MSI - MYANMAR SECRET INFORMATIONS
26.9K subscribers
87.9K photos
3.38K videos
134 files
16K links
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.
Download Telegram
May3 Khophyu 8PM
-မောင်တော ကျီးကန်းပြင်ဌာနချုပ်ကို AA သိမ်းပြီး မောင်တောကို ထိန်းချုပ်
-ကြာအင်းဆိပ်ကြီး တောင်စွန်းစခန်းကို KNU သိမ်း
-နိုင်ငံတဝန်း ပြည်သူပိုင်ဆိုင်မှု ၁၀၀၀ ကျော်ကို စကစ သိမ်းထား
-မြိုင် လက်ပံတိုရေနံမြေကို PDF ထိန်းချုပ်
-NUG အောက်ခြေယန္တရား ယိုယွင်းနေဟု Dr တေဇာစန်း ဝေဖန်
-Dr ခလမ်ဆမ်ဆွန်ကို အမြန်ဆုံးလွှတ်ပေးဖို့ KBC တောင်းဆို
-မြန်မာဘီယာသောက်တဲ့ TNLA ရဲဘော်တွေကို ပြစ်ဒဏ်ပေး
-မူဆယ်မှာ UIDကတ် ၆သိန်းကျော် စျေးပေါက်နေ
-မြန်မာဒုက္ခသည် ပထမသုတ် အိန္ဒိယပြန်ပို့
-သတင်းလွတ်လပ်ခွင့်အဆိုးဆုံး ၁၀ နိုင်ငံမှာ မြန်မာပါ
Forwarded from The Irrawaddy - Burmese
နယ်ကျော်ပြီး လုပ်တဲ့သူတွေဆို တသိန်းလောက် တောင်းတယ်။ ကော့သောင်းမြို့ခံဆို ငါးသောင်းပေးရတယ်၊ မနေ့က ကျမလိုပဲ ပေးလိုက်ရတဲ့သူ သုံးယောက်လောက်ရှိတယ်။ ပွဲစားက တောင်းပေးပြီးတော့ စာအိတ်နဲ့ လဝကမှူးဆီကို လက်မှတ်သွားထိုးရင်း ပေးရတာ။ ပေါ်ပေါ်ထင်ထင်တော့ မဟုတ်ဘူး။ အောက်ခြေဝန်ထမ်းကို လည်း နှစ်သောင်းလောက် လက်ဖက်ရည်ဖိုး ပေးရသေးတယ်

Website တွင် ဖတ်ရန် https://bit.ly/3UqANjF
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
Forwarded from The Irrawaddy - Burmese
ကျမတို့အတွက်တော့ ငရဲခန်းလိုပဲ။ ဘာသာစကား လည်း အခက်အခဲရှိတယ်၊ အစားအစာတော့ ပုံမှန်စားရ ပေမယ့် သူတို့ကျွေးတာ ကျမတို့နဲ့ သဟဇာတ မဖြစ်ဘူး၊ တော်တော် များများ ဖိနှိပ်ခံရတာတွေလည်းရှိတယ်။ သူတို့ပြောတာကို နားမလည်ဘူးဆိုရင် ပိုအပြောခံရ တယ်။ မြန်မာနိုင်ငံပြန်ရဖို့ ဆန္ဒပြတုန်းကလည်း ရိုက်နှက်ခံရတာတွေရှိတယ်

Website တွင် ဖတ်ရန် https://bit.ly/49YsJME
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
This media is not supported in your browser
VIEW IN TELEGRAM
အမျိုးသား ပြည်ပထွက် အလုပ်လုပ်ခွင့် ဖြေလျှော့ပေးနိုင်သလား
======================

BBC Burmese
May 3, 2024

အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်သွားလုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ဆိုင်း လိုက်တဲ့ အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနကတော့ ထွက်ခွာခွင့်တွေကို ပိုမို စိစစ်နိုင်ဖို့ အတွက် အခုလို ရပ်ဆိုင်း လိုက်ရတာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒီလို ပြည်ပထွက် အလုပ်လုပ်ခွင့် ရပ်ဆိုင်းတဲ့ အထဲမှာ G TO G အစိုးရချင်း သဘောတူညီချက်နဲ့ သွားရောက်မယ့် လုပ်သားတွေရော ပါဝင်ပါသလား။ မသူဇာလင်းက ဆက်ပြီး ပြောပြပေးမှာပါ။

#ဘီဘီစီမြန်မာပိုင်း
ကြာအင်းဆိပ်ကြီးက စစ်ကောင်စီ တောင်စွန်းစခန်းကို KNLA ပူးပေါင်းတပ်တွေသိမ်းယူ
======================

