MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ဘယ်လိုလူအုပ်စုတွေ/လူပုဂ္ဂိုလ်တွေ/အဖွဲ့အစည်းမျိုးတွေ အပေါ်မှာပဲ ဒီလိုမျိုး စဉ်းစားဆုံးဖြတ်ဖို့ ‘သင့်တော်’ တယ် ဆိုတဲ့ အဘောင်အကန့်တရပ်ဟာ ရှိနှင့်နေပြီးသား မဟုတ်ပါလား။ ပြီးတော့၊ အဲ့ဒီလို ‘အဘောင်အကန့်’ တရပ်ရှိနှင့်နေပြီးသားဖြစ်တယ် ဆိုတဲ့အဓိပ္ပာယ်က “အုပ်ချုပ်ခွင့်ရှိသူအတန်းအစားတရပ်ရပ်ရဲ့ ကြိုတင်တည်ရှိမှုကို လူတွေဟာ လိုလိုလားလား မကြွင်းမကျန် လက်သင့်ခံထားကြရမယ်၊ လူတွေဟာ လိုလိုလားလား မကြွင်းမကျန် အုပ်ချုပ်ခံကြရဖို့ အသင့်ဖြစ်နေရမယ်” ‌ဆိုတဲ့ ချုပ်နှောင်ကျွန်ပြုရေး အတွေးအမြင်တမျိုးသာလျှင်မဟုတ်ပါလား။

ဒီတော့ “ဘယ်သူတွေက အုပ်ချုပ်ဖို့ ‘သင့်တော်’ ကြသလဲ?” ဆိုတဲ့ မေးခွန်း၊ အဲ့ဒီမေးခွန်းတလျောက် အဖြေထုတ်ဖို့ကြိုးပမ်းကြတဲ့ စဉ်းစားချက်တွေ၊ အဲ့ဒီမေးခွန်းကို ဗဟိုပြုပြီး လည်ပတ်ကြတဲ့ ဟောပြောပို့ချချက်တွေနဲ့ ရေးသားချက်‌တွေ၊ အဲ့ဒီမေးခွန်းကို အခြေပြုပြီး သူတို့ရဲ့ လေ့လာမှုရပ်ဝန်းတစုံလုံးကို ဖွင့်ဆိုထားကြတဲ့ ပညာရပ်နယ်ပယ်‌တွေ၊ ဒီအရာတွေအားလုံးဟာ အလွန်တရာမှ တသီးတသန့်ဖြစ်တဲ့ နောက်ခံတိမ်းညွှတ်မှုတရပ်ရဲ့ လက်တံတွေသာလျှင်ဖြစ်ကြောင်းကို မလွဲမသွေကောက်ချက်ချကြရမှာပဲဖြစ်တယ်။ အဲ့ဒီတိမ်းညွှတ်မှုဟာ အရိုးရှင်းဆုံးအနေနဲ့ ဖော်ပြရရင် ‘လိုလိုလားလား အုပ်ချုပ်ခံရဖို့နဲ့ အုပ်ချုပ်ပေးဖို့/ လိုလိုလားလား ဗိုလ်ကျကြီးစိုးခံရဖို့ နဲ့ ဗိုလ်ကျကြီးစိုး‌ပေးဖို့’ ဆိုတာကလွဲလို့ အခြားမဟုတ်နိုင်ပါ။ အဲ့ဒီတိမ်းညွှတ်မှုဟာ “အုပ်ချုပ်ခွင့်ရှိသူအတန်းအစားတရပ်ရပ်ရဲ့ ကြိုတင်တည်ရှိမှုကို လူတွေဟာ လိုလိုလားလား မကြွင်းမကျန် လက်သင့်ခံထားကြရမယ်၊ လူတွေဟာ လိုလိုလားလား မကြွင်းမကျန် အုပ်ချုပ်ခံကြရဖို့ အသင့်ဖြစ်နေရမယ်” ဆိုတာကို သင်ကြားပို့ချသလို ဒီလိုသင်ကြားပို့ချတာနဲ့အညီ သူ့ရဲ့ နိုင်ငံရေးစဉ်းစားတွေးခေါ်ချက်တွေဆိုတာတွေ ဟာလည်း “ဆိုးယုတ်သူတွေအစား ကောင်းမြတ်မှန်ကန်သူတွေသာ စီမံအုပ်ချုပ်ကြရင် လူ့အဖွဲ့အစည်းဟာ ကောင်းမြတ်မှန်ကန်နေမှာပဲ” ဆိုတဲ့အတွေးနဲ့ “ကောင်းမြတ်မှန်ကန်သောအုပ်ချုပ်သူတွေကို လူ့အဖွဲ့အစည်းတရပ်လုံးဟာ လိုလိုလားလားပင့်မြှောက်ကြရမယ်၊ ဒီလို လိုလိုလားလားပင့်မြှောက်ခြင်းဟာလည်း အားလုံးရဲ့ တာဝန်ဖြစ်တယ်” ဆိုတဲ့ နိုင်ငံတော်ဝါဒမျိုးထက် မပိုပါဘူး။ ဒီတော့ “ဘယ်သူတွေက အုပ်ချုပ်ဖို့ ‘သင့်တော်’ ကြသလဲ?” ဆိုတဲ့ မေးခွန်း၊ ပြီး‌တော့ ၎င်းမေးခွန်းရဲ့ နောက်ခံတိမ်းညွှတ်မှုနဲ့ နောက်ခံအယူအဆ အလုံးစုံကို ပြန်လည်ချေဖျက်မေးခွန်းထုတ်စေတဲ့အနေနဲ့ ကျနော်က ဒီနေရာမှာ အဖြေတခုထုတ်ပြလိုက်ပါတယ်။

“ဘယ်သူတွေက အုပ်ချုပ်ဖို့ ‘သင့်တော်’ ကြသလဲ?”

“ဘယ်သူမှ အုပ်ချုပ်ဖို့ ‘မသင့်‌တော်’ နေပါဘူး။”

အောင်ဖုန်းမော်

#Oway0307 #Oway #ABFSU #OwayArticle