🇲🇲🇲🇲Myanmar News Zone🇲🇲🇲🇲
1.12K subscribers
12.4K photos
1.01K videos
4 files
731 links
သတင်း ရင်းမြစ်အားလုံးကို Creditပေးပါတယ်ခင်ဗျာ☺️☺️
Download Telegram
တရုတ်တပ်မတော်ကိုယ်စားလှယ်များကို KIA ပစ်ခတ်

◾ နန်ကျင်စီးပွားရေးဇုန် တည်ဆောက်ရန် ဆွေးနွေးမည့် တရုတ်နိုင်ငံမှ ကောင်စစ်ဝင်(၁)ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်က ပစ်ခတ်သည်ဟု မီဒီယာများမှ စွပ်စွဲချက် မှားယွင်းပြီး အမှန်မှာ တရုတ်တပ်မတော်မှပုဂ္ဂိုလ်များဖြစ်ကာ KIA က ပစ်ခတ်ခဲ့ဟု သိရ

၂၉. ၆. ၂၀၂၃
Written by Nay Moe

နန်ကျင်းစီးပွားရေးဇုန် တည်ဆောက်ရန် ဆွေးနွေးမည့် တရုတ်နိုင်ငံမှ ကောင်စစ်ဝင်(၁)ဦး ပါဝင်သည့် အဖွဲ့အား နယ်ခြားစောင့်တပ်က ပစ်ခတ်သည်ဟု မီဒီယာများမှ စွပ်စွဲချက် မှားယွင်းပြီး ထိုဖြစ်စဥ်တွင် ပါဝင်သူများမှာ တရုတ်တပ်မတော်မှပုဂ္ဂိုလ်များဖြစ်ကာ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား နယ်စပ်ဒေသဆွေးနွေးပွဲလာရောက်စဥ် KIA က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၉ ရက်တွင် ပြောသည်။

အဆိုပါဖြစ်စဥ်မှာ သတင်းမီဒီယာအချို့မှ ဇွန်လ ၂၇ ရက်တွင် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်တစ်ဦးပါဝင်သော အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ နန်ကျင်စီးပွားရေးဇုန်အတွက် ဆွေးနွေးရန်ထွက်ခွာလာချိန် ပစ်ခတ်ခံရပြီး ထိုသို့ပစ်ခတ်သည့်အဖွဲ့မှာလည်း နယ်ခြားစောင့်တပ်ဖြစ်သည်ဟု သတင်းမီဒီယာအချို့ကစွပ်စွဲ၍ မဟုတ်မမှန်သတင်းများ တွေ့ရကြောင်းနှင့် ဖြစ်စဥ်မှာ တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်းမဟုတ်၊ နန်ကျင်စီးပွားရေးဇုန်အတွက်လည်း မဟုတ်ဘဲ နယ်​ခြားဒေသများတွင် တပ်မတော်အချင်းချင်းလစဥ်ပုံမှန်ဆွေးနွေးပွဲဖြစ်ပြီး ထိုသို့ဆွေးနွေးပွဲများကို မြန်မာနိုင်ငံတွင်တစ်လှည့်၊ တရုတ်နိုင်ငံတွင် တစ်လှည့်ဆွေးနွေးကာ ထိုသို့သောဆွေးနွေးမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပုံမှန်ဆွေးနွေးရသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

"ဒီဆွေးနွေးပွဲတက်ရောက်ဖို့ တရုတ်နိုင်ငံက တပ်မတော်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာနိုင်ငံကို လာရောက်ခဲ့တာရှိပါတယ်။ ဇွန်လ ၂၇ ရက် မနက်ပိုင်းမှာ လာရောက်ခဲ့တယ်။ ကန်ပိုင်တည်ဘက်ကနေ လာခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က လုံခြုံရေးတပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့တာရှိပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့်တပ်ရဲ့ ရှေ့ပြေးဒုတိယယာဥ်က ၁၃ ကီလိုမီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ငါးချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရမှုမရှိပါဘူး။ လက်နက်ငယ်နဲ့ငါးချက်ပစ်ခတ်ခံရတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီဘေးတစ်နေရာမှာ လုံခြုံရေးအရ လုံခြုံမှုရအောင် ဆောင်ရွက်ခဲ့တာရှိပါတယ်။ အဲဒီနေရာမှာ ပြန်လည် လုံခြုံမှုရအောင်လုပ်ပြီးတဲ့အခါမှာ အဲဒီယာဥ်တန်းက မြစ်ကြီးနားကို ပြန်လည်ထွက်ခွာလာခဲ့တယ်။ ပြီးတော့ မူလအစီအစဥ်တိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများပြုလုပ်ခဲ့တာရှိပါတယ်။ အောင်မြင်စွာပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်အဖွဲ့များလည်း ပြည်ပသို့ ပြန်လည်ထွက်ခွာခဲ့ပြီဖြစ်ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့က KIA အဖွဲ့ဆိုတာ အတည်ပြုလို့ရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထိုသို့ KIA က ပစ်ခတ်ပြီးနောက် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အထင်အမြင်လွဲမှားမှုဖြစ်လာအောင် ပြည်ပမီဒီယာများက ဝိုင်းဝန်းသွေးထိုးလှုံ့ဆော်ကြသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောပြီး ထိုဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်မည်ဟုလည်း ပြောသည်။


#sac #China #Kia #တရုတ် #မြစ်ကြီးနား
#mtnews #myanmar_transparency_news
FED ဒရုန်းတပ်ဖွဲ့မှ ဆရာဝန်နှစ်ဦး ထွက်ပြေးကာ SAC ထံ အလင်းဝင်

