MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Forwarded from Enemy Air Route Channel
⚠️ နေပြည်တော်

နေပြည်တော် လေတပ်စခန်းမှ Jet Fighter 1 စင်း အနောက်တောင်ဘက်သို့ ဦးတည်ပျံတက်။

22:40, Apr 10
#EAR
Forwarded from Enemy Air Route Channel
ယနေ့ မနက်အစောပိုင်းက စစ်ကိုင်းတိုင်း၊ ကန့်ဘလူက လေကြောင်းတိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး စာအရှည်ကြီးမရေးနိုင်သေးတာကြောင့်—

“လေယာဉ်သတင်းများအချိန်မှီပေးပို့နိုင်ကြောင်းနဲ့ လေကြောင်းသတင်းရဲ့အရေးပါမှုဟာ အတိုင်းအတာတခုထိ အရေးပါနေဆဲ” ဖြစ်ကြောင်း ပြည်သူများ မျက်ဝါးထင်ထင် သိရှိနားလည်နေကြပြီလို့ ယူဆပါတယ်။

ဒါကြောင့်မို့ ‌လေကြောင်းသတင်းတွေကို t.me/EAR_Info သို့ အချိန်မှီ ပေးပို့နိုင်ကြောင်း လေးစားစွာ အသိပေးအပ်လိုက်ရပါတယ်။

#enemyairroute #EAR
Forwarded from Enemy Air Route Channel
အကြမ်းဖက်စစ်တပ်၏ ဝင်ငွေများ ဖြတ်တောက်နိုင်ရေး လှုပ်ရှားမှုများအတွက် မဟာမိတ်ဖွဲ့စည်းခြင်းနှင့် အကြမ်းဖက်စစ်တပ်၏ လေကြောင်းလှုပ်ရှားမှု သတင်းများအား ပေးပို့ကြပါရန် တိုက်တွန်းခြင်း

အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းထောက်လှမ်းရေး Telegram channel ဖြစ်သည့် Enemy Air Route Channel (EAR) နှင့် Blood Money Campaign (BMC) တို့သည် အကြမ်းဖက်စစ်တပ်၏ ဝင်ငွေများ ဖြတ်တောက်နိုင်ရေး လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ရန် မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ပြီး ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းသတင်းများကို EAR ထံ ပေးပို့ကြပါရန် တိုက်တွန်းအပ်ပါသည်။

လုံခြုံစိတ်ချစွာ သတင်းပေးပို့ရန် https://t.me/EAR_Info တခုတည်းသာဖြစ်ပြီး
သတင်းဖတ်ရှုရန် https://t.me/enemyairroute channel ကို subscribed ပြုလုပ်ထားနိုင်ပါသည်။

မိမိ၏ မှန်ကန်သည့် သတင်းပေးမှုတခုကြောင့် ပြည်သူ့အသက်များစွာ ကာကွယ်နိုင်ပါသည်။

#EAR
#AirStrike
#BloodMoneyCampaignMM
Forwarded from Enemy Air Route Channel
⚠️နေပြည်တော်

နေပြည်တော်လေတပ်မှ YAK130 Jet Fighter 2 စင်း တောင်ဘက်သို့ ပျံတက်။

11:59-12:01, Apr 20
#EAR
Forwarded from Enemy Air Route Channel
စစ်ရာဇဝတ်မှုမြောက်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကို နှစ်ပေါင်းများစွာ အစဥ်အဆက် ကျူးလွန်လာခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ အကာအကွယ်ရနိုင်ဖို့အတွက် “နိုင်ငံတကာဆီကနေ No Fly Zone တောင်းဆို မျှော်လင့်နေတာ” ထက် ပြည်သူတွေအချင်းချင်း တော်လှန်ရေးအင်အားစုများအချင်းချင်း “လေကြောင်းသတင်းပေးခြင်း” ဟာ လက်တွေ့ကျတဲ့ တော်လှန်ရေးလုပ်ငန်းတခု ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်အတက်အဆင်းနဲ့ ဖြတ်သန်းလမ်းကြောင်းတွေ အပါအဝင် လေယာဉ်ကွင်းတွေ၊ လေယာဉ်ဆီလမ်းကြောင်းတွေနဲ့ လေယာဉ်ပိုင်းလော့တွေရဲ့ သတင်းအချက်အလက်တွေကို စနစ်တကျစုဆောင်းနိုင်မှသာ အကြမ်းဖက်စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒီလိုကာကွယ်နိုင်ကြဖို့အတွက် ၂၀၂၁ ဒီဇင်ဘာလမှာ လေကြောင်းကင်းထောက်အတွက် စတင်ခဲ့ကြတဲ့ Enemy Air Route (EAR) Channel ကို ယုံကြည်စိတ်ချစွာ သတင်းများပေးပို့ပေးကြဖို့ လေးစားစွာ တိုက်တွန်း ဖိတ်ခေါ်အပ်ပါတယ်...


