MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ဖားကန့်မြို့တွင် KIA၊ PDF ၊NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြ

=================

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ယနေ့ ဇန်နဝါရီလ ၁၄ရက်တွင် KIA၊ PDF နှင့် NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး ချီတက်ဆန္ဒပြကြသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ ငါးလနီးပါးရှိပြီဖြစ်သည့် ဖားကန့်မြို့ရှိ ဆန္ဒပြပြည်သူ ဦးရေ ၄၀၀ခန့်က" KIA ၊PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ" ၊ "NUG အစိုးရ ဒို့အစိုးရ" ၊ " ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး" ၊ " ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး" ၊ " အကြမ်းဖက် စစ်တပ် လုံးဝအုပ်ချုပ်ခွင့်မရစေရ" ၊" နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်" ဟု ကြွေးကြော် ဆန္ဒပြကြသည်။
ယင်းမာပင်ခရိုင်တွင်းရှိ ကျေးရွာများစုပေါင်းပြီး ဖက်ဆစ်စစ်တပ်ဖြုတ်ချရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများမှ တော်လှန်ပြည်သူများစုပေါင်းကာ ၃၁၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ဇန်နဝါရီ ၁၄ ရက်တွင် အကြမ်းဖက် ဖက်ဆစ်စစ်တပ် ဖြုတ်ချရေး ချီတက်ဆန္ဒပြကြသည်။
MSI - MYANMAR SOCIETY INFORMATIONS
Photo
ခန့်မှန်းလူဦးရေထက်များလွန်းတာကြောင့် ဆိုက်ခေါင်စစ်ရှောင်စခန်း ထပ်မံလက်ခံဖို့ ရပ်နား

.......................
ခမ်းသားငေါဝ်း
ဇန်နဝါရီ ၁၄၊ ၂၀၂၂

https://www.facebook.com/612819968887929/posts/1959095524260360/

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ မှာ စီစဥ်ထားတဲ့ စစ်ရှောင်အတွက် နေရာတွေမှာ ခန့်မှန်းလူဦးရေထက် ပိုမိုများပြားနေတာကြောင့် ဇန်နဝါရီ ၁၄ ရက်ကစပြီး ထပ်မံလက်မခံတော့ဘူးလို့သိရပါတယ်။

လက်ရှိ လက်ခံထားတဲ့ စစ်ရှောင်တွေအတွက် စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး၊သောက်ရေ၊ ချိုးရေ၊ သန့်စင်ခန်းနဲ့ အခြား ကြီးကြပ်ရေးကိစ္စတွေမှာ ရေရှည် အတွက်ပြင်ဆင်ရတာကြောင့် အခက်ခဲ ရှိနိုင်လို့ အသစ်လက်ခံခြင်းကို ရပ်နားထားတာလို့သိရပါတယ်။

"လက်ရှိတစ်ပတ်နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့အားနဲ့ကူညီပေးလို့ရတယ်၊ ကာလကြာလာလို့ တစ်လ နှစ်လ သုံးလေးလဖြစ်သွားမယ်ဆို ကူညီတဲ့သူဘက်အများကြီးအခက်ခဲဖြစ်သွားတော့မှာ အဲတာကြောက့်အသစ်လက်ခံတာကို ခဏရပ်နားထားလိုက်တာ"လို့ စစ်ရှောင်ကူညီသူ ခွန်ကျော်ဇေယျ က ခမ်းသားငေါဝ်း သတင်းဌာနကိုပြောပါတယ်။

လက်ရှိဆိုက်ခေါင်မှာ စစ်ရှောင်ကူညီစောက်ရှောက်ရေးကော်မတီက စီစဥ်ပေးတဲ့နေရာမှာ စစ်ရှောသူ ၁၂၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဆွေမျိုးနေအိမ်မှာ လာရောက်ခိုလုံသူတွေကလည်း သတ်သတ်ရှိနေသေးတယ်လို့သိရပါတယ်။

ဆိုက်ခေါင်မှာ စီစဥ်ထားတဲ့ ပထမတောင်ကျောင်းကြီး၊ ဇောတိကာရာမကျောင်း၊ သုခအောင်ညီကျောင်း၊ ဇေတဝန်ကျာင်း၊ ဖားအောက်တောရ ရိပ်သာကျောင်း၊ သုဝဏ္ဏဝံသ သာမဏေကျော်ကျောင်း၊ နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ဘုရားကျောင်းတွေမှာ စစ်ရှောင်မိဘပြည်သူ ၁၂၀၀ ကျော်ရောက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာ ဆီဆိုင်ဆရာတော် စီစဥ်ထားတဲ့နေရာနဲ့ ဆိုက်ခေါင်မှာ စီစဥ်ထားတဲ့နေရာတွေမှာ အသစ်လက်မခံတော့ပေမယ့် လွိုင်လင်၊ ညောင်ရွှေ၊ ပင်းတယ စတဲ့နေရာတွေမှာ လက်ခံသေးတယ်လို့သိရပါတယ်။

