𝐋𝐢𝐧𝐧 𝐍𝐚𝘆
24.5K subscribers
24.3K photos
2.26K videos
3 files
1.32K links
Download Telegram
𝐋𝐢𝐧𝐧 𝐍𝐚𝘆
- Breaking News 🤬KIA/PDF အကြမ်းဖက်တွေ အစွမ်းကုန်ယုတ်မာနေပြီ🤬 ယနေ့ ၁၈-၅-၂၀၂၄ ရက်နေ့ မနက်ပိုင်းက KIA/PDF အကြမ်းဖက်သမားများသည် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်အတွင်းရှိ လူနေအိမ်များသို့ ဦးတည်၍ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး…
-
မြစ်ကြီးနားမြို့တွင် KIA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၃ဦးသေ၊ ဆရာမ ၁ဦး ထိခိုက်ဒဏ်ရာရ
=======================================================
မြစ်ကြီးနား၊ မေ ၁၈

မြစ်ကြီးနားမြို့၊ ပမ်မတီးနယ်မြေ ၄ရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက KIA အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျောင်းသားတစ်ဦးအပါအဝင် ၃ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ် သတင်းပေးပို့သူက "ဒီနေ့ မနက် ၈ နာရီလောက်က ပမ်မတီးနယ်မြေ ၄ ရပ်ကွက်၊ KIA က ပစ်တဲ့ လက်နက်ကြီး ၄လုံးကျတယ်။ ၃ ယောက်သေဆုံးခဲ့ရတယ်။ ဆရာမ တစ်ယောက်ခြေထောက်ထိတယ်။ သေတာ ကျောင်းသား တစ်ယောက်ပါတယ်။ တစ်အိမ်ထဲ ၂ ယောက်သေဆုံးခဲ့ရပါတယ်။" ဟု ပြောသည်။
-
မိုးမောက်မြို့ကို KIA တိုက်ခိုက်သိမ်းယူရန်ကြိုးစားနေမှုကြောင့် မိုးမောက်စျေး မီးလောင်ပြာကျ
======================================================

၁၈. ၅. ၂၀၂၄
Written by Nay Moe

ကချင်ပြည်နယ်တောင်ပိုင်း၊ ဗန်းမော်ခရိုင်ထဲက မံစီမြို့နဲ့ မိုးမောက်မြို့ကို KIA က သိမ်းယူဖို့ ထိုးစစ်ဆင်တိုက်ခိုက်လာမှုတွေကြောင့် ဖြစ်ပွားတဲ့တိုက်ပွဲတွေကြားမှာ မိုးမောက်စျေးတစ်ခုလုံး မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။

မေလ ၇ ရက်ကစပြီး မံစီနဲ့မိုးမောက်ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာဖြစ်သလို မံစီရဲစခန်းကိုလည်း သိမ်းထားတဲ့အပြင် နယ်မြေစိုးမိုးမှု ရယူထားပြီး...

ဆက်လက်ဖတ်ရှုရန် ⏩⏩⏩
https://www.mtnewstoday.com/?p=66546

#မိုးမောက် #KIA #မိုးမောက်စျေး #မီးလောင် #ကချင်ပြည်နယ်
#mtnewsagency #NewsUpdate
Media is too big
VIEW IN TELEGRAM
May 18

မြစ်ကြီးနားမြို့ရှိ လေတပ်အား KIA/PDF အဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် လာရောက်ပစ်ခတ်ရာ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲ ပြီး ၃ ဦးသေဆုံး။

#EPN
Forwarded from Snow Queen🇲🇲🇲🇲🇲🇲 (Snow🇲🇲)
May 18

❝တပ်မတော်ရဲ့ လက်နက်ကြီးကျည်မှန်ပြီး KNU တပ်မဟာ ၄ တပ်ရင်း ၁၀ က ဒုတပ်ရင်းမှူး အပါအဝင် (၃) ဦးသေ❞

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟏𝟖〕
-
❝တပ်မတော်ရဲ့ လက်နက်ကြီးကျည်မှန်ပြီး KNU တပ်မဟာ ၄ တပ်ရင်း ၁၀ က ဒုတပ်ရင်းမှူး အပါအဝင် (၃) ဦးသေ❞
================================================================

𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙈𝘼𝙔 ~ 𝟏𝟖〕
https://t.me/myanmarhardtalk

တပ်မတော်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၀) က ဒုတပ်ရင်းမှူး ဗိုလ်မှူးစောလားထော် ဆိုသူအပါအဝင် အကြမ်းဖက် (၃) ဦး သေဆုံးသွားခဲလတယ်လို့ ဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

