MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.9K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
တွေ့နေရတယ်။ ကလေးတွေ စိတ်တွေ ပင်ပန်းနေတာတွေ့ရတယ်။ စိတ်ဓါတ်ကျနေတာမျိုးတွေပေါ့။ ကြာလာတော့ ရုံးလည်းထွက်မရ အိမ်ကမိဘနဲ့လည်းတွေ့ခွင့်မရ။ တချို့ကလေးတွေဆို စိတ်ပိုင်းဆိုင်ရာ ပြဿနာလေးတွေရှိတယ်။ တချို့ကလေးတွေက အရမ်းကြောက်နေတယ်။ အရမ်းကြောက်လန့်နေတဲ့အခါကျတော့ စိတ်ပိုင်းဆရာဝန်တွေနဲ့ ကုသဖို့လိုနေတာတွေရှိတယ်။ ကုသမှုကလည်းကောင်းကောင်းမရဘူး။”

အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို ဓားစားခံအနေနဲ့ဖမ်းဆီးနေမှုတွေက စစ်ကောင်စီအနေနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်သလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ (International Humanitarian Law) ကိုပါချိုးဖောက်နေတာဖြစ်တယ်လို့ တက်ကြွလှုပ်ရှား သူတွေက ထောက်ပြကြပါတယ်။

ကုလ ကလေးအခွင့်အရေးကော်မတီရဲ့ ဇူလိုင်လအတွင်း ထုတ်ပြန်ချက်အရဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်တွေရဲ့ လက်ချက်နဲ့ အသက်မပြည့်တဲ့ကလေး ၇၅ ဦးသေဆုံးပြီး တထောင်နီးပါး ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ လူငယ် သင်တန်းကျောင်းတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်ကို အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်တွေ ဖမ်းဆီးခဲ့သူတွေထဲက အသက်မပြည့်သေးသူ အများစုဟာ ရန်ကုန်၊ မန္တလေးက ဖြစ်ပြီး ပဲခူး၊ ပြည် စတဲ့မြို့လေးတွေမှာလည်း ဖမ်းခံရမှုတွေရှိပါတယ်။

မြန်မာနိုင်ငံဟာ ကုလသမဂ္ဂရဲ့ကလေးသူငယ်များ အခွင့်အရေး ကာကွယ်မှုသဘောတူညီချက် CRC ကို လက်မှတ်ထိုးထားသလို ပြည်တွင်းမှာလည်း ကလေးသူငယ်ဆိုင်ရာ ဥပဒေပြဌာန်းချက်ရှိပါတယ်။ အခု ဖမ်းဆီးစစ်ဆေးမှုတွေဟာ ဒီ ဥပဒေတွေကို ချိုး ဖောက်တာပဲလို့ ဥပဒေကျွမ်းကျင်သူတွေက ယူဆပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန် ချက်တွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်းမှာ ဖမ်းဆီးခံရသူ အယောက် ၁သောင်း ကျော်ရှိပြီး အဲ့ထဲကမှ အယောက် ၅၀၀ ကျော်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရသူ အယောက် ၂,၀၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အတွက် စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း ရာမှာ သေဆုံးသူနဲ့စစ်ကြောရေးမှာ စစ်ဆေးခံရပြီး သေဆုံးခဲ့သူဦးရေဟာ ၂,၀၀၀ နီးပါးရှိပြီး အဲ့ဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ AAPP ရဲ့ စာရင်းဟာ ချဲ့ကားလွန်းတယ်လို့ တုံ့ပြန်ဖူးပါတယ်။

#MyanmarViolence #MyanmarProtest #ChildRights #VOABurmese

#ကလေးအခွင့်အရေး #အသက်မပြည့် #လူငယ်လေ့ကျင့်ရေးသင်တန်းကျောင်း #၆(၁) #၁၉ -က #စစ်အာဏာသိမ်း #ဗွီအိုအေ

=========

https://burmese.voanews.com/a/underages-boys-and-girls-arrested-6-1-19a-military-coup-voa-burmese-teens-/6364735.html
MSI - MYANMAR SOCIETY INFORMATIONS
Photo
ကုလအထူးကိုယ်စားလှယ်ရုံး ပိတ်လိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးတုံ့ပြန်
{{Zawgyi/Unicode}}
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးကို ပိတ်လိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်ရုံးက ကြာသပတေးနေ့မှာပဲ တုံ့ပြန်လိုက်ပါတယ်။ တာ၀န်သက်တမ်း ကုန်ဆုံးသွားတဲ့ အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener နေရာမှာ၊ အထူးကိုယ်စားလှယ်သစ်အဖြစ် Noeleen Heyzer ကို ခန့်အပ်လိုက်ပြီးနောက်မှာပဲ နေပြည်တော်မှာရှိတဲ့ ရုံးကို ပိတ်လိုက်ကြောင်း မြန်မာစစ်အာဏာပိုင်တွေက ဒီသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့တဲ့အပေါ် ကုလသမဂ္ဂက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

