𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.1K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
ဇွန် ၁၉

ဗန်းမော်မြို့ပေါ်၌
KIA ဆက်ကြေးကောက်နေ
============================================
People Media၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဈေးဆိုင်များကို ဆိုင်ခန်းတစ်ခန်းလျှင် KIA က တစ်နှစ်စာ ကျပ်ငွေ ၅ သိန်း ဆောင်ဖို့ ဇွန်လ ၁၇ ရက်နေ့က စတင် ညွှန်ကြားလာပါတယ်။

အလားတူ ရွှေဆိုင်များ၊ စက်သုံးဆီဆိုင်များအပါအဝင် အခြားသော ပုဂ္ဂလိကဆိုင်များ၊ လုပ်ငန်းများကို KIA က ကျပ်သိန်း ရာနဲ့ချီ ဆပ်ကြေးဆောင်ဖို့ KIA က ညွှန်ကြားမှုတွေ ပြုလုပ်ထားပါတယ်။

ဆပ်ကြေးကောက်တဲ့ ငွေများကို ဗန်းမော်မြို့နယ်၊ မန်စီရွာနောက်က တောင်ပေါ်မှာ သွားရောက် ပို့ဆောင်ရတာ ဖြစ်ပြီး လုပ်ငန်းရှင်များ၊ ဆိုင်များထံ ဆက်သွယ်တဲ့ KIA အရာရှိ ဖုန်းကတော့ 09-767923914 ဖြစ်ပါတယ်။

ငွေကို အဆိုပါ ဖုန်းက လက်ခံရယူတာဖြစ်ပြီး ၎င်းတို့ သတ်မှတ်တဲ့နေရာကို သွားရောက် ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် မိုင် ၄၀ ခန့် အကွာမှာ တည်ရှိသော မြို့ဖြစ်ပါတယ်။

Photo -
KIA အကြမ်းဖက်ခေါင်းဆောင်

#KIA #နစက
TNLA က နမ့်ဖတ်ကာကျေးရွာအုပ်စုကို တတိယအကြိမ် ထပ်မံတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး ဒဏ်ရာရ
=====================================================
၂၆.၉. ၂၀၂၃
Written by Nay Moe

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်းသို့ TNLA အဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ရွာ၏ အနောက်တောင်ဘက် မီတာ ၁၇၀၀ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

TNLA ၏ ထိုတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့်အသက် ၁၁ နှစ်အရွယ် ကလေးငယ်အား နမ့်ဖတ်ကာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ ကလည်း TNLA က နမ့်ဖတ်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသည့်ဖြစ်စဥ်လည်းဖြစ်ပွားခဲ့ပြီး ထိုလုပ်ရပ်အပေါ် "KIA က မွေးထုတ်ပေးသည့် TNLA က KIA ကို မကျေနပ်၍ နမ့်ဖတ်ကာရွာကို ပစ်ခတ်မှုဖြစ်ကြောင်း၊ KIA က ကိုယ့်မွေးသည့်မျောက် ကိုယ့်ပြန်ခြောက်ခံနေရကြောင်း၊ TNLA က နမ့်ဖတ်ကာရွာကို ပစ်ခတ်ပြီး တပ်ကလုပ်ပါသည်ဟု လိမ်လည်ဦးမည်ဖြစ်ကြောင်း" စသည်ဖြင့် တိုင်းရင်းသားအချို့က ဝေဖန်ခဲ့မှုလည်း ဖြစ်ပွားခဲ့သည်။

ထို့အတူ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင်လည်း TNLA အဖွဲ့ဝင်များက နမ့်ဖတ်ကာ ကျေးရွာအုပ်စ၏ အနောက်မြောက်ဘက်မီတာ ၁၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ၎င်းတို့ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာ အုပ်စုအတွင်းရှိ ဇီးဒဘန်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။

ပုံစာ။ TNLA ၏ ဩဂုတ် ၃၀ ရက် တိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရသည့် နမ့်ဖတ်ကာဒေသခံအချို့မြင်ကွင်းနှင့် ယနေ့ထုတ်ပြန်ချက်။