အဆိုပါ KNU/KNLA/PDF အကြမ်းဖက်အုပ်စုဟာ မေလ ၁၇ ရက် မနက်ပိုင်းက ထားဝယ်အရှေ့တောဒေသ ကျောက်မဲတောင်စခန်းအနီးမှာရှိတဲ့ လမ်းပိုင်းတစ်နေရာမှာ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ တပ်မတော်ဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီသေဆုံးမှုကို KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နား ဆိုသူက အတည်ပြုထားပေမယ့် တပ်မတော်ကပစ်တဲ့ လက်နက်ကျည်ကြောင့်ဆိုတာကို ဖုံးကွယ်ကာ သူတို့ရဲ့ လက်နက်ကြီးကျည် မတော်တဆပေါက်ကွဲမှုကြောင့်ဆိုပြီး လိမ်ညာထားတယ်လို့ သတင်းရင်းမြစ်က ပြောပြပါတယ်။

တပ်မတော်ဟာ ထားဝယ်- မေတ္တာ- ထီးခီး- ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ KNU တပ်မဟာ ၄ တပ်ရင်း (၁၀) ၊ တပ်ရင်း (၁၂) ၊ KNU တပ်မဟာ ၆ တပ်ရင်း (၂၇) တို့ကို လေကြောင်းပစ်ကူရယူပြီး နှိမ်နင်းလျှက်ရှိနေတယ်လို့ သိရပါတယ်။
#𝙈𝙃𝙏𝙉𝙀𝙒𝙎
၁၆  ရက်နေ့ကူမင်းဆွေးနွေးပွဲမှာ
တဖွဲ့ချင်းဆွေးနွေးတဲ့ AA  နဲ့ ဆွေးနွေးပွဲပျက်တယ်။
ဘာ့ကြောင့်ပျက်သလဲဆိုတဲ့အဖြေက ရှင်းပါတယ်။

၁ ။အချက်အချာကျတဲ့မြို့တွေ မရသေးတော့
စစ်ရေးရည်မှန်းချက် မရောက်သေးလို့ ။
၂ ။ တပ်မတော်ကို ဒီအချိန်မှ မနိုင်ရင် နောင်ဘယ်
သောအခါမှ နိုင်ဖို့ဆိုတာ လမ်းမမြင်လို့။

