MSI - MYANMAR SOCIETY INFORMATIONS
26.8K subscribers
90.9K photos
3.45K videos
143 files
17.1K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ လူအုပ်ကြီးတစ်ပါတီဝါဒ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ
DVB
အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်ဟာ မြန်မာနိုင်ငံခရီးစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ အိန္ဒိယသံရုံးက ဒီနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာကို သံရုံးက မဖော်ပြထားသလို ပါတီဘက်ကလည်း ထုတ်ပြန်ထားတာမရှိပါဘူး။ နိုင်ငံခြားရေးအတွင်းဝန် ရှရင်ဂလာဟာ ဖမ်းဆီးခံ အန်အယ်လ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ဘူးလို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြပါတယ်။
http://burmese.dvb.no/archives/507678
#DVB #News #NLD
- ဒေါက်တာဇော်မြင့်မောင် နေမကောင်း ဖြစ်နေလို့ ရုံးချိန်းပြီးအောင် မထိုင်နိုင်
- ဖျားပြီး မောနေတဲ့ အတွက် ထောင်ထဲ ပြန်ဝင်သွားရတယ်လို့ သိရ
#ဘီဘီစီမြန်မာပိုင်း #ဒေါက်တာဇော်မြင့်မောင် #မန္တလေး #NLD
ဒီအကြောင်းအပါအဝင် ထိပ်တန်းသတင်းတွေ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်မှု .....
https://www.bbc.com/burmese/live/burma-59819021
မအူပင်မြို့တွင် NLD ပါတီဝင်အချို့ စစ်ကောင်စီနှင့် ပူးပေါင်းကာ သတင်းပေး(ဒလန်)ပြုလုပ်နေသည်ဟု ဒေသခံများပြောဆို

ကိုကိုမောင်/ဧရာဝတီတိုင်းမ်
(မအူပင်)၊ ဇန်နဝါရီ ၃ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်မှ NLD ပါတီ၏ ရပ်ကျေးအလုပ်အမှုဆောင်အချို့မှာ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း သတင်းပေး(ဒလန်)အဖြစ် လုပ်ဆောင်လျှက်ရှ်ကြောင်း မအူပင်မြို့ခံအချို့က ဆိုသည်။

မအူပင်မြို့အတွင်း စစ်ကောင်စီတပ်များ၏ လှည့်ကင်းပတ်ခြင်း၊ ဆိုင်ကယ်နှင့် ကားများစစ်ဆေးခြင်းများတွင် မအူပင်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်မှ NLD ပါတီ၏ ရပ်ကျေးအလုပ်အမှုဆောင်အချို့ပါဝင်နေသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှ်သူများ၏ ပြောဆိုချက်များအရ သိရသည်။

" သူတို့က အမှတ်(၁)ရပ်ကွက်ရဲ့ ရပ်ကျေးအလုပ်အမှုဆောင်တွေပေါ့။ခုတော့ ခုတော့စစ်ကောင်စီတပ်၊ရဲတွေနဲ့တွဲနေပြီး ပြည်သူကိုဒုက္ခပေးနေကြပြီ။မနေ့က ည ၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေ ကသူတို့နေတဲ့အိမ်တွေကို ပြန်ပို့ပေးနေတာ တွေ့ခဲ့ရတယ်" ဟု မျက်မြင်တွေ့ရှိခဲ့သူ မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၎င်းတို့မှာ စစ်ကောင်စီတပ်များနှင့်အတူ ဧည့်စာရင်းစစ်ဆေးခြင်း၊လှည့်ကင်းပတ်ခြင်းများတွင် ပါဝင်လုပ်ဆောင်ပြီးချိန်များတွင် စစ်ကောင်စီတပ်များက ၎င်းတို့ နေအိမ်များသို့ လိုက်ပါပို့ဆောင်ပေးနေကြောင်း မအူပင်မြို့ခံတစ်ဦးထံမှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများတွင် မအူပင်မြို့နယ် NLD ပါတီ၏ လွှတ်တော်ကိုယ်စားဟောင်းအချို့အပါအဝင် ရပ်ကျေးအလုပ်အမှုဆောင်အချို့ ရပ်ကျေး ဥက္ကဌ၏ သားဖြစ်သူလည်း ပါဝင်နေကြောင်း မအူပင်မြို့ခံတစ်ဦးက ဆိုသည်။