“အထူးကိုယ်စားလှယ်ရုံး ဆက်လက် ထားရှိဖို့ဟာ အရေးကြီးပြီး၊ အထူးကိုယ်စားလှယ် Heyzer အနေနဲ့လည်း မြန်မာနိုင်ငံက သက်ဆိုင်သူ အားလုံးနဲ့ လက်တွဲဆောင်ရွက်မှုတွေ ခိုင်မာအားကောင်းလာဖို့ မျှော်လင့်နေပါတယ်။” လို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရ Farhan Haq ကပြောဆိုသွားတာပါ။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရုံးကိုတော့ မြန်မာပြည်သူတွေကို အားပေးကူညီဖို့၊ ငြိမ်းချမ်းရေးမြှင့်တင်ဖို့ ရည်ရွယ်ပြီး မြန်မာအစိုးရနဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူညီချက် ရရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အထူးကိုယ်စားလှယ်ဟောင်း Burgener ကတော့ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းကစ မြန်မာနိုင်ငံကို ၀င်ခွင့်မရခဲ့ပါဘူး။ အောက်တိုဘာလ ၂၅ ရက်နေ့မှာပဲ အစားထိုး ခန့်အပ်လိုက်တဲ့ စင်္ကာပူနိုင်ငံသူ အထူးကိုယ်စားလှယ် Heyzer ဟာလည်း မြန်မာနိုင်ငံကို သွားခွင့်ရမရ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အထူးကိုယ်စားလှယ်သစ် အနေနဲ့ မြန်မာနိုင်ငံက လက်ရှိအခြေအနေကို ကိုယ်တိုင်ကိုယ်ကျ နားလည်သဘောပေါက်နိုင်ဖို့၊ လတ်တလော ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေနဲ့ မြန်မာနိုင်ငံက ဦးဆောင်ဖြေရှင်းနိုင်အောင် သက်ဆိုင်သူတွေ အားလုံးရဲ့ သဘောထား အမြင်တွေကို ကျကျနန နားထောင်ခွင့်ရဖို့ မျှော်လင့်ထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။
#UnitedNations #ChristineSchranerBurgener #NoeleenHeyzer #FarhanHaq #MilitaryCouncil #VOABurmese #ကုလသမဂ္ဂ#စစ်ကောင်စီ #ဗွီအိုအေမြန်မာပိုင်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု ပြန်လည်စစ်ဆေး

၁၃ ဇန်နဝါရီ၊ ၂၀၂၂
ဗွီအိုအေ (မြန်မာဌာန)

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု ပြန်လည်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ် အပါအဝင် NLD အစိုးရလက်ထက်က ဝန်ကြီး၃ ဦးတို့ရဲ့ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) နဲ့စွဲဆိုထားတဲ့အမှုကို တလနီးပါး စစ်ဆေးကြားနာမှု ရပ်နားထားခဲ့ပြီးတဲ့နောက် ဒီနေ့ ပြန်လည်စစ် ဆေးကြားနာခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီဘက်ကတင်တဲ့ သက်သေနှစ်ဦးကို စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ ဒုရဲမှုးအဆင့်ရှိတဲ့ ရဲအရာရှိတယောက်နဲ့ ရာအိမ်မှူးတယောက်တို့ကိုဒီကနေ့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာတွေ့ရတဲ့ စီမံ/ဘဏ္ဍာဝန်ကြီးဌာနနဲ့ ဆက်စပ်တဲ့ စာရွက်စာတမ်းတွေကြောင့် သူနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင် စုစုပေါင်း ၅ ဦးကို စစ်ကောင်စီဘက်က နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ကင်ဆာဝေဒနာကြောင့် အစာအိမ်အရေးပေါ်ခွဲစိတ်ကုသမှုခံယူူခဲ့ရတဲ့ NLD အစိုးရလက်ထက်က စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းရဲ့ကျန်းမာရေးအခြေအနေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလည်လောက်ကတည်းက စစ်ဆေးကြားနာမှုတွေကို ခေတ္တရပ်နားခဲ့ရတာ ကနေ အခုမှ ပြန်ပြီး စစ်ဆေးတာပါ။ ဦးစိုးဝင်းအခြေအနေက တိုးတက်မှုမရှိသေးတဲ့အတွက် ဆေးရုံဆင်းခွင့်မရသေးတာမို့ ဒီကနေ့ရုံးချိန်းကို မတက်ရောက်နိုင်ကြောင်း တရားရုံးကိုတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာ Sean Turnell တဦးတည်းကို စွဲဆိုထားတဲ့ လဝကအမှုကိုလည်း စစ်ဆေးခဲ့ပြီး တရားလိုပြသက်တဦးကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို အမှုအကြောင်းမပြောဖို့ စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြီး ပိတ်ပင်ထားတာကြောင့် အမှုနှစ်ခုလုံး စစ်ဆေးချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကိုတော့ မသိရပါဘူး။ ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီ ၂၀ ရက်ကို ထပ်မံချိန်းဆိုထားပါတယ်။