လက်ရှိအနေအထားအရ  AA  လက်နက်ကိုင်က
EAOs  အဖွဲ့တွေထဲမှာ ဆရာအရိပ်နဲ့မလွတ်သေးတဲ့
အပြင် မိမိပြည်နယ်မှာ  ကိုယ်တိုင်မနေ ရဲသေးပါ။
လူရာမဝင်သေးဘူးပြောရင် ပြောလို့ရတယ်။
အိန္ဒိယနဲ့ စီးပွားရေးအရ ရပ်တည်ဖို့ ဆိုတာ မဖြစ်နိုင်
သေးတဲ့အပြင်
ပလက်ဝကိုရပေမဲ့ ကလေး  လမ်းကြောင်းကို  တပ်က
ထိန်းချုပ်ထားနိုင်သေးတယ်။
ပင်လယ် ထွက်ပေါက်က ကူးသန်းရောင်းဝယ်ဖို့ဆို
တာလည်း မဖြစ်နိုင် ဘူး ။
မာန်အောင်မှာ တပ်အပြင် Navy  ရှိတယ်။
စစ်တွေ နဲ့ ကျောက်ဖြူ လည်းမရသေးတော့  စီးပွား
ရေးအရ  ဘင်္ဂလားဒေရှ် နယ်စပ် ကုန်သွယ်ရေး
လောက်တော့ ရမှကို ဖြစ်မယ်။
ဘူးသီးတောင် နဲ့ မောင်းတောကို အသဲအသန် တိုက်
နေတဲ့အကြောင်းရင်းက    ဒါပဲ ။
​ရေရှည်စစ်ပွဲမှာ 
အဓိက  ကျတာက   လူ / လက်နက် / ရိက္ခာ / ခဲယမ်း
AA  ကိုင်တဲ့ လက်နက်ခဲယမ်း က  ဝယ်ရတာ။
ယနေ့အချိန်ထိ AA က ရိက္ခာပိုင်း ဆိုင်ရာ ပြဿနာ
ပေါ်တာ မမြင်မိသေး။
ဆိုလိုတာက   အထောက်အပံ့ကောင်းကောင်း ဆက်ရ
နေသေးပုံပေါ်တယ်။
အကြွေးကတော့ လည်ပင်း ရောက်နေလောက်ပြီ။
တပ်အင်အား  အနေနဲ့ 
AA မှာ ယခင်ကလို အင်အား မရှိတော့ ပါဘူး။
ပလက်ဝမှာ ရွာသေးရင် ၁၀ယောက်
ရွာကြီးရင် ၂၀  အသက် ၁၂ နှစ်အထက် ရခိုင်လူငယ်
တွေကို  မပျော် ၂   နှစ်   ပျော် ၂  နှစ်အသဲအသန် လူသစ်စုနေရတယ်။
စုတိုင်းရောရသလားမေးရင် မရပါ
ရခိုင်လူငယ်တွေလည်းထွက်ပြေးနေကြရတာပဲ။
ယခင် AA သိမ်းခဲ့တဲ့မြို့တွေမှာ  နောက်ချန်လူမှမရှိတာ
ကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။
ရှိတဲ့လူနှစ်ယောက်တပိုင်းနဲ့ မြို့အုပ်ချုပ်ရေးကို
ဘယ်လိုမှ အကောင်အထည်မဖေါ်နိုင်ဘူး။
ဖေါ်ရင်လည်း အစိုးရလေတပ်က   ရအောင်ဖျက်
မှာသေချာတယ်။
တပ်မတော်က  AA  သိမ်းထားတဲ့မြို့တွေကို  Navy နဲ့
လေကြောင်းကို အသုံးပြုပြီး
နောက်ပိုင်း က  ဝင်သိပ်ရင်   အလွယ်လေး
တမြို့လောက် ပြန်ယူလိုက် နိုင်တာနဲ့
ရှေ့မဲနေတဲ့ထိုးစစ် တန့်သွားမှာ သေချာတယ်။
ဒါကိုမလုပ်နိုင်ဘူးဆိုကတည်းက  တပ်မတော်မှာ အင်
အားမရှိသေးလို့မှန်း AA  ကကောင်းကောင်းသဘောပေါက်တယ်။
သို့သော်
တသုတ်ပြီးတသုတ်ခေါ်နေတဲ့ စစ်မှုထမ်းဥပကြောင့်
ဒီမိုးမှအပြတ်မတိုက်နိုင်ရင်  မိုးကုန်တာနဲ့
AA  အတွက်  အိမ်မက် ဆိုးတွေ စတော့မှာ။
တပ်ကလည်း  ဒါကို  မြင်မှာပါ ။
မြင်လို့
ကလေးလမ်းကြောင်းကို  ပိတ် ထားတယ် ။
သံတွဲကို ငပလီကနေအင်အားတွေ ပို့ပြီး ပိတ်တယ်
နခခ ၅  နဲ့မောင်းတောကို အင်းအားထပ်ချတယ်
Drone တွေပါ နေရာထပ်ယူထားလို့ ယခင်လိုပေါချောင်
ကောင်းရဖို့ ဆိုတာ AA  အတွက် မဖြစ်နိုင်တော့ဘူး
ဘူးသီးတောင် နဲ့သံတွဲကို တိုက်နေတာ ၂ ရက်ရှိပြီ
မြို့နားမကပ်နိုင်သေး။
အစိုးရက  UAV  တွေကို ဇိနလုပ်ရော ရုရှားလုပ်တွေပါဝယ်ပြီး
120 kg   bomb တွေကို ကိုယ်တိုင် ဖေါဖေါသီသီ
ထုတ်လာနေပြီ မို့ ရှေ့လျှောက်
AA   အတွက်  ပိုဆိုးလာဖို့ပဲမြင်တယ်။

အချုပ်ပြောရရင် 
AA  ရဲ့ တိုက်စစ်နဲ့ အစိုးရ ခံစစ်မှာ AA က အစိုးရတပ်
ရင်းတွေ မြို့တွေကို ထိန်းချုပ်နိုင်ပေမဲ့
အုပ်ချုပ်ရေး ကို မတည်ဆောက်နိုင်  ပါ။
ခြေကျွံလာတဲ့  AA  ကို အစိုးရကလည်း  ဖြတ်တောက်
ပြီး မချေမှုန်းနိုင်သေးပါ။
စီးပွားရေးအရ အချက်အခြာကျတဲ့ မြို့တွေ မှန်သမျှ
အစိုးရက ထိန်းချုပ်ထားနိုင်ဆဲဖြစ်တယ်။

Min  Lwin
-
ကျိုက်မရော ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သူ ခြောက်ဦး ဖမ်းဆီးခံရ

ကျိုက်မရော၊ မေ ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သည်ဟုဆိုကာ သုံးဘီးပိုင်ရှင်အပါအဝင် ခြောက်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလဒုတိယအပတ်တွင် နေမျိုးအောင်ဆိုသူမှာ ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူကာ သုံးဘီးဖြင့် ၎င်း၏ နေအိမ်သို့ တင်ဆောင်ခဲ့သည်ဟု သတင်းအရ စစ်ဆေးခဲ့ကြသည်။

