MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.8K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ပခန်ကြီးနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်သားနှစ်ယောက် သေဆုံး

ရေစကြို၊ နိုဝင်ဘာ ၅၊ ၂၀၂၁။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းက ပြန်လာတဲ့စစ်ကောင်စီအဖွဲ့ကို နိုဝင်ဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်က ပခန်းကြီးနဲ့ ပခန်းငယ်ကြားမှာ ရေစကြို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

"၉ နာရီခွဲလောက်မှာ ပခန်းကြီးနဲ့ပခန်းငယ်ကြား ဆိုင်ကယ်မောင်းလာတဲ့ စစ်သားနှစ်ယောက် မိုင်းခွဲခံရတာပါ။ နှစ်ယောက်လုံး ပြင်းပြင်းထန်ဒဏ်ရာရသွားပါတယ်။ ဆိုင်ကယ်နဲ့ လမ်းဘေးမြောက်ထဲကျသွားတာ။ ရေစကြိုမြို့မ ဆေးရုံးကိုပို့ လိုက်တယ်။ နှစ်‌ယောက်လုံးဆေးရုံးမှာ သေဆုံးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို မိုင်းခွဲတိုက်ခိုက်ခဲ့ရာမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တဦးမှ အထိအခိုက်မရှိခဲ့‌ဘူးလို့ ရေစကြို PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

#မြေလတ်အသံ
ဘိုကလေးတွင် အဖြူအစိမ်းဝတ်မလာသည့် ဆရာမ ၃ ဦးကို စစ်သားက ခေါ်ရိုက်
DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက အရပ်ဝတ်နဲ့ ကျောင်းလာတက်တဲ့ ဆရာမ ၃ ယောက်ကို အဖြူအစိမ်းဝတ်မလာလို့ဆိုပြီး စစ်ကောင်စီတပ်သားက ခေါ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။

http://burmese.dvb.no/archives/498469
#စစ်သားကခေါ်ရိုက် #အဖြူအစိမ်းဝတ်မလာသည့်ဆရာမ #ဘိုကလေး
အရာတော်မြို့နယ်က မိုင်တဲလ်တာဝါတိုင်နှစ်တိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်အတွင်းက မိုင်တဲလ်တာဝါတိုင်နှစ်တိုင်ကို နိုဝင်ဘာ ၄ ရက် ည ၉ နာရီလောက်မှာ ဒေသခံပြည်သူ့တပ်ဖွဲ့တွေက ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/498475
#DVB #News #မိုင်တဲလ်တာဝါတိုင် #အရာတော်မြို့နယ်
ရွှေကူမြို့ လေးလမ်းဆုံစစ်ဆေးရေးဂိတ်အား ကေအိုင်အေ တိုက်ခိုက်၊ ၅ ဦးသေဆုံး
DVB
ကချင်ပြည်နယ် မြစ်ကြီးနား-မန္တလေးအဝေးပြေးကားလမ်းပေါ်က ရွှေကူမြို့‌လေးလမ်းဆုံ‌ စစ်ဆေးရေးဂိတ်ကို နို၀င်ဘာ ၅ ရက်နေ့ မနက် ၆ နာရီခွဲလောက် ကေအိုင်အေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာ အပြင်းအထန် ရရှိသွားတယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။
http://burmese.dvb.no/archives/498481
#DVB #News #ကေအိုင်အေ #လေးလမ်းဆုံစစ်ဆေးရေးဂိတ် #ရွှေကူ
MSI - MYANMAR SOCIETY INFORMATIONS
Photo
ဧရာဝတီတိုင်းတွင် CDM ဆရာ ဆရာမများနေရာ စစ်အုပ်စုက လူ ၃၆၀ ကျော်ခန့်ထား၊ တေးသံရှင် ဖြူစင်ကျော်နဲ့ ရွှေစင်ဝင်းတို့ရဲ့ အစ်မဖြစ်သူလည်း ဝင်ရောက်လျှောက်ထား

ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ဧရာဝတီတိုင်းဒေသကြီးမှာ စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့တဲ့ ဆရာ ဆရာမတွေရဲ့နေရာကို စစ်ကောင်စီက နိုဝင်ဘာလ ၄ ရက်နေ့က လူ ၃၆၁ ဦး အစားထိုးခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