RFA
May 3, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက မေလ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တောင်စွန်းစခန်းကို ဧပြီလ ၁၇ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မေလ ၃ ရက်နေ့ မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီရဲ့ ခလရ ၂၈၄ အခြေစိုက် တောင်စွန်းစခန်းအား မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းယူထားသည့်ပုံအား ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)မှ ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ : အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF))

သတင်းအပြည့်အစုံ 👇👇👇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံသို့ ဆက်သွယ်ထား သည့် သံလွင်မြစ်ကူးတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု NLD အစိုးရက အမည်ပေးသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတားဟုအမည်ပေးခြင်းသည် ဒေသခံတိုင်းရင်းသားများက သူတို့ ဆန္ဒနှင့် မညီညွတ် သည့်လုပ်ရပ်ဟုဆိုကာ ကန့်ကွက်ဆန္ဒပြမှုများလုပ်ခဲ့သည်။ တိုင်းရင်းသားများက ဤသို့ ကန့်ကွက်ဆန္ဒပြခဲ့ကြသော်လည်း နောက်ဆုံးတွင် ဒေသခံလူထု၏ ဆန္ဒကိုလျစ်လျူရှုကာ ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့ကြသည်။

နောက်ထပ်ပြဿနာတခုမှာလည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်များကို တိုင်းရင်းသားပြည်နယ်များ၌ လိုက်လံ စိုက်ထူခြင်းပင်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ထင်ရှားသည်မှာ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကန္တာဟေဝန်ပန်းခြံထဲ၌ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်း----

ဆောင်းပါးအပြည့်အစုံ - https://www.myaelattathan.org/articles/နွေဦးတော်လှန်ရေးနှင့်အတူဖြိုချရမည့်_ဗမာလူမျိုးကြီးဝါဒ
Forwarded from Click For BPLA
၂၀၁၅ ခုနစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သားအစိုးရတတ်လာပြန်တော့လဲ “ကျွဲကူးရေပါ” ဆိုသလို အနည်းငယ် အသက်ရှူချောင်လာတာကလွဲရင် ကျနော်တို့အလုပ်သမားထု ရဲ့ဘဝတွေဟာနစ်မြဲနစ်ဆဲပါပဲ။

ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွေမှာသာ အဲ့ဒီဝန်ကြီးလောင်း၊ အဲ့ဒီအမတ်လောင်းတွေဟာ “ကျနော်တို့သည်ပင်လျှင် ပြည်သူလူထုရဲ့ ကျေးကျွန် အလုပ်သမားတွေ ဖြစ်တဲ့အတွက် အလုပ်သမားထုရဲ့ဘဝတွေအတွက် ဘာလုပ်ပေးပါမှာ ညာလုပ်ပေးပါမယ်”ဆိုပြီး အာမဘန္တေ ခံခဲ့ပေမယ့် ရွေးကောက်ပွဲ ပြီးတဲ့ အချိန်မှာတော့ အစိုးရးသွားတာပါပဲ။

👉 မျှော်လင့်မိရာ - သခင့်သား(ဥတု)
👇
https://ouo.io/KHocFlu
ဝေါက လူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

ဝေါ၊ မေ ၄၊ ၂၀၂၄။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ဒေသခံလူငယ် ၄ ဦးကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရှိရပါတယ်။

မေ ၂ ရက် နေ့လယ်ပိုင်းက အညာစုကျေးရွာနေ အသက် ၂၀ ဝန်းကျင်အရွယ် ကိုမင်းကျော်စွာနဲ့ ကိုသီဟအပါအဝင် လူငယ် ၄ ဦးဟာ အညာစုကျေးရွာကနေ သူရဲသမိန်ကျေးရွာကို ဆိုင်ကယ်နဲ့အသွား ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။

"သူတို့က ထိုင်းသွားဖို့လုပ်နေတာ။ သူရဲသမိန်သွားတာကလည်း မောင်နှမတွေက လမ်းစရိတ်ပို့လိုက်တာကို သူရဲသမိန်မှာသွားထုတ်တာ။ အဲဒါ လမ်းမှာ ပျူတွေ၊ စကစတွေနဲ့တွေ့ပြီး PDF တွေဆိုပြီး ဖမ်းဆီးလိုက်တယ်။ ပြီးတော့ သက်သေရှာတာမတွေ့လို့ ဆေးမိတယ်ဆိုပြီး အကြောင်းပြ ဖမ်းထားလိုက်တယ်"လို့ ဖမ်းဆီးခံရသူတဦးရဲ့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝေါကလူငယ်၄ဦးကို_PDFနဲ့ဆက်စပ်တယ်ဆိုပြီး_စစ်ကောင်စီဖမ်းဆီး
ကလေးမှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

