MSI - MYANMAR SECRET INFORMATIONS
27K subscribers
88K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
အမျိုးသမီးတွေဦးဆောင်မှု ပိုကောင်းလာတဲ့ အညာ (လူမှုစီးပွား)

မြေလတ်အသံ၊ ဧပြီ ၃၀၊ ၂၀၂၄။

အညာမှာ အမျိုးသမီးဦးဆောင်တဲ့ အဖွဲ့အစည်းတွေ အသီးသီးအားကောင်းလာနေကြပါတယ်။

သပိတ်ဦးဆောင်ကော်မတီ၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ စသဖြင့် အမျိိုးသမီးအခွင့်အရေး ဆောင်ရွက်နေကြတဲ့ အဖွဲ့စည်းတွေ အားကောင်းလာနေသလို ဒီအဖွဲ့တွေကို ပြည်သူအချို့လည်း အားပေး ထောက်ခံလာကြပါတယ်။

နိုင်ငံတဝှမ်းက အမျိုးသမီးကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB) အဖွဲ့လည်း အညာမှာ အားကောင်းနေတဲ့ အမျိုးသမီးအဖွဲ့တွေထဲက တခုအပါအဝင်ပါ။

#မြေလတ်အသံ #လူမှုစီးပွား

https://youtu.be/Fgk1WHhOHMQ
Apr30 Khophyu 8PM
-စိုးဝင်း လူမြင်ကွင်းပြန်ထွက်လာ
-မြဝတီ အမှတ်-၂တံတား ပြန်ဖွင့်
-NUGနဲ့ EROတွေ နိုင်ငံ၏ ၆၀% ကျော် စိုးမိုးထားနိုင်ဟု NUG ဆို
-စဥ့်ကူး စကစစခန်းကို MDY-PDF သိမ်း၊ စကစ ဒုဗမက သေ
-ဆိပ်ဖြူမ ကပစ ၂၂ လက်နက်ကြီးထိ
-မောင်တောက စခန်းတွေ လက်နက်ချဖို့ AAသတိပေး
-စစ်တွေတဝိုက် စကစ မြေမြှုပ်မိုင်းထောင်ထား
-စစ်မှုမထမ်းလိုသူ ၁၅၀၀၀ ခန့် NUGကို ဆက်သွယ်လာ
-၁၁ လကြာ ဖမ်းထားတဲ့ ဒီပဲယင်းအမတ်ကို NUGပြန်လွှတ်
-အိန္ဒိယ-မြန်မာနယ်စပ်မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ
-မဟာဗောဓိမြိုင်ဆရာတော် ပျံလွန်တော်မူ
-မေလဆန်းမှာ အချိန်အခါမဟုတ် မိုးရွာနိုင်
အိန္ဒိယနယ်စပ်တွင် မူးယစ်ဆေးများ ဖမ်းမိသည့်ကိစ္စ မြန်မာစစ်ဘေးရှောင် များအပေါ် ရိုက်ခတ်
======================

Mizzima
April 30, 2024

ပါခွီး (မဇ္စျိမ) ။ ။ မြန်မာပြည်မှ ကုန်ကူးသည့် မူးယစ်ဆေးဝါးများ အိန္ဒိယနယ်စပ်တွင် မကြာခဏဖမ်းမိနေခြင်းကြောင့် အိန္ဒိယနိုင်ငံ ၊ မီဇိုရမ် ပြည်နယ်တွင် ခိုလှုံနေသောမြန်မာ စစ်ဘေးရှောင်များအပေါ် ရိုက်ခတ်မှု ရှိနေသည်။

အိန္ဒိယအခြေစိုက် ရေဒီယိုတခုဖြစ်သည့် All India Radio News Aizawl ကလည်း နယ်စပ်မူးယစ်ဆေး ကိစ္စကြောင့် မီဇိုရမ်ရှိ မြန်မာစစ်ဘေးရှောင် ၃၄,၈၂၈ ဦးတို့ အတွက်နေထိုင်မှုကျပ်တည်းနေရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် တွင်ထုတ်လွှင့်ခဲ့သည်။

စာတည်း။ ။ နောင်နောင်

Photo- AFP

သတင်းအပြည့်အစုံ👇👇👇
စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိ
======================

002
Mizzima
April 30, 2024

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု MDF PDF က သတင်းထုတ်ပြန် သည်။

ဧပြီ ၂၈ ရက် နံနက်တွင် အဆိုပါစစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု MDF PDF ကဆိုသည်။

သတင်းအပြည့်အစုံ 👇👇👇
Forwarded from RSN WEB
ရန်ကုန်မှတ်တမ်း (ဧပြီ ၃၀၊ ၂၀၂၄)
•••••••••••••••®•••••••••••••••