#WhatIsHappeningInMyanmar #MyanmarMilitaryCoup #AungSanSuuKyi #SeanTurnell #voaburmese #စစ်အာဏာသိမ်းမှု #အောင်ဆန်းစုကြည် #ဗွီအိုအေမြန်မာပိုင်း

===============

https://burmese.voanews.com/a/aung-san-suu-kyi-sean-turnell-military-coup-charge-national-security-law-voa-burmese/6395297.htmla
ICJ မှာချေပမယ့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်မှ ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှား

နိုင်ငံတကာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကိုယ်စားပြုပြီး ခုခံချေပခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေရာမှာ အစားထိုး ပြောင်းလဲလိုက်ပြီလို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ရိုက်တာသတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် နယ်သလန်နိုင်ငံ The Hague မြို့ ICJ တရားရုံးမှာ ၂၀၁၉ ခုနှစ်ကလုပ်ခဲ့တဲ့ ကြားနာစစ်ဆေးပွဲတွေအတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ခုခံချေပခဲ့တာပါ။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကျရင်လုပ်မယ့် နောက်ထပ်ကြားနာပွဲတွေမတိုင်ခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အဖြစ်က ဖယ်ရှားလိုက်တဲ့သတင်း ထွက်လာတာပါ။ ရှေ့လကြားနာပွဲတွေမှာ မြန်မာနိုင်ငံ ဘက်ကနေ ဘယ်သူက ဦးဆောင်ချေပမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

၂၀၂၁ ခုနှစ် ဇွန်လတုံးကတော့ ICJ မှာ ရင်ဆိုင်ဖို့အတွက် ဦးဆောင်ကော်မတီတရပ်ကို စစ်ကောင်စီက ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီကို စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ကို ဒုတိယဥက္ကဋ္ဌတွေအဖြစ် တာဝန်ပေးထားပါတယ်။ ဒေါ်သီတာဦးဟာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ချေပတုံးကလည်း ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပါဝင်ခဲ့ဖူးပါတယ်။

“Hybrid ကြားနာပွဲတခုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်” လို့ ဂမ်ဘီယာရှေ့နေချုပ် Dawda Jallow ကပြောပါတယ်။ Hybrid ကြားနာပွဲဆိုတာကတော့ တရားရုံးတက်ရောက်မယ့်သူတွေအနေနဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် အားလုံး လူကိုယ်တိုင်တက်ခွင့်ရမှာမဟုတ်ဘဲ တချို့က လူကိုယ်တိုင်၊ တချို့က အွန်လိုင်းကတဆင့် တက်ရောက်ကြရမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ကလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း စစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး စီရင်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆို လျှောက်ထားခဲ့တာပါ။ ရခိုင်မြောက်ပိုင်း စစ်တပ်ရဲ့လုပ်ဆောင်ချက်ကို အဲဒီအချိန်က နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ICJ မှာ ဦးဆောင် ချေပခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို စစ်ကောင်စီက လက်မခံသလို ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
#Rohingya #MyanmarGenocide #AungSanSuuKyi #ICJ #voaburmese #လူမျိုးတုံးသတ်ဖြတ်မှု #ရိုဟင်ဂျာ #နိုင်ငံတကာတရားရုံး #ဗွီအိုအေမြန်
.မြန်
ရိုဟင်ဂျာ ARSA ခေါင်းဆောင်ရဲ့ ညီအစ်ကို ဘင်္ဂလားအထူးရဲ ဖမ်းဆီး

(Zawgyi / Unicode)

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အဖွဲ့ ခေါင်းဆောင်နဲ့ ညီအစ်ကိုတော်စပ်သူ Mohammad Shah Ali ကို ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ARSA အဖွဲ့ခေါင်းဆောင် Ataullah Abu Ammar Jununi နဲ့ ညီအစ်ကိုတော်စပ်တဲ့ Mohammad Shah Ali ကို ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က စနေနေ့ နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရ်ှရဲ့ ကမ်းရိုးတန်းမြို့ ကော့ဇ်ဘဇားအနီးက စခန်းတခုမှာ Mohammad Shah Ali ကို မူးယစ်ဆေးဝါး၊ လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့က ကြေညာချက်မှာ ပြောပါတယ်။