အစားထိုးခန့်အပ်လိုက်တဲ့အထဲမှာ မြောင်းမြမြို့နယ်က "ကြယ်ကလေးများရဲ့ ဂီတမိုးကောင်ကင်” အစီစဉ်မှာ ဆုရခဲ့တဲ့ တေးသံရှင် ဖြူစင်ကျော်နဲ့ ရွှေစင်ဝင်းတို့ရဲ့ အစ်မဖြစ်သူ နန့်အိသန္တာကျော်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ ညီမတွေက ဒလန်လုပ်နေတာမျိုးတော့ မဟုတ်ဘူး အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့အလုပ် သူတို့ ဆက်လုပ်နေတာ မှန်ပေမယ့် ခု သူအစ်မက CDM ဆရာ ဆရာမတွေနေရာ ဝင်လျှောက်တာတွေလုပ်လာတာ” လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ CDM ဆရာ ဆရာမတွေရဲ့ နေရာကို အစားထိုးခန့်အပ်တဲ့အထဲမှာ အရပ်သားပြည်သူတွေအပြင် စစ်တပ်နဲ့ပတ်သက်တဲ့အသိုင်းဝိုင်းကလည်း ပါဝင် တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ CDM ပညာရေးဝန်ထမ်းမတွေကတော့ ခုခန့်အပ်လိုက်တဲ့သူတွေဟာ အလွယ် နည်းနဲ့ ဝင်လာတဲ့သူတွေဖြစ်တာကြောင့် ကလေးတွေကို စာတက်မြောက်အောင် သင်ကြားနိုင်မှာမဟုတ်ဘူး လို့ ဝေဖန်ပြောဆိုကြပါတယ်။
စစ်ကောင်စီကို စွန့်ခွာ၍ လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံလျှင် တပ်ရင်းမှူး အဆင့် သိန်း ၃၀၀ ပေးမည်ဟု ကောလင်း PDF ကမ်းလှမ်း
👇 👇 👇
■ တောင်ကြီးမြို့ လျှပ်စစ်ရုံး အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား
.
တောင်ကြီးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ လျှပ်စစ်ရုံး အနီး၌ ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
“ မနက် ၁၀ နာရီ၊ ၁၀ မိနစ်မှာ ဖြစ်ပွားတယ်လို့ ကြားတယ်။ ငါးထပ်‌ဆောင် ဓမ္မာရုံရှေ့ လမ်းလယ်ကျွန်း‌မှာပါ။” ဟု တောင်ကြီးမြို့မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုသည်။
.
တောင်ကြီးမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး အနီး (ငါးထပ်‌ဆောင်ဓမ္မာရုံရှေ့) လမ်းလယ်ကျွန်း‌မျောတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲသည့် ဗုံး အမျိုးအစားကို သိရခြင်း မရှိသေးသော်လည်း အသုံးဗုံး ဖြစ်သည်ဟု ပြောဆိုမှုများ ရှိနေကာ ပေါက်ကွဲမှုကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။
.
ယင်း ပေါက်ကွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု Special Force 22 က ထုတ်ပြန်ထားပြီး လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများကို အတင်းအကြပ် မီတာခ ပေးဆောင်ရန် ဖိအား ပေးနေခြင်းကြောင့် သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
News Link - http://bit.ly/3mKRhDq
.
#KBZTai #Shan #News5November2021
.
https://t.me/kbztainews
https://twitter.com/kbztainews
www.kanbawzatainews.com
www.facebook.com/kanbawzatai
www.facebook.com/kbztai
အဂတိမှုအတွက် သက်သေထွက်ဆိုဖို့ ဦးဖြိုးမင်းသိန်းဇနီး ဒေါ်ခင်မိမိကြွယ် ရောက်မလာတာကြောင့် မစစ်ဖြစ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု လေးမှုကို ဒီနေ့ နိုဝင်ဘာ ၅ ရက်မှာ နေပြည်တော်က သီးသန့်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

အမှုလေးမှုထဲက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံက ရွှေနဲ့ဒေါ်လာတွေ ရယူတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှုအတွက် တရားလိုပြသက်သေအဖြစ် စစ်ကောင်စီဘက်က တင်သွင်းထားတဲ့ ဦးဖြိုးမင်းသိန်းရဲ့ဇနီး ဒေါ်ခင်မိမိကြွယ်ဟာ တရားခွင်ကိုရောက်မလာတာကြောင့် မစစ်ဆေးဖြစ်ဘူးလို့ ရှေ့နေအသိုင်းအဝိုင်းက သိရပါတယ်။