ဒီကိုသတင်းပို့ပေးပါ👇
📥 https://t.me/EAR_Info


#Shitty_Artworks
#EnemyAirRoute #EAR_info
Forwarded from Enemy Air Route Channel
“ရန်သူစစ်အုပ်စုရဲ့ Panic Attack တွေကို ဘယ်လိုသတိပြုနိုင်မလဲ”

အကြမ်းဖက်စစ်တပ်ဟာ ယခင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ပေမယ့် နွေဦးတော်လှန်ရေးမှာတော့ နိုင်ငံတဝှမ်းက ပြည်သူအားလုံးနီးပါး တွေ့ကြုံ ခံစား သတိထားမိလာပြီပဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဆိုရှယ်လူမှုကွန်ယက်တွေမှာ လေယာဉ်တွေနဲ့ပတ်သက်တဲ့ လူထုရဲ့စိတ်ဝင်စားမှုနဲ့အတူ စိုးထိတ်ကြောက်လန့်မှုတွေလည်း မြင့်တက်လာတာ သတိပြုဖွယ်ဖြစ်ပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ အကြီးမားဆုံးဖြစ်စဉ်တွေဖြစ်တဲ့ အနမ့်ပါ၊ လက်ယက်ကုန်းနဲ့ လတ်တလောကဖြစ်ပွားခဲ့တဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်နောက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုသတိပေးချက်နဲ့ပတ်သက်တဲ့ သတင်းအမှန်တွေနဲ့ သတင်းအမှားတွေ သိသိသာသာ ရောထွေး ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

ရန်သူစစ်အုပ်စုဘက်ကလည်း ပြည်သူတွေစိုးရိမ်ထိတ်လန့်အောင် ဆင်တူယိုးမှားသတင်းတွေတမင်လွှင့်တာမျိုး၊ Psywar သတင်း၊ သတင်းတုသတင်းမှားများနဲ့ ဝါဒဖြန့်မှုတွေ ဆက်တိုက် ပြုလုပ်နေတာ တွေ့ရပါတယ်။ ဒါ့အတူ ယခုနောက်ပိုင်းမှာ အတွင်းထဲထိ ထိုးဖောက်လာတဲ့ မြေပြင်သတင်းအမှားတွေနဲ့အတူ ကြိုတင်သတိပေးချက်သတင်းအမှားတွေလည်း ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။

ဒါ့အပြင် လေယာဉ်သံကြားတာနဲ့ စိုးရိမ်ပြီး အရပ်ဘက်သုံး/နိုင်ငံတကာခရီးသွားလေယာဉ်တွေနဲ့ စစ်ဖက်ဆိုင်ရာလေယာဉ်တွေအပေါ် အချက်အလက်ခွဲခြားစိစစ်မှုအားနည်းခြင်း (သို့) မတိကျသော သတင်းများအဖြစ် ပေးပို့မိခြင်း (သို့) Social Media Platform (eg. Facebook Page/Telegram Channel) တွေပေါ် တင်လိုက်မိတာတွေကတဆင့် တိကျခိုင်မာတဲ့ သတင်းရင်းမြစ်တွေမှာ ပြန်လည်မစိစစ်ပဲ ဖြန့်ဝေလိုက်မိတာမျိုးတွေဟာ လက်တွေ့ ရင်ဆိုင်နေရတဲ့ မြေပြင်ကရဲဘော်တွေနဲ့ စစ်ရှောင်ပြည်သူတွေကို ပိုမိုစိုးရိမ်ထိတ်လန့်စေတာမျိုး၊ အကြောက်လွန်စေတာမျိုးတွေဖြစ်အောင် တွန်းပို့သလို ဖြစ်လာတာကြောင့် သတင်းအချက်အလက်များကို သေချာစွာစိစစ်ဖို့ လိုအပ်လာပါတယ်။