ယနေ့ ရန်ကုန်မြို့တွင်း နေရာအချို့တွင် ရွှေပြည်သာမြို့နယ် သပိတ်ကော်မတီ (SPTSC) မှ မြို့တွင်း လျှပ်စစ်မီးပြတ်တောက်နေမှုနှင့် လူထုနေ့စဉ် တွေ့ကြုံနေရသည့် အခက်အခဲအား ဦးတည်၍ ဆန့်ကျင်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်း၊ သာကေတ၊ သန်လျင်မြို့နယ်တဝိုက် ကားလမ်းမကြီးများပေါ်တွင် အကြမ်းဖက်တပ်သားအများအပြားဖြင့် လုံခြုံရေးထူထပ်စွာချထားပြီး စစ်ကောင်စီ ရာထူးကြီးသူများပါသည့် ကားတန်းများလည်း မကြာခဏဖြတ်သန်းသွားလာနေခဲ့ကြောင်း သတင်းရရှိသည်။ သမဝါယမဌာနမှ လှမိုး၊ အလုပ်သမားဌာနမှ မြင့်နောင်၊ လူကယ်ဌာနမှ စိုးဝင်း စသည့် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးဆိုသူတို့ ရန်ကုန်မြို့သို့ ရောက်ရှိနေခဲ့ပြီး အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်လည်း ရောက်နေနိုင်ချေရှိသည်။

မြို့တွင်း တက္ကစီခများမှာ အလွန်မြင့်တက်နေပြီး ဘက်စ်ကားမှတ်တိုင် ၅ မှတ်တိုင်စာသာသာ ခရီးစဉ်ကိုပင် ကျပ် ၅၀၀၀ ထိပေးနေရကြောင်း MPA သတင်းဌာနမှ သိရှိရသည်။

အင်းစိန်ထောင်ဝန်ထမ်းများ ငွေညစ်စီးပွားရှာစားမှုမှာ အလွန်ဆိုးဝါးလာပြီး ထောင်ဝင်စာနှင့် ဧည့်တွေ့ရန်နေရာများကိုပါ ရောင်းစားနေကြ၍ ထောင်ဝင်စာလာတွေ့သူများ အလွန်ဒုက္ခရောက်နေကြကြောင်း DVB သတင်းဌာနမှ ဖော်ပြထားသည်။

နေ့လည် ၂ နာရီခန့်မှစ၍ ဓာတ်အားစနစ် ချို့ယွင်းမှုဖြစ်၍ ရန်ကုန်တိုင်းအတ္ငင်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ EPC မှ သတင်းထုတ်ပြန်ထားခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် System breakdown ဖြစ်ခဲ့၍ တစ်နိုင်ငံလုံးမီးပြတ်တောက်ခြင်းဖြစ်ကြောင်း Khit Thit သတင်းဌာနမှလည်း ဖော်ပြထားသည်။

#rangoonscoutnetwork
Forwarded from RSN WEB
DAILY HIGHLIGHTS (30 Apr 2024)
•••••••••••••••®•••••••••••••••
မေ ၁ ၊ ၂၀၂၄

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောက တပ်စခန်းတချို့ကို လက်နက်ချဖို့သတိပေးထားပြီး AA ပစ်ခတ်နေ – RFA

AA လာရောက်တိုက်ခိုက်မည်ကို စိုးရိမ၍ စစ်ကောင်စီက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေ ပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား – KT

ကျင်းဒွေးမြို့ကို ချင်းညီနောင် စစ်ဆင်ရေး ပူးပေါင်း အဖွဲ့က သိမ်းပိုက်လိုက်ပြီး ချင်းပြည်နယ် တစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး အစီအစဉ် ဆွဲထားဟု ချင်းညီနောင် စစ်ဆင်ရေး အဖွဲ့ပြောဆို – KT

မဟာဗျူဟာမြောက်ထိုးစစ်ဆင်ပြီး တစ်နိုင်ငံလုံး လွတ်မြောက်ရေး ကြိုးစားရန် တိုင်းရင်းသားများနှင့် သဘောတူညီချက်ရထားပြီးဖြစ်ဟု NUG အသိပေး – PS

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စစ်ကောင်စီလေတပ်မှ ပြုပြင်ရမည့် တိုက်လေယာဉ်နှင့်ရဟတ်ယာဉ်အစိတ် အပိုင်းများကို ရုရှားကုန်တင်လေယာဉ် IL76 က နေပြည်တော် အေလာလေတပ် သို့ လာရောက်သယ်ယူ – KT

မြန်မာဖက်မှာ ပဋိပက္ခတွေ ပြင်းထန်လာရင် ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်ဖို့ ထိုင်းရေတပ် သင်္ဘောတွေ အသင့်ပြင်ထား – PS

ထိုင်း-မြန်မာ မြ၀တီအမှတ် ၂ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ်ပြီး နှစ်နိုင်ငံကုန်ကားများ သွားလာခွင့်ရ – KT

