𝐋𝐢𝐧𝐧 𝐍𝐚𝘆
23.5K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 7

ကယားပြည်နယ်၌ စစ်သွေးကြွ KNPP လက်အောက်ခံ အဖွဲ့များ၏ ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများသည် တာချီလိတ်မြို့သို့ ရောက်ရှိလာပြီးနောက် လမ်းဘေးပလပ်ဖောင်းတွင် ခိုလှုံနေကြရသည်။

#PeopleMedia
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 7

မကွေးတိုင်း၊စလင်းမြို့ နဲ့ ဆင်ဖြူကျွန်းမြို့ကို စစ်သွေးကြွများက တိုက်ခိုက်ရန် စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း မြို့မိ/မြို့ဖများက ဆက်သွယ်ပြောဆိုသည်။

#PeopleMedia
-
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ်၊မြို့သစ်မြို့(အိန္ဒိယ-မြန်မာ နယ်စပ်မြို့)ကို စစ်သွေးကြွ ချင်းPDF အဖွဲ့များ နှင့် ABSDF အဖွဲ့တို့သည် မေလ ၇ ရက်နေ့မှ စတင်ပြီး ယနေ့ထိ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လျက် ရှိနေသည်။

#PeopleMedia
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 9

ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဆုံရွာကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်နေသလို နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးလျက် ရှိနေသည်။


#PeopleMedia
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 9

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ထမင်းမစားကျေးရွာရှ် လုံခြုံရေးစခန်းကို KNU/PDF အဖွဲ့များ မှ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေသလို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိနေသည်။

အလားတူ မေလ ၉ ရက်နေ့ (ယနေ့ နံနက်ပိုင်း)၌ အင်အားများ ထပ်မံဖြည့်တင်းမှုကို KNU က ပြုလုပ်ထားသည်။

#PeopleMedia
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 9

ယနေ့ နံနက်ပိုင်းက စစ်သွေးကြွ KIA အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်းမော် လမ်းပိုင်း၊ကဇူး-
ဒဘတ် တံတားကို မိုင်းခွဲ ဖျက်ဆီးလိုက်သည်။

#PeopleMedia
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 9

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဆုံရွာကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ရာ ကျေးရွာအတွင်းရှိ ကလေး/လူကြီး(ကျား/မ) ၃၄ဦးကို သတ်ဖြတ်သွားသည်။ပျောက်ဆုံးသူများစွာလည်း ရှိနေကြောင်း သိရသည်။


ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူ ကျား/မ (ကလေး/လူကြီး) ၁၄ယောက် နှင့်နေအိမ် ၇၃ လုံး မီးလောင် ပျက်စီးသွားသည်။


အလားတူ စစ်သွေးကြွများသည် ဆုံရွာ မှ ဆုတ်ခွာပြီးနောက် မုန်မင်ကန် ရွာသား ၆ ယောက်ကို ထပ်မံ သတ်ဖြတ်သွားသည်။


ဆက်လက်ဖော်ပြမည်။

photo-သတ်ဖြတ်ခံရသည့် ဆုံရွာနေ ပြည်သူများ

#PeopleMedia
-
CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို နစကမှ ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်မှုသည် သတင်းအမှားသာ ဖြစ်ကြောင်း နီးစပ်သူများက အတည်ပြုသည်။

#PeopleMedia
-
မြင်းခြံမြို့နယ်၊ ဆုံရွာကို ထပ်မံ တိုက်ခိုက်ရန် စစ်သွေးကြွ PDF အဖွဲ့များ ထပ်မံ လှုပ်ရှားမှု ရှိနေ
===============================================================
မြင်းခြံ၊မတ်-၁၀

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာကို ထပ်မံ တိုက်ခိုက်ရန် စစ်သွေးကြွ PDF အဖွဲ့များ ထပ်မံ လှုပ်ရှားမှု ရှိနေ အဆိုပါ ဒေသနေ ပြည်သူအချို့က ဆက်သွယ်ပြောဆိုသည်။


"ဒီကနေ့ညနေပိုင်းမှ PDF တွေ လှုပ်ရှားတာတွေ ရှိနေတယ်။ဆုံရွာကို ထပ်တိုက်ဖို့ ရှိနေတယ်။ အဓိက ပြည်သူတွေကို ဝင်ရောက်ဖမ်းဆီးပြီး အရှင်လိုချင်တာ။ ကလေးငယ်နဲ့ အမျိုးသမီးတွေကို သူတို့ မသတ်ကြောင်း ဝါဒဖြန့်ဖို့ဖြစ်တယ်။အဲ့ဒီလို ဝါဒဖြန့်ဖို့အတွက် တိုက်ဖို့ပြင်နေတာ။ကျေးရွာနေ ပြည်သူကို ဖမ်းခေါ်ဖို့ လုပ်နေတာ"လို့ ဆက်သွယ်ပြောဆိုသည်။