ဒေါ်ခင်မိမိကြွယ် ဘာကြောင့်တရားရုံးကို မရောက်လာတာပါလဲ။

ဒီသတင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59052986

ဓာတ်ပုံ-Yangon Regional Government/ပုံဟောင်း
ဆားလင်းကြီးက ကြံ့ခိုင်ရေးပါတီ၀င် တစ်ဦးအိမ် ဗုံဖောက်ခွဲသတိပေးခံရ

ဆားလင်းကြီး၊ နိုဝင်ဘာ ၅၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့၊ အမှတ် ၂ရပ်ကွက်က ကြံ့ခိုင်ရေးပါတီ၀င်အမျိုးသမီးတစ်ဦးရဲ့ အိမ်ကို နို၀င်ဘာ ၅ရက် ဒီကနေ့ နေ့လည် ၁၂နာရီခွဲလောက်က ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့ ဆလင်းကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPDF ဆီကသိရပါတယ်။

" ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးအိမ်ပါဗျ။နောက်ကွယ်ကနေသတင်းပေးတာတွေလုပ်နေတယ် စုံစမ်းသိရလို့ သတိပေးလိုက်ရတာပါ၊ ဗုံးကတစ်လုံးထဲပါ၊ " လို့ SPDF ရဲ့တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

ဒီဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ ဒဏ်ရာရရှိမှုအခြေအနေကိုတော့ဆက်လက်စုံစမ်းနေဆဲပါ။

SPDF အနေနဲ့ အောက်တိုဘာ ၃၁ ရက် ညနေ ၄နာရီလောက်ကလည်း ဆားလင်းကြီးမြို့က Non CDM သမဦးစီးမှူးအိမ်ကို ဗုံးဖောက်ခွဲသတိပေးခဲ့တယ်လို့သိရပါတယ်။

#မြေလတ်အသံ
မိုးကုတ်နှင့် ရေစကြိုမြို့တို့တွင် စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း မြို့ဦးလွင်စေတီအနီးမှာ နိုဝင်ဘာ ၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က မိုင်းလာရှင်းတဲ့ စစ်ကောင်စီတပ်က စစ်ကားနှစ်စီး မိုင်းခွဲခံရပြီး ထိခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/498493
#DVB #News #မိုင်းဆွဲ #ရေစကြို #မိုးကုတ်
MSI - MYANMAR SOCIETY INFORMATIONS
Photo
မြောက်ဥက္ကလာတွင် သေနတ်မှန်၍ သေဆုံးသွားသော ဆရာမအား ၃ ကြိမ်တိုင် သတိပေးခဲ့ဟု ပစ်ခတ်သည့် အဖွဲ့ပြော
---------------------------------
ဂန္ဒမာ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးသွားသည့် ကျောင်းဆရာမကို ပစ်ခတ်သည့် အဖွဲ့က သုံးကြိမ်တိုင် သတိပေးခဲ့သည်ဟု အဆိုပါအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ကျောင်းဆရာမ ဒေါ်လှလှသန်းသည် ၎င်းနေအိမ်ရှိရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ တက္ကစီဖြင့် သွားစဉ် မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော်၌ တက္ကစီ မီးပွိုင့်မိနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး သေနတ်ဒဏ်ရာ သုံးချက်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသနေစဉ် သေဆုံးသွားကြောင်း ဒေသခံများထံမှ တစ်ဆင့် သိရသည်။