ARSA နဲ့ အချိတ်အဆက်ရှိပြီး ARSA ခေါင်းဆောင် Ataullah နဲ့လည်း ပုံမှန် အဆက်အသွယ်ရှိကြောင်း Ali က ဖြောင့်ချက်ပေးကြောင်းလည်း ကွပ်ကဲရေးအရာရှိ Naimul Haque က AFP သတင်းအေဂျင်စီကို ပြောပါတယ်။ Ali ပြန်ပေးဆွဲထားသူ တဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်းလည်း သူက ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

Nouakar Mat စခန်းမှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တဦးကလည်း ဖမ်းဆီးမှုရှိခဲ့တယ် ဆိုတာကို AFP ကို အတည်ပြုထားပါတယ်။ အားလုံးက သူ့ကို ကြောက်ရွံ့ကြကြောင်း၊ သူတို့ကို နှိပ်စက်ညှဉ်းပန်း လုပ်တတ်သူဖြစ်ကြောင်း မိုဟာမက် ဆလင်းက ပြောပါတယ်။

အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) လက်နက်ကိုင်အဖွဲ့ဟာဆိုရင် နိုင်ငံရေး အတိုက်အခံတွေကို လုပ်ကြံမှု၊ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ ဒုက္ခသည်စခန်းတွေ အတွင်းမှာ အကြောက်တရား လွှမ်းမိုးအောင် လှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခံထားရတာပါ။

ဘင်္ဂလားဒေ့ရ်ှဘက် ထွက်ပြေးရတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ရေး နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ကြိုးစားခဲ့ပေမယ့်လည်း မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို သူတို့ကို နိုင်ငံသားဖြစ်ရေးမှာလည်း တည်ဆဲဥပဒေတွေအတိုင်း ဆောင်ရွက်ရမယ်လို့ ပြောခဲ့တာပါ။

သြဇာရှိတဲ့ ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းခေါင်းဆောင် Mohib Ullah နဲ့ အစ္စလာမ္မစ် ကျောင်းတခုက ပုဂ္ဂိုလ် ၇ ဦးတို့ သတ်ဖြတ်ခံရမှုတွေအတွက် ARSA ကို စွပ်စွဲခဲ့ပြီးနောက်ပိုင်း Ali ကို ဖမ်းဆီးမှုဟာဆိုရင် ARSA ရဲ့ အဆင့်မြင့်ဆုံး အဖွဲ့ဝင်တဦးကို ဖမ်းဆီးမှု ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews လည်း ပြီးခဲ့တဲ့လအတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး စခန်းတွေအတွင်းမှာ ဖြစ်နေတဲ့ ရာဇဝတ်မှု အများစုအတွက် ARSA အဖွဲ့ကို အပြစ်ဖို့ ပြောဆိုခဲ့ပါတယ်။

စနေနေ့က Ali ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့တော့ ARSA အဖွဲ့ဘက်က တုံ့ပြန်ချက် ထုတ်ပြန်တာ မရှိသေးပါဘူး။

#ARSA #Rohingya #RohingyaBangladesh #MohammadShahAli #VOABurmese

https://burmese.voanews.com/a/bangladesh-arrested-arsa-leader-brother/6399286.html
ပြီးခဲ့တဲ့ နို၀င်ဘာလတုန်းကတော့ အစ္စလာမ်ဘာသာရေးကျောင်းတခုနဲ့ ကျောင်းထဲမှာရှိတဲ့ အဆောင်တခု မီးရှို့ခံခဲ့ရပါတယ်။ မနှစ်က ဇန်နဝါရီလနဲ့ နို၀င်ဘာလ ၂၅ ရက်နေ့တွေအတွင်း မောင်တောဒေသမှာ မီးလောင်ကျွမ်းမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီထဲက ၁၁ ခုကတော့ မွတ်စလင်ရွာတွေမှာဖြစ်တယ်လို့ တရား၀င်သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

“ရခိုင်ပြည်နယ်ဟာ တည်ငြိမ်နေတဲ့ပုံရှိတယ်လို့ မြင်ရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရခိုင်ပြည်နယ်ဟာ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ ဗုံးတလုံးလိုဖြစ်နေပြီး မမြင်နိုင်တဲ့ ပြဿနာတွေ အများကြီးရှိတယ်” လို့ ရခိုင်ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့ ဥက္ကဋ္ဌ ကိုဖုန်းပြည့်ဖြိုးက စစ်တွေမြို့ကနေ ဗွီအိုအေကို ပြောပါတယ်။