" အစကသူတို့က NLDပါတီ ရပ်ကျေးတွေမှာနေရာယူထားကြတာလေ။စစ်တပ်နဲ့ပေါင်းပြီး ဒလန်လုပ်နေအထဲမှာ ရပ်ကျေးပါတီ ဥက္ကဌရဲ့သားကအစလုပ်နေတာ။ စစ်ကောင်စီတွေနဲ့ ကင်လှည့်တယ် ဆိုင်ကယ်တွေဖမ်းတယ်ပြီးည ညစ်နက်မှစစ်ကောင်စီကသူတို့အိမ်တွေလိုက်ပို့ကြတယ်" ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် မအူပင်မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ပရဟိတလုပ်ဆောင်နေသူများ အပါအဝင် ဒေသခံပြည်သူများအပေါ် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည့်အတွက် အများစုမှာ ယနေ့အချိန်အထိ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ​ဒေသခံများထံမှ သိရသည်။

#မအူပင် #စစ်ကောင်စီ #NLD #ရပ်ကျေးအလုပ်အမှုဆောင် #သတင်းပေး
#Ayeyarwaddy_Times
၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် NLD မလေးရှားဌာနခွဲအဖွဲ့ဝင်တွေက ကွာလာလမ်ပူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ပြ။

#DVB #News #Photo #NLD
အကြမ်းဖက်မှုဖြင့်စွပ်စွဲဖမ်းဆီးခံနေရသည့် မော်လမြိုင် NLD ပါတီ ဥက္ကဋ္ဌကို စတင်ရုံးထုတ်စစ်ဆေး
DVB
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ လွှတ်တော်အမတ် ဒေါ်နွယ်နွယ်အောင်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ စတင် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

http://burmese.dvb.no/archives/513497
#DVB #News #NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ကို လာမယ့်ရက်ပိုင်းအတွင်း စစ်ဆေးဖို့ရှိတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ ၈ ရက်မှာ ပြောလာပါတယ်။

NLD ပါတီအပါအဝင် ရန်ကုန်တိုင်းအခြေစိုက်တဲ့ တိုင်ရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီတို့ကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း စစ်ဆေးမယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်သစ်က ပါတီတွေကို ဘာ့ကြောင့် စစ်ဆေးနေတာပါလဲ။
ပုံစာ - အာဏာသိမ်းမှုဖြစ်ပြီး သီတင်း ၂ ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ရုံးချုပ်ရှိရာ ရွှေဂုံတိုင်လမ်းပေါ်မှာ လုံခြုံရေးရယူထားတဲ့အခြေအနေဖြစ်ပါတယ်။
ဓာတ်ပုံ - Getty Images
ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59951679
#ဘီဘီစီမြန်မာပိုင်း #ရွေးကောက်ပွဲကော်မရှင် #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် #NLD #SNLD #တစည #စစ်ဆေးမှု #စစ်ကောင်စီ #ပါတီ #နိုင်ငံရေး
ဖမ်းဆီးခံမော်လမြိုင် NLD အမတ် အကျဉ်းထောင်ထဲ ကျန်းမာရေးမကောင်း
DVB

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အကျဉ်းထောင်ထဲမှာ နှလုံးရောဂါ ခံစားနေရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
http://burmese.dvb.no/archives/521481
#DVB #News #NLD #မော်လမြိုင်NLDအမတ် #အကျဉ်းထောင် #ဒေါ်နွယ်နွယ်အောင် #အန်အယ်လ်ဒီပါတီ
NLD ပါတီကို ကိုယ်စားပြုပြောနိုင်တာ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ဖြစ်တယ်

#NLD
#ပရတ်ဆွန်ခွန်း
#MilitaryCoupInMyanmar
#DeltaNewsAgency

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြောနိုင်တာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

သတင်းအပြည့်အစုံမှာ👇
NUCC တွင် NLD ကိုယ်စားပြုမှု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည်

22 May 2022 By MPA

အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ကိုယ်စားပြုမှု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည် ဖြစ်ကြောင်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

NLD သည် ပြည်သူ့ ညီလာခံပြီးသည့် နောက်ပိုင်းတွင် NUCC အစည်းအဝေးများသို့ တက်ရောက်ခြင်း မရှိဟုလည်း NUCC ကိုယ်စားလှယ်များနှင့် နီးစပ်သည့် နိုင်ငံရေး အသိုင်းအဝိုင်းမှ သိရသည်။

