Khit Thit Media
564K subscribers
179K photos
1.36K videos
12 files
4.02K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၅

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် ဧပြီလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း PDF Kawthaung District Battalion 1 - P23201 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့တွင် ဘုတ်ပြင်းမြို့နယ် စကခ ၁၃ နှင့် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၃ ဦးသည် လက်နက်ယူဆောင်လာခြင်းမရှိဘဲ ပူးပေါင်းစစ်ကြောင်း စစ်ဆေးရေးဂိတ်နှင့် ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း ပူးပေါင်းစစ်ကြောင်းထံသို့ အလင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်များမှာ စကခ ၁၃ မှ အသက် ၃၁ နှစ်အရွယ် ရဲဝင်းအောင် နှင့် အသက် ၂၄ နှစ်အရွယ် သူရစိုး တို့ဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၉ စစ်မှုထမ်း သင်တန်းဆင်းပြီး ရန်ကုန်းတိုင်း ဂျိုးဖြူလေး သင်တန်းကျောင်းတွင် စစ်သင်တန်း ၃ လ တက်ရောက်ကာ တာဝန် ဆက်လက် မထမ်းဆောင်ချင်သောကြောင့် ဧပြီလ ၁၇ ရက်နေ့တွင် လက်နက်မပါဘဲ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော တစ်ဦးသည် ခလရ ၄၃၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် အသက် ၂၈ နှစ်အရွယ် စည်သူကျော် ဖြစ်ပြီး မတရားစစ်မှုထမ်း စုဆောင်းခံရကာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၉ ဗထူးသင်တန်းကျောင်းတွင် စစ်သင်တန်း ၃ လ တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကာ စစ်မှုထမ်း သင်တန်းတက်ပြီးနောက် တနင်္သာရီမြို့နယ် ခမရ ၅၅၈ သို့ ရောက်ရှိခဲ့ပြီး ခမရ ၅၅၈ မှ တဆင့် ဘုတ်ပြင်းမြို့နယ် ခလရ ၄၃၂ သို့ ပို့ဆောင်ခံရပြီး တပ်ထဲမပို့ဆောင်ဘဲ ဘုတ်ပြင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်းသို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"အလင်းဝင်ရောက်လာတဲ့သူတွေက သေနတ်တွေမပါလာဘူး။ ဂုဏ်ပြုဆုငွေကတော့၊ လောလောဆယ်တော့ ဂုဏ်ပြုဆုငွေ မချီးမြှင့်ရသေးဘူး။ အလင်းဝင်ရောက်လာတာတဲ့သူတွေက ပဲခူးတိုင်းက ၂ ဦးရယ် မန္တလေးတိုင်းက ၁ ဦးပါ။ ပေါ်တာအဆွဲ ခံရတာပါ။ ဘယ်လို‌‌ကြောင့် ပေါ်တာဆွဲခံရလဲဆိုတာ အသေးစိတ်တော့မသိရသေးဘူး။ ကျနော်တို့ ပူးပေါင်းစစ်ကြောင်းရှိရာ ထံကို ရောက်ရှိလာပါတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ ကောင်းကောင်းမွန်မွန်ထားပါတယ်။ စစ်ကောင်စီတပ်သားတွေကို နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ပူးပေါင်း ဆောင်ရွက်လိုပါတယ်"ဟု PDF Kawthaung District Battalion 1 - P23201 မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
ကြို့ပင်ကောက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း GBK BTZM GBK PDF - ပဲခူးရိုးမအခြေပြုတပ်ခွဲ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၄ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ် အရှေ့ဘက် အလယ်ကုန်းတိုက်နယ် ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မြို့ဘက်သို့ ဦးတည် ထွက်လာစဉ် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ နယ်ထိန်း ခေါင်းဆောင် ငွေစိုး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။

Photo - လက်ပံတန်းမြို့နယ်၊ အုပ်ဖိုစုရွာ တိုက်ပွဲအတွင်း သေဆုံးခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သား (ပုံဟောင်းဖြစ်သည်)
ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးခဲ့ကြောင်း မွန်တော်လှန်ရေးတပ် - MSRF က ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ ၃၆ မိနစ်ခန့်တွင် ရေဖြူမြို့နယ်၊ မင်းသားကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ နံနက် ၈ နာရီ ၃၀ မိနစ် အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါန တပ်ရင်း စစ်ကြောင်း ၃ - (KBDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း - ၁ ၊ မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP-AD) ၊ ထားဝယ် တပ်တော် DNLA နှင့် KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇ တို့‌ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၅ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။