📰 အခြားထူးခြားသတင်းများ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွင်း ရာထူးတိုး၊ အရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်းအလဲများအတွက် ညွှန်ချုပ် ဦးမြင့်သန်းထံ လာဘ်ထိုးသူများသာ နေရာ ကောင်းရ – KT

စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ်အင်အားစုများနှင့်NUG တို့ ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေးကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ် – KT

NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခကောက်ခံရရှိခဲ့ပြီး ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ ၂၆၄ သန်းကျော်ရရှိ – KT

တော်လှန်ရေးကာလ စစ်ရေးအရ လွတ်မြောက်သည့်ဒေသများနှင့် ထိန်းချုပ်ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတင်ကျင့်သုံးကြရန် NUG ယာယီ သမ္မတ တွန်းအားပေး – KT

မြန်မာတစ်နိုင်ငံလုံး System Breakdown ဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ပြန် – KT

#rangoonscoutnetwork
Forwarded from BPLA
BamarRebel_May2024.pdf
18 MB
🗞️ ဗမာသူပုန်စာစဥ် (မေလထုတ်ထွက်ပြီ)

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၁)၊ အမှတ်(၆)၊ မေလ၊ ၂၀၂၄ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။
Forwarded from PNLA News&Info
စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ထမ်းယံ၊ ပန်အွန်းကျေးရွာမှ ပြည်သူလူထုများကို ဓားစာခံပြုလုပ်

မေလ ၁ ရက် ၂၀၂၄ ခုနှစ်

စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များက ထမ်းယံ ၊ ပန်းအွန်းကျေးရွာမှ လူထုများကို အပြင်ထွက်ခွင့်မပေးပဲ ဓားစာခံအဖြစ် ပြုလုပ်ထားနေသည်။

စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့များသည် ဆီဆိုင်မြို့နယ် ထမ်းယံ ကျေးရွာနှင့် ပန်အွန်းကျေးရွာမှ ပြည်သူများကို တောင်ယာကိုလည်း ပေးမသွားသည့်အပြင် ရွာပြင်ကိုလည်း ထွက်ခွင့်မပေးပဲ ပိတ်ပင်တားဆီးထားနေခြင်းဖြစ်သည်။

ဒေသခံပြည်သူများကို တောင်ယာအတွင်းတွင်လည်းကောင်း ကျေးရွာအပြင်ဘက် တောတောင်အတွင်းတွင်လည်းကောင်း တွေ့ရှိပါက တော်လှန်ရေးသမားအဖြစ် သတ်မှတ်ပြီး ပစ်ခတ်မည်ဟု စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့က ဒေသခံများကို ခြိမ်းခြောက်တားမြစ်ထားခြင်းဖြစ်သည်။

“သူတို့က အိမ်ပေါ်တက်အိပ်တာလည်း ဖိနပ်မချွတ်ဘူး ထမင်းဟင်းလည်း နေ့တိုင်းချက်ပေးရတယ်။ အပြောအဆိုလည်း တအားရိုင်းတယ်။ ရွာအပြင်မှာတွေ့တာနဲ့ တော်လှန်ရေးသမားလို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်တယ်။ ရွာကနေ မြို့ကို ဆင်းတဲ့လမ်းမှာလည်း သူတို့ဂိတ်တွေက ပြည်သူတွေကို စစ်ဆေးတာ တအားရိုင်းပြီး ဖုန်းတွေသိမ်းတယ်။ ပိုက်ဆံတွေ တောင်းတယ်။” လို့ ပြည်သူတဦးကပြောပါတယ်။

PNLA သတင်းစဥ်

#PNLO #PNLA #pnlanews #pnlaသတင်းစဉ်
Forwarded from Dawei Watch
ကြိုတင်ကာကွယ်ရမယ့် သွေးလွန်တုပ်ကွေး

Dawei Watch| Infographic

မကြာခင်မှာ မုတ်သုန်ဝင်ရောက်လာပြီး မိုးရာသီကာလကို ရောက်ရှိလာတော့မှာပါ။

မိုးရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေးအဖြစ်များလေ့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကဆိုရင် တနင်္သာရီတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အများအပြားရှိခဲ့ပါတယ်။

သွေးလွန်တုပ်ကွေး မဖြစ်စေဖို့ ဂရုစိုက်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် >
http://www.daweiwatch.com/2024/05/01/psa-explainer/psa-infographic/74148/
Forwarded from MPANews
စစ်မှုထမ်းရန် လူစုမပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများက ငွေစုပေးရ

1 May 2024 By MPA CJ 002

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီကအတည်ပြုပြဌာန်းထားသည့် စစ်မှုထမ်းဥပဒေအရ  စစ်သင်တန်းတက်ရောက်ရန် လူစုမပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများအနေဖြင့်  ငွေကြေးစုဆောင်းပေးရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