“ပါတီကိုယ်စားပြုပြီး ကောင်စီဝင်အဖြစ် မပါဝင်နိုင်တာပါ၊ မိတ်ဖက် ဆက်ဆံရေးအဖြစ် ရှိနေမှာပါ၊ အထွေအထူး ပြောစရာ မရှိပါ ”ဟု NUCC တွင် NLD ကိုယ်စားပြုအနေဖြင့် တက်ရောက်ခဲ့သည့် ကိုကျော်ထွေးက MPA ကိုပြောသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ ညီလာခံအပြီး နောက်ပိုင်းတွင် NLD သည် NUCC ၏ အစည်းအဝေးများကို တက်ရောက်ခဲ့ခြင်း မရှိတော့ဘဲ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း NUCC ကိုယ်စားလှယ်များနှင့် နီးစပ်သူတစ်ဦးကလည်း ပြောသည်။

၎င်းက “ NLD က အစည်းအဝေး မတက်တာကြာတဲ့အတွက် ဘာဖြစ်နေလဲ၊ ဘာအခက်အခဲ ဖြစ်နေသလဲ ဆိုပြီး ပြန်ဆက်သွယ်တဲ့ အခါမှာ ကြားရတဲ့ သတင်းစကားက NUCC မှာ မပါဝင်တော့ဘဲ မဟာမိတ် အနေနဲ့ပဲ နေတော့မယ် ဆိုပြီး ပြန်ကြားရတယ် ” ဟု ပြောပြသည်။

အကြမ်းဖက် စစ်ကောင်စီက ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းပြီးနောက်ပိုင်းတွင် NLD ဗဟို အလုပ်အမှုဆောင် (CEC) အများစုမှာ ဖမ်းဆီး ထိန်းသိမ်းခံရပြီး အနည်းငယ်သာ နိုင်ငံရေး အခင်းအကျင်းတွင် ရှိသဖြင့် နိုင်ငံရေး ဆုံးဖြတ်ချက်များ မချနိုင်သည့် အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ CEC များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကို MPA က ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ယခုလပိုင်းအတွင်း NLD ဗဟို သုတေသန လုပ်ငန်း အဖွဲ့ချုပ်၏ NUCC နှင့် ပတ်သက်ပြီး သုတေသန စာတမ်း တစ်စောင် နိုင်ငံရေး အသိုင်းအဝိုင်းကြား ထွက်ပေါ်လာခဲ့ပြီး ဖက်ဒရယ် လိုလားသည့် နိုင်ငံရေး အသိုင်းအဝိုင်းများကြား အငြင်းပွားမှုများ ဖြစ်လာခဲ့ကြောင်း နိုင်ငံရေးသမား အများစုက ပြောဆိုသည်။

NUCC ဦးဆောင်သည့် ပထမအကြိမ် ပြည်သူ့ ညီလာခံကို ဇန်နဝါရီလ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် ကြေညာ စာတမ်း အစိတ်အပိုင်း ၁ နှင့် အစိတ်အပိုင်း ၂ ကြားကာလ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ အစီအမံအဖြစ် အတည်ပြုထားကာ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့အား ကိုယ်စားပြုသည့် အစုအဖွဲ့ဝင် အဖွဲ့ အစည်း ၃၃ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုထားသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့တွင် CRPH ၏ အဆိုပြုချက်ဖြင့် NUCC က ဖွဲ့စည်းပေးခဲ့သော အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို ပြည်သူ့ ညီလာခံ ရှေ့မှောက်၌ ထပ်လောင်း အတည်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

NUCC သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ စုဖွဲ့မှု အသီးသီးမှ ခေါင်းဆောင်များ၊ စုပေါင်း ခေါင်းဆောင်မှုကို ဖော်ဆောင်နေသည့် ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ တော်လှန်ရေး အတွက် အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များကို ပြုလုပ်နေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတဝန်းကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက မဲအပြတ်အသတ်နှင့် အနိုင်ရရှိကြောင်း ယခင် UEC က ကြေညာထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည့်အတွက်ဟု အကြောင်းပြကာ မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စု က နိုင်ငံ့အာဏာကို မတရား သိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ထိပ်ပိုင်း ခေါင်းဆောင်များကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် ဥပဒေများနှင့် ညီညွတ်မှု မရှိသည့် အပြင် လွတ်လပ်မျှတမှု မရှိသည့်အတွက် ဟုဆိုကာ ရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်လိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ တာဝန် ပေးအပ်ခြင်း ခံရသည့် လက်ရှိ UEC ကလည်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲနှင့် ထုတ်ပြန် ကြေညာခဲ့သည်။