မော်လမြိုင်မြို့၊ ခြောက်မိုင်ကျေးရွာ၊ သွေးသောက်ရပ်ကွက်၊ အိမ်အမှတ်(၇၇) ရှိ နေမျိုးအောင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စက်ရုံပိုင်ပစ္စည်းများတွေ့ရှိရပြီး နေမျိုးအောင်မှာ တိမ်းရှောင်လျှက်ရှိသည်။

ထို့ကြောင့် သုံးဘီးပိုင်ရှင်ဖြစ်သူ မျိုးရာဇာ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စက်ရုံပိုင်ပစ္စည်းများတွေ့ရှိခဲ့သည်။

သုံးဘီးပိုင်ရှင် မျိုးရာဇာကို ဆက်လက်စစ်ဆေးရာ ပစ္စည်းများသွားရောက်သယ်ဆောင်ရာတွင် မျိုးရာဇာ အပါအဝင် သုံးဘီးမောင်းသူနှင့် ၎င်း၏အလုပ်သမား ခြောက်ဦးမှာ နေမျိုးအောင်နှင့် ၎င်း၏ ဖခင် ဦးမူတူးတို့နှင့် အတူ သွားရောက်သယ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် နေမျိုးအောင်၏ ဖခင်ဖြစ်သူ ဦးမူတူးကို သက်ဆိုင်ရာနယ်မြေစခန်းသို့ ခေါ်ဆောင်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
𝐋𝐢𝐧𝐧 𝐍𝐚𝘆
- ကျိုက်မရော ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သူ ခြောက်ဦး ဖမ်းဆီးခံရ ကျိုက်မရော၊ မေ ၁၅ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံသို့ သွားရောက်ပြီး PDF များထံမှ စက်ရုံပိုင်ပစ္စည်းများ ဝယ်ယူခဲ့သည်ဟုဆိုကာ…
-
Breaking News

မေလ ၁၈ ရက်နေ့(ယနေ့) နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောရွာတွင် ဒေသခံများ၏ နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကို ခိုးယူနေသည့် PNLA/PDF အကြမ်းဖက်သမား ၅၀ ဦးအား မိမိကင်းထောက် Drone မှ တွေ့ရှိရသဖြင့် သွားရောက်ရှင်းလင်းရာ -
(၁) PNLA ဗိုလ်အဆင့်ရှိ အလောင်း ၁ လောင်း
(၂) M-4 သေနတ် ၁ လက်
(၃) ပစ္စတို ၁ လက်
တို့အား သိမ်းဆည်းရမိပြီး အကြမ်းဖက်သမားများ ကောင်းဝန်ကြီးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပါသည်။

#တိုက်ပွဲသတင်းစုံ
🚨Breaking News🚨

၂၀၂၄ မေ ၁၈ ရက် နေ့လည်ချိန်ခန့်တွင် မံစီမြို့၊ နယ်မြေခံဌနခ ၏ အနောက်တောင် မီတာ ၄၀၀၀ ခန့်အကွာ ခမ(LG-236679)ဝန်းကျင်ရှိ ရာဘာခြံများတွင် စုဖွဲ့လျက်ရှိသည့် KIA/PDFပူးပေါင်းအဖွဲ့ အင်အား (စိစစ်ဆဲ) အား  လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KIA/PDF အဖွဲ့ဝင် ၃၀ ဦးခန့် သေဆုံးခဲ့ပြီး ၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

#တိုက်ပွဲသတင်းစုံ
-
မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ- နွားထိုးကြီးလမ်းပိုင်း ရွာကြီးရွာ(သာယာကုန်းရွာ)၌ စစ်သွေးကြွ PDF များသည် ခရီးသည်များ၊ပြည်သူများကို ဆက်ကြေးကောက်ခြင်း၊ပြန်ပေးဆွဲခြင်း၊ဖုန်းများကို စစ်ဆေးခြင်းများ နေစဉ် ပြုလုပ်လျက်ရှိ၍ တိုင်းအစိုးရမှ ရှင်းလင်းပေးရန် ခရီးသွားပြည်သူများက တောင်းဆိုလျက်ရှိသည်။


အဆိုပါ ကျေးရွာ၌ PDF များ ဂိတ်ဖွင့်ထားမှုသည် လနဲ့ချီ ကြာမြှင့်နေကြောင်း ဒေသခံများက ပြောဆိုသည်။

#PeopleMedia