ပစ်ခတ်မှုပြုလုပ်ခဲ့သည့် GenerationZ Defence Force အဖွဲ့သည် ၎င်းအား သတိထား စောင့်ကြည့်ခဲ့ရာ ၎င်းသည် စစ်ကောင်စီထံသို့ ကျောင်းသားများ၏ အိမ်လိပ်စာများ ပေးပြီး ဖမ်းဆီးခိုင်းမှုများ ရှိကြောင်း၊ ပထမအကြိမ် သတိပေးမှုများ လုပ်ဆောင်ခဲ့ရာ လအတော်ကြာ ငြိမ်သွားခဲ့ကြောင်း၊ ယခုထပ်မံ၍ ကျောင်းသားများကို ခြိမ်းခြောက်မှုများ လုပ်ဆောင်လာ၍ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“သူ့ကြောင့် ထွက်ပြေးရတဲ့ ကလေးတွေရော၊ ဖမ်းမိသွားတဲ့ ကလေးတွေရော အများကြီး ရှိတယ်။ ကလေးတွေက လာတိုင်တော့ ကျွန်တော်တို့ သတိပေးစာ ထပ်ထုတ်ပါတယ်။ ရပ်တန့်ပေးဖို့လည်း တောင်းဆိုတယ်။ ဒါကိုလက်မခံဘဲ လုပ်ရပ်က ပိုဆိုးလာတယ်။ Non -CDM ဆရာမ မို့လို့ အခုလို လုပ်ခဲ့ရတာ မဟုတ်ပါဘူး။ ဒလန်လုပ်တယ်။ ခြိမ်းခြောက်တယ်။ မတရား လုပ်တယ်လို့ သတင်းကြီး နေတဲ့အပြင် တိုင်တဲ့သူတွေ များလာလို့ပါ" ဟု ပစ်ခတ်ရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။

အဆိုပါ ပစ်ခတ်မှုကို GenerationZ Defence Force အဖွဲ့နှင့် Human Right Defenders (HRD)အဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Mizzima
ဆိုင်ခန်းပေါင်း(၁၀၀၀) ကျော်ရှိသည့် မဟာအောင်မြေကျောက်မျက်ဝိုင်းကို ပြန်လည်စည်ကားလာစေရန် စစ်ကောင်စီက ကြိုးပမ်းနေချိန်တွင် နှစ်ရက်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ခဲ့သည်။

ယနေ့ပေါက်ကွဲမှုအတွင်း ထိခိုက်၊ ဒဏ်ရာရသူ ရှိမရှိ အတည်မပြုနိုင်သေးပေ။ ယမန်နေ့က ပေါက်ကွဲမှုတွင်မူ ရဲတစ်ဦး ပွဲချင်းပြီးသေဆုံး၊ တစ်ဦး အပြင်းအထန်ဒဏ်ရာရသည်။

ယမန်နေ့ (နိုဝင်ဘာ ၄) တွင် မဟာအောင်မြေမြို့နယ်၌ပင်ရှိသည့် သံလျက်မှော်အနောက်ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးတစ်ခု ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးလည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

https://www.myanmar-now.org/mm/news/9146
တိုင်းပြည် ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေ၊ ချင်း​၊ စစ်ကိုင်း၊ မကွေးနှင့်ကရင်နီတို့တွင် စစ်တပ်က ဘာသာရေးနှင့်ပြည်သူပိုင်များကို တိုက်ခိုက်မှု PPST ပြင်းထန်စွာ ရှုတ်ချ

ရန်ကုန် ၊ နိုဝင်ဘာ ၅

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစုထားသော PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်၍ သတိပေးလိုက်သည်။

PPSTက ချင်းပြည်နယ် ထန်တလန်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူများ၏ ဘာသာရေးအဆောက်အအုံအပါအဝင် အိုးအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် ကြေညာချက် တွင်ဖော်ပြထားသည်။

PPST အနေနှင့် ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားများကို စုစည်းရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများရင်ဆိုင်ရသည့် အကျပ်အတည်းသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလမ်းကြောင်းပေါ်သို့ ရောက်နေကာ ဒေသတွင်း တည်ငြိမ်မှုပါ ခြိမ်းခြောက်ခံနေရကြောင်း၊ ကုလသမဂ္ဂက အသစ်ရွေးချယ်ခန့်အပ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ ၏ လက်ရှိ မြန်မာပြည်တွင်းလက်ရှိကြုံတွေ့နေသည့် အထွေအထွေအကျပ်အတည်းဖြေရှင်းရေးနှင့် ပတ်သက်သည့် လုပ်ငန်းများတွင် PPST က လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှုအထောက်အကူများ အမြန်ဆုံရရှိရေးကြိုး ပမ်းဆောင်ရွက်သွားမည်ဟု ပါရှိကာ အကြမ်းဖက် ဖက်စစ် စစ်ကောင်စီ၏ ကျုးလွန်မှုများနှင့် ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူပေးရန်လည်း PPST ၏ ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ သဘောတူကြေညာချက်များသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးထုတ်ပြန်ချက်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။

