MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Enemy Air Route Channel
⚠️ဖာပွန်⚠️

ကရင်ပြည်နယ် ဖာပွန်သို့ စစ်လေယာဉ် 2 စီး ပျံသန်းလာနေ

12:51 PM
#EAR
Forwarded from Enemy Air Route Channel
⚠️ဒီပဲယင်း⚠️

ပျံသန်းလာသော စစ်ရဟတ်ယာဉ် ၁စီးသည် လူနာသယ်ခြင်းမဟုတ်ပဲ ရေဦးမှ စခများ လာသယ်၍ ယခုပစ်ခတ်နေသော ဒီပဲယင်း ရင်ကျေးကျောင်းနား သွားပို့မည်ဟု ယူဆရ

12:56 PM
#EAR
This media is not supported in your browser
VIEW IN TELEGRAM
ပါသွားတာ နှမြောစရာပါ
စိတ်ဓာတ်ကျစရာတော့မဟုတ်ပါဘူး
ဝုန်းဆွေဝုန်းမျိုးတွေ တရက်ကို တလက်ဖိုးလောက်ရှာနေနိုင်နေတာပါ

၅ လက်ပါသွားတယ်ဆိုတာ ၅ ရက်စာလောက်ပါပဲ

စခတွေက တနေ့တလက်သိမ်းနေနိုင်တာမဟုတ်တော့ ဝုန်းဆွေဝုန်းမျိုးတွေရဲ့ ဝုန်း အားကိုတောင် သူတို့ မယှဉ်နိုင်တာမို့ ဒီပွဲက နိုင်ဖို့အသာကြီးပါ

ဝုန်းအားမကျဖို့ပဲလိုပါတယ်
ဝုန်းအားတက်လာရင် ပိုမြန်မယ် 🔥🔥💪💪🙏

Let’s Wone 🙏🙏💪💪💪
🔥🔥🔥🔥🔥🔥🔥🔥🔥
Forwarded from Dagon Information
ဒဂုံဆိပ်ကမ်းက မြို့ပြပျောက်ကြားတစ်ဖွဲ့အား အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး။

ဒဂုံဆိပ်ကမ်းက မြို့ပြပျောက်ကြား (Y.R.G) တပ်ဖွဲ့ဝင်တွေကို ၁၂ရက်နေ့ ည၁၁နာရီဝန်းကျင် စစ်တောင်းအိမ်ယာ နှင်းဆီလမ်းမှာ သတင်းအတိအကျ ဖြင့် အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်း ရရှိထားပါတယ်။

ဒါကြောင့် သူတို့နဲ့ ချိတ်ဆက်ထားသော အဖွဲ့ဝင်များနဲ့ သက်ဆိုင်သူအားလုံး အမြန်ဆုံးရှောင်ရှားကြဖို့ သတိပေးလိုက်ပါတယ်။

လက်ရှိ ရန်ကုန်မြို့တွင်း UG က ကွင်းဆက်အဖွဲ့တွေအားလုံးကို ပစ်မိန့်ကျပီးသားဖြစ်တယ်လို့ သိရှိရပါတယ်။

အားလုံးသတိထားဂရုစိုက်ကြပါခင်ဗျ။

#Dagon_Information
#YuzanaRevolutionNews
MSI - MYANMAR SOCIETY INFORMATIONS
Photo
ငွေတောင်ဆည်အနီးတိုက်ပွဲတွင် ဒဏ်ရာရ ရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်သည့် ဒီးမော့ဆို PDF ရဲဘော် အယ်လ်ဖောင်းရှို ကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီး ရွှေယောက်ရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီလ မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားသော တိုက်ပွဲတွင် ဒဏ်ရာရရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်သည့် ဒီးမော့ဆို PDF မောင်အယ်လ်ဖောင်းရှိုသည် မွန်းလွဲ ၃ နာရီခန့်တွင် ကျဆုံးသွားခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရဲဘော် ၂ ဦးကို သွားရောက်ကယ်ဆယ်ရင်း ရဲဘော် မောင်အယ်လ်ဖောင်းရှို ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးခဲ့သော ရဲဘော် မောင်အယ်လ်ဖောင်းရှိုကို ပြည်သူ့သူရဲကောင်းအဖြစ်မှတ်တမ်းတင်ကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဒီးမော့ဆို PDF က ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးပေ။
အခု 2️⃣4️⃣2️⃣1️⃣ မို့ ဒီနေ့ နည်းနေသေးတယ်ခင်ဗျာ

မဝုန်းရသေးသူများ ဝုန်း ကူကြပါဦးခင်ဗျာ

💪💪🙏🙏🔥🔥🔥
စကစတပ်က ဟိန်ဇိန်ရွာသားတစ်ဦးကို ပစ်သတ်
=======
ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာကပြည်သူတွေ တိမ်းရှောင်နေစဉ် အိမ်စောင့် အဖြစ်ကျန်ခဲ့ Mang Do Khup (ဦးမန်ဒိုခုပ်) ကို ရွာထဲဝင်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဇန် နဝါရီ ၁၄ ရက်က ပစ်သတ်သွားတယ်လို့သတင်းရရှိပါတယ်။

