MSI - MYANMAR SOCIETY INFORMATIONS
Photo
ရွေးကောက်ပွဲရှုံးပြီလို့ ကာမလာ ဟဲရစ် မိန့်ခွန်း ထွက်ပြော
၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခဲ့တဲ့ ကာမလာ ဟဲရစ်က ရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ပြီဆိုတာကို ပြသတဲ့မိန့်ခွန်းကို ပြီးခဲ့တဲ့ နာရီပိုင်းမှာ ထွက်ပြောသွားပါတယ်။
‘’ဒီရွေးကောက်ပွဲမှာ ကျွန်မ ရှုံးပါပြီ။ ဒါပေမဲ့ အခုရွေးကောက်ပွဲမဲဆွယ်မှုကို အရှိန်အဟုန်မြင့်စေခဲ့တဲ့ အရေးကိစ္စတွေကိုတော့ အရှုံးမပေးဘဲ ဆက်ပြီး လုပ်ဆောင်သွားမယ်’’၊
‘’ရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်မတို့လက်ခံရပါမယ်’’ ၊
‘’အမေရိကန်ကို ကိုယ်စားပြုတဲ့ လွတ်လပ်မှု၊ အခွင့်အလမ်း၊ မျှတမှုနဲ့ အားလုံးရဲ့သိက္ခာတွေအတွက်လည်း ကျွန်မ ဆက်ပြီး တိုက်ပွဲ ဝင်သွားမယ်’’ လို့ သူက ပြောပါတယ်။
‘’စိတ်မပျက်ကြပါနဲ့။ အခုအချိန်ဟာ ကျွန်မတို့ လက်မြှောက်အရှုံးပေးရမယ့် အချိန်မဟုတ်ပါဘူး။ အားယူဖို့ လက်ခေါက်လိပ်ရမယ့်အချိန်ပါ’’၊ ‘’ကျွန်မတို့ အတူတကွ ဖန်တီးတည်ဆောက်နိုင်တဲ့ အနာဂတ်၊ တရားမျှတမှုနဲ့ လွတ်လပ်မှုအတွက် ကျွန်မတို့ တစ်ဦးနဲ့ တစ်ဦး စုစုစည်းစည်း၊ အဆက်အသွယ်မပြတ်ဆက်ရှိနေရမယ့်အချိန်လည်း ဖြစ်ပါတယ်။
လူငယ် မဲဆန္ဒရှင်တွေကိုလည်း စိတ်မပျက်ဖို့ သူက ထည့်ပြောသွားပါတယ်။
ဟောင်းဝပ် တက္ကသိုလ် စင်မြင့်ထက် လူထုကိုပြောတဲ့ မိန့်ခွန်းကို သူ ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း တင် ဝေါ့ဇ်လည်း ဟဲရစ်ရဲ့ မိသားစုနဲ့အတူ လူအုပ်ကြားထဲ တက်ရောက် အားပေး နားထောင်ခဲ့တာတွေ့ရပါတယ်။
မိန့်ခွန်းအပြီးမှာတော့ ဟဲရစ်ဟာ ဘီယွန်းစေးရဲ့ Freedom (လွတ်လပ်မှု) သီချင်းနောက်ခံနဲ့ စင်မြင့်ထက်ကနေ ဆင်းသွားပါတယ်။
#ဘီဘီစီမြန်မာပိုင်း #အမေရိကန် #ကာမလာဟဲရစ် #မဲ #၂၀၂၄_အမေရိကန်ရွေးကောက်ပွဲ #ရှုံးနိမ့်မှု