https://t.me/ppv21/218

#shan,#ဆိုက်ခေါင်,#စစ်ရှောင်
မြန်မာအယောက် ၄၀ အပါအဝင် ၄၂ ဦးတွင် အိုမီခရွန်ပိုးထပ်မံတွေ့ရှိ
DVB
မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
http://burmese.dvb.no/archives/511330
#DVB #News #COVID-19 #အိုမီခရွန် #မြန်မာအယောက်၄၀
စကစရဲ့ ဝေဘူလစစ်ကြောင်းတွင်း ZRA လို့ယူဆရတဲ့ တခြားဝတ်စုံဝတ်ထားတဲ့လူတွေပါဝင်ဟုဆို
==========
ကလေးမြို့နယ် နတ်ချောင်းကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့သို့စစ်ကြောင်းတက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ထဲမှာ ချင်း (တီးတိန်)စကားပြောပြီး အခြားဝတ်စုံဝတ်ထားတဲ့ လူတစ်စုပါဝင်နေတယ်လို့ CNDF တပ်ဖွဲ့ထံမှသတင်းရရှိပါတယ်။
Read More
https://bit.ly/3GrrTKr
ရေစကြိုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

ရေစကြို၊ ဇန်နဝါရီ ၁၃၊ ၂၀၂၂။

ရေစကြိုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတဦး ဇန်နဝါရီ ၁၃ ရက် မနေ့ကနေ့လည်ပိုင်းမှာ သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရပ်သာအုပ်စု၊ ရပ်သာကျွန်းကျေးရွာက ဦးသန်းဇော်ဆိုသူဖြစ်ပြီး စစ်ကောင်စီနဲ့ပက်သက်ဆက်ဆံ၊ သတင်းပေးတိုင်ကြားတာတွေလုပ်နေတာကြောင့် ခုလိုပစ်ခတ်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ၁ နာရီနဲ့ ၂ နာရီကြားလောက်မှာဖြစ်သွားတာ၊ အဲဒီလူကကြံ့ခိုင်ရေးအဖွဲ့ဝင်ပါ၊ အရင်ကစစ်ကောင်စီသတင်းပေးလုပ်တယ်၊ ဘယ်ရွာမှာ PDF တွေရှိတယ်ဆိုပြီးလည်း သတင်းပေးလုပ်ဖူးတယ်၊ “ လို့သူကပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတယ်ဆိုတာကိုတော့ ခုချိန်ထိမသိရသေးပဲ ဒီဖြစ်စဉ်မတိုင်ခင်ကတော့ အဲ့ဒီအုပ်ချုပ်ရေးမှူးအိမ်ကို PDF တဖွဲ့က အောက်တိုဘာလ ၂၀ရက်က ဗုံးခွဲသတိပေးခဲ့သေးတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

#မြေလတ်အသံ
ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာခရီးစဉ်အပေါ် အာဆီယံအတွင်း အမြင်ကွဲလွဲမှုနှင့် စိုးရိမ်မှုများ ရှိနေဟု မလေးရှား ပြော

ရိုက်တာ ၊ဇန်နဝါရီ ၁၄

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ပြီးခဲ့သည့်အပတ်က မြန်မာခရီးစဉ်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား မတူညီသော အမြင်သဘောထားများနှင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားလိုက်သည်။

ဟွန်ဆန်၏ မြန်မာခရီးစဉ်က အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုမှုအဖြစ် ရှုမြင်ခံရနိုင်မည့်အပေါ် အာဆီယံအဖွဲ့ဝင်အချို့က စိုးရိမ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား၏ ဝန်ကြီးချုပ် ဟွန်ဆန်သည် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ယင်းသည် မြန်မာ၌ အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံ့ခေါင်းဆောင်တစ်ဦး ပထမဆုံးလာရောက်သည့် ခရီးစဉ်လည်း ဖြစ်ခဲ့သည်။ ထို့ပြင် ဟွန်ဆန်၏ ခရီးစဉ်က မြန်မာအာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများကို သီးခြားဖယ်ထုတ်ထားရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုများအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ယမန်နေ့က သတင်းထောက်များကို ပြောကြားရာတွင် ဟွန်ဆန်၏ ခရီးစဉ်နှင့်ပတ်သက်ပြီး အာဆီယံအုပ်စုအတွင်း မတူညီသော အမြင်သဘောထားများ ရှိနေကြောင်းနှင့် ယင်းခရီးစဉ်က အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုမှုအဖြစ် ရှုမြင်ခံရနိုင်မည်ကို ၁၀ နိုင်ငံအုပ်စု၏ အဖွဲ့ဝင်အချို့က စိုးရိမ်ပူပန်နေကြောင်း ပြောခဲ့သည်။

"သူ့ (ဟွန်ဆန်) အနေနဲ့ ဒီခရီးစဉ် မသွားခဲ့သင့်ဘူးလို့ ထင်မြင်သူတွေ ရှိပါတယ်၊ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ခရီးစဉ်က မြန်မာစစ်တပ်ကို အသိအမှတ်ပြုမှုတစ်ခုအဖြစ် အဓိပ်ပါယျကောကျယူသှားနိုငျလို့ပါ" ဟု ၎င်းက ပြောသည်။

