွင် ၎င်း၏အနောက်မှ ဆိုင်ကယ်တစ်စီးဖြင့်လိုက်ပါလာသည့် PDF အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမော်ကြီးတွင် နဖူး၊ ပခုံး၊ ရင်ဘတ်နှင့် ကျောတို့တွင် ကျည် ဖောက်ဝင်ဒဏ်ရာ ၉ ချက်ရရှိကာ အခင်းဖြစ်ရာတွင် သေဆုံးခဲ့ပြီး အဆိုပါလမ်းထောင့်တွင် ဈေးရောင်းနေသည့် ဒေါ်ဌေးဌေး (၆၀) နှစ်တွင် ယာပေါင်ကျည် ထိမှန်ဒဏ်ရာတစ်ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။


#NOM
ကားမောင်းနေချိန် လက်ကိုင်ဖုန်းအသုံးပြုပါက မော်တော်ယာဉ်စီမံခန်ခွဲမှုဥပဒေအရ ထိရောက်စွာအရေးယူသွားမည်

NOM စက်တင်ဘာ ၂၊ ၂၀၂၃

ယာဉ်တိုက်မှုကြောင့်သေဆုံး၊ ဒါဏ် ရာရမှုများလျော့နည်းကျစေရေးအတွက် Quick Win စီမံချက်အရကားမောင်နေချိန် လက်ကိုင်ဖုန်းအသုံးပြုပါက မော်တော်ယာဉ်စီမံခန်ခွဲမှုဥပဒေအရ ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကောင်စီမှသိရသည်။

အဆိုပါစီမံချက်ကိုစက်တင်ဘာ ၁ ရက်ကလုပ်ဆောင်နေပြီး ယာဉ်မောင်းနေချိန် လက်ကိုင်ဖုန်းသုံးလျှင်ဒါဏ်ငွေကျပ် သုံးသောင်းချမှတ်အရေးယူသွားမည်ဖြစ်သည်။ ထို့ပြင် Quick Win စီမံချက်အရ ဆိုင်ကယ် စီးနင်းရာတွင်လည်း အရေအသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုတ်မဆောင်းပါက ဒါဏ်ငွေကျပ်သုံးသောင်း၊ ယာဥ်‌မောင်း‌နေစဥ် အသက်ကယ် ခါးပတ်အသုံးမပြုပါက ဒါဏ်‌ငွေကျပ်သုံး‌သောင်း၊ မူးယစ်သောက်စားမောင်းနှင်းပါက ဒါဏ်ငွေကျပ်တစ်သိန်း၊ သတ်မှတ်ထားသည့်အရှိန်ထက်ကျော်လွန်မောင်းနှင်ပါက ဒါဏ် ငွေကျပ်တစ်သိန်း ချမှတ်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံချက်ကို ဇူလိုင် ၁၇ ရက်မှဩဂုတ် ၃၁ ရက်အထိပညာပေးကာလသတ်မှတ်ပြီး အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကောင်စီအနေဖြင့် National Road City Plan ၂၀၂၁-၂၀၃၀ နှင့်အညီ မြန်မာနိုင်ငံယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကိုအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

#NOM