🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.08K subscribers
12.7K photos
1.05K videos
4 files
778 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
Forwarded from Sandi Myint Aung (Sandi Myint Aung)
Please open Telegram to view this post
VIEW IN TELEGRAM
July 22

မီးသွေးတင်လာသော ကားတစ်စီးကို မီးရှို့ဖျက်စီးလိုက်ပြီး ဒရိုင်ဘာနှင့် စပါယ်ယာကို သ-တ်ဖြတ်လိုက်ကြောင်း သာယာဝတီ PDF ပြော
====================================================
၂၂. ၇. ၂၀၂၃
Written by Nay Moe

မီးသွေးတင်လာသော ကားတစ်စီးကို မီးရှို့ဖျက်စီးလိုက်ပြီး ဒရိုင်ဘာနှင့် စပါယ်ယာကို သ-တ်ဖြတ်လိုက်ကြောင်း NUG ဩဇာခံ PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပြောသည်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့်−မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ပဲခူးရိုးမအတွင်းမှ မီးသွေးများတင်လာသည့် ဖောကားတစီးအားဇူလိုင် ၁၉ ရက် ညနေ ၅ နာရီ ၂၀ ခန့်တွင် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ၅ မှ မီးရှို့ဖျက်ဆီးကာ ကားပေါ်ပါ ဒရိုင်ဘာနှင့် စပါယ်ယာ ၂ ဦးကို သ-တ်ဖြတ်လိုက်ခြင်းဖြစ်...


#MT News
Media is too big
VIEW IN TELEGRAM
အမျိုးသမီးနှစ်ယောက်ကို ကိုယ်တုံးလုံးဖမ်းခေါ်သွားပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တာကြောင့် ဆူပူဆန္ဒပြမှု ဂယက်ရိုက်ခံနေရတဲ့ အိန္ဒိယ

၂၂. ၇. ၂၀၂၃
ရေးသား/တင်ဆက် - ပန်းအိ
တည်းဖြတ်- ပီယ

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ Meitei မျိုးနွယ်စုနဲ့ ကူကီးလူမျိုးစုတို့ လူမျိုးရေး ပဋိပက္ခတွေ ပြီးခဲ့တဲ့ မေလကတည်းက ဖြစ်ပွားခဲ့တာပါ။

ပဋိပက္ခအတွင်း အကြမ်းဖက်မှု နောက်ဆက်တွဲအနေနဲ့ ကူကီးအမျိုးသမီးနှစ်ယောက်ကို အဝတ်ဗလာနဲ့ အုပ်စုဖွဲ့ ဖမ်းဆီးပြီး အုပ်စုဖွဲ့မုဒိမ်း ပြုကျင့်ခံရတဲ့ဖြစ်စဉ်ဟာလည်း လွန်ခဲ့တဲ့ နှစ်လကျော်က ဖြစ်ပွားခဲ့ပေမဲ့ ဖြစ်စဉ်ဗီဒီယိုဟာ အခုသီတင်းပတ်အတွင်း လူမှုကွန်ရက်မှာ ပျံ့နှံသွားပြီးနောက် လူတွေရဲ့ အာရုံစိုက်မှုကိုရရှိခဲ့သလို လူတွေကို ဒေါသထွက်စေခဲ့ပြီး အိန္ဒိယနိုင်ငံအနှံ့မှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတာကို MT News က တင်ဆက်ပေးလိုက်ပါတယ်။