မနေ့ ဇန်နဝါရီ ၁၃ ရက်က ထေးဇန်ရွာက လူနေအိမ် ၅ လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြပြီး ဒီမနက်မှာ ဟိန်ဇိန်ရွာဘက်သို့ဆက်တက်သွားကြပါတယ်။
MSI - MYANMAR SOCIETY INFORMATIONS
Photo
ရန်ကုန်မြို့၌ တစ်ပတ်အတွင်း PDF ၁၀ ဦး ဖမ်းဆီးခံရပြီးနောက် လုံခြုံရေး သတိပြုရန် NUG နှိုးဆော်
=========================

ရန်ကုန်မြို့၌ တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ၁၀ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ အရှိန်မြှင့် လုပ်ဆောင်နေသဖြင့် လုံခြုံရေး သတိပြုကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီ ၈ ရက်မှ စတင်ကာ ရန်ကုန်ရှိ PDF များနှင့် မြေအောက် တော်လှန်ရေး အင်အားစုများကို ဖမ်းဆီးရန် စစ်ကောင်စီက အရှိန်မြှင့် ကြိုးပမ်းနေပြီး တော်လှန်ရေး အင်အားစုများ အနေဖြင့် ကိုယ်စီစဉ်နိုင်သော အချက်များကို သိုသိုသိပ်သိပ် ပိရိသေသပ် လုံခြုံစွာ စီစဉ်ရန်လိုကြောင်း ၎င်းက ဆိုသည်။

"လက်ရှိ ရန်ကုန်မြို့ အနေအထားသည် စကစ (စစ်ကောင်စီ) များဘက်က ကျွန်တော်တို့် တော်လှန်ရေး သမားများကို ပိုက်စိပ်တိုက် လိုက်လံအနံ့ခံ ရှာဖွေဖမ်းဆီးမှုများ အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါတယ်။ ပကဖများ၊ PDF ရဲဘော်များနှင့် အခြား တော်လှန်ရေး အင်အားစုများ (UGs) ကို ကွင်းဆက်များလိုက်၍ ဖော်ထုတ်မှုများ ပြုလုပ်နေပါတယ်၊ ဒီအချိန်တွင် အဖွဲ့အစည်းအချို့၏ အသိပေးစာများ၊ သတိပေးစာများ၊ ရှောင်ရန်ဆောင်ရန်များ ထွက်ပေါ်လျက် ရှိနေပါတယ်။ ကျွန်တော်တို့ ရဲဘော်များ မိမိတို့လုပ်ရမည့် အလုပ်များကိုသာ အာရုံစူးစိုက်ပြီး မိမိတို့အဖွဲ့ တာဝန်ခံများ၏ ညွှန်ကြားစီမံမှု အတိုင်းသာ ဆက်လက် ဆောင်ရွက်ကြပါရန်နှင့် အခြားအဖွဲ့များ၏ စီမံမှုများနောက်တွင် ဝေဝါးစွာ လိုက်ပါသွားခြင်းများ သတိချပ်ကြရန် ဖြစ်ပါတယ်" ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးခံထားရသူများ၏ အခြေအနေ အသေးစိတ်ကို မသိရှိရသေးဘဲ စစ်‌ကောင်စီဘက်မှ ပရိယာယ်ဆင်ပြီး တော်လှန်ရေး အင်အားစုများ ချိနဲ့ရန် ပြုလုပ်နေပါသဖြင့် လုံးဝ မပေါ့ဆကြရန်နှင့် ကြိုတင်ပြင်ဆင် ထားသင့်သည်များ ပြင်ဆင်ထားကြရန် လိုအပ်သည်ဟု ဆိုသည်။

တစ်စုံတစ်ရာ သိရှိလိုပါက အဖွဲ့၏ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ထံ တိုက်ရိုက် မေးမြန်း အတည်ပြုချက် ရယူကြရန်နှင့် ရန်ကုန် ပကဖများ၊ PDF-STF များအနေဖြင့် ရန်ကုန်စစ်ဒေသ တာဝန်ရှိသူများထံ သတင်း အတည်ပြုချက် ရယူပြီးမှသာ သတင်းအချက်အလက်များကို ယုံကြည်လက်ခံကြရန် အထူးမေတ္တာရပ်ခံ ထားသည်။