"ကမ္ဘောဒီးယားအစိုးရရဲ့ အကြီးအကဲအနေနဲ့ သူဟာ မြန်မာနိုင်ငံကို သွားရောက်ခွင့် ရှိတယ် ဆိုတာတော့ မှန်ပါတယ်၊ ဒါပေမယ့် ခုချိန်မှာ သူက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားပြီးဖြစ်တာကြောင့် ဒီ ခရီးစဉ်နဲ့ပတ်သက်လို့ မသွားခင် တခြား အာဆီယံခေါင်းဆောင်တွေနဲ့ အရင် တိုင်ပင်ခဲ့သင့်ပါတယ်၊ တကယ်လို့ သူ သွားမယ်ဆိုရင်လည်း သူဘာလုပ်သင့်သလဲ ဆိုတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အမြင်တွေကို တောင်းခံခဲ့သင့်ပါတယ်" ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဟွန်ဆန်၏ ခရီးစဉ်က အောင်မြင်မှု ရခဲ့သည်ဟု ထင်မြင်မိသလား ဆိုပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဆိုင်ဖူဒင်က "မထင်မိကြောင်း" ပြောသွားခဲ့သည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားအနေဖြင့် မြန်မာ့အရေးတွင် တိုးတက်မှု မပြနိုင်မချင်း မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများကနေ ဆက်လက် ချန်လှပ်ထားမည်လား ဆိုသည်မှာ မရှင်းလင်းသေးဟု ဆိုင်ဖူဒင်က ပြောခဲ့သည်။ တိုးတက်မှုမရရှိမှုကြောင့် မြန်မာစစ်အုပ်စုကို အာဆီယံအစည်းအဝေးများကနေ ချန်လှပ်ထားသည့် ရပ်တည်ချက်ကို ယမန်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းက ထောက်ခံခဲ့သလို မလေးရှားကလည်း ထောက်ခံထားခဲ့သည်။
http://www.mizzimaburmese.com/article/96433

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Follow the link : https://bit.ly/2VhJ12U
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရန်ကုန်သာကေတ၊ မုံရွာနှင့် ရေစကြိုတို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရန်ကုန်သာကေတမြို့နယ်၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးနှင့် ရာအိမ်မှူး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ် တောပုကျေးရွာ ပျူစောထီးအဖွဲ့ဝင် ငြိမ်းဆောင် သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း သိရသည်။

သေဆုံးသူ ငြိမ်းဆောင်သည် လက်သမားဆရာတစ်ဦးဖြစ်ကြောင်း၊ပျူစောထီးအကြီးစားတစ်ဦး၏ လက်ထောက်တစ်ဦးလည်းဖြစ်ကြောင်း၊တောပုမှ အ နောက် ကျွန်းသို့ ဆိုက်တွဲဖြင့် သစ်သားထွက်ဝယ်စဉ် ညောင်ဖြူပင်နှင့်ကျွန်းကြီး ကျေးရွာကြားရှိ လက်ပံတန်းအနီးတွင် သေနတ်ဖြင့် ပစ်သ တ်ခံရကြောင်း၊ပစ်ခတ်မှုတွင် မည်သည့်အဖွဲ့အစည်းက ပြုလုပ်သည်ကို မသိရှိရသေးကြောင်း၊ လက်သ မားဆရာငြိမ်းဆောင်သည် အသက်၆၀ခန့်အရွယ်တစ်ဦးဖြစ်ပြီး ၎င်းမိသားစုသည် စစ်တပ်အမာခံထောက်ခံသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ရပ်သာအုပ်စု၊ ရပ်သာကျွန်းကျေးရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးသန်းဇော်ကို ဇန်နဝါရီလ ၁၃ ရက်နေ့ ၁ နာရီခွဲဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တချို့က ပစ်သတ်သွားကြောင်း‌ ဒေသ ခံများက ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၊ ၁၃ ရပ်ကွက်၊ ဇေယျာ၀တီ ၄ လမ်းမှ စစ်ကောင်စီခန့် ရာအိမ်မှူး လှသွင်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅မိနစ် အချိန်ဝန်းကျင်အချိန် ဇေယျဝတီ (၂) လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေချိန် သေနတ်ဖြင့် နဖူးတည့်တည့် ပစ်ခတ်ခံလိုက်ရသဖြင့် သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ်သာကေတသတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
Forwarded from Enemy Air Route Channel
ပုသိမ်

ပုသိမ်လေတပ်မှ ဖိုက်တာတိုက်လေယာဉ်အပြာရောင် ၁စီး မြောက်ဘက်သို့ ဦးတည်တက်သွား
စုစုပေါင်း ၆စီးရှိပြီဖြစ်

12:15 PM
#EAR
Forwarded from Enemy Air Route Channel
🔴ဒီပဲယင်း🔴

ယနေ့ နေ့လယ် 12နာရီခန့်က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း ရင်ကျေးကျေးရွာကို အကြမ်းဖက်စကစမှ Mi35 နှစ်စီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရ

#EAR