🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.04K videos
4 files
758 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ ဗုဒ္ဓဥယျာဉ်တော်နှင့် လွယ်မွေတောင်သို့ ကွင်းဆင်းကြည့်ရှု

ကျိုင်းတုံ သြဂုတ် ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများသည် သြဂုတ်(၂၄)နံနက်(၈)နာရီက ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဥယျာဉ်တော်သို့သွားရောက်၍ အဘယရာဇမုနိဘုရားအား ဖူးမျှော်ကြည်ညို၍ လောကသရဖူစေတီတော်နှင့် သတ္တသတ္တာဟမဟာဗောဓိစေတီအသစ် တည်ထားကိုးကွယ်မည့် နေရာဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့လွယ်မွေတောင်သို့ သွားရောက်ရာ ကျိုင်းတုံ-လွယ်မွေလမ်း ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားရေးမှူးဦးနေလင်း(မြို့ပြ)ကျိုင်းတုံမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး လွယ်မွေကန်တံတားနှင့်ပတ်သက်၍ တံတားဦးစီးဌာနမှ ဦးသန့်ဇင် ဒတိယညွှန်ကြားရေးမှူး (ကျိုင်းတုံ)မှ တံတားနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့်ဆည်မြောင်းနှင့်ရေအသုံးချမှု ဦးစီးဌာန (ကျိုင်းတုံ)မှ တာဝန်ရှိသူတစ်ဦးမှ လွယ်မွေရေကန် တာဘောင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းကြကြောင်း သိရသည်။

ကျိုင်းတုံ-လွယ်မွေလမ်း ၁၉.၈Km -၂၀.၃Km အတွင်း(၂)နေရာ လမ်းကွေ့နေရာများအား လမ်းဖြောင့်၍ မြေတောင်ချဲ့ခြင်း၊ မျက်ကွယ်ကုန်းများအား ဖြတ်ထုတ်ခြင်းနှင့် မြေသားလမ်း လုပ်ငန်းဆောင်ရွက်ကြောင်း သိရသည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွယ်မွေအခြေခံပညာ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းစာကြည့်တိုက်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)
မြိုင်မြို့နယ် မြိုင်-ပခုက္ကူသွား ကားလမ်းပေါ်ရှိ အကြမ်းဖက် PDF များ ထောင်ထားသော မိုင်းများအား ဖော်ထုတ်ရှင်းလင်း

2023 August 26

ဩဂုတ်လ ၂၅ ရက် ညနေ ၃ နာရီခန့်တွင် မြိုင်မြို့အနီး မြိုင်-ပခုက္ကူသွား ကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ များသည် အကြမ်းဖက် PDF များ ထောင်ထားသော

- လက်လုပ်ရီမုမိုင်း ၁၃ လုံး အား ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ပါသည်။

ပြည်သူများ အထိတ်တလန့်ဖြစ်၍ ထိခိုက်စေရန် ရည်ရွယ်ပြီး ရပ်ကွက်၊ စာသင်ကျောင်း၊ လမ်း/တံတား စသည့် လူမှုပတ်ဝန်းကျင်နှင့်ဆိုင်သော နေရာများအား လူစိတ်မရှိဘဲ မိုင်းထောင်ဖောက်ခွဲမှုများ ပြုလုပ်လျှက်ရှိသည့် PDF အကြမ်းဖက်များ ထောင်ထားသော မိုင်းများအား လုံခြုံရေးအဖွဲ့များက အသက်ကိုပဓာန မထားဘဲ အချိန်မီ ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ပါသည်။

#FiftyTwoNews
Aug 26


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မန္တလေး အောင်မြေသာစံမြို့နယ် ရှိ သာသနာ့နွယ်ဝင်သီလရှင်ဆရာကြီး ဆရာလေးများ နှင့် ရပ်ကွက်နေပြည်သူများ အား အထွေထွေရောဂါများ ကုသပေးခြင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်

#MNZ
Aug 26

သြဂုတ် ၂၆ ရက်(ယနေ့)နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်းရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ သီတဂူဗုဒ္ဓဓမ္မပါဒက သင်တန်းသား/သင်တန်းသူ များက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်

#MNZ
Aug 26

"ပြည်မြို့၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအတွင်း အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချသေဆုံး"


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့ရှိ ဆံတော်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အမျိုးသားတစ်ဦး လေးထပ်အမြင့်မှ ခုန်ချ၍ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

အဆိုပါအမျိုးသားသည် မည်သည့်အကြောင်းကြောင့် ယခုလို ခုန်ချသေကြောင်းကြံရသည်ကို မသိရှိရသေးဘဲ လေးထပ်အမြင့်မှ ခုန်ချခဲ့ကြောင်းသာ သိရှိရသည်ဟုဆိုသည်။

ထိုသို့ခုန်ချခဲ့မှုကြောင့် ခြေထောက်ကျိုး၊ လက်နှစ်ချောင်းကျိုး၊ တင်ပါးဆုံပေါက်ပြဲ၊ နဖူးကွဲ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သဖြင့် အရေးပေါ် ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့သော်လည်း လူနာမှာ သေဆုံးသွားခဲ့သည်ဟု သိရသည်။
#mhtnews