#kia #TNLA #taang #ကွတ်ခိုင် #နမ့်ဖတ်ကာ
#mtnews #myanmar_transparency_news
Oct 3

စက်တင်ဘာ ၂ရက်နေ့ ညပိုင်းက မြစ်ကြီးနားမြို့ပေါ်သို့ ဆက်ကြေးလာကောက်သည့် KIAအဖွဲ့ဝင် နှစ်ဦးကို လုံခြုံရေးအဖွဲ့များက အရှင် ဖမ်းဆီးနိုင်ပြီးနောက် KIA ၏ မြစ်ကြီးနား ဒု-မြို့နယ်မှူး နှင့် တိုက်နယ်မှူးတို့ကို ဆက်လက်ဖမ်းဆီးနိုင်ခဲ့သည်။


တပ်မတော်က KIA ၏ မြစ်ကြီးနား ဒု-မြို့နယ်မှူးကို သွားရောက်ဖမ်းဆီးစဉ် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး KIA ၏ မြစ်ကြီးနား ဒု-မြို့နယ်မှူး သေဆုံးခဲ့သည်။

photo-Credit


#PeopleMedia #KIA
မုန်လိုက်ခက်သေဆုံးမှုများမှာ KIA သိုလှောင်ထားသည့် ယမ်းများ ပေါက်ကွဲ၍ဖြစ်ကြောင်း ဖော်ထုတ်ရေးသားသူအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်၍ အသေးစိတ်ဖြစ်စဥ်များ ထပ်မံဖွင့်ချ
====================================================

◾ မုန်လိုင်ခက်စခန်းအနီး KIA က ယမ်းတန်ချိန် ၁၀၀ ခန့် သိုလှောင်ခဲ့၍ ပေါက်ကွဲသေဆုံးမှုဖြစ်ခဲ့ရ

၁၁. ၁၀. ၂၀၂၃
Written by Nay Moe

မုန်လိုက်ခက်ဒုက္ခသည်စခန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တွေအပါအဝင် လူ ၂၉ ဦးလောက် သေဆုံးရတဲ့ဖြစ်စဥ်ဟာ KIA သိုလှောင်ထားတဲ့ ယမ်းတွေ ပေါက်ကွဲလို့ဖြစ်တာလို့ ဖော်ထုတ်ရေးသားသူကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ကြတာကြောင့် အသေးစိတ်ဖြစ်စဥ်တွေကို သူကပဲ ထပ်မံဖွင့်ချလာပါတယ်။

မုန်လိုင်ခက်သေဆုံးမှုဟာ လေ​ကြောင်းတိုက်ခိုက်မှုလို့ မီဒီယာတွေက မှားယွင်းရေးသားနေပေမဲ့ KIO/ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ခိုက်မှုက လေယာဥ်မဟုတ်ဘဲ Drone နဲ့ ပစ်တာဖြစ်တယ်လို့ ပြောထားသလို SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း မုန်လိုက်ခက်ကို တိုက်ခိုက်ခဲ့မှူမရှိဘဲ KIA သိုလှောင်ထားတဲ့ ဒရုန်းဗုံးတွေပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ပြောခဲ့တာပါ။