မေလ ၉ရက်နေ့က ဆုံရွာကို စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ပြီး ကျေးရွာ အတွင်းရှိ ကလေး/လူကြီး(ကျား/မ) ၃၆ ဦးကို သတ်ဖြတ်သွားသည်။


ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိသူ ကျား/မ (ကလေး/လူကြီး) ၁၄ ယောက်နှင့် နေအိမ် ၇၃ လုံး မီးလောင် ပျက်စီးသွားသည်။


#PeopleMedia
Forwarded from Ye Yint Htet (#yyh)☀️ (Ye Yint)
ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊လက်ထုတ္တောရွာ စစ်သွေးကြွ PDF အဖွဲ့များ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ကျား/မ (ကလေးငယ်များ အပါဝင်) လူဦးရေ ၃၀ ကျော်ကို ဝင်ရောက် သတ်ဖြတ်သွားသည်။




ပြီးခဲ့သည့်ရက်ကလည်း စစ်သွေးကြွများသည် မြင်းခြံမြို့နယ် ဆုံရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ ကျား/မ (ကလေးငယ်အပါအဝင်) ၃၀ ကျော်ကို သတ်ဖြတ်မှု ပြုလုပ်ခဲ့သည်။

#PeopleMedia
-
ပြည်ပ ကပါလာပြီ
တိုင်းပြည်အတွက် အန္တရာယ်ကြီး လာပြီ။

နော်ဝေအခြေစိုက် နော်ဝေတပ်မတော်၏ စစ်မှုထမ်းဟောင်းများမှ တည်ထောင်သည့် စစ်
ဘက်ရေးရာ NorArm Tactical
ကုမ္ပဏီ မှ ချင်းပြည်နယ်ရှိ ချင်းလက်နက်ကိုင်များကို စစ်သင်တန်းပေးနေကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

#PeopleMedia
-
စစ်သွေးကြွ KNPP/PDF အဖွဲ့ဝင်များသည် ကယားပြည်နယ်၊လွိုင်ကော် တက္ကသိုလ်၌ တပ်စွဲထားကြောင်း PDF အဖွဲ့ဝင်တစ်ဦးက ၎င်း၏ FB ၌ ၁၀:၁၀ အချိန်က ဓာတ်ပုံတင်ထားသည်။

#PeopleMedia
-
မေလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ဒီပဲယင်းမြို့နယ်၊မကြီးအုပ်
ကျေးရွာအဝင်ရှိ PDF စခန်းကို တပ်မတော်က လေကြောင်းရှင်းလင်းမှု ပြုလုပ်ရာ PDF အဖွဲ့ဝင် ၆ ဦး နေရာ၌ ပွဲချင်းပြီး သေဆုံးပြီး လူဦးရေ ၂၀ ခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

PDF အဖွဲ့များ ဒရုန်းသင်တန်းပေးသည့်နေရာကို လေကြောင်းဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ထပ်မံ အတည်ပြုသည်။


#PeopleMedia
-
ရှမ်းမြောက်ဒေသ၊နောင်ချိုမြို့နယ်၊သရက်ကုန်းကျေးရွာ၌ အထိုင်ချ လှုပ်ရှားနေသည့် စစ်သွေးကြွ MDY-PDF ဒရုန်း တစ်စင်းကို လုံခြုံရေးအဖွဲ့များက ယနေ့ ပစ်ချနိုင်ခဲ့သည်။

#PeopleMedia
-
စစ်သွေးကြွ ရခိုင့်လက်နက်ကိုင်အဖွဲ့ AA နဲ့ ပူးပေါင်းအဖွဲ့များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ရန် အင်အားဖြည့်တင်းခြင်း၊စစ်ရေးလှုပ်ရှားခြင်းများ ပြုလုပ်လားကြောင်း မြို့ခံ အချို့က ဆက်သွယ်ပြောဆိုသည်။

May-12 ၊ 9:55PM

#PeopleMedia
-
KIA စစ်ဦးချုပ် ခေါင်လွမ်းသည် ယနေ့ ညနေပိုင်းက တရုတ်နိုင်ငံ၌ ဆေးဝါးကုသနေစဉ် သေဆုံးသွားပါတယ်။သေဆုံးချိန်၌ အသက် ၆၂ နှစ် အရွယ်ရှိကြောင်း သိရပါတယ်။