ကလေး၊ မေ ၄၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ တင်သားရွာမှာ စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူလည်း ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၃ ရက် မနေ့က နေ့လယ် ၂ နာရီခွဲက ကြံသာရွာက ပစ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန် ထိမှန် သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဆုံးတာက အဲ့တယောက်ထဲ၊ သူ့ယောက်ကျ်ားလည်း ခါးထိတာ အခြေအနေမကောင်းဘူးလို့ပြောတယ်၊ အသက်ရှင်ရင်တောင်မှ ဘာမှလုပ်နိုင်မယ့်ပုံ မရှိတော့ဘူး။” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကလေးမှာ_လက်နက်ကြီးထိမှန်လို့_အမျိုးသမီးတဦးသေဆုံး
Forwarded from RSN WEB
DAILY HIGHLIGHTS (02 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေး – KT

ဂွမြို့ အခြေစိုက် ခမရ (၅၆၃)တွင် အင်အားနည်းနေ၍ ပြည်သူ့စစ် ၈၀ ဦးကို ခေါ်ထားဟုဆို – MZM

၁၁၁၁ စစ်ဆင်ရေး မူလရည်မှန်းချက်အချို့ အောင်မြင်ဟု KNDF ဒုစစ်ဦးစီးချုပ်ပြော – DVB

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၄ ရှေ့တန်း တောင်စွန်းစစ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၂၆ ဦးသေဆုံးပြီး လက်နက် ၄၀ ကျော်နှင့် ခဲယမ်းများရရှိ – KT

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ – KT

📰 နိုင်ငံရေးထူးခြားသတင်းများ

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် ဖြတ်ကျော်ဝင်ထွက်ခွင့် လုံး၀ ပိတ်သိမ်းမည်ဟု ပြောကြားမှုအပေါ် အိန္ဒိယ ပြန်လည် ရုတ်သိမ်း – AT

စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေး ခိုလှုံခွင့်တောင်းခဲ့ကြသည့် ဒုက္ခသည်များကို အိန္ဒိယက မြန်မာပြည် ပြန်ပို့ – KT

📰 စီးပွားရေးထူးခြားသတင်းများ

လုပ်ခလစာ တိုးမြင့်မလာပါက ပြည်တွင်းစက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားရှားပါးမှုပြဿနာနှင့် ရင်ဆိုင်လာရနိုင် – MPA

📰 အခြားထူးခြားသတင်းများ

ကောလင်းမြို့နယ်၊ခံသာကျေးရွာတွင် ပြည်သူများက လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော် – KT

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းဟု အလုပ်သမားဝန်ကြီးဌာနပြော – KT

#rangoonscoutnetwork
မတ္တရာမှာ စစ်ကောင်စီစစ်ကြောင်းက အရပ်သားတစ်ဦးသတ်ဖြတ်ခဲ့ပြီး နေအိမ်အလုံး ၂၀ မီးရှို့ခဲ့
======================

RFA
May 4, 2024

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ မေလ ၄ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ပြည်သူတစ်ဦးကို သတ်ဖြတ်သွားတာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုတောက်က RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ သတ်ဖြတ်ခံရတဲ့ ပြည်သူကတော့ ရှားစေးချက်ရွာက ကိုဖိုးဖော် အမည်ရှိ အသက် ၃၀ ခန့် ပြည်သူအမျိုးသားတစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်၊ သူကတော့ စစ်ကောင်စီ စစ်ကြောင်းနဲ့တွေ့ပြီး သတ်ဖြတ်ခြင်းခံရတာ ဖြစ်ပါတယ်၊ မီးရှို့ခံရတာက ချောင်းတော်ဝကျေးရွာက စာသင်ကျောင်းအပါအဝင် နေအိမ်အလုံး ၂၀ မီးရှို့အဖျက်စီးခံရတာပါ"

မန္တလေးတိုင်း မတ္တရာမြို့နယ် ချောင်းတော်ဝကျေးရွာမှ မီးရှို့ဖျက်ဆီးခံထားရသည့် အဆောက်အဦတစ်ခုအား ၂၀၂၄ ခုနှစ် မေလ ၄ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုဘိုတောက်)

သတင်းအပြည့်အစုံ 👇👇👇
နေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ပြီလို့ ကုလထုတ်ပြန်
======================

RFA
May 4, 2024

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့သူ သုံးသန်းကျော် ရှိလာပြီလို့ မေလ ၄ ရက်နေ့မှာ ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း ထွက်ပြေးလာသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့တာလို့လည်း ဆိုပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံတစ်ဝန်းမှာ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အရပ်သားအရေအတွက်လည်း စံချိန်တင် မြင့်တက်ခဲ့တာလို့ ရေးသားထားပါတယ်။

