MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
အမ်းမြို့နယ်တွင် အေအေနှင့်ဆက်နွှယ် ဖမ်းဆီးတရားစွဲခံရသူ ၄ ဦး ပြန်လွတ်လာ
DVB
ရခိုင်ပြည်နယ်မှာ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ဖမ်းဆီး တရားစွဲဆိုခံရသူ ၄ ဦးရဲ့ အမှုကို စစ်တပ်က ပြန်လည်ရုပ်သိမ်းလိုက်တဲ့အတွက် ဇွန်လ ၁၁ ရက်နေ့မှာ အမ်းမြို့နယ်တရားရုံးက ပြန်လွှတ်ပေးလိုက်ပါတယ်။
http://burmese.dvb.no/archives/469399
#DVB #အေအေ #တရားစွဲခံရသူ #ပြန်လွတ် #အမ်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ စွပ်စွဲခံထားရတဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုကို ဒီနေ့ ဖေဖော်ဝါရီလ ၇ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီကစွဲဆိုထားတဲ့အဲဒီအမှုအတွက် တရားလိုဘက်ကတင်တဲ့ လိုပြသက်သေ အယောက် ၂၀ ရှိနေပြီး ၂ လအတွင်းမှာ တရားလိုပြသက်သေတွေကို အပြီးစစ်ဆေးဖို့ရှိနေတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲဆိုထားတဲ့ အဲဒီအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတဦးဝင်းမြင့်အပြင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ လည်းပါဝင်ပါတယ်။

ဓာတ်ပုံ - ko minyar
ဒီသတင်းအပြည့်အစုံအပြင် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-59951679
#ဘီဘီစီမြန်မာပိုင်း #အတိုင်ပင်ခံပုဂ္ဂိုလ် #ဒေါ်အောင်ဆန်းစုကြည် #သမ္မတဦးဝင်းမြင့် #ဦးမင်းသူ #နေပြည်တော #ရွေးကောက်ပွဲ #အမှု #ရုံးချိန်း #လိုပြသက်သေ