#MT News
၁၆. ၈. ၂၀၂၃
Written by Nay Aung
ရုရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ရုရှားစစ်ဘက်သုံးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ FSMTC အကြီးအကဲ Dmitry Shugaev က ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့အပြင် Pantsir S1 အမျိုးအစား တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးနိုင်ရန် အချိန်သတ်မှတ်နိုင်ရန် စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုခဲ့သည်။
FSMTC အကြီးအကဲ Dmitry Shugaev သည် ရုရှားနိုင်ငံတွင် သြဂုတ် ၁၂ ရက်မှ စတင်ကျင်းပခဲ့သော Army-2023 forum ဖိုရမ်အတွင်း မြန်မာနိုင်ငံကို တိုက်လေယာဉ်များ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းက ” ကျွန်တော်တို့ဟာ ၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံကို Su-30 SME အမျိုးအစား တိုက်လေယာဉ်နှစ်စီး လွှဲပြောင်းပေးခဲ့တယ်။ စာချုပ်မှာသတ်မှတ်ထားတဲ့ အချိန်အတိုင်း ကျန်ရှိတဲ့တိုက်လေယာဉ်တွေကို အချိန်မီလွှဲပြောင်းပေးသွားဖွယ်ရှိနေပါတယ်။” ဟုပြောသည်။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို Yak-130 အမျိုးအစားတိုက်ခိုက်ရေးလေ့ကျင့်ရေးလေယာဉ်များ၊ စစ်လက်နက်နှင့် ကျည်ဆံများ ကူညီထောက်ပံ့ပေးနိုင်မည့်စာချုပ်ကို အကောင်အထည်ဖော်ရေး ဆက်လက်လုပ်ကိုင်နေကြောင်း FSMTC အကြီးအကဲ Dmitry Shugaev ကပြောသည်။ ၎င်းက ” မြန်မာနိုင်ငံကို Pantsir-S1 အမျိုးအစား
လေကြောင်းရန်ကာကွယ်ရေးစနစ် လွှဲပြောင်းပေးနိုင်ဖို့ စည်းကမ်းအချိန်သတ်မှတ်မှုတွေ လုပ်ဆောင်နေပါတယ်” ဟုပြောသည်။
ရုရှားနိုင်ငံအနေဖြင့် အရှေ့တောင်အာရှဒေသအတွင်းရှိ နိုင်ငံများအနက် ရုရှားနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနိုင်ရန် အဆင့်သင့်ရှိနေကြောင်း ၎င်းကပြောခဲ့သည်။ ရုရှားနိုင်ငံသည် မြန်မာနိုင်ငံသို့ Pantsir-S1 အမျိုးအစား တာတိုပစ် ဒုံးကျည် လေကြောင်းရန်ကာကွယ်ရေးစနစ်နှစ်ခု လွှဲပြောင်းပေးရန် ၂၀၂၁ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၈ ခုနှစ်တွင် ရုရှားနှင့် မြန်မာနိုင်ငံကြား Su-30 SME အမျိုးအစား တိုက်လေယာဉ်များ လွှဲပြောင်းဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း ရုရှားမီဒီယာများက ဖော်ပြထားသည်။

#MT News
ဆန်စျေးဆီစျေးကျဆင်းရေး၊ အစားအစာအတွက် ၄၂ ဒေါ်လာပဲသုံးနိုင်တဲ့ ပြည်သူတွေနဲ့ INGO တွေ မွှေနောက်ခံ မြန်မာ

၃. ၉. ၂၀၂၃
Written by Phyo Wei

"မြန်မာနိုင်ငံမှာ စင်ကာပူနဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းရာချီရှိနေပြီး ဒီလုပ်ငန်းတွေ ပြည်ပက မိခင်ကုမ္ပဏီဆီကို ဒေါ်လာပြန်ပို့နေတာတွေ ကန့်သတ်တာမျိုးလုပ်သင့်မသင့် တန်ပြန်တွက်ဆ....

"မြန်မာလူမျိုးတွေဟာ ဆန်နဲ့ဆီသာရှိပါလေ့စေ။ ငပိဖုတ်နဲ့လည်း ထမင်းတစ်နပ်ဖြစ်အောင် စားတတ်တဲ့သူတွေမို့လို့ ကျအောင်လုပ်နေတဲ့ ဆန်၊ ဆီစျေးတော့ ဖမ်းတုန်းခဏ ကျတယ်ဆိုတာထက် အမှန်တကယ်ကျဖို့ ကြိုးပမ်း...."

"ပြည်သူကို တိုက်ရိုက်ပံ့ပိုးတာမဟုတ်ဘဲ ငွေသုံးတဲ့ INGO တွေ NGO တွေရဲ့ အလုပ်လုပ်ပုံဟာ Proposal တွေနဲ့ သွားကြတဲ့ သဘောသဘာ၀ကို မြင်ရပါတယ်။ ဥပမာ OIC နိုင်ငံတစ်ခုနဲ့ချိတ်ဆက်ထားတဲ့ NGO တစ်ခုဟာ လူ့အခွင့်အရေးအတွက် ဘင်္ဂါလီတွေကို မြန်မာတွေက ဖိနှိပ်ထားတယ်ဆိုတဲ့ အမြင်မျိုး ကမ္ဘာကမြင်ဖို့အတွက်ဆိုရင် မီဒီယာဆယ်နဲ့ချီကို ဒေါ်လာသန်းချီသုံးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံနေရတယ်ဆိုတာတွေပဲ အဓိကထုတ်လုပ်စေပါတယ်။ ဒီလိုမျိုး OIC နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ INGO က မီဒီယာတစ်ခုကို ဒေါ်လာသိန်းသန်းချီပေးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံရတာကို ရေးခိုင်းတယ်ဆို အဲဒီလိုမီဒီယာဟာ ဘင်္ဂါီလီတွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေဘဲ ကမ္ဘာကသိအောင် ထုတ်လုပ်ပါတယ်။ အဲဒီလိုမျိုး ထုတ်လုပ်မှုတွေကြောင့် NLD အစိုးရဟောင်းလက်ထက်မှာ မြန်မာ့ပုံရိပ်ကျဆင်းခဲ့တာပါ။