AA အဖွဲ့နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အဖွဲ့ခေါင်းဆောင်တွေကတော့ မကြာသေးခင်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီအကြမ်းဖက်မှုတွေဟာ လူတွေကြားမှာ စိုးရိမ်မှုတွေဖြစ်လာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သူတို့အဖွဲ့ရဲ့တရား၀င်ထုတ်ပြန်ချက်ထဲမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူကိုမှ အပြစ်တင်ထားခြင်းမရှိဘဲ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး ဒေသခံတွေအတွက် လုံခြုံရေးတွေ ချထားပေးသွားမယ်လို့ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၀င် ဦးထွန်းအောင်ကျော်ကလည်း လူမှုအသိုင်းအဝိုင်း နှစ်ခု စလုံးမှာ ရှိနေတဲ့သူတွေကလည်း ၂၀၁၂ တုန်းကလိုမျိုး လူမျိုးရေးအကြမ်းဖက်မှုတွေ ဖြစ်မလာအောင် သတိကြီးကြီး ထားနေကြပြီး ဘယ်သူကမှ အဲဒီလိုမျိုး ထပ်မဖြစ်ချင်ကြပါဘူး။ တချို့မသမာတဲ့သူတွေဟာဒီဖြစ်ရပ်တွေကိုအသုံးချပြီးတော့ ပြဿနာတွေ ထပ်ဖြစ်အောင် အခုချိန်မှာ လုပ်လာနေကြပါတယ်။ ဒါပေမဲ့ လူမှုအသိုင်းအဝိုင်း နှစ်ခုစလုံးမှာရှိတဲ့ ခေါင်းဆောင်တွေ က အခြေအနေတွေကို တည်တည်ငြိမ်ငြိမ်ရှိအောင် လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။

အခုလတ်တလော တင်းမာမှုတွေရှိနေပေမယ့်လည်း မွတ်စလင် အတော်များများအတွက်ကတော့ စစ်ကောင်စီတပ်တွေဟာ သူတို့အတွက် ပိုပြီးတော့ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ မြို့အ၀င်အထွက်နေရာတွေမှာ လုံခြုံရေး ဂိတ်တွေကို ချထားပြီး အဲဒီမြို့နယ်ကနေ အပြင်ကို ထွက်မယ်ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက်ပါဖို့လိုတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ တခြား ပြည်နယ်နဲ့တိုင်းတွေကိုလည်း ခရီးသွားလာခွင့် ပိတ်ပင်ခံထားရတယ်လို့ အဲဒီမှာရှိတဲ့ မွတ်စလင်တွေက ပြောပါတယ်။

အခုချိန်အထိတော့ ရခိုင်ပြည်နယ်အတွင်းက တခြားမြို့နယ်တခုကိုသွားမယ်ဆိုရင် ပါမစ်ရဖို့အတွက် ကျပ်ငွေ ၂ သိန်းခွဲလောက် ပေးရပါတယ်။ ကျနော်တို့အနေနဲ့တခြားနေရာတွေကို သွားခွင့်မရှိဘဲ ပိတ်ပင်ခံထားရတယ်လို့ စစ်တွေမြို့မှာရှိတဲ့ မွတ်စလင်တဦးဖြစ်သူ မော်လဝီ ထွန်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ်မှာနေတဲ့ အဒူ မာလိန်းကတော့ မွတ်စလင်တွေ နေထိုင်နေရတဲ့ အခြေအနေတွေဟာ တနှစ်ထက်တနှစ် ပိုဆိုးလာနေပြီး အတော်များများက အလုပ်ရှာလို့မရဘဲ ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ကပေးတဲ့ စားနှပ်ရိက္ခာ အထောက်အပံ့ ကို အကြီးအကျယ် မှီခို အားထားနေရတယ်လို့ ပြောပါတယ်။

“AA ရခိုင်လက်နက်ကိုင်အဖွဲ့က ကျနော်တို့ရွာကိုလာပြီး သူတို့နဲ့ပူးပေါင်းဖို့ စည်းရုံးပါတယ်။ တကယ်လို့ သူတို့အောင်မြင်ပြီးတော့ ရခိုင်ပြည်နယ်ကို လုံး၀ထိန်းချုပ်နိုင်ရင် ကျနော်တို့အနေနဲ့လည်း တန်းတူအခွင့်အရေးတွေ ရမယ်လို့” ပြောကြောင်း အဒူ မာလိန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ AA ကို အပြည့်အ၀မယုံနိုင်ပေမယ့်လည်း အတော်များများကတော့ အခြေအနေကို စောင့်ကြည့်နေကြပြီး သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်မယ့်သူတွေဘက်ကို သွားမှာဖြစ်တယ်” လို့ သူက ဆက်ပြောပါ တယ်။ သူတို့အနေနဲ့ တခြားသွားစရာလည်း နေရာမရှိတဲ့အတွက် မြန်မာစစ်တပ်ကိုရော၊ ရခိုင်တပ်မတော်ကိုပါ ကြောက်နေရပြီး သူတို့ရဲ့အမိန့်တွေကို လိုက်နာနေရတယ်လို့လည်း ပြောပါတယ်။
#AA #Arakan #Rohingya #MilitaryCouncil #VOABurmese #အေအေ #ရခိုင် #ရိုဟင်ဂျာ #စစ်ကောင်စီ # ဗွီအိုအေမြန်မာပိုင်း

https://burmese.voanews.com/a/myanmar-rakhine-unrest/6405504.html
မြန်မာလို အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး သြဇာကြီးအောင်လုပ်နေတယ်လို့ ရုရှားနဲ့တရုတ်ကို ယူကေဝေဖန်

ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘဲလားရုရ်ှလို ကမ္ဘာတဝန်းက အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး ဒီမိုကရေစီစနစ် မတည်မငြိမ်ဖြစ်အောင်၊ သူတို့ရဲ့သြဇာအာဏာကြီးထွားအောင် လုပ်နေတယ်လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ဝေဖန်လိုက်ပါတယ်။

“ကမ္ဘာတဝန်း အာဏာရှင်အစိုးရတွေအချင်းချင်း မဟာမိတ်ဖွဲ့လာတာကို ကျမတို့ တွေ့နေရပါတယ်။ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ဘဲလားရုရ်ှလို အာဏာရှင်နိုင်ငံတွေက ရုရှားနဲ့တရုတ်လိုနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့လာတာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒီလို နိုင်ငံတွေကို ရုရှားနဲ့တရုတ်ကတော့ လက်တွဲဘက်လို့ မြင်တာမဟုတ်ဘဲ သူတို့လိုသလိုသုံးနိုင်တဲ့ ရုပ်သေးတွေလို့ပဲ သဘော ထားတာပါ။ သူတို့အတွက် ဝါဒဖြန့်တာတွေ ပိုမိုလုပ်ဆောင်နိုင်ဖို့နဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်အောင် ရုရှားက လုပ်ဆောင်လိုတာဖြစ်တယ်” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး Liz Truss က ဒီကနေ့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ရောက်နေချိန် သတင်းစာရှင်းလင်းပွဲတခုအတွင်း ပြောသွားတာပါ။

ယူကရိန်းအပေါ် ရုရှားက ရန်လိုတိုက်ခိုက်နေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီး Truss က ရှုတ်ချပြီး ရုရှားဟာ ခုချိန်ထိ သမိုင်းသင်ခန်းစာ မယူနိုင်သေးဘူးလို့ ဝေဖန်သွားပါတယ်။

အလားတူ တရုတ်နိုင်ငံဟာလည်း ဘဲလားရုရှ်၊ အီရန်နဲ့ မြောက်ကိုရီးယားလို အာဏာရှင်နိုင်ငံတွေကို အားပေး အားမြှောက် လုပ်နေတာလို့ ပြောပါတယ်။ တရုတ်ဟာ အီရန်ကနေ ရေနံ အများဆုံးဝယ်ယူတဲ့ နိုင်ငံဖြစ်သလို မြောက်ကိုရီးယားရဲ့ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဘက်နိုင်ငံ ဖြစ်တယ်လို့ သူက ထောက်ပြတာပါ။ ဒီလို အာဏာရှင်နိုင်ငံတွေနဲ့ပေါင်းပြီး သူတိုရဲ့သြဇာ အာဏာကို ရုရှားနဲ့ တရုတ်နိုင်ငံတွေက တည်ဆောက်နေတာဖြစ်ပြီး စစ်အေးခေတ်ကာလနောက်ပိုင်း အကြီးမားဆုံး အင်အား ချဲ့ထွင်လာမှုတွေ ဖြစ်တယ်လို့ ယူကေဝန်ကြီး Truss က မှတ်ချက်ပေး ပြောဆိုသွားပါတယ်။
#Autocrats #Russia #China #UK #voaburmese #အာဏာရှင် #ဗွီအိုအေhttps://burmese.voanews.com/a/uk-foreign-minister-coitizes-authorians-states-including-russia-at-australia/6406528.html
မြန်မာ
ဓာတ်အားလျှော့ချပြီးအလှည့်ကျမီးပေးမယ့်ကိစ္စ ဝေဖန်မှုတွေရှိနေ