သတင်း အမှန် နဲ့ အမှားတွေ ရောယှက်နေတာကြောင့် တဘက်မှာလည်း အမှန်တကယ်အန္တရာယ်ရှိတဲ့ လေကြောင်းတိုက်ခိုက်မယ့် သတင်းမျိုးဖြစ်တဲ့အခါမှာ ယုံကြည်ရခက်ခဲပြီး သတိလက်လွတ်ဖြစ်သွားနိုင်တာကြောင့် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကိုပဲ စောင့်ကြည့်ကြ၊ သတင်းပေးကြဖို့နဲ့ ကြောက်ရွံ့စိတ်ဖြစ်တဲ့ကြားက သတိမလွတ်ပဲ ဝေဖန်ပိုင်းခြား ချင့်ချိန်နိုင်ကြစေဖို့ အပြင် လေကြောင်းရန်ကာကွယ်ရေးစီမံချက်များ၊ စခန်းများ ပုံဖျက်ခြင်း၊ ဗုံးခိုကျင်းတူးထားခြင်းများနှင့်အတူ သတင်းလုံခြုံရေးသတိရှိကြဖို့ ကြိုတင်ပြင်ဆင်စီမံထားကြပါရန် Enemy Air Route - EAR အဖွဲ့ မှ လေးနက်စွာ တိုက်တွန်းလိုက်ရပါတယ်။

ENEMY AIR ROUTE
#enemyairroute #EAR
Forwarded from Enemy Air Route Channel
⚠️ကြိုတင်အသိပေးခြင်း⚠️

Enemy Air Route Channel ဟူ၍ Facebook Fake Page တခုထောင်ထားသည်ကို တွေ့ရှိရပါသည်။ အဆိုပါ Page သည် EAR မှ ထောင်ထားသော Page မဟုတ်ပါ။ EAR သည် Telegram Channel တခုသာ ( https://t.me/enemyairroute ) တရားဝင်အတည်ရှိပါသည်။

ထို့ကြောင့် အဆိုပါ Fake Page အား Report ထုပေးပါရန်နှင့် Chat Box သို့ စာပေးပို့ခြင်း၊ Comment ပေးခြင်း၊ Like ပေးခြင်း၊ Post Share ခြင်းများ (လုံးဝ) လုံးဝမပြုလုပ်ပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

Page Admin မည်သူမည်ဝါဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူနှင့် စစ်ဆေးဖော်ထုတ်လျှက်ရှိပါသည်။

📌Report ထုရန် Fake Page Link
https://www.facebook.com/enemyairroute?mibextid=ZbWKwL

#enemyairroute #EAR
Forwarded from Enemy Air Route Channel
⚠️မုံရွာ

နမခမှ Mi-35 Attack Helicopter 1 စင်း အရှေ့အရပ်သို့ ဦးတည်ပျံတက်။

15:58, Apr 27
#EAR
Forwarded from Enemy Air Route Channel
⚠️ မြစ်ကြီးနား

မြစ်ကြီးနားလေတပ်စခန်းမှ Jet Fighter 1 စင်း တောင်ဘက်သို့ ဦးတည်ပျံတက်။

15:56, Apr 28
#EAR
Forwarded from Enemy Air Route Channel
⚠️မကွေး

မကွေးလေတပ်စခန်းမှ MiG-29 Jet Fighter 1စင်း မြောက်ဘက်သို့ ပျံတက်။

23:56 ,Apr 28
#EAR