အလားတူပါပဲ။ မြန်မာပြည်မှာ အစိုးရတစ်ရပ်ကို လူထုမကျေနပ်လို့ တိုက်ခိုက်ဆန္ဒပြနေပြီဆိုရင်လည်း အဲဒီအတွက် နိုင်ငံကြီးတွေက ကမ္ဘာကို ပြန့်စေမဲ့ သတင်းမီဒီယာတွေကို ဒေါ်လာသိန်းသောင်းချီပေးပြီး နိုင်ငံတွင်းက စားဝတ်နေရေးမပြေလည်မှုတွေ၊ တရားဥပဒေမစိုးမိုးမှုတွေ၊ နေရာအနှံ့ဗုံးကွဲသတ်ဖြတ် မလုံခြုံမှုတွေဘဲ ငွေပေးပြီးထုတ်လုပ်ခိုင်းတော့ ကမ္ဘာ့အလယ်က မြန်မာနိုင်ငံဟာ ဘေးရန်အများဆုံးနိုင်ငံ၊ လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် မြင်လာပြီး ခရီးသွားဝင်ရောက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာတွေ ကျဆင်းကုန်တော့တာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်း၊ ကမ္ဘာလှည့်ခရီးသွားတွေ မဝင်ရောက်တဲ့ အကျိုးဆက်ကိုတော့ မြန်မာပြည်သူတွေပဲ လည်စင်းခံခဲ့ရ....

ဆောင်းပါးအပြည့်အစုံဖတ်ရှုရန်
https://www.mtnewstoday.com/?p=34739

#mtnews_review #mt_news_ဆောင်းပါး
#myanmar_transparency_news
AA ထိန်းချုပ်ထားသည့် သံတွဲမြို့ ယနေ့နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရ

၂၆.၉.၂၀၂၄
Written BY Zun

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ သံတွဲမြို့ပေါ် သို့ ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းအချိန်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရကြောင်း ဒေသခံများက MT News ကို ပြောသည်။

AA အဖွဲ့အနေဖြင့် သံတွဲမြို့ကို ထိန်းချုပ်ထားပြီး သံတွဲရဲစခန်းရှေ့ရှိ ယခင်ဘောလုံးကွင်းနေရာတွင် အသစ်တည်ဆောက်ထားသော မြို့နယ်ခန်းမ အဆောက်အဦသစ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံးတို့တွင် AA လက်နက်ကိုင်များနှင့် မိသားစုဝင်များ အခြေချနေထိုင်နေစဉ် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းလည်း ဖြစ်သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် AA လက်နက်ကိုင်တို့၏ မိသားစုဝင်များ အဓိကထိခိုက်ပြီး သေဆုံးသူ အနည်းဆုံး ၁၀ ဦး ကျော်ရှိကာ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း...

◾️ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=76087

#သံတွဲ #လေကြောင်းတိုက်ခိုက်ခံရ #AA #MT #mtnews
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူ

၂၉.၉. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈၅ ဦးကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရသည် အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို မြန်မာရေတပ်သင်္ဘောဖြင့် ကော့ဘဇားဒေသသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၉ ရက်နေ့တွင် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာရေတပ်သင်္ဘောသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့သော မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့်တပ်မတော်သား ၁၂၀ ကို ပြန်လည်....

