MSI - MYANMAR SOCIETY INFORMATIONS
26.2K subscribers
91.4K photos
3.46K videos
144 files
17.3K links
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
Download Telegram
Mass Trending Party at 8:00PM

START NOW‼️‼️‼️‼️

ယနေ့ည ၈ နာရီမှာ Mass Trending ပြုလုပ်ပါ့မယ်ခင်ဗျာ။ အင်းစိန်ထောင်သွင်း
အကျဉ်းကျခံ သူရဲကောင်းများအတွက်ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ပြည်သူတစ်ရပ်လုံး
Silent Strikeမှာပါဝင်ခဲ့ကြပါတယ်။ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံပြည်သူတွေကလည်း
တိတ်ဆိတ်ငြိမ်သက်ခြင်း သွေးသစ္စာသီဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။ ကျောင်းသားများက ဦးဆောင်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား ၈၉ ဦးဟာ ပြင်းပြင်းထန်ထန်ရိုက်နှက်ခံထားရပါတယ် ။ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့်
အကျဉ်းသားတစ်ချို့ သတိလစ်မေ့လဲခဲ့ကြပြီးတော့ အမျိုးသမီးများအနေနဲ့လည်း Private Parts များအထိရှာဖွေ စစ်ဆေးခြင်းခံခဲ့ရပါတယ်။ ထောင်အာဏာပိုင်တွေနဲ့အတူ စစ်တပ်ရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် ထောင်တွင်းအခြေအနေဟာ ဆိုးရွားလျက်ရှိနေပါပြီ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဗဟိုအလုပ် အမှုဆောင် ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင်၊ ရန်ကင်းပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုသုတစိုး၊ ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုးတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးသည် အသံတိတ်သပိတ်လှုပ်ရှားမှုတွင် ပါဝင်မှုကြောင့် ပြင်းပြင်းထန်ထန်ရိုက်နှက် နှိပ်စက်ခံထားရပြီး တိုက်ပိတ်ခံထားရကြောင်း သိရှိရပါတယ်။ နိုင်ငံရေးအကျဉ်း သား ၈၉ ဦးကိုလည်ဍအကျဉ်းဦးစီးဌာနက သီးသန့်ဆောင်မှ ပင်မအကျဉ်းထောင်သို့ ရွှေ့ပြောင်းပြီး တိုက်ပိတ်ထားပါတယ်ခင်ဗျာ။


ယခုအချ်န်အထိ ကျွန်တော်တို့ သူရဲကောင်းတွေလုံလောက်သောဆေးကုသမှုမရရှိကြပါဘူး။ အနေအထိုင် ၊ အစားအသောက် ၊ နေရာထိုင်ခင်းများမှာ အလွန်တစ်ရာခက်ခဲလျက်ရှိပါတယ်။ မိသားစုနှင့်တွေ့ဆုံခွင့်မရခြင်း ၊ တရားဥပဒေအရပြန်လည်ချေပခွင့်မရခြင်း ၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်ခံရခြင်း များကိုကြုံတွေ့လျက်ရှ်ပါတယ်။နိုင်ငံ​ရေးအကျဥ်းသားများကို အမြန်ဆုံးအကူအညီ​ပေးရန် အပြည်ပြည်ဆိုင်ရာကြက်​ခြေနီ​ကော်မတီ (ICRC) သို့ ကျွန်တော်တို့ ပြည်သူများမှလည်း Twitter မှာ Hashtag အသုံးပြုပြီးတောင်းဆိုကြပါမယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဥ်းသားတွေရဲ့ မွန်းကြပ်မှုနဲ့ အခက်အခဲတွေကို ​ရေးလို့ဆုံးနိုင်တော့မှာမဟုတ်တော့ပါဘူးခင်ဗျာ။
ထောင်အပြင် တန်းမရှိတဲ့ ကျွန်တော်တို့ရဲ့သူရဲကောင်းတွေဟာ အသက်ကိုမငဲ့ကွက်ဘဲ ထောင်တွင်း သပိတ်ပြုလုပ်ခဲ့ပြီးပါပြီ။

နိုင်ငံရေး အကျဥ်းသားများရဲ့ အသက်အန္တရာယ်ဟာအထူးစိုးရိမ်ဖွယ်ရာ အခြေအနေပါ။
ဖိနှိပ်ခံ အကျဥ်းသားများ အမြန်ဆုံး အကူအညီရရှိရေးအတွက် ကျွန်တော်တို့ ထောင်ပြင်ကပြည်သူများကလည်း နိုင်ငံတစ်ကာ အသိုင်းအ၀န်းနဲ့ ICRC ကို တောင်းဆိုကြပါမယ်။

Twitter မှာ Mass Trending Party လုပ်မှာမို့ အားလုံးက Hashtag ကိုအသုံးပြုပြီး ပါ၀င်ပေးကြပါ။
👉Hashtag
#HelpMyanmarPrisoners

👉Location
US/UK
VPN Location နဲ့ Twitter Acc Location တူအောင်ထားပေးပါ။

👉Mention ရမည့် Twitter Account
https://twitter.com/ICRC?s=09

👉Time
8:00Pm

Twitter Warriors တွေကိုအလိုရှိပါတယ်ခင်ဗျာ။
ကျွန်တော်တို့နိုင်မှ နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်မှာပါ။ မြန်မာပြည်သူလူထုရဲ့ အင်အားနဲ့ အကူအညီပေးဖို့ တောင်းဆိုရမှာမို့ ယနေ့ ည 8နာရီမှာအားလုံးပါ၀င်ပေးကြပါခင်ဗျာ။
Forwarded from PePotaTweets
ဒီည ၈နာရီ trending ရှိပါတယ်
ပုံယူသုံးလို့ရပါတယ် (ပုံထဲစာမှားတာမျိုးရှိလည်း ပြောကြပါဦး)

#HelpMyanmarPrisoners
#Dec14Coup
#WhatsHappeningInMyanmar