ပြည်သူ့ညီလာခံပြီး နောက်ပိုင်း Kachin Political Interim Coordination Team (KPICT) သည်လည်း NUCC အစည်းအဝေးသို့ ကိုယ်စားပြု ကိုယ်စားလှယ် တက်ရောက်မှု မရှိသည်မှာ အချိန်ကာလတစ်ခု ရှိခဲ့ပြီ ဖြစ်ကြောင်း NUCC နိုင်ငံရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။
#NUCC #NLD #MPA #Myanmar
မန္တလေးမှာ စစ်အုပ်စုက NLD ခေတ် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဝန်ကြီးတွေကို ပြန်လွှတ်ပေး၊
လွတ်ရက်စေ့တဲ့ မန္တလေး မြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုနဲ့ အမှုထပ်ဖွင့်၊

MFP ၊ နိုဝင်ဘာ - ၁၀

အာဏာသိမ်း စစ်အုပ်စုဟာ သူတို့ ဥပဒေမဲ့ ဖမ်းဆီးထားသူတွေထဲက တချို့ကို ပြန်လွှတ်ပေးပြီး အများစုကို ဆက်လက် ဖမ်းဆီးထားကာ တချို့ကို အမှုတွေ ထပ်တိုးပြီး တရားစွဲတာတွေ လုပ်နေပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ယမန်နေ့နဲ့ ဒီနေ့ နိုဝင်ဘာ(၁၀)ရက်မှာ NLD အစိုးရလက်ထက် ခြေစွမ်းမပြနိုင်ဘူးလို့ ဝေဖန်ခံခဲ့ရတဲ့ ဝန်ကြီးတွေ ဖြစ်တဲ့ မန္တလေးတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းနှင့် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

#မန္တလေး #စစ်ကိုင်း #အည#ဝန်ကြီး #nld
MSI - MYANMAR SOCIETY INFORMATIONS
Photo
NLD ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ လောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲနေ
--------------------
NLD ဗဟိုပြန်ကြားရေးဝက်ဆိုက်သည် အင်တာနက်ပေါ်တွင် သက်တမ်း ၁၁ လနှင့် ၁ ရက်ကျန်ရှိနေသေးပြီး ၂၀၂၅ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

Myanmar Now

အမျိူးသားဒီမိုကရေစီချုပ် (NLD) ပါတီ၏ ပြန်ကြားရေးဝက်ဆိုက်စာမျက်နှာသည် အွန်လိုင်းလောင်းကစားဝက်ဆိုက်စာမျက်နှာအဖြစ် ပြောင်းလဲနေသည်ကို ယနေ့ တွေ့ရှိရသည်။

ပါတီ၏ တရားဝင် Facebook လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် National League for Democracy Facebook စာမျက်နှာကို Myanmar Now က ယနေ့ (ဇွန် ၂၂) တွင် ဝင်ရောက်ကြည့်ရှုရာမှ တွေ့ရှိရခြင်းဖြစ်သည်။

အမျိူးသားဒီမိုကရေစီချုပ် (NLD) ပါတီ၏ တရားဝင်ဝက်ဆိုက်လိပ်စာမှာ nld-official.org လိပ်စာဖြစ်သည်။ ထိုလိပ်စာကို ဝင်ရောက်ကြည့်ရှုသည့်အခါ အင်ဒိုနီးရှားဘာသာစကားဖြင့် ဖော်ပြထားသော အွန်လိုင်းလောင်းကစားဝက်ဆိုက်တစ်ခုထဲသို့ ရောက်ရှိသွားသည်။

ဝက်ဆိုက်လိပ်စာအမည် (Domain) များကို စစ်ဆေးပေးသော www.whatsmydns.net ဖြင့် စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်နေ့တွင် ဒိုမိန်းကို စတင်လွှင့်တင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပြီး ဒိုမိန်းသက်တမ်း ၇ နှစ်နှင့် ၁ လနီးပါးရှိပြီဖြစ်သည်။

ဒိုမိန်းလိပ်စာအမည်သည် အင်တာနက်ပေါ်တွင် မှတ်ပုံတင်ထားဆဲဖြစ်ကာ ၂၀၂၅ ခုနှစ် မေလ ၂၄ ရက်နေ့မှသာ သက်တမ်းကုန်ဆုံးမည်ဟု စစ်ဆေးမှုရလဒ်ကို ဖော်ပြပေးသည်။