KTM
မြန်မာ့စီးပွားရေးထိခိုက်ဆုံးရှုံးမှု ၈၈ စစ်အာဏာသိမ်းချိန်ကထက် ပိုဆိုးနေ
DVB
မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၈၈ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့တဲ့အခြေအနေထက် အခု ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းတဲ့ အခြေအနေက ထိခိုက်ဆုံးရှုံးမှုပိုများတယ်လို့ စီးပွားရေးလေ့လာသုံးသပ်သူတွေက နှိုင်းယှဉ်သုံးသပ်ပြောပါတယ်။
http://burmese.dvb.no/archives/498534
#စီးပွားရေးလေ့လာသုံးသပ်သူ #၈၈စစ်အာဏာသိမ်းချိန် #မြန်မာ့စီးပွားရေးထိခိုက်ဆုံးရှုံးမှု
တန့်ဆည်၊ ဒိုက်ဦး၊ မုံရွာ၊ ကောလင်းတို့တွင် ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်
---------------------------------------------------------------------

တန့်ဆည်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကလေး မိခင် မေဇင်ကျော် သေဆုံး
--------------------------------------------------------------------------
ဒိုက်ဦးတွင် ကို၀ဏ္ဏမြင့်ကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး စစ်ကြောရေးတွင် နှိပ်စက်မှုကြောင့် စိုးရိမ်နေရ
--------------------------------------------------------------------------
မုံရွာတွင် လူငယ် ၃ ဦးကို စစ်တပ်က ဗုံးထောင်သတ်ဖြတ်
-----------------------------------------------------------------------
ကောလင်းတွင် ပြည်သူ ၅ ဦးကို စစ်တပ်က သတ်ဖြတ်
---------------------------------------------------------------------
လှိုင်သာယာ ပန်းလှိုင်တံတားတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူငယ် ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီတပ်များက တန့်ဆည်၊ ဒိုက်ဦး၊ မုံရွာ၊ ကောလင်းတို့တွင် ပြည်သူ ၉ ဦးကို စစ်ကောင်စီတပ်များ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ၂ နှစ်အရွယ်ကလေးငယ် ၏ မိခင် မေဇင်ကျော် သေဆုံး
---------------------------------------------------------------------------------------------------------------------------------------
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ စစ်ကောင်စီတပ်များ တပ်စွဲထားသော အထက၂ ကျောင်းအနီး တွင် ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက်စစ်တပ်က ပစ်ခတ်မှုများလုပ်ဆောင်ရာ ၂ နှစ်အရွယ်ကလေးငယ်၏ မိခင် မေဇင်ကျော် ကျည်ထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။

"ဒီမနက် ၈ နာရီလောက် စစ်ကောင်စီတပ်တွေ ရှိတဲ့ ထ ၂ ကျောင်းနားမှာ မိုင်းပေါက်တယ်။ အဲဒါ စစ်သားတွေက မည်းမည်းမြင်ရာ ပစ်တာ ဦးကျော်လွင် သမီး၊ မေဇင်ကျော် ခေါင်းထိပြီး ပွဲချင်းပြီးဆုံးတယ်။ သူ့မှာ ကလေးလေး ကျန်ခဲ့တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကောလင်းတွင် ပြည်သူ ၅ ဦးကို စစ်တပ်က သတ်ဖြတ်
-------------------------------------------------------------------

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာသို့ နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်တပ်များက ဝင်ရောက်စီးနင်းပြီး အထက် တန်းပြကျောင်းဆရာ ဦးဝေမင်းသူ၊ ကိုအောင်ကြည်လွင်၊ ကိုအောင်နိုင်ဝင်းနှင့် ကိုကျော်လင်းအောင် (ခ) ဖိုးလပြည့် အပါအဝင် ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဒိုက်ဦးတွင် ကို၀ဏ္ဏမြင့်ကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး စစ်ကြောရေးတွင် စိုးရီမ်နေရ
--------------------------------------------------------------------------