#MyanmarElectricPower #MyanmarPower #VOABurmese #PDF #LNGGas #လောပိတ #လျှပ်စစ်ဓာတ်အား #၂၄နာရီမီးဖြတ် #ဦးအေးကျော် #ဗွီအိုအေ
=============
https://burmese.voanews.com/a/myanmarelectricpower-myanmarpower-voaburmese-pdf-lnggas-လောပိတ-လျှပ်စစ်ဓာတ်အား-၂၄နာရီမီးဖြတ်-ဦးအေးကျော်-ဗွီအိုအေ-/6476654.html
မြန်မာနိုင်ငံထဲ အဖြစ်များလာတဲ့ စိတ်ဖိစီးမှု လက္ခဏာထဲ အသက်အန္တရာယ်အထိ ထိခိုက်ဒုက္ခ ရောက်စေနိုင်တာပါတယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုနေပါတယ်။ စိတ်ဖိစီးတာ ဖြစ်လာလျှင် လက္ခဏာမျိုးစုံ ပေါ်လာတတ်တာမှာ စိတ်ပိုင်း၊ ကိုယ်ပိုင်း၊ အပြုအမှုပိုင်းအဖြစ် (၃) ပိုင်း ခွဲကြည့်နိုင်ပါတယ်။ ဒီလက္ခဏာတွေထဲ အသက်အန္တရာယ်အထိ ထိခိုက်ဒုက္ခရောက်မှာ အစိုးရိမ်ရဆုံးကတော့ ဒေါသပေါက်ကွဲထွက်တာ (Anger Outburst) နဲ့ အိပ်လို့မရတာ (Sleeplessness) တွေပါ။

စိတ်ဖိစီးမှုရဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေ (Mental Symptoms) က အများကြီးရှိပါတယ်။ ဒီအထဲ အဓိကဖြစ်တာကတော့ စိတ်ပူပန်တာ၊ စိတ်သောကရောက်တာ၊ စိတ်တိုတာ၊ စိတ်မပျှော်တာ၊ စိတ်ဓာတ်ကျတာ၊ တခါတရံ အားငယ်တာ၊ ကြောက်လာတာ၊ အာရုံစိုက် (Focus/Concentration) မရတာ၊ ကြာလာလျှင် မမှတ်မိတော့တာ (နာမည်အပါအဝင်)၊ သတိမေ့တာနဲ့ ဒေါသထွက်တာတွေအထိ ပါဝင်ပါတယ်။

ဒီလက္ခဏာတွေက တစ်ခုချင်းရော၊ တစ်ခုပြီးတစ်ခုရော အားလုံးဆက်စပ်ရောထွေးပြီးရော စိတ်ဖိစီးလာလျှင် ဖြစ်လာတတ်ပါတယ်။ ဥပမာ အခက်အခဲကြုံရချိန်နဲ့ အန္တရာယ်တခုခုကနေ ပုန်းရှောင်နေရချိန် စိတ်ဖိစီးကာ ဝင်ငွေကမကောင်း၊ အလုပ်လည်းရှာမရလျှင်၊ ကိုယ့်ကိုယ်ကို စိတ်အားငယ်တာကနေ ကြောက်လာတာ၊ စိတ်ဓာတ်ကျသွားတာမျိုး ဖြစ်လာတာပါ။

နောက် စိတ်ဖိစီးမှုရဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ လက္ခဏာတွေ (Physical Symptoms) ကလည်း တကိုယ်လုံးမှာ ဖြစ်နိုင်ပါတယ်။ ဒီအထဲ အာခြောက်လာတာ၊ ခေါင်းကိုက်လာတာ၊ ခေါင်းမူးလာတာ၊ တခါတရံ ချွေးပြန်လာတာ၊ ဗိုက်နာသလိုလို ဝမ်းပျက်သလိုလိုဖြစ်တာ၊ ကတုန်ကယင်ဖြစ်တာ၊ လက်တွေတုန်လာတာ၊ အသက်ရှုမြန်လာတာ၊ မအီမသာဖြစ်တာ၊ ပိုဆိုးလာလျှင် ရင်ဘတ်နာတာ၊ တကိုယ်လုံး နာကျင်ကိုက်ခဲလာတာ၊ အိပ်မရတာနဲ့ ဒေါသပေါက်ကွဲပြီး တခုခုလုပ်မိတာတွေအထိ ပါဝင်ပါတယ်။ အထူးသဖြင့် အိပ်မရတာကြောင့် စိတ်ဖိစီးမှုဆက်ပြင်းထန်လာပြီး၊ စိတ်ထောင်းကိုယ်ကျေဖြစ်တာကနေ၊ ဒေါသပေါက်ကွဲထွက်လွယ်ကာ အသက်အန္တရာယ် ရှိနိုင်တာ အလုပ်နဲ့မိသားစုထဲ ဒုက္ခရောက်နိုင်တာတွေအထိ ဖြစ်သွားနိုင်ပါတယ်။

ဥပမာ အမေရိကန်မှာ အဖြစ်များတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်တာအပြင်၊ မော်တော်ယာဉ်ဒေါသတကြီးမောင်းမိတိုက်မိတာ (Road Rage)၊ ပစ္စည်းတွေ ပေါက်ခွဲဖျက်ဆီးမိတာ၊ နံရံကိုလက်သီးနဲ့ ထိုးမိတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရန်ဖြစ်မိတာတွေအထိ ဖြစ်သွားရတာမျိုးပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက သြစတျေးလျနိုင်ငံ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