"ရန်ကုန် ပကဖ များကြား အတွင်းစည်း ပေါက်နေသယောင် ထင်ယောင်ထင်မှား ဝါဒဖြန့်နေခြင်းများ၊ UG အဖွဲ့များ အချင်းချင်းကြား သူ့မယုံ ကိုယ့်မယုံ သံသယများ ဖြစ်လာစေရန် ကြံစည်ဆောင်ရွက်နေမှုများ၊ စိတ်ဓါတ်စစ်ဆင်ရေးအရ ဘယ်သူတွေ ဖော်ထုတ်လို့၊ ဘယ်သူတွေ ချိတ်ကနေ မိသွားတာ၊ ဆက်သွယ်လိုက်လို့ ပါသွားတာ စသဖြင့် မဟုတ်တာရော ဟုတ်တာရော ကြားညှပ်ပြီး ထွက်ပေါ်လာနေတဲ့ Social Media နှင့် Channel အသီးသီးမှ စာများ၊ မိမိတို့ အခြေအနေကို လိုင်းပေါ်တင်ပြီး ပြည်သူကို ချပြနေသော အချို့ ရဲဘော်များ၊ ခေါင်းဆောင်များ၏ အမည်ကို အသုံးချပြီး အလွဲသုံး ပြုလုပ် ပြောဆိုနေမှုများ၊ စကစ ဘက်က အလိုရှိနေသူများ အခြေအနေမှန် ပေါ်လာစေရေး အစဆွဲထုတ်ပြီး သတင်းရအောင် ဆိုက်ဝါးနည်းဗျူဟာ သုံးနေမှုများ စတာတွေကို သတိဖြင့် ဆင်ခြင်သုံးသပ် ပြင်ဆင် ဆောင်ရွက်နိုင်ကြဖို့လည်း ထပ်မံ တိုက်တွန်း အသိပေးလိုပါတယ်" ဟု ရန်ကုန်တိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
This media is not supported in your browser
VIEW IN TELEGRAM
ကလေးမြို့နယ်တောင်ပိုင်းတွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၂၉ ရက်နေ့က ရေစိုရွာနှင့် ဟားခါးလေးရွာကြား၌ PDF (Kalay) တပ်ဖွဲ့များက လက်လုပ် ၆၀ မမ မော်တာလက်နက်ကြီးဖြင့် ခုခံပစ်ခတ်တိုက်ခိုက်ခဲ့သည့်မှတ်တမ်းတစ်ခု ဖြစ်ပါသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ အကြမ်းဖက်စစ်သားများ အများအပြားထိခိုက်သေဆုံးနိုင်ခဲ့ဖွယ်ရှိ‌ကြောင်းသိရသည်။

#pdfkalay
ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီလေတပ်၏ ဒုဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်ရာဇဝတ်ကောင် ၁၂၄ ဦး အမည်စာရင်း ထုတ်ပြန်

By Operation Spitfire

မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက စစ်ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များသုံး၍ ပြည်သူများကို သတ်ဖြတ်မှုများလုပ်ဆောင်လျက်ရှိသည်။ ပြည်သူကို သတ်ဖြတ်နေသည့် စစ်ကောင်စီလေတပ်၏ ဒုဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်အထိ စစ်ရာဇဝတ်ကောင် ၁၂၄ ဦး အမည်စာရင်း ထုတ်ပြန်အပ်ပါသည်။
ဇန်နဝါရီ ၁၄ ရက်၊ ည ၈ နာရီ သတင်းများ
--------
စစ်ကောင်စီက ကရင်၊ ကရင်နီနဲ့ အနောက်မြောက်စစ်ဒေသအပြင် ကေအိုင်အေထိန်းချုပ်နယ်မြေမှာလည်း လေကြောင်း ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

လေးကေကော်ထိုးစစ်ကို ပြုလုပ်လိုက်တာဟာ စစ်ကောင်စီကနေ KNU ကို စစ်ပွဲထဲ ပြန်ဆွဲသွင်းလိုက်တာ ဖြစ်တယ်လို့ လေးကေကော်စစ်ပွဲ ၁ လပြည့်မှာ KNU ဖက်က ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်တွင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ မူးယစ်ဆေးဝါးဈေးနှုန်းတွေကျဆင်းလာပြီး သုံးစွဲသူတွေ များပြားလာတယ်လို့ မြို့ ဒေသခံတွေဆီက သိရပါတယ်။

Subscribe DVB Youtube - https://youtube.com/dvbtvnews


#DVB #DVBTVNews #jannews #SpringRevolution #dvblive #dvbtvnews #WhatsHappeningInMyanmar
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၄ ဇန်နဝါရီ ၂၀၂၂ )
=============

· ကျေးလက်ဒေသအမြောက်အမြားကို စစ်ကောင်စီလက်လွှတ်ခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်တွေ စိုးမိုးနိုင်လာသောဒေသများကို အခြေပြုပြီး ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး အာဏာထူထောင်မှုကိုလည်း တပြိုင်နက်တည်း အကောင်အထည်ဖော်နေကြောင်းအသိပေးချင်သည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဘီဘီစီနှင့်သီးသန့် အင်တာဗျူးတွင် ပြောဆိုသည်။

http://www.mizzimaburmese.com/article/96503
ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့တဲ့ မန္တလေးသပိတ်အင်အားစု
~~~~~
မန္တလေးမြို့မှာ ဇန်နဝါရီ ၁၄ ရက်၊ ဒီနေ့ ညနေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရဟန်းရှင်သူပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ မန္တလေး သပိတ်အင်အားစု ဟာ ကြွေးကြော်သံတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

RFA