အကြမ်းဖက်စစ်ကောင်စီတပ်များက ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ဒေသခံ ၁၃ ဦးကို ဖမ်းဆီး ရိုက်နှက်ရာ ဒိုက်ဦးဒေသခံတစ်ဦးဖြစ်သူ ကိုဝဏ္ဏမြင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်း ဒိုက်ဦးမြို့နယ် ၃ ရပ်ကွက်တွင် လက်လုပ်မိုင်းနှင့် လက်နက်များ မိသည်ဟုဆိုကာ ပြည်သူ ၁၃ ဦးကို ဖမ်းဆီးသွားကြောင်း၊ လှည့်ကင်းကားကို ဗုံးဖြင့် ပစ်၍ လမ်းတွင် တွေ့သမျှ လူ ၁၃ ဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ ဖမ်းဆီးခံရသူ ၁၃ ဦးအနက်မှ ကို၀ဏ္ဏမြင့်မှာ စစ်ကြောရေးတွင် စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှု ကြောင့် စိုးရိမ်ရပြီး သေဆုံးသွားသည်ဟု သတင်းထွက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

"၁၃ ဦးအဖမ်းခံရတဲ့အထဲမှာ မေးရိုးကျိုး၊ တစ်ကိုယ်လုံးအရိုးတွေကျိုးကြေပြီး ကို၀ဏ္ဏမြင့်က သေတယ်ပြောတယ်။ နောက်ထပ် ၁ ဦးလည်း သေဖို့များတယ် ပြောတယ်။ ကျန်တဲ့ လူတွေလည်း အကုန်နှိပ်စက်ခံနေရတယ် သေလုမျောပါး ရိုက်တာ။ သိသလောက် ဖမ်းတဲ့သူတွေက လမ်းမှာ သူ့ဟာသူ သွားလာနေတဲ့သူတွေပါ။ သူတို့ လှည့်ကင်းကား ဗုံးပစ်ခံရလို့ လက်နက်မိတယ်၊ မိုင်းမိတယ်ဆိုပြီး အကုန်ဖမ်းသွားတာ။ နိုဝင်ဘာလ ၄ ရက်နေ့ ညမှာ ၂ ဦး ထပ်ဖမ်းခံရတယ်" ဟုဒေသခံတစ်ဦးက ရှင်းပြသည်။

မုံရွာတွင် လူငယ် ၃ ဦးကို စစ်တပ်က ဗုံးထောင်သတ်ဖြတ်
-----------------------------------------------------------------------

စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တွင် နိုဝင်ဘာ၃ရက်ညပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများထောင်ထားခဲ့သည့် ဗုံးထိမှန်ခြင်းကြောင့် လူငယ်၃ဦးသေဆုံးသွားကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့အသင့်ယူဆောင်လာသည့် ဗုံးကို စက်မှုဇုန်ရပ်ကွက်လမ်းတစ်နေရာမှာ ထောင်ထားခဲ့ပြီးနောက် လူငယ်၃ဦးဖြတ်သွားချိန် ဗုံးပေါက်ကွဲခဲ့ပြီး အဆိုပါလူငယ်၃ဦးနေရာမှာတွင်သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်တပ်ထောက်ခံသူများက လူငယ်၃ဦး ဗုံးထောင်စဉ် ပေါက်ကွဲမှု သေဆုံးသည်ဟု သတင်းဖြန့်သော်လည်း လက်တွေ့ ဖြစ်စဉ်မှာ စစ်တပ်က ရပ်ကွက်များတွင် ဗုံးထောင်မှုများ ပြုလုပ်ပြီး သာမန် သွားလာနေသည့် လူငယ် ၃ ဦး ဗုံးထိမှန် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ရှင်းပြသည်။



လှိုင်သာယာ ပန်းလှိုင်တံတားတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လူငယ် ၃ ဦး ဒဏ်ရာရ
--------------------------------------------------------------------------

နိုဝင်ဘာလ ၄ ရက်နေ့ ညနေပိုင်း၊ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်တံတားအနီးနားတွင် စစ်ကောင်စီတပ်များက မော်တော်ဆိုင်ကယ်များ ဖမ်းဆီးနေစဉ် ဆိုင်ကယ်တစ်စီး မရပ်ပေးဟုဆိုကာ စစ်တပ်က သေနတ်ဖြင့် လိုက်လံ ပစ်ခတ်သဖြင့် ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦးမှာ အလွန်ဒဏ်ရာပြင်းထန်၍ သေဆုံးဖွယ်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KTM