◾ Website တွင် ပြန်လည်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=76475

REF tbsnews
#Bangladesh #Myanmar #BGP #ရခိုင် #sac #တရားခံ #လွှဲပြောင်း #အစိုးရ #MT
Oct 6

ဆိုင်ကယ်ကယ်ရီမောင်းသူကို သတင်းပေးဟု စွပ်စွဲပြီး နတ်တလင်း PDF က ယနေ့နံနက်ပိုင်းတွင် ကြိုးတုပ်ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်
===========================================================
၆. ၁၀. ၂၀၂၄
Written by Nay Moe

ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးကို သတင်းပေးဟု စွပ်စွဲပြီး နတ်တလင်း PDF က ယနေ့နံနက်ပိုင်းအချိန် ကြိုးတုပ်ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်လိုက်သည်ဟု သတ်ဖြတ်သည့် နတ်တလင်း PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်လာသည်။

ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်အချိန်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်၊ အောင်ရတနာရပ်ကွက်၊ ညောင်လှရွာနေ ဆိုင်ကယ်ကယ်ရီမောင်းသည့် ဦးမြင့်ကြည် ...

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=77359

#နတ်တလင်း #NUG #PDF #ပဲခူး #MT

▪️ဒင်းတို့မသက်ာတိုင်းအပြစ်မဲ့ပြည်သူ‌ တွေကိုလိုက်သတ်ဖြတ်‌ နေကြတာ
အတော်လူမဆန်တဲ့ခွေးမသားတွေ။😡
Oct 25

အမျိုးသမီးတစ်ဦးကို လမ်းမအလယ် ဝိုင်းဝန်းရိုက်နှက်ပြီး ပစ်ခတ်သတ်ဖြတ်သည့် တမူး PDF တပ်ရင်း (၄) ကာကင်း စီးနင်းခံရပြီး PDF သုံးဦးသေ

၂၅. ၁၀. ၂၀၂၄
Written by Nay Moe

အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ မအေးမာထွန်းကို ပျူစောထီးလို့ စွပ်စွဲပြီး လမ်းမအလယ်မှာ ဝိုင်းဝန်းရိုက်နှက် ဒူးထောက်ထိုင်ခိုင်းကာ သေနတ်နဲ့ပစ်သတ်ခဲ့ကြတဲ့ တမူး PDF တပ်ရင်း (၄) ရဲ့ ကာကင်း စီးနင်းခံရပြီး PDF သုံးဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နမွန်းတားကျေးရွာက တမူး PDF တပ်ရင်း (၄) ရဲ့ ကာကင်းကို အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ချေမှုန်းစီးနင်းမှုကြောင့် တမူး တပ်ရင်း (၄) က PDF တပ်စိတ်မှူး အပါအဝင် သုံးဦး သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။

သေဆုံးသွားတဲ့ တမူး PDF သုံးဦးက တပ်စိတ်မှူးသော်ဇင်ထွန်း (၂၃ နှစ်)၊ ပိုင်ပိုင် (၁၉ နှစ်) နဲ့ ကျော်သီဟအောင် (၁၈) နှစ်တို့ဖြစ်ပြီး ကျော်သီဟအောင်ကတော့ အသက်မပြည့်ခင်ကတည်းက တမူး PDF တပ်ရင်း (၄) ရဲ့ စစ်သားစုဆောင်းမှုခံထားရတဲ့ ကလေးစစ်သားဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် တိုက်ပွဲမှာတော့ သေဆုံးသွားခဲ့တာပါ။

◾ Website တွင် ဖတ်ရှုရန်
https://www.mtnewstoday.com/?p=79618
#တမူး #မအေးမာထွန်း #တပ်ရင်း၄ #ဂျပန်ကြီး#MT
ယနေ့တွင် နေပြည်တော်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing အားလုံးကို ဟန့်တားနိုင်ခဲ့ကြောင်း SAC ထုတ်ပြန်

၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

ယနေ့တွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ အရေးကြီးနေရာများအား ဖောက်ခွဲဖျက်ဆီးရန် အကြမ်းဖက်သမားများ လွှတ်တင်ခဲ့သည့် Fixed Wing များအားလုံး ဟန့်တားနိုင်ခဲ့ပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

နေပြည်တော်ကောင်စီနယ်မြေရှိ အရေးကြီးအဆောက်အဦများနှင့် နေရာဌာနများအား ဖောက်ခွဲဖျက်ဆီးရန်နှင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ယုတ်မာကောက်ကျစ်သည့် အကြံအစည်များဖြင့် အကြမ်းဖက်သမားများသည် အရှေ့ဘက်အရပ်မှ ယနေ့ နံနက်ပိုင်း လယ်ဝေးမြို့နယ်အတွင်းသို့ ဒေသန္တရလုပ် Fixed Wing အချို့ စမ်းသပ်ပစ်လွှတ်ခြင်းဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်နိုင်ရန် ကြံစည်...

◾ Website ​တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=8069

#နေပြည်တော် #fixedwing #ဒရုန်း #MT #mtnews