အဲဒီအချိန်မှာ Nhkum Naw Seng အကောင့်ကလည်း ကချင်ဘာသာစကားနဲ့ ဒီဖြစ်စဥ်က KIO/KIA သိုလှောင်ထားတဲ့ ယမ်းတွေပေါက်ကွဲတာလို့ ဖော်ထုတ်ရေးသားလာပါတယ်။ ကနဦးသူ့ရေးသားချက် မြန်မာပြန်ဆိုမှုက "စောစောက ပြောသားပဲ။ ငါတို့နားလာပြီး သင်တန်းတွေဖွင့်နေတာ တစ်ချိန်ကျ ငါတို့ပါ ကြားညပ်ပြီး ဒုက္ခရောက်ရမယ်ဆိုတာ ငါပြောသားပဲ။ သူတို့ တွေထားတဲ့ ခဲယမ်းတွေရှိတဲ့ နေရာကို ကလေးတွေ သွားသွားမဆော့ဖို့ ပြောခဲ့တာပဲလေ။ ခုလိုခဲယမ်းတွေ ထ ပေါက်ကွဲတော့ ဘယ်သူက တာဝန်ယူပေးမှာလဲ။ ကြည့်လေ။ ဟိုမှာ သစ်ပင်တွေရော ကားတွေရော အားလုံးပါသွားပြီ။ ဘာမှမရှိတော့ဘူး။ လုပ်ငန်းလုပ်ဖို့လည်း မရှိတော့ဘူး။ မီးလောင်လို့ အကုန်ကုန်ပြီ။ ဘောလုံးကွင်းလုပ်ဖို့ လျာထားတဲ့ ဘတ်ဟိုးတွေလည်းသုံးမရတော့ဘူး။ ယမ်းတွေကို ငါတို့နားပုံထားတော့ အကုန် ကုန်ပြီပေါ့။ မနေ့ညကအကုန်သေကုန်ပြီ" လို့ ရေးသားခဲ့ပါတယ်။

KIO/ KIA ဟာ အရင်တုန်းကလည်း လိုင်ဇာနားမှာ လက်နက်တိုက်ပေါက်ကွဲတဲ့ဖြစ်စဥ်ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း သတင်းဖုံးခဲ့သလို အခုဖြစ်စဥ်ကလည်း သူတို့ပေါ့ဆမှုကြောင့် ယမ်းတွေပေါက်ကွဲလို့ မုန်လိုင်ခက်ဒုက္ခသည်စခန်းက ကလေးတွေသေဆုံးကုန်တာကြောင့် တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကို ထိုးချတာလို့ ဝေဖန်နေချိန်မှာပဲ Nhkum Naw Seng အကောင့်က ဒီပေါက်ကွဲမှုဖြစ်စဥ်က KIO/KIA ယမ်းတွေကြောင့်လို့ ဖွင့်ချလာတာကြောင့် ရေးသားသူကို သတ်ဖြတ်မယ်လို့ ခြိမ်း​ခြောက်မှုတွေပြုလုပ်လို့ Nhkum Naw Seng အကောင့်ကလည်း အသေးစိတ်အချက်အလက်တွေကို ထပ်မံရေးသားတဲ့ပို့စ်တစ်ခု ထပ်တင်လာပါတယ်။

Nhkum Naw Seng အကောင့် ကချင်လိုထပ်မံရေးသားတဲ့ ပို့စ် မြန်မာပြန်က "မနေ့က မုန်လိုင်ခက်မှာ ပေါက်ကွဲမှု ဖြစ်တာနဲ့ ပတ်သက်ပြီး သတင်းတင်လို့ ကျုပ်ကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်နေကြတယ်။အေး ... အဲဒီလိုခြိမ်းခြောက်လို့ ငါသိတာတွေထဲက နည်းနည်းလောက်ပြောပြမယ်။ မနေ့က ပေါက်ကွဲတဲ့ ဂိုဒေါင်နေရာက ဒေါ်အားလီနဲ့ KIA လူကြီးတွေပိုင်တဲ့နေရာဖြစ်ပြီး PDF တွေအတွက် Drop Bomb လုပ်ဖို့ ယမ်း တန်ချိန် ၁၀၀ ခန့် စုဆောင်းထားတဲ့နေရာ ဖြစ်တယ်။ နောက်ထပ် ရေအားလျှပ်စစ်နားက ဂိုဒေါင်မှာ လည်း တန် ၃၀၀၀ လောက်ရှိတဲ့ ယမ်းတွေ သိမ်းထားသေးတယ်။ ဒီကိစ္စတွေကြောင့် တရုတ်နယ်စပ်မှာလည်း တရုတ်ရဲတွေကပိတ်ထားပြီး ဘယ်သူ့မှ ဝင်ခွင့်မပေးတော့ဘူး။ ငါ့ကိုနောက်ထပ်လာပြီး ခြိမ်းခြောက်မယ်ဆိုရင် ဒီထက်ပိုပြီး အသေးစိတ်ထပ်ဖော်မယ်" လို့ ထပ်မံရေးသားခဲ့ပါတယ်။