ဒိုမိန်းအခြေအနေအပြောင်းအလဲများနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးကြည့်ရာ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် ဒိုမိန်းလိပ်စာကို နောက်ဆုံးပြောင်းလဲပြင်ဆင်ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

National League for Democracy Facebook စာမျက်နှာကိုမူ မြန်မာနိုင်ငံတွင် ၂ ဦး၊ ထိုင်းနိုင်ငံတွင် ၂ ဦးနှင့် ဗြိတိန်နိုင်ငံတွင် ၁ ဦးတို့ဖြင့် ကြီးကြပ်ထိန်းချုပ်နေသည်ကို ထိုစာမျက်နှာ၏ လူမှုကွန်ရက်ပွင့်လင်းမြင်သာမှုဖော်ပြချက်အရ သိရသည်။

ပါတီ၏ တရားဝင်ဝက်ဆိုက်စာမျက်နှာ ယခုကဲ့သို့ အွန်လိုင်းလောင်းကစားဝက်ဆိုက်အဖြစ် ပြောင်းလဲသွားခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုပြန်ကြားရေးဘက်က တစ်စုံတစ်ရာအသိပေးထုတ်ပြန်ထားခြင်း မတွေ့ရပေ။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီကိုယ်စားလှယ်လောင်းများစာရင်းကြေညာသည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် NLD ဗဟိုပြန်ကြားရေး Website (NLD-official.org) တိုက်ခိုက်ခံရသည်ဆိုသည့်သတင်းထွက်ပေါ်ဖူးသည်။ ထိုစဉ်က ဝက်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနိုင်သူအရေအတွက်ကန့်သတ်ချက်ကို ကျော်လွန်သွားခြင်းကြောင့် ယာယီအဆင်မပြေမှုသာဖြစ်သည်ဟု လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သည်။

ကျားဖြန့်အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများကို တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းတိုက်ဖျက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲတပ် တရုတ်နိုင်ငံဆိုင်ရာ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#MyanmarNow #NLD #အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
MSI - MYANMAR SOCIETY INFORMATIONS
Photo
တတိယနိုင်ငံရောက် ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်တွေ ဘာလုပ်နေလဲ

ရန်ကုန်၊ အောက်တိုဘာ ၂၊ KPV

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဟာ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ၈၀ရာခိုင်နှုန်းကျော်အပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

၂၀၂၁ခုနှစ် ဖေဖေဝါရီလ ၁ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးကာ စစ်ဘက်-အရပ်ဘက်ပူးတွဲအစိုးရဆီကနေ အာဏာသိမ်းယူခဲ့ပါတယ်၊၊ ပြည်ထောင်စု လွှတ်တော် တက်ရောက်မယ့် ကိုယ်စားလှယ်တို့တည်းခိုရာ စည်ပင်ရိပ်သာကိုတော့ ဖေဖော်ဝါရီလ ၁ရက်နေ့ မနက် ၃နာရီအချိန်မှာ ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ထို့နောက် မြန်မာစစ်တပ်က ကာလုံခေါ်ယူပြီး အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီးချိန်မှာတော့ ထို လွှတ်တော်ကိုယ်စားလှယ်တွေကို နေရပ်ပြန်နိုင်ကြောင်းပြောဆိုခဲ့ပါတယ်။

နေရပ်ပြန်တဲ့ထဲမှာ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရပြီး လွှတ်တော်မတက်လိုက်ရတဲ့သူတွေလည်း ပါပါတယ်။ ထိုသူတွေကိုတော့ ခေါင်းပေါင်းမပေါင်းဖူးသူလို့ အချင်းချင်းခေါ်ဝေါ်ကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၇ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) ပေါ်ပေါက်လာပြီး အဲ့အချိန်က NLDပါတီက ၈၅ရာခိုင်နှုန်းပါဝင်ပါတယ်။

မြန်မာစစ်တပ်ကို လူငယ်တွေက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ အချိန်မှာပင် ထိုကိုယ်စားလှယ်တွေက ထိုင်းနိုင်ငံ နယ်စပ်မြို့တွေဆီကို ရောက်ရှိနေပြီး တတိယနိုင်ငံကိုသွားရောက်ဖို့ စောင့်စားနေကြပြီဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ကူးပြောင်းချိန်မှာတော့ ကိုယ်စားလှယ် အချို့ဟာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့တွေမှာ ခေါင်းဆောင်ရာထူးတွေ ရယူပြီးဖြစ်ပါတယ်။