စစ်မှုထမ်းရန်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်  ဧပြီ ၁၈ ရက်တွင် နာမည်စာရင်းပါသူများကို စတင်ခေါ်ယူခဲ့သော်လည်း လူငယ်အများစုက ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် ခေါ်ယူ၍မရခဲ့ကြောင်း မင်းလှမြို့နယ်ရှိ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/2x6t8zhj
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
"စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်း (Legitimacy)"
လေးမျက်နှာစကားဝိုင်းဖိတ်ကြားလွှာ

တော်လှန်ရေးအတွင်း စကားလုံးတွေရဲ့ အနက်အဓိပ္ပာယ်ကို ရှုထောင့်မျိုးစုံကနေ ပြောဆိုလျက်ရှိပါတယ်။ လေးမျက်နှာစကားဝိုင်းမှာလည်း စကားလုံးများ၏ အဓိပ္ပာယ်ကို တူးဆွခြင်းခေါင်းစဉ်နဲ့ ‌စကားဝိုင်းတွေပြုလုပ်ခဲ့ပါတယ်။ အခုတပတ်မှာလည်း Legitimacy ဆိုတဲ့စကားလုံး အဓိပ္ပာယ်ကို ရှုထောင့်မျိုးစုံကနေ ဆွေးနွေးဖို့ရည်ရွယ်ထားပါတယ်။

Legitimacy ဆိုတာနဲ့ နိုင်ငံတကာ ဥပဒေရှုထောင့်မှာတော့ De jure (ဥပဒေအရ) ၊ De facto (မြေပြင်အုပ်ထိန်းနိုင်စွမ်းအရ)ဆိုပြီး ခွဲခြားကြတာကိုလည်း တွေ့နိုင်ပါတယ်။  တစ်ဖက်မှာလည်း နိုင်ငံရေးအရ Max Weber ရဲ့ Traditional - ရိုးရာဓလေ့၊ Charismatic - သြဇာ တိက္ကမ ၊ Rational-legal လုပ်ထုံးလုပ်နည်းစည်းမျဉ်း အရသက်ဆင်းတယ် ဆိုပြီးခွဲခြားကြတာလည်းရှိပါတယ်။ နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်ပေါက်လာတဲ့ တော်လှန်ရေးအစုအဖွဲ့တွေအချင်းချင်းကြားမှာကော ၊ ၂၀၂၁ မတိုင်ခင်က ရှိပြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့ကြားမှာကော ဘယ်သူက တရားဝင်အုပ်ချုပ်ခွင့်ရှိကြသလဲဆိုတာကို မကြာခဏ အငြင်းပွားလေ့ရှိနေကြပါတယ်။ ဒါကြောင့် “Legitimacy” အပေါ် ရှင်းလင်းတဲ့နားလည်မှုမတည်ဆောက်နိုင်ခြင်းက တော်လှန်ရေးအစုအဖွဲ့အကြားမှာ စုစည်းညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု မတည်ဆောက်နိုင်တဲ့ အရင်းခံပြဿနာတခုအဖြစ် တည်ရှိနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်းရှိပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး ဒီတပတ်လေးမျက်နှာစကားဝိုင်းမှာ -
- Legitimacy ဆိုတာဘာလဲ။ ဘယ်လိုမျိုး အရေးပါတာလဲ။Legitimacy ဘယ်နှစ်မျိုးရှိတာလဲ။
- လက်ရှိ နွေဦးတော်လှန်ရေးကာလမှာကော Legitimacy ကို ဘယ်လိုမျိုး နားလည်မှုပုံစံတွေရှိကြလဲ။ ဘယ်လို သဘောထားကွဲလွဲမှုတွေရှိနေကြလဲ။
- တော်လှန်ရေးကာလမှာ Legitimacy ကို ဘယ်လိုမျိုး ရှုမြင်သင့်သလဲ။
စတာတွေအပေါ် ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို ပါဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။


နေ့ရက် - ၁ - ၅ - ၂၀၂၄ ဗုဒ္ဓဟူးနေ့၊ ည ၇ နာရီ
Zoom ID – 861 2884 6748 (Password မလိုပါ)
Zoom link — https://us04web.zoom.us/j/76488792796?pwd=IQLWELpZPmJf6eZPnlKPvpdZkEYC4H.1

"တော်လှန်ရေးကာလ တရားဝင်မှု"  ၊ သစ်ပုပ် - Thitpote ၊ ဇွန် ၂၀၂၂

https://www.facebook.com/thitpote/posts/pfbid02gjnq8ZxXdiuaqsMmY5KcL7FTgog4npNuCN66cy4WEdpkGV2FPrMXZeYGpfsvZxapl