#ကချင် #လိုင်ဇာ #kia #Kio #မုန်လိုင်ခက်
#mtnews #myanmar_transparency_news


မံပုံ-ကြံခင်းကျေးရွာသွား ကားလမ်းပေါ်သို့ KIA နှင့် PDF များပစ်ချသည့် စိန်ပြောင်းဗုံးသီးကျ၍ ကြံခင်းရွာနေသူလေးဦး ဒဏ်ရာရ
===================================================

၁၀. ၁၁. ၂၀၂၃
Written by Nay Moe

မံပုံ-ကြံခင်းကျေးရွာသွားကားလမ်းပေါ်သို့ KIA နှင့် PDF များပစ်ချသည့် စိန်ပြောင်းဗုံးသီးကျ၍ ကြံခင်းရွာနေသူလေးဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၇ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကြံခင်းကျေးရွာအတွင်း မံပုံ-ကြံခင်းကျေးရွာသွားကားလမ်းပေါ်သို့ KIA နှင့် PDF များ ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့်...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=42374

#kia #PDF #mtnews #mtnewsagency
လိုင်ဇာဝင်ပေါက်ကို ဆယ်စုနှစ်တစ်ခုအကြာတွင် ပြန်လည်ဖွင့်လှစ်

◾ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အား လူ့စကားနားမလည်သည့် ခွေးသုံးကောင်အဖြစ် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ခိုင်းနှိုင်း

၂၇. ၄. ၂၀၂၄
Written by Nay Moe

လိုင်ဇာအဝင်ဆိုင်းဘုတ်ကို မနေ့က ပြန်လည်ဖွင့်လှစ်အပြီးမှာ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က နယ်မြေလုတိုက်ခိုက်သိမ်းပိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတောင် လက်နက်နဲ့အဝင်မခံ၊ ခြေအချမခံဘဲ KIA တပ်ဖွဲ့ဝင်တွေနှင်ထုတ်၊ ရုံးတွေပိတ်ခိုင်းပြီး သတိပေးစာပို့နေတဲ့ MNDAA ၊ AA နဲ့ TNLA တို့ကို လူစကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ရည်ညွှန်းရေးသားလိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က လိုင်ဇာဝင်ပေါက်ကို ပြန်လည်ဖွင့်လှစ်ကြောင်း အသိပေးတဲ့စာမှာ လိုင်ဇာဝင်ပေါက်ကို တစ်ခုကျော်မှ ပြန်လည်ဖွင့်လှစ်နိုင်တာဖြစ်ကြောင်းနဲ့ "ပြန်လည်ဆုံတွေ့ကြပါစို့" နဲ့ "လိုင်ဇာမြို့မှ ကြိုဆိုပါ၏" ဆိုတဲ့ ကချင်+မြန်မာဆိုင်းဘုတ်နှစ်ခုပုံကို "အောင်ပွဲခံခြင်းမဟုတ်ပါ"ဆိုတဲ့စာတစ်စောင်နဲ့ "ယနေ့မနက်၊ အဝင်ဆိုင်းဘုတ် စိုက်ထူပြီး ဆုတောင်းကြပါတယ်။ (အောင်ပွဲခံခြင်း မဟုတ်ပါ) (၁၀)နှစ်ကျော်မှ လိုင်ဇာဝင်ပေါက်များ ပြန်ဖွင့်နိုင်ခဲ့ကြချိန် ဒေသနေသူများ အတိုင်းအတာတစ်ခုထိ လွတ်လပ်မှု ရသကို ပြန်ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံး လွတ်လပ်မှု အရသာ ခံစားနိုင်ဖို့ ဆက်လက် ကြိုးစားကြရပါအုံးမယ်။" ဖော်ပြခဲ့ပြီး မှတ်ချက်မှာတော့ "(မှတ်ချက်။ ။ မိတ်ဆွေ (၃) ကောင်၊ အဆင်ပြေပါတယ်။ ကချင်စကားတော့ သိပ်နားမလည်ကြသေးပါဘူး)" လို့ ခွေးသုံးကောင်ပုံပါထည့်ပြီးတော့ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

