MSI - MYANMAR SOCIETY INFORMATIONS
27.1K subscribers
89.7K photos
3.43K videos
140 files
16.8K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Click For BPLA
၂၀၁၅ ခုနစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရတတ်လာပြန်တော့လဲ “ကျွဲကူးရေပါ” ဆိုသလို အနည်းငယ် အသက်ရှူချောင်လာတာကလွဲရင် ကျနော်တို့အလုပ်သမားထု ရဲ့ဘဝတွေဟာနစ်မြဲနစ်ဆဲပါပဲ။

ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွေမှာသာ အဲ့ဒီဝန်ကြီးလောင်း၊ အဲ့ဒီအမတ်လောင်းတွေဟာ “ကျနော်တို့သည်ပင်လျှင် ပြည်သူလူထုရဲ့ ကျေးကျွန် အလုပ်သမားတွေ ဖြစ်တဲ့အတွက် အလုပ်သမားထုရဲ့ဘဝတွေအတွက် ဘာလုပ်ပေးပါမှာ ညာလုပ်ပေးပါမယ်”ဆိုပြီး အာမဘန္တေ ခံခဲ့ပေမယ့် ရွေးကောက်ပွဲ ပြီးတဲ့ အချိန်မှာတော့ အစိုးရးသွားတာပါပဲ။

👉 မျှော်လင့်မိရာ - သခင့်သား(ဥတု)
👇
https://ouo.io/KHocFlu
ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ဝေါ၊ မေ ၄၊ ၂၀၂၄။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဒေသခံလူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရှိရပါတယ်။

မေ ၂ ရက် နေ့လယ်ပိုင်းက အညာစုကျေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုမင်းကျော်စွာနဲ့ ကိုသီဟအပါအဝင် လူငယ် ၄ ဦးဟာ အညာစုကျေးရွာကနေ သူရဲသမိန်ကျေးရွာကို ဆိုင်ကယ်နဲ့အသွား ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝေါကလူငယ်၄ဦးကို_PDFနဲ့ဆက်စပ်တယ်ဆိုပြီး_စစ်ကောင်စီဖမ်းဆီး
ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

ကလေး၊ မေ ၄၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃ ရက် မနေ့က နေ့လယ် ၂ နာရီခွဲက ကြံသာရွာက ပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆုံးတာက အဲ့တယောက်ထဲ၊ သူ့ယောက်ကျ်ားလည်း ခါးထိတာ အခြေအနေမကောင်းဘူးလို့ပြောတယ်၊ အသက်ရှင်ရင်တောင်မှ ဘာမှလုပ်နိုင်မယ့်ပုံ မရှိတော့ဘူး။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကလေးမှာ_လက်နက်ကြီးထိမှန်လို့_အမျိုးသမီးတဦးသေဆုံး
Forwarded from RSN WEB
DAILY HIGHLIGHTS (02 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေး – KT

ဂွမြို့ အခြေစိုက် ခမရ (၅၆၃)တွင် အင်အားနည်းနေ၍ ပြည်သူ့စစ် ၈၀ ဦးကို ခေါ်ထားဟုဆို – MZM

၁၁၁၁ စစ်ဆင်ရေး မူလရည်မှန်းချက်အချို့ အောင်မြင်ဟု KNDF ဒုစစ်ဦးစီးချုပ်ပြော – DVB

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများရရှိ – KT

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော်ဝင်ထွက်ခွင့် လုံး၀ ပိတ်သိမ်းမည်ဟု ပြောကြားမှုအပေါ် အိန္ဒိယ ပြန်လည် ရုတ်သိမ်း – AT

စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေး ခိုလှုံခွင့်တောင်းခဲ့ကြသည့် ဒုက္ခသည်များကို အိန္ဒိယက မြန်မာပြည် ပြန်ပို့ – KT

📰 စီးပွားရေးထူးခြားသတင်းများ

လုပ်ခလစာ တိုးမြင့်မလာပါက ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရနိုင် – MPA

📰 အခြားထူးခြားသတင်းများ

ကောလင်းမြို့နယ်၊ခံသာကျေးရွာတွင် ပြည်သူများက လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် – KT

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းဟု အလုပ်သမားဝန်ကြီးဌာနပြော – KT

#rangoonscoutnetwork
မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတစ်ဦးသတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ခဲ့
======================