◾️ထွက်ပြေးသော ဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေး သမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက် စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း ကြေညာ

၂၄. ၈. ၂၀၂၃
Written by Nay Moe

NUG နှင့် KNLA တို့ဖြင့်ပူးပေါင်းကာ Drone သင်တန်းများ ပို့ချပေးပြီး တ်ိုက်ပွဲများဆင်နွှဲနေသော FED ဒရုန်းတပ်မှ တပ်ဖွဲ့ဝင် ဆရာဝန်နှစ်ဦး ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ထိုဆရာဝန်နှစ်ဦးကို “ဖောက်ပြန်ရေးသမား၊ သစ္စာဖောက်”ဟု တံဆိပ်ကပ်ကာ နာမည်ပျက်စာရင်းသွင်း၍ ထုတ်ပယ်ကြောင်း FED (Force For Federal Democracy) အဖွဲ့က ကြေညာထားသည်။

SAC ထံ အလင်းဝင်သွားသည်ဟု သိရှိရသော ထိုဆရာဝန်နှစ်ဦးသည် ဩဂုတ် ၂၁ ရက်နေ့တွင် FFD တပ်ဖွဲ့ မှ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကနဦးသတင်းများအရ သိရ...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=33545
#FED #PDF #NUG #sac
#myanmar_transparency_news #mtnews
အမေရိကန်က မြန်မာနိုင်ငံကို ရန်သူသဖွယ်သဘောထားပြီး ဝင်ရောက်စွက်ဖက်မှုကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း SAC ဥက္ကဋ္ဌ ပြောကြား

◾အမေရိကန်၏ လိုလားချက်မှာ တရုတ်နိုင်ငံကို ထိန်းချုပ်ရေးဖြစ်သလို ၎င်းတို့လိုလားသော အစိုးရ/အုပ်စု အာဏာမရရှိခဲ့သည့်အတွက် ကဏ္ဍပေါင်းစုံ မငြိမ်သက်အောင် ဆောင်ရွက်နေ

◾အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ကူညီနေဟုပါ ပြော


၂၆. ၁၀. ၂၀၂၃
Written by Nyein Kyaw

မြန်မာ့နိုင်ငံ‌ရေးနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှုများကို အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုမှ စဉ်ဆက်မပြတ်ပြုလုပ်ခဲ့မှုများရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၃) တွင် ပြောကြားခဲ့သည်။

မြန်မာနှင့် အမေရိကန်သည် ရန်ဘက်နိုင်ငံများမဟုတ်ကြောင်း၊ စစ်ဖြစ်ပွားဖူးခြင်းလည်း မရှိကြောင်း၊ ယုတ်ဆွအဆုံး အရှေ့‌တောင်အာရှတွင် အမေရိကန်ကျူးကျော်မှုကြောင့် ဗီယက်နမ်စစ်ပွဲ၌ပင် မြန်မာတို့ပါဝင်ပတ်သက်မှုမရှိခဲ့ကြောင်း၊ သို့သော် ယနေ့ကာလအထိ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအားရန်သူသဖွယ် သဘောထားခြင်းမှာ ကြီးမားသော နောက်ခံအကြောင်းအရင်းရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ၎င်းတို့ဖြစ်စေချင်သည့်အတိုင်း မဖြစ်သည့်အခါ ၎င်းကဲ့သို့ မဖြစ်အောင် ကာကွယ်နိုင်သည့် အင်အားစုများကို ရန်ပြုခြင်းမှာ မြင်သာသည့်အကြောင်းအရာပင်ဖြစ်ကြောင်း၊ ယခုလက်ရှိအခြေအနေတွင်လည်း အမေရိကန်ဦးဆောင်သောအုပ်စု၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ရေး (China Containment Policy) ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ၎င်းတို့လိုလားသော အစိုးရ/အုပ်စုအာဏာရရှိ‌ရေးကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မရရှိခဲ့ပါက မြန်မာနိုင်ငံ၌ ကဏ္ဍပေါင်းစုံ မငြိမ်မသက်ဖြစ်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံကိုယ်တိုင်က အကြမ်းဖက်အဖွဲ့များကို ခေါင်းစဉ်အမျိုးမျိုး အကြောင်းအမျိုးမျိုးဖြစ် ကူညီနေကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စသောနိုင်ငံများသည် သမိုင်းအစဉ်အလာအရ ရင်းနှီးသော မိတ်ဆွေနိုင်ငံများဖြစ်ကြောင်း၊ သို့သော် အမေရိကန်၏ဩဇာလွှမ်းမိုးမှုကို မလွန်ဆန်နိုင်သောနိုင်ငံများက မိမိတို့နိုင်ငံအပေါ် ကုန်သွယ်မှု၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

မိမိတို့နိုင်ငံသည် ဘဏ်စနစ်တစ်ခုဖြင့်သာ ရှင်သန်ရပ်တည်ကုန်သွယ်နေသည့် နိုင်ငံမဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှင့် ကုန်သွယ်မှုကိစ္စများ၌ ငွေကြေးစနစ်တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားမှုမပြုဘဲ ငွေကြေးစနစ်အမျိုးမျိုးဖြင့် အသုံးပြုနိုင်မှုအပေါ် နိုင်ငံတကာက အလေးထားလာသကဲ့သို့ မိမိတို့လည်း ဆောင်ရွက်နေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးနှင့် အိမ်နီးချင်းမိတ်ဆွေနိုင်ငံများနှင့် ပိုမိုချစ်ကြည်ရင်းနှီးရေးကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

https://www.mtnewstoday.com/?p=40571

#sac #american #အမေရိကန် #sanctions #China
#india #singapore #thailand #malaysi #russia
#mtnews #myanmar_transparency_news