မြန်မာ့တော်လှန်ရေးဟာ အချိန် ၃နှစ်ကျော်ကြာမြင့်ချိန်မှတော့ တတိယနိုင်ငံရောက်နေတဲ့ ရွေးကောက်ပွဲနိုင်ကိုယ်စားတွေဟာ ဒုနဲ့ဒေးဖြစ်ပြီး ထိုအထဲမှာ NLDပါတီက ၉၉ရာခိုင်နှုန်းပါ။ ထိုရောက်နေသူရဲ့ နေထိုင်မှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်လူထုအသံသတင်းဌာနက မေးမြန်းခဲ့ပေမယ့် ထုတ်ဖော်ပြောဖို့ ငြင်းဆိုကြပါတယ်။

တတိယနိုင်ငံရောက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောတာကတော့ သက်ဆိုင်ရာနိုင်ငံတွေမှာ ကျောင်းတက်ရောက်နေကြပြီး တော်လှန်ရေးပြီးရင် လွှတ်တော်ကိုယ်စားလှယ်နေရာ သို့မဟုတ် ဝန်ကြီးနေရာတွေ ရယူဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုသူ ဩစတေးလျနိုင်ငံရောက် လွှတ်တော်ကိုယ်စားလှယ်ကတော့ "ကျောင်းတွေတော့ တက်မနေတော့ပါဘူး ဒီမှာ အလုပ်လုပ်တယ် ပြီးရင် ကလေးတွေ(PDF)ဆီငွေပို့ပြီး ထောက်ပံ့တယ်"လို့ဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေမှာလည်း လက်ရှိအချိန်အထိ တတိယနိုင်ငံသွားဖို့ စောင့်စားနေကြအဖွဲ့နဲ့ အိမ်နီးချင်းနိုင်ငံနယ်စပ်မြို့တွေမှာနေထိုင်ပြီး တိုင်းပြည်ကောင်းရင် ပြန်မယ်ဆိုတဲ့အဖွဲ့တွေဆိုပြီး ရှိပါတယ်။ ထိုအထဲမှာ တတိယနိုင်ငံသွားမယ့်အဖွဲ့က အများစုပါ။

NLDပါတီရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးကာလမှာ ကိုယ်စားလှယ်ဦးရေ ၂ဦးအထိ မြန်မာစစ်တပ်ကြောင့်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီထံ နိုင်ငံရေးမလုပ်တော့ဘူး ဆိုတဲ့ ဝန်ခံချက် လက်မှတ်ထိုးပြီးမှ တတိယနိုင်ငံကိုရောက်လာတဲ့ ကိုယ်စားလှယ်တွေလည်းရှိပါတယ်။

တတိယနိုင်ငံရောက်နေတဲ့ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်တွေဟာ စစ်ကြီးပြီးရင် ဝန်ကြီးနေရာတွေအတွက် အိမ်မက်ရှိကြတာတော့ အမှန်ပါ။

တိုင်းရင်းသားဒေသတွေမှာတော့ စစ်ကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတွေ ထူထောင်ထားပြီး အားကောင်းနေပါတယ်။ ပြည်မမှာတော့ ပြည်တွင်းစစ်ကြီးပြီးဆုံးခဲ့သည့် ကာလရောက်သည့်တိုင် နိုင်ငံရေးခိုလှုံခွင့်နဲ့ ပြည်ပနိုင်ငံတွေမှာ ပညာသင်ယူနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘဝစွန့်ပြီး စစ်ပွဲထဲဝင်ရောက်ခဲ့ရတဲ့ စစ်ပြန်တွေကြား အာဏာခွဲဝေမှုမှာလည်း ပြင်းထန်တဲ့ ပွတ်တိုက်မှုဖြစ်နိုင်ပြီး လွတ်လပ်ပြီးစ ကာလမျိုး တကျော့ပြန် ရောက်နိုင်ပါတယ်။

KPV Photo/AP

ပုံစာ - ၂၀၁၈ခုနှစ် ပြည်ထောင်စုလွှတ်တော်တွင် NLDကိုယ်စားလှယ်များကိုတွေ့ရစဉ်

#KarenniPeoplesVoice #တတိယနိုင်ငံ #လွှတ်တော်ကိုယ်စားလှယ် #NLD #အာဏာသိမ်း #မြန်မာစစ်တပ်