"ဒီလပိုင်းတွေထဲမှာ MNDAA တို့ TNLA တို့က ရှမ်းက မြို့တွေသိမ်းလိုက်အပြီးမှာ လက်နက်ကိုင်ထားရင် ဘယ် တိုင်းရင်းသားလက်နက်ကိုင်မှ ပေးမဝင်တာ၊ တိုက်ပေးခဲ့တဲ့ PDF တွေကိုတောင် သူတို့နယ်လက်နက်နဲ့အဝင်မခံအဖြတ်မခံတာ၊ အခုရက်ပိုင်းတင် KIA မုံးကိုးရုံးကို MNDAA ပိတ်တာ၊ ကချင်ရိုးရာမနောင်ခန်းမအဆောက်မခံတာ၊ ကချင်စစ်ရှောင်တွေကို နှင်ထုတ်တာ၊ ရှမ်းမြောက်မှာ ကွတ်ခိုင်နဲ့ မူဆယ်က KIA တပ်တွေထွက်ဖို့ TNLA က ဖိအားပေးပြီး ရုံးဖွင့်ချင်ရင် သူ့ဆီခွင့်တောင်းဖို့ပြောတာတွေကို မကျေနပ်လို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကား ကချင်စကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ်နှိုင်းလိုက်တာပေါ့။ ရှမ်းမြောက်က ကချင်၊ ရှမ်း၊ ပလောင်(တအောန်း)၊ ကိုးကန့် အကုန်ရောနေသလို လက်နက်ကိုင်တွေလည်း ရောနေတယ်။ နဂိုကတည်းကလည်း ရှမ်းကလည်းသူ့ပြည်နယ်၊ ကချင်ကလည်း Kachin Sub-state၊ TNLA နဲ့ MNDAA ကလည်း သူတို့တိုက်ယူထားလို့ သူတို့အပိုင်ပေါ့။ လက်ရှိမှာတော့ သူတို့ကြား အချင်းချင်းချလို့မဖြစ်သေးဘဲ တပ်ကိုပဲတိုက်နေရလို့ တိုင်းရင်းသားအချင်းချင်းမချသေးပေမဲ့ တစ်ချိန်တော့ ပေါက်ကွဲလာမဲ့ချိန်ကိုက်ဗုံးလို နယ်မြေလုမှု ဖြစ်နေတာပေါ့။ ဂွမ်​မော်ကလည်း ကချင်စစ်ရှောင်တွေနှင်ထုတ်ခံရတာ၊ KIA ရုံးတွေချိပ်ပိတ်ခံရတာကြောင့် မကျေနပ်ဘူးဆိုတာသိဖို့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ကချင်စကား၊ လူ့စကားနားမလည်တဲ့ ခွေးသုံးကောင်အဖြစ် ခိုင်းနှိုင်းလိုက်တာပေါ့" လို့ နိုင်ငံရေးသုတေသီတစ်ဦးက KIA စစ်ဦးစီးချုပ်ရဲ့ ရည်ညွှန်းချက်ကို စိပ်ဖြာသုံးသပ်ပါတယ်။

KIA စစ်ဦးစီးချုပ်အသုံးပြုတဲ့ Samlut Gunmaw အကောင့်မှာ တင်ခဲ့တဲ့ မိတ်ဆွေသုံးကောင်ဆိုပြီး ခွေးပုံခိုင်းနှိုင်းဖော်ပြတာက လတ်တလောကာလမှာ စစ်ရေးအရတင်းမာမှုနယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ကို ရည်ညွှန်းတာလို့ သဘောပေါက်ကြတဲ့သူတွေက "ကချင်စကားနားလည်အောင် လက်ပေးသင်ဖို့" မှတ်ချက်ပေးခဲ့သလို "မှတ်ချက်စာသားက ပိုထိ"တယ်လို့ ရေးသားခဲ့တဲ့အပြင် သွန်းနေစိုးကလည်း "လှလိုက်တဲ့ Satire(သရော်စာ) လို့ မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။


◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=63754

#ကချင် #ရှမ်း #KIA #MNDAA #TNLA #AA #ခွေး #မိတ်ဆွေသုံးကောင် #RCSS #MT #mtnews
𝐋𝐢𝐧𝐧 𝐍𝐚𝘆
လိုင်ဇာဝင်ပေါက်ကို ဆယ်စုနှစ်တစ်ခုအကြာတွင် ပြန်လည်ဖွင့်လှစ် ◾ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အား လူ့စကားနားမလည်သည့် ခွေးသုံးကောင်အဖြစ် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ခိုင်းနှိုင်း ၂၇. ၄. ၂၀၂၄ Written by Nay Moe လိုင်ဇာအဝင်ဆိုင်းဘုတ်ကို မနေ့က…
လိုင်ဇာဝင်ပေါက်ကို ဆယ်စုနှစ်တစ်ခုအကြာတွင် ပြန်လည်ဖွင့်လှစ်

◾ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အား လူ့စကားနားမလည်သည့် ခွေးသုံးကောင်အဖြစ် KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော် ခိုင်းနှိုင်း

၂၇. ၄. ၂၀၂၄
Written by Nay Moe

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=63754

#ကချင် #ရှမ်း #KIA #MNDAA #TNLA #AA #ခွေး #မိတ်ဆွေသုံးကောင် #RCSS #MT #mtnews
-
KIA နှင့် PDF များ ဒရုန်းဗုံးချတိုက်ခိုက်၍ မူလတန်းပြဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရ
======================================================
၁၀. ၅. ၂၀၂၄
Written by Nay Moe

KIA လက်နက်ကိုင်တွေနဲ့ PDF တွေက လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ဒရုန်းဗုံးချတိုက်ခိုက်လို့ မူလတန်းပြဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု တောင်သာနဲ့ ဗန်းမော်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွေက မေလ ၇ ရက် နံနက်ပိုင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=65636

#KIA #PDF #ဒရုန်းဗုံး
#mtnewsagency #NewsUpdate
-
မိုးမောက်မြို့ကို KIA တိုက်ခိုက်သိမ်းယူရန်ကြိုးစားနေမှုကြောင့် မိုးမောက်စျေး မီးလောင်ပြာကျ
======================================================

၁၈. ၅. ၂၀၂၄
Written by Nay Moe

ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင်ထဲက မံစီမြို့နဲ့ မိုးမောက်မြို့ကို KIA က သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာမှုတွေကြောင့် ဖြစ်ပွားတဲ့တိုက်ပွဲတွေကြားမှာ မိုးမောက်စျေးတစ်ခုလုံး မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

မေလ ၇ ရက်ကစပြီး မံစီနဲ့မိုးမောက်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်သလို မံစီရဲစခန်းကိုလည်း သိမ်းထားတဲ့အပြင် နယ်မြေစိုးမိုးမှု ရယူထားပြီး...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=66546

#မိုးမောက် #KIA #မိုးမောက်စျေး #မီးလောင် #ကချင်ပြည်နယ်
#mtnewsagency #NewsUpdate
တရုတ်သမ္မတ၊ တရုတ်နိုင်ငံနှင့် တရုတ်စီးပွားရေးလုပ်ငန်းများကို မီးရှို့၊ ဆန္ဒပြ၊ တိုက်ခိုက်မှု အမြဲကျူးလွန်နေသည့် NUG က မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုမူ မကျုးလွန်ဟု ယခုညဉ့်နက်ပိုင်းမှ NUG Page များအားလုံးက ထုတ်ပြန်

