MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ကိုဗစ်-၁၉ ဒယ်လ်တာဗီဇမျိုးကွဲ တကမ္ဘာလုံး ပျံနှံ့လာဟု WHO သတိပေး
DVB
ကိုဗစ်-၁၉ ကပ်ရောဂါကိုဖြစ်စေပြီး အိန္ဒိယမှာ ပထမဆုံးတွေ့ရတဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲဟာ တစ်ကမ္ဘာလုံးကို စိုးမိုးလာတဲ့ ဗီဇမျိုးကွဲ ဖြစ်လာနေတယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ရဲ့ သိပ္ပံပညာရှင်ချုပ်က စောမြစွာမိနာသန်က ဇွန် ၁၈ ရက်မှာ ပြောပါတယ်။
http://burmese.dvb.no/archives/470955
#DVB #ဒယ်လ်တာဗီဇမျိုးကွဲ #WHO #ပျံနှံ့
ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေအတွက် အမေရိကန်နယ်စပ် ပြန်ဖွင့်တော့မည်
{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်နို၀င်ဘာလဆန်းပိုင်းမှာ ကနေဒါနိုင်ငံနဲ့ မက္ကဆီကို နိုင်ငံနယ် စပ်တွေပြန်ဖွင့်တော့မှာဖြစ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးအပြည့်အ၀ထိုးထားသူတွေကို ၀င်ထွက်သွားလာ ခွင့်ပြုမယ်လို့ ဗုဒ္ဓဟူးနေ့ကကြေငြာပါတယ်။

နယ်စပ်ဖြတ်ကျော်သွားလာခွင့်တွေကို ကိုဗစ်ရောဂါကူးဆက်မှုကြောင့် ၂၀၂၀ ခုနှစ် မတ်လကတည်း ကပိတ်ပင်ထားခဲ့တာပါ။ ကုန်သွယ်ရေးလိုကိစ္စမျိုးတွေအပါအ၀င် မဖြစ်မနေသွားလာ ဖို့လိုအပ်တာတွေ လောက်ကိုသာခွင့်ပြုထားခဲ့တာပါ။

ကာကွယ်ဆေးအပြည့်အ၀ထိုးထားသူတွေကို လာမယ့်နို၀င်ဘာလဆန်းပိုင်းမှာ လေကြောင်းကနေ အမေရိကန်နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပြုတော့မယ်လို့ အမေရိကန်အစိုးရက ကြေငြာအပြီးမှာ အခုလို ကုန်းလမ်းကနေ သွားလာခွင့်ပြုမယ်ဆိုတဲ့ကြေငြာချက်ဆက်လက်ထွက်ပေါ်လာတာပါ။

ကာကွယ်ဆေးအပြည့်အ၀ထိုးထားသူတွေကို အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်းကလည်း လာရောက်ခွင့်ပြု တော့မယ်လို့ ကြာသာပတေးနေ့မှာ အင်ဒိုနီးရှားအာဏာပိုင်တွေကကြေငြာပါတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နဲ့UAE နိုင်ငံတွေက ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးကြောင်း သက်သေခံအထောက်အထားတွေပြရပါမယ်။

ကမ္ဘာပေါ်ကလူပေါင်း ၂၃၉သန်းကို ကူးဆက်ခဲ့ပြီး၊ လူပေါင်း ၅ သန်းလောက်သေစေခဲ့တဲ့ ကိုဗစ်ကပ် ရောဂါပိုးဟာ တရုတ်ပြည်ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းက ထွက်ပေါ်လာတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးဆက်ခံရသူ ၄၄.၆ သန်းကျော်ရှိပြီး၊ သေဆုံးသူ ၇ သိန်း ၁ သောင်း ၇ ထောင်ကျော်ရှိတဲ့အတွက်ကမ္ဘာပေါ်မှာ အများဆုံးကူးဆက်သေဆုံးတဲ့နိုင်ငံဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
#USA#Covid19#Vaccine#WHO#BorderPass#VOABurmese
.......................................................

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေအတွက် အမေရိကန်နယ်စပ် ပြန်ဖွင့်တော့မည်
{{Unicode}}
အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့်နိုဝင်ဘာလဆန်းပိုင်းမှာ ကနေဒါနိုင်ငံနဲ့ မက္ကဆီကို နိုင်ငံနယ် စပ်တွေပြန်ဖွင့်တော့မှာဖြစ်ပြီး၊ ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို ဝင်ထွက်သွားလာ ခွင့်ပြုမယ်လို့ ဗုဒ္ဓဟူးနေ့ကကြေငြာပါတယ်။

နယ်စပ်ဖြတ်ကျော်သွားလာခွင့်တွေကို ကိုဗစ်ရောဂါကူးဆက်မှုကြောင့် ၂၀၂၀ ခုနှစ် မတ်လကတည်း ကပိတ်ပင်ထားခဲ့တာပါ။ ကုန်သွယ်ရေးလိုကိစ္စမျိုးတွေအပါအဝင် မဖြစ်မနေသွားလာ ဖို့လိုအပ်တာတွေ လောက်ကိုသာခွင့်ပြုထားခဲ့တာပါ။

ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို လာမယ့်နိုဝင်ဘာလဆန်းပိုင်းမှာ လေကြောင်းကနေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုတော့မယ်လို့ အမေရိကန်အစိုးရက ကြေငြာအပြီးမှာ အခုလို ကုန်းလမ်းကနေ သွားလာခွင့်ပြုမယ်ဆိုတဲ့ကြေငြာချက်ဆက်လက်ထွက်ပေါ်လာတာပါ။

ကာကွယ်ဆေးအပြည့်အဝထိုးထားသူတွေကို အင်ဒိုနီးရှား နိုင်ငံဘာလီကျွန်းကလည်း လာရောက်ခွင့်ပြု တော့မယ်လို့ ကြာသာပတေးနေ့မှာ အင်ဒိုနီးရှားအာဏာပိုင်တွေကကြေငြာပါတယ်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နဲ့UAE နိုင်ငံတွေက ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးကြောင်း သက်သေခံအထောက်အထားတွေပြရပါမယ်။

ကမ္ဘာပေါ်ကလူပေါင်း ၂၃၉သန်းကို ကူးဆက်ခဲ့ပြီး၊ လူပေါင်း ၅ သန်းလောက်သေစေခဲ့တဲ့ ကိုဗစ်ကပ် ရောဂါပိုးဟာ တရုတ်ပြည်ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်းက ထွက်ပေါ်လာတာဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ ကျွမ်းကျင်သူအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း WHO ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကူးဆက်ခံရသူ ၄၄.၆ သန်းကျော်ရှိပြီး၊ သေဆုံးသူ ၇ သိန်း ၁ သောင်း ၇ ထောင်ကျော်ရှိတဲ့အတွက်ကမ္ဘာပေါ်မှာ အများဆုံးကူးဆက်သေဆုံးတဲ့နိုင်ငံဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။
https://burmese.voanews.com/a/us-announces-plans-to-reopen-land/6269597.html
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကမ္ဘာတဝန်း ကိုဗစ်ကြောင့် သေဆုံးရသူ ၅ သန်း ပြည့်လုနီးပြီ

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား သေဆုံးရသူဟာ တနင်္ဂနွေနေ့မှာ ၅ သန်းနီးပါး ဖြစ်လာနေပြီလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက သေဆုံးသူက ၄ သန်း ရှိခဲ့တာပါ။ ကမ္ဘာတလွှား ဒီရောဂါ အကူးစက်ခံရသူက သန်း ၂၅၀ နီးပါး ရှိနေပြီး အခုအချိန်အထိ ဒီရောဂါအတွက် ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်းက သန်း ၇,၀၀၀ နီးပါး ရှိပြီဖြစ်ပါတယ်။

အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပနေတဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အိန္ဒိယဟာ သူ့နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ဖြန့်ဝေဖို့ လာမယ့်နှစ်ကုန်လောက်ဆို COVID-19 ကာကွယ်ဆေး အလုံးပေါင်း ၅ သန်း ထုတ်လုပ်ပေးမှာဖြစ်ကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဖြန့်ဝေပေးနိုင်ဖို့ အိန္ဒိယက Bharat Biotech ဆေးကုမ္ပဏီထုတ် Covaxin ကာကွယ်ဆေးကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရေးပေါ် အသုံးပြုခွင့် ချထားပေးဖို့ပါ စနေနေ့က တောင်းဆိုခဲ့ပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးတဲ့ တရုတ်သမ္မတ Xi Jinping ကလည်း တရုတ်နိုင်ငံက COVID-19 ကာကွယ်ဆေး အလုံးရေ ၁ ဒသမ ၆ ဘီလီယံကျော် ထုတ်လုပ်ခဲ့ပြီး ကမ္ဘာတလွှား ဖြန့်ဖြူးပေးခဲ့ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အကူးစက်ခံရသူ ၄၆ သန်းနီးပါးရှိနေပြီး ဒီရောဂါကြောင့် သေဆုံးရသူက ၇ သိန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံး ဖြစ်ပါတယ်။

#Covid #CovidVaccine #Covaxin #WHO #India #VOABurmese
--------------------

(Unicode)

အိုမီခရွန်အတွက် ကိုဗစ်ကာကွယ်ဆေးသုံးသင့်ဟု ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
DVB
ချမ်းသာတဲ့နိုင်ငံတွေက ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အိုမီခရွန် ဗီဇမျိုးကွဲသစ် တိုက်ဖျက်ရာမှာ ကြိုးစားသုံးကြည့်ရင်း၊ ဆေးအာနိသင်ဆက်ထိန်းဖို့ ကိုယ်ခံအားမြှင့်တင်ရေး အတွက် သိုလှောင်ထားတာ မလုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဒီဇင်ဘာ ၉ ရက်မှာ သတိပေးလိုက်ပါတယ်။
http://burmese.dvb.no/archives/505308
#DVB #WorldNews #WHO #ကိုဗစ်ကာကွယ်ဆေး #အိုမီခရွန်