လွိုင်ကော် - ဒီးမော့ဆို အမှတ် ၂ ဂိတ်နှင့် ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်
ရန်ကုန်၊ မေ ၁
ကရင်နီပြည် လွိုင်ကော် - ဒီးမော့ဆို ကုန်စည် စီးဆင်းနေသည့် အမှတ် ၂ ဂိတ်၊ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ယနေ့ တရားဝင် ကြေညာသည်။
မေလ ၁ ရက်နေ့မှ စ၍ အဆိုပါ ဂိတ်များနှင့် လမ်းများကို ရက်အကန့်အသတ်မရှိ လုံခြုံရေးအရ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် လွိုင်ကော်မြို့ခံ ကျေးရွာ/အုပ်စုများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာက ကြေ ညာချက်အသစ် ထုတ်ပြန်သည့်အချိန်အထိ တားမြစ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ပေးရန် ကရင်နီပြည်၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ကြေညာသည်။
"လုံခြုံရေးအရ လမ်းပိတ်တယ်ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာမယ့် အခြေအနေကတော့ရှိနေတယ်။ စစ်သင်တန်းတွေကလည်း ဆင်းထားပြီးသားဆိုတော့ ဒီတစ်ခေါက်ကတော့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်လာမယ်လို့ ထင်တယ်။ ပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်သင့်တာတွေ ပြင်ဆင်ကြပါ" ဟု ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နေထိုင်သူ ဒေသပြည်သူတစ်ဦးက ဆိုသည်။

မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီးတွင် မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့်ဂိုဒေါင်တချို့ မီးထဲပါသွား
ရန်ကုန်၊ မေ ၁
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မြ၀တီမြို့ ဘုရင့်နောင်စျေးကြီးတွင် ယနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ဝန်းကျင်အချိန်တွင် မြ၀တီမြို့၊ ဘုရင့်နောင်စျေးကြီး မြောက်ဘက်၊ စျေးရုံ၏ အနောက်ဘက် ကုန်စုံဆိုင် ဂိုဒေါင်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မိနစ် ၄၀ ကျော်ကြာ မီးလောင်ကျွမ်းခဲ့ပြီးနောက် မီးညွန့်ကျိုးသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းတချို့နှင့် ဂိုဒေါင်တချို့ မီးထဲပါသွားကြောင်း သိရှိရသည်။
"ကုန်စုံဆိုင်ဂိုဒေါင်က စလောင်တာလို့ပြောတယ်။ အခုတော့ မီးညွှန့်ကျိုးသွားပါပြီ။ ဆက်ပြီး ငြိမ်းသက်နေကြတုန်းပဲ။ ပူကလည်းပူတော့ မီးကူးစက်မှာ ပြည်သူတွေက စိုးရိမ်ကြတာ။ အခုတော့ မီးကိုနိုင်သွားပါပြီ။ ဆိုင်ခန်းတချို့ပါသွားတယ်။ အသေအချာတော့မသိရသေးဘူး။ မီးငြိမ်းနေကြတုန်းပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နွေဦးတော်လှန်ရေးအင်အားစုအသီးသီးက အလုပ်သမားများကို ဂုဏ်ပြုကာ စစ်အာဏာရှင်ဆန့်ကျင်သည့် လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ မေ ၁
နွေဦးတော်လှန်ရေးအင်အားစုအသီးသီးက ယနေ့ ကျရောက်သည့် မေလ ၁ ရက်နေ့ အလုပ်သမားနေ့တွင် အလုပ်သမားများကို ဂုဏ်ပြုကာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အလုပ်သမားအင်အားစုများ၏ပါဝင်မှုအားအင်သည် လွန်စွာမှ အရေးပါပြီး CDM အလုပ်သမားများကို ဂုဏ်ပြုကြောင်း၊ နွေဦးတော်လှန်ရေးခရီးလမ်းတွင် ရရှိထားသည့် အောင်မြင်မှုများတွင် အဓိက မောင်းနှင်အားအဖြစ် ပါဝင်နေသည့် အလုပ်သမားများကို လေးစားစွာဖြင့် ဂုဏ်ပြုခဲ့ကာ စစ်အာဏာရှင်ကို အလုပ်သမားများ အားလုံး ပါဝင်တော်လှန်ကြရန်လည်း လှုံ့ဆော်ခဲ့ကြောင်း သိရှိရသည်။