၂၀. ၁၀. ၂၀၂၄
Written by Tha Doe

၂၀၂၁ နွေဦးတော်လှန်ရေးကတည်းက တရုတ်နိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမြဲတစေ မီးရှို့ဖျက်ဆီး တိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့ NUG နဲ့ PDF တွေက TNLA ရဲ့ တိုက်ခိုက်မှုတွေ ရပ်စဲဖို့ သတိပေးတယ်ဆိုတဲ့စာထွက်ပေါ်လာအပြီးမှာလည်း တရုတ်သမ္မတ၊ တရုတ်နိုင်ငံအလံတွေကို မီးရှို့၊ ဆန္ဒပြ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးပေမဲ့ အောက်တိုဘာ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ မန္တလေး၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုကိုတော့ မကျုးလွန်ဘူးလို့ ဒီနေ့ အောက်တိုဘာ ၁၉ ရက် ညသန်းခေါင်အကျော်ကြမှ NUG က ဖွင့်လှစ်ထားတဲ့ Page အားလုံးက တစ်ပြိုင်နက် ထုတ်ပြန်လာပါတယ်။

မန္တလေးက တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို တိုက်ခိုက်မှုမပြုမီမှာ ကချင်လက်နက်ကိုင် KIA က ပန်ဝါမြို့ကိုသိမ်းလိုက်တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့သလို တရုတ်ကလည်း နယ်စပ်ဂိတ်တွေပိတ်လိုက်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့အပြီးမှာ မန္တလေးကတရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်ခဲ့တာပါ။ KIA ဟာလည်း NUG လက်အောက်ခံ PDF တွေကို KPDF ဆိုပြီး မွေးထုတ်ပေးနေသလို လက်ရှိ ပြုလုပ်နေတဲ့ ရှမ်း၊ မန်းစစ်ဆင်ရေးမှာလည်း NUG ရဲ့ မန္တလေး PDF တွေနဲ့အတူ KPDF တွေက ဝင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

TNLA ကို အပစ်အခတ်ရပ်ဖို့ တရုတ်က စာထုတ်အသိပေးတယ်ဆိုတဲ့အချိန်တုန်းကလည်း NUG ဩဇာခံ PDF လေးဖွဲ့ကလည်း "ဖိရင်ကြွမယ် ထိရင်ချမယ်" "China; Back Off From Myanmar" ဆိုတဲ့ စာတန်းနှစ်ခုကို ကိုင်ဆွဲပြီး စက်တင်ဘာ ၄ ရက်က တရုတ်နိုင်ငံကို မီးရှို့ဆန္ဒပြမှု ပြုလုပ်ခဲ့ပါသေးတယ်။

အဲဒီဆန္ဒပြမှုမှာဆို ဆန္ဒပြတဲ့ PDF လေးဖွဲ့ဖြစ်တဲ့ Mayangone Democratic Front_MDF ၊ Owl Community၊ LinnYaung Ni Youth Organization_LYNYO နဲ့ Kyimyindaing Networks_KMD18 အဖွဲ့တွေက ရန်ကုန်မြို့တွင်းက မီးရထားသံလမ်းတစ်နေရာမှာ တရုတ်အလံ၊ TNLA ကို ပေးပို့တဲ့စာကို Print ထုတ်ထားတဲ့ စာရွက်တစ်ရွက်အပြင် တရုတ်သမ္မတရှီကျင့်ဖျင် ပုံတွေ မီးရှို့ပြီး ခြေနဲ့နင်းပြီး ဆန္ဒပြခဲ့ပေမဲ့ မန္တလေးကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုမှာတော့ NUG က မကျုးလွန်ဘဲ တရုတ်နဲ့ချစ်ကြည်လိုတယ်လို့လည်း NUG Page အားလုံးအပြင် Facebook သုံးကြတဲ့ NUG ဝန်ကြီးတွေကလည်း မျှဝေဖော်ပြထားတာကို တွေ့ရပါတယ်။

◾ Website တွင် ဆက်လက်ဖတ်ရှုရန်

https://www.mtnewstoday.com/?p=78892

#KIA #ပန်ဝါ #ကောင်စစ်ဝန်ရုံး #အကြမ်းဖက် #တရုတ် #sac #မီးရှို့ #TNLA #PDF #NUCC #ဆန္ဒပြ #MT