#MyanmarHealthCare #MentalHealth #Stress #Depression #VOABurmese
ဖြစ်သွားမယ်။ အဲဒီဘက်ကိုလည်း ကျနော်တို့ အဆင်ပြေအောင် သွားနေပါတယ်။

မေး ။ ။ အခု နွေဦးဖွံ့ဖြိုးရေးဘဏ်ဆိုတာ စစ်အာဏာသိမ်းပြီး သုံးနှစ်အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဒီလိုပေါ်ပေါက်လာဖို့အတွက်လည်း ကျော်လွှာခဲ့ရတယ်။ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ဒါတွေကို တည်ဆောက်ခဲ့ရတယ်ဆိုတော့ အခုလက်ရှိ နွေဦးဖွံ့ဖြိုးရေးဘဏ်က ထူထောင်လာတဲ့ အတွေ့အကြုံအရ တကယ့်ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ဘဏ်ကို စထောင်ဖို့ plan လုပ်နေတာ ခုနှစ်လကျော်၊ ရှစ်လနီးပါးလောက် ရှိပါတယ်။ အဲဒီအချိန်လောက်မှာဆို ဘယ်သူမှ မယုံပါဘူး။ နံပါတ်တစ် ဘဏ်လိုအပ်တာကို မယုံတဲ့လူ အများကြီးပါ။ နောက်တော့ ဘဏ်ကို ဘာကြောင့်စရမလဲဆိုတာကိုလည်း သူတို့ လက်မခံနိုင်ကြပါဘူး။ အဲဒီတော့ ကျနော့်ဘက်ကလည်း ပထမပိုင်းမှာတော့ ကျနော်တို့အဖွဲ့သားတွေ ၅၇ ယောက် ရှိပါတယ်။ သူတို့နဲ့ ကျနော်တို့ ဘာဆုံးဖြတ်လိုက်လဲဆိုတော့ မယုံတဲ့လူတွေကို အချိန်ကုန်ခံ ရှင်းပြပြီးတော့ အချိန်လည်းကုန် energy drain ကို မလုပ်တော့ဘဲနဲ့ ကျနော်နဲ့ အဖွဲ့သားတွေကိုပဲ ဒီ service ကို ပေးကြရအောင်၊ ဖြစ်အောင်လုပ်ကြမယ်ဆိုပြီး အဲဒါတခု။ နံပါတ်နှစ်ကတော့ ကျနော်တို့ Talent ရှာတဲ့အခါမှာ Challenge က ဘာလဲဆိုတော့ ပုံမှန် Business စပြီးဆိုရင် ကိုယ်သိတဲ့မိတ်ဆွေ၊ ကိုယ်သိတဲ့သူငယ်ချင်းတွေနဲ့ စကြတာ။ အခုကြတော့ တော်လှန်ရေးကာလဆိုတော့ တယောက်နဲ့တယောက် ဘယ်သူကို ယုံရမလဲ မသိဘူး။ ဘယ်သူကို မယုံရဘူးလဲ မသိဘူး။ ဒါပေမဲ့ ထူးဆန်းတာက တော်လှန်ရေးမှာ အသိုင်းအဝိုင်းက တကယ့်ကို strong ဖြစ်ကြတယ်။ ယုံကြည်မှုကလည်း တကယ့်ကို တည်ဆောက်ပြီသာ ဖြစ်နေတယ်။ Reference system နဲ့ သွားတာပေါ့။ Background ကလည်း ချိတ်ပြီသား။ အဲဒါကြောင့် ကျနော်တို့ ၅၇ ယောက် - လောလောဆယ် ဘဏ်ထဲမှာ လုပ်ကိုင်နေတဲ့ ၅၇ ယောက်က တယောက်နဲ့တယောက် သိတာမဟုတ်ဘူး။ နှစ်ယောက်သုံးယောက်လောက်ပဲ ရှိတယ်။ ဒီလောက်ထိ အောင်မြင်အောင် လုပ်နိုင်တာကလည်း တော်လှန်ရေးအင်အားစုတွေကြောင့်၊ တော်လှန်ရေးကို နိုင်ချင်လွန်တဲ့ စိတ်ဓါတ်ကြောင့်ပါ။ ဒီတော့ ပြည်သူထောက်ခံမှုက ဆက်ပြီးတော့ ရှိနေမယ်ဆိုတာကို ကျနော် ယုံတယ်။ ဒီဘဏ်ကနေတဆင့်လည်း တော်လှန်ရေး ဆက်ပြီးတော့ ထောက်ပံ့နေမယ်။ တော်လှန်ရေးအလွန်ကာလမှာလည်း ဆက်ပြီးတော့ ထောက်ပံ့သွားဖို့ကိုလည်း ကျနော်တို့ဘက်က ကတိပေးပါတယ်။

#NUG #SpringDevelopmentBank #SDB #MyanmarMilitary #VOABurmese