KIA စစ်ဦးချုပ် ခေါင်လွမ်းသည် NUG နဲ့ ပုဂ္ဂိုလ်ရေးရာ အလွန်ရင်းနှီးသူ ဖြစ်ပါတယ်

photo-ခေါင်လွမ်း နှင့် ရည်မွန်

#PeopleMedia
-

နေပြည်တော်၊ မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သက္ကယ်ကျင်းအုပ်စု၊ သရက္ကန်မြောက်ရွာမှ ယာဉ်တစ်စီးသည်မလှိုင်မြို့ မှ ဈေးဝယ်ပြီး ပြန်လာစဉ် လမ်းခရီး၌ PDF အဖွဲ့ဝင်များမှ ယာဉ်ကို တားဆီးကာ ယာဉ်မောင်းနှင့်
ယာဉ်အကူကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သလို ယာဉ်ကိုလည်း မိုင်းခွဲဖျက်ဆီးလိုက်ပါတယ်။

ဖြစ်စဉ်မှာ -

မေလ (၁၄)ရက်နေ့က မလှိုင်မြို့နယ်၊သရက္ကန်မြောက်ရွာမှ ကိုချစ်ပီးနှင့် ယာဉ်အကူတစ်ဦးတို့သည့် မလှိုင်မြို့သို့ ဈေးဝယ်သွားရောက်ခဲ့ပြီးပြန်လာစဉ် အိုင်မရိုးရွာအနီးသို့အရောက် PDFအဖွဲ့ဝင် (၅) ဦးက အဆိုပါ ယာဉ်အား တားဆီးခဲ့ပါတယ်။

ထိုနောက် PDF အဖွဲ့ဝင်များသည် ယာဉ်မောင်းနှင့်ယာဉ်အကူအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးယာဉ်အား မိုင်းခွဲပစ်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် အဆိုပါယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့၏ အလောင်းများကို မလှိုင်မြို့ရှိ
ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးနေကြောင်းသိရပါတယ်။


#PeopleMedia
-
မန္တလေးတိုင်း၊ပုဂံမြို့နယ်၏ ဧရာဝတီမြစ် တစ်ဖက်ကမ်း မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်၊ပခုက္ကူ-ဆိပ်ဖြူလမ်းပိုင်းရှိ တောင်ရွာမ ကျေးရွာ၌ NUG အုပ်စုများ နှင့် PDF အဖွဲ့များ စခန်းချ နေထိုင်လျက် ရှိနေပါတယ်။

စစ်သွေးကြွများသည် အဆိုပါ ကျေးရွာကို အထိုင်ချပြီး ဆိပ်ဖြူ-ပခုက္ကူလမ်းပိုင်း၌ သွားလာနေသော ယာဉ်များကို ဆက်ကြေးကောက်ခြင်း၊နိုင်ငံဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ပြည်သူများကို သတ်ဖြတ်ခြင်း၊ပြန်ပေးဆွဲခြင်းများ ပြုလုပ်လျက် ရှိနေပါတယ်


#PeopleMedia
Forwarded from People Media (Kyaw Soe Oo)
Media is too big
VIEW IN TELEGRAM
မြစ်ကြီးနားလေတပ်စခန်း(နမ့်ပေါင်)ကို KIA က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ရာ ရှော့တိုက်ဒုံးသည် လူနေ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲးပြီး ၃ယောက်သေဆုံးပြီး ၈ယောက် ဒဏ်ရာရ

#PeopleMedia
-
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ- နွားထိုးကြီးလမ်းပိုင်း ရွာကြီးရွာ(သာယာကုန်းရွာ)၌ စစ်သွေးကြွ PDF များသည် ခရီးသည်များ၊ပြည်သူများကို ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်း၊ဖုန်းများကို စစ်ဆေးခြင်းများ နေစဉ် ပြုလုပ်လျက်ရှိ၍ တိုင်းအစိုးရမှ ရှင်းလင်းပေးရန် ခရီးသွားပြည်သူများက တောင်းဆိုလျက်ရှိသည်။


အဆိုပါ ကျေးရွာ၌ PDF များ ဂိတ်ဖွင့်ထားမှုသည် လနဲ့ချီ ကြာမြှင့်နေကြောင်း ဒေသခံများက ပြောဆိုသည်။

#PeopleMedia