စစ်ကြောင်းဝင်ရောက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ခင်ဦးမြို့နယ်မှ ဒေသခံများအား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

သတင်းအပြည့်အစုံ 👇👇👇
Forwarded from BPLA
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားသို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပေးပို့သော သဝဏ်လွှာ

၂ဝ၂၄ခုနှစ်၊ မေလ(၅) ရက်
Forwarded from RSN WEB
DAILY HIGHLIGHTS (04 May 2024)
•••••••••••••••®•••••••••••••••

📰 စစ်ရေးထူးခြားသတင်းများ


သံတွဲမြို့ အနီးရှိ အုန်းမော်တောင် အနီးတဝိုက်၌ စစ်တပ်နှင့် ရခိုင်တပ်တော်တို့ တိုက်ပွဲ ပြင်းထန်နေ – KT

ဘူးသီးတောင်အခြေစိုက် စကခ(၁၅) ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၂ ခုကို AA သိမ်းပိုက် – MZM

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၄ တောင်စွန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၂၆ ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သန့်ဇင်ဝင်း ထွက်ပြေး လွတ်မြောက် – KT

ဝန်ကြီးဌာနများသို့ အရပ်ဘက်ရာထူးများဖြင့် ပြောင်းရွှေ့သွားသော အသက် ၅၅ နှစ်အောက် စစ်အရာရှိဟောင်းများကို စစ်ကောင်စီက အရန်တပ်အားအဖြစ် ပြန်လည် ခေါ်ယူပြီး တိုက်ခိုက်ရေးတပ်များတွင် စစ်မှုထမ်းခိုင်းမည်ဟုဆို – KT

📰 နိုင်ငံခြားရေးထူးခြားသတင်းများ

စမတ်ကတ်မရှိသူများကို တရုတ်နိုင်ငံထဲဝင်ခွင့် တစ်ပတ်ကတ် ထုတ်မပေးတော့ဟုဆို – MPA

မြန်မာလုပ်သား ၁၇ ဦးကို ထောက်ပို့လို့စွပ်စွဲကာ လာအိုရဲဖမ်းဆီးပြီး မြန်မာစစ်တပ်ကိုလွှဲပေး – MKN

📰 ကျားဖြန့်

ကျားဖြန့်သမား‌တွေ မြဝတီကထွက်သွားဖို့ BGF အမိန့်ထုတ် – MKN

BGF က မြ၀တီမြို့ တစ်၀ိုက်တွင် Online လုပ်ငန်းဆောင်ရွက်နေသော နိုင်ငံ ခြားသားများကို ၆ လအတွင်း ထွက်ခွာရန် အမိန့်ပေးမှု ကျားဖြန့် နှိမ်နင်းရေး မဟုတ်ဘဲ ဟန်ပြဟု နယ်စပ်သတင်းရင်းမြစ်များပြော – KT

📰 အခြားထူးခြားသတင်းများ

စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီး ၁၉ ဦးကို နေရာပြောင်းရွှေ့ – DVB

တန့်ဆည်ပကဖတာဝန်ခံဟောင်းအမှု ပွင့်လင်းမြင်သာရန် မိသားစု တောင်းဆို – DVB

နယ်စပ်ဖြတ်ကျော်ရာတွင် လိုအပ်သည့် UID ကတ် အမြန်ပြုလုပ်ကြေး ငွေကျပ် ၁၀၀,၀၀၀ အထိ မြဝတီတွင် တရားမဝင် စျေးပေါက် – MZM

စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့ကို မြေ ၂ ဧကစီပေးသည့်ကိစ္စ ပြန်ရုပ်သိမ်းရန် မဘသ တောင်းဆို – DVB

#rangoonscoutnetwork
ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးဌာနချုပ်နှင့် တပ်ရင်း ၂ ရင်းကို AA သိမ်းပိုက်
======================

Myanmar Now
May 5, 2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ခြေမြန်တပ်ရင်း ၂ ရင်းတို့ကို သိမ်းပိုက်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (မေ ၅) နံနက်တွင် သတင်းထုတ်ပြန်သည်။

မေယုမြစ်နှင့် စိုင်းဒင်ချောင်းကြားတွင် တည်ရှိသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ကို မေလ ၂ ရက်နေ့တွင် သိမ်းပိုက်ပြီး ထိုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၅၆ ကို ဧပြီ ၂၄ တွင်၊ ခမရ ၅၅၁ ကို မေလ ၃ ရက်နေ့တွင် သိမ်းပိုက်သည်ဟု ဖော်ပြသည်။

#MyanmarNow #Rakhine #butheedaung #ဘူးသီးတောင်

သတင်းအပြည့်အစုံ 👇👇👇