RFA
May 4, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သတ်ဖြတ်ခံရတဲ့ ပြည်သူကတော့ ရှားစေးချက်ရွာက ကိုဖိုးဖော် အမည်ရှိ အသက် ၃၀ ခန့် ပြည်သူအမျိုးသားတစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်၊ သူကတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခြင်းခံရတာ ဖြစ်ပါတယ်၊ မီးရှို့ခံရတာက ချောင်းတော်ဝကျေးရွာက စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ မီးရှို့အဖျက်စီးခံရတာပါ"

မန္တလေးတိုင်း မတ္တရာမြို့နယ် ချောင်းတော်ဝကျေးရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အဦတစ်ခုအား ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုဘိုတောက်)

သတင်းအပြည့်အစုံ 👇👇👇
နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ပြီလို့ ကုလထုတ်ပြန်
======================

RFA
May 4, 2024

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ မေလ ၄ ရက်နေ့မှာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ထွက်ပြေးလာသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တာလို့လည်း ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အရပ်သားအရေအတွက်လည်း စံချိန်တင် မြင့်တက်ခဲ့တာလို့ ရေးသားထားပါတယ်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

သတင်းအပြည့်အစုံ 👇👇👇
Forwarded from BPLA
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားသို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပေးပို့သော သဝဏ်လွှာ

၂ဝ၂၄ခုနှစ်၊ မေလ(၅) ရက်
Forwarded from RSN WEB
DAILY HIGHLIGHTS (04 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


သံတွဲမြို့ အနီးရှိ အုန်းမော်တောင် အနီးတဝိုက်၌ စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေ – KT

ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက် – MZM

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ဝင်း ထွက်ပြေး လွတ်မြောက် – KT

ဝန်ကြီးဌာနများသို့ အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟုဆို – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စမတ်ကတ်မရှိသူများကို တရုတ်နိုင်ငံထဲဝင်ခွင့် တစ်ပတ်ကတ် ထုတ်မပေးတော့ဟုဆို – MPA

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး – MKN

📰 ကျားဖြန့်

ကျားဖြန့်သမား‌တွေ မြဝတီကထွက်သွားဖို့ BGF အမိန့်ထုတ် – MKN

BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော – KT

📰 အခြားထူးခြားသတင်းများ

စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီး ၁၉ ဦးကို နေရာပြောင်းရွှေ့ – DVB

တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို – DVB

နယ်စပ်ဖြတ်ကျော်ရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေး ငွေကျပ် ၁၀၀,၀၀၀ အထိ မြဝတီတွင် တရားမဝင် စျေးပေါက် – MZM

စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် မဘသ တောင်းဆို – DVB

#rangoonscoutnetwork
ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးဌာနချုပ်နှင့် တပ်ရင်း ၂ ရင်းကို AA သိမ်းပိုက်
======================

Myanmar Now
May 5, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၂ ရင်းတို့ကို သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (မေ ၅) နံနက်တွင် သတင်းထုတ်ပြန်သည်။

မေယုမြစ်နှင့် စိုင်းဒင်ချောင်းကြားတွင် တည်ရှိသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မေလ ၂ ရက်နေ့တွင် သိမ်းပိုက်ပြီး ထိုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၆ ကို ဧပြီ ၂၄ တွင်၊ ခမရ ၅၅၁ ကို မေလ ၃ ရက်နေ့တွင် သိမ်းပိုက်သည်ဟု ဖော်ပြသည်။

#MyanmarNow #Rakhine #butheedaung #ဘူးသီးတောင်

သတင်းအပြည့်အစုံ 👇👇👇
Forwarded from People's Spring
KIA ယနေ့သိမ်းပိုက်သည့် စစ်ကောင်စီ တပ်စခန်း ၁၂ခုအထိရှိဟု စစ်ရေးသတင်းရင်းမြစ်ပြော

▪️မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ တပ်စခန်း ၈၀ကျော်သိမ်းရထားဟု အသိပေး

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ မေလ ၅ရက်တွင် သိမ်းပိုက်ရရှိခဲ့ရာ ညနေပိုင်းအထိ တပ်စခန်း ၁၂ခုထိရှိလာပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆွမ်ပရာဘွမ်၌ နောက်ဆုံးကျန်နေသည့် ခလရ(၄၆)တပ်စခန်းကို KIAက မတ်လလယ်ကတည်းက တိုက်ခိုက်ခဲ့ရာ တစ်လခွဲကျော်အကြာ မေလ ၅ရက် နံနက်အစောပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့သည်ဟုဆိုသည်။ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း KIAက ယမန်နေ့ ညနေပိုင်း၌ ထိုးစစ်ဆင်ခဲ့ရာ တစ်ရက်ပင်မကြာဘဲ တပ်စခန်းများ ကာကင်းစခန်းများသိမ်းပိုက်ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က အသိပေးထားသည်။

ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ယနေ့ မေလ ၅ရက်တွင် သိမ်းရခဲ့သည့်တပ်စခန်း အရေအတွက်များကို ဖော်ပြခဲ့ရာ ဆွမ်ပရာဘွမ် တပ်စခန်း၊ အင်ခရမ်တပ်စခန်း၊ ဂမ်ဂယာတပ်စခန်း၊ ဆမား တပ်စခန်း၊ ကဂမ်တပ်စခန်း၊ ပုန်းလိမ်တပ်စခန်း၊ ရှန်ခေါင်တပ်စခန်း ၊ ငါ့ဂယာန်စခန်းအပါအဝင် တပ်စခန်း ၁၂ခု သိမ်းရထားသည်ဟု ဖော်ပြသည်။

ထို့ပြင် မတ်လ ၇ရက်မှ အရှိန်မြှင့်ခဲ့သည့် KIA၏ ထိုးစစ်ဆင်မှု ကြောင့် ယခု မေလအထိ နှစ်လအတွင်း စစ်ကောင်စီတပ်စခန်း ၈၀ကျော်ကို KIAက သိမ်းပိုက်ရရှိထားသည်ဟု အသိပေးသည်။

အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဝိုင်းမော်ရှိ စစ်ကောင်စီစခန်း ၇ခုသိမ်းရခဲ့ကြောင်း ပြောပြသည်။

" ဆမားကုန်း၊ ပုန်းလိမ်ကုန်း၊ ကဂမ်ဘွမ်၊ ဂမ်ဂယာစခန်း၊ အင်ခရမ်စခန်း၊ ငါ့ဂယာန်စခန်း၊ လိုင်ဖောင်စခန်း ဒီနေ့သိမ်းလိုက်ပြီ။ စခ သေစာရင်း မသိရသေး။ လက်နက်ခဲယမ်းတွေတော့ အများကြီးရတယ်"ဟု ကချင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဆမားတပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများထဲ၌ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ပါဝင်ပြီး စစ်သုံ့ပမ်းများလည်း ဖမ်းဆီးရမိကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်း စခန်းသိမ်းတိုက်ပွဲများ၌ စစ်ကောင်စီဗျူဟာကုန်းနှင့် တပ်စခန်းကြီးများ အပြင် ကာကင်းစခန်းငယ်များကိုပါ KIAက သိမ်းပိုက်ထားသည်ကို စစ်ရေးသတင်းရင်းမြစ် က အသိပေးထားသည်။

ယမန်နေ့ကတည်းက ထိုးစစ်ဆင်နေသည့် ဂိဒွန် တပ်စခန်းကို သိမ်းပိုက်နိုင်ရေးတိုက်ပွဲ ဆက်ဖြစ် နေဆဲဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်စခန်းများ တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို အတည်ပြုပြီး ယနေ့ညနေပိုင်းအထိ တိုက်ပွဲများ ဆက်ရှိနေကြောင်း ပြောသည်။

" ဝိုင်းမော်မြို့နယ်ထဲက ကဂမ်ဘွမ်၊ အင်ခွမ်ဘွမ်၊ ဂိဒွန်တောင်၊ ဆမား၊ ပုန်းလိမ်တောင်နဲ့ ငကျန်းတောင်တကြောလုံးမှာ တပ်တည်ထားတဲ့ စကစရဲ့ တပ်စခန်းတွေကို မနေ့ကနေ စပြီးမှ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ ဝင်တိုက်တာ ဖြစ်ပါတယ်။အခုထက်ထိ တိုက်ပွဲကတော့ ဖြစ်နေဆဲဖြစ်ပါတယ်"ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စခန်းသိမ်းနိုင်မှုမရှိသေးကြောင်းနှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူအနေဖြင့် မြေပြင်စစ်ဘက်မှ တရားဝင် သတင်းပေးပို့ရရှိမှသာ တပ်စခန်း သိမ်းနိုင်မှုကို အတည်ပြုဖြေကြားလေ့ရှိသည်။

KIAက ယနေ့ သိမ်းပိုက်ရရှိထားသည့် တပ်စခန်း အချို့၏ ရုပ်သံမှတ်တမ်းကိုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က လူမှုကွန်ရက်တွင် ဖော်ပြ အသိပေးထားသည်။