MSI - MYANMAR SOCIETY INFORMATIONS
27.1K subscribers
89.7K photos
3.43K videos
140 files
16.8K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ တွေ့ဆုံ

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာရောက်နေတဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရရဲ့ အထူးကိုယ်စားလှယ် Yohei Sasakawa နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီကနေ့ တွေ့ဆုံတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မစ္စတာ Sasakawa ဟာ နိုဝင်ဘာလ ၁၂ ရက်၊ သောကြာနေ့က မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး ဒီကနေ့မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာပါ။

တွေ့ဆုံချိန်အတွင်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိစ္စနဲ့ ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မစ္စတာ Sasakawa ဟာ မနေ့က ရခိုင်ပြည်နယ်ဘက်ကို သွားရောက်ပြီး ဒေသခံ ရခိုင်ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဂျပန်နိုင်ငံကို ပြန်မထွက်ခင် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားပါတီ SNLD နဲ့ ပြည်သူ့ပါတီ အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ မစ္စတာ Sasakawa တွေ့ဆုံခွင့်ရမှာ မဟုတ်ပါဘူး။

#WhatIsHappeningInMyanmar #Sasakawa #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဆာဆာကာဝါ #ဗွီအိုအေမြန်မာပိုင်း
-----------------------



#WhatIsHappeningInMyanmar #Sasakawa #MyanmarMilitaryCoup #voaburmese #စစ်အာဏာသိမ်းမှု #ဆာဆာကာဝါ #ဗွီအိုအေမြန်မာပိုင်း
(Zawgyi/Unicode)

ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက စစ်တိုက်လိုတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြပုံမပေါ်ဘူးလို့ ထိပ်တန်း ရခိုင်နိုင်ငံရေးသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yōhei Sasakawa အနေနဲ့ ရခိုင်ပြည်မှာ ဒီ့ထက်ခိုင်မာတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ အများကြီး စွမ်းဆောင်ပေးနိုင်မယ် မထင်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီ ဝင်၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

#Sasakawa #Rakhine #KyawKyawThein #voaburmese #ဆာဆာကာဝါ #ရခိုင် #ကျော်ကျော်သိန်း #ဗွီအိုအေမြန်မာပိုင်း
................................

(Unicode)

ဆာဆာကာဝါခရီးစဉ် ရခိုင်ပြည်အတွက် ခိုင်မာတဲ့ငြိမ်းချမ်းရေး မျှော်လင့်နိုင်မလား

ရခိုင်ပြည်နယ်မှာ လက်ရှိအားဖြင့် ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီ နှစ်ဘက်စလုံးက စစ်တိုက်လိုတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြပုံမပေါ်ဘူးလို့ ထိပ်တန်း ရခိုင်နိုင်ငံရေးသမားတဦးက ဗွီအိုအေကိုပြောပါတယ်။

ဒါပေမယ့်လည်း ရှုပ်ထွေးနေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကြောင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Yōhei Sasakawa အနေနဲ့ ရခိုင်ပြည်မှာ ဒီ့ထက်ခိုင်မာတဲ့ ငြိမ်းချမ်းတည်ငြိမ်မှုရဖို့ အများကြီး စွမ်းဆောင်ပေးနိုင်မယ် မထင်ဘူးလို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ နိုင်ငံရေးဦးဆောင်ကော်မတီဝင်၊ မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

#Sasakawa #Rakhine #KyawKyawThein #voaburmese #ဆာဆာကာဝါ #ရခိုင် #ကျော်ကျော်သိန်း #ဗွီအိုအေမြန်မာပိုင်း

https://burmese.voanews.com/a/how-much-sasakawa-can-help-to-achieve-long-lasting-peace-in-rakhine/6324421.html?fbclid=IwAR1r7sDcj8R2AbSXD5fnqF2cxfpfQR1YmxCRffcAmq7ELFwMRcqbLxFAv6U