NUG ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းစစ်ဌာနတို့ပူးပေါင်း၍ လူ့အခွင့်အရေးနှင့် စစ်သည်တော်ကျင့်ဝတ် သင်တန်းပေး
ရန်ကုန်၊ ဇွန် ၆
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ၊ အခြေခံစစ်ပညာသင်တန်းတက်ရောက်နေသော တပ်သားအသစ်များကို လူ့အခွင့်အရေး (Human Rights) အခြေခံနှင့် စစ်သည်တော်ကျင့်ဝတ် (Military Code of Conduct) သင်တန်းများ ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းကို ၃ ရက်ကြာ Hybrid ပုံစံဖြင့် မြေပြင်နှင့် အွန်လိုင်း ပေါင်းစပ်သင်ကြားခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ International Humanitarian Laws/Geneva Convention နှင့် သက်ဆိုင်သည်များကို အခြေခံသဘောတရားများ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

Khit Thit သတင်းဌာန၏ ဇွန် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ စစ်အရာရှိကနေ အသွင်ပြောင်းလာတဲ့ ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦးရဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ် သမီးငယ်ကို အကြိမ်ကြိမ် မုဒိမ်းပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီက သတင်းမပေါက်ကြားဖို့ ဖုံးဖိထားတဲ့အပြင် နစ်နာသူ ရဲမိသားစုကိုပါ တပ်ပြောင်းရွှေ့ဖို့ လုပ်နေတယ်လို့ သိရပါတယ်။
- ရခိုင်ပြည်နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ သံတွဲမြို့နယ်မှာရှိတဲ့ နေရာ တချို့ကို အာရက္ခ တပ်တော် AA က စတင်သိမ်းပိုက်ထားပြီဖြစ်တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်က PDF တပ်ဖွဲ့တွေကို စစ်ဆင်ရေးနဲ့ တိုက်ခိုက်ဖို့ အကြမ်းဖက် စစ်ကောင်စီက ပြင်ဆင်နေပြီး စစ်ကြောင်းတွေ ပြင်ဆင်ထားတဲ့ လျှို့ဝှက် အစီ ရင်ခံစာ ပေါက်ကြား လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=4VcImVYtG-c

YouTube
Khit Thit သတင်းဌာန၏ ဇွန် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်noon
Khit Thit သတင်းဌာန၏ ဇွန် ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော်မှာ စစ်အရာရှိကနေ အသွင်ပြောင်းလာတဲ့ ရဲမှူး လှကျော်ဦးက ရဲတပ်ကြပ်တစ်ဦးရဲ့ အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်…

ရှမ်းမြောက်၊ လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ဒရုန်းစင်းရေ ၄၀၀ နီးပါး နှင့် ဒရုန်းဗုံးထောင်ချီ စစ်ကောင်စီက ပေးပို့
ရန်ကုန်၊ ဇွန် ၆
အကြမ်းဖက်စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ တိုက် ခိုက်ရေးဒရုန်းစင်းရေ ၄၀၀ နီးပါး ပေးပို့ပြီး ဒရုန်းဗုံးအရေအတွက် ထောင်ချီ ပေးပို့ထားကာ စစ်ရေးပြင်ဆင်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
တရုတ်နိုင်ငံထုတ် တိုက်ခိုက်ရေးဒရုန်းများကို စစ်ကောင်စီက အမြောက်အမြား ဝယ်ခဲ့ပြီး ယင်းအနက်မှ ရခိုင် ပြည် နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဒရုန်းစင်းရေ အများဆုံး ပို့ဆောင်ခဲ့ကြောင်း၊ ရခိုင်တွင် တိုက်ခိုက်ရေး ဒရုန်းအစင်း ၃၀၀ ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထံသို့ ဒရုန်းစင်းရေ ၄၀၀ ကိုလည်းကောင်း ၊ အခြားသော ပြည်နယ်/တိုင်းများသို့လည်း ဒရုန်းများ အသီးသီးပို့ဆောင်ခဲ့ကြောင်း၊ ဒရုန်းများနှင့်အတူ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများက ထုတ်လုပ်သော ဒရုန်း ဗုံးသီး ထောင်ချီ၍ လည်း ပေးပို့လျက်ရှိကြောင်း၊ တိုက်ခိုက်ရေး ဒရုန်းစစ်ဆင်ရေးအဖွဲ့ များကိုလည်း စစ်ကောင်စီက ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။
"ဒရုန်း Unit တွေက တပ်ရင်းတွေအလိုက် အတော်ကို ဖွဲ့စည်းထားပြီ။ နေပြည်တော်နဲ့ ရန်ကုန်မှာ Training of Trainers (ToT) သင်တန်းတွေပေးပြီး ကျွမ်းကျင်တဲ့ ဒရုန်းတပ်ဖွဲ့ဝင်တွေကို သက်ဆိုင်ရာ စစ်မြေပြင်တွေလွှတ်ပြီး ဆင့်ပွား သင်တန်းတွေ ပေးနေတယ်။ သူတို့ကမှထပ်ပြီးတော့ ဒရုန်းတပ်ဖွဲ့ဝင်တွေ ပြန်လည် စုစည်းတာပါ။ ဒရုန်းယူနစ်တွေတော့ တော်တော်များများကို ဖွဲ့စည်းပြီးပြီ" ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
စစ်ကောင်စီက ယခုနှစ် ဇန်နဝါရီလတွင် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့နှင့် ဟိုင်ဂင်သဘောတူညီချက်အရ ယာယီအပစ်အခတ်ရပ်စဲထားသော်လည်း လားရှိုးရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် စစ်ရေးပြင်ဆင်မှုများ အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရှိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ပြည်သူ့စစ်များကို စစ်သင်တန်းများပေးပြီး လက်နက်တပ်ဆင်ခြင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ပြည်သူ့စစ် ထောင်ပေါင်းများစွာကို လားရှိုးရှိ ရမခ စစ်ဌာနချုပ်သို့ ဆက်တိုက်ခေါ်ယူထားခြင်း၊ ရမခဌာနချုပ်သို့ လက် နက်ကြီးများ၊ ဟောင်ဝစ်ဇာအမြောက်များ၊ အတွဲလိုက်ဒုံးများ အပါအဝင် လက်နက်ခဲယမ်းများ ပေးပို့ စုဆောင်းထားခြင်း၊ လက်ရှိ ယခုနောက်ဆုံးတွင်ဒရုန်းများနှင့် ဒရုန်းဗုံးများစွာ ပေးပို့ခြင်းများ အပါအဝင် စစ်ရေး ပြင်ဆင်မှုများကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းနှင့် ကပစ ထုတ်ဒရုန်းဗုံး။

မတ္တရာမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်
■ သထုံနှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် ၁ ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ဘုန်းကြီးများ ပျက်စီး
ရန်ကုန်၊ ဇွန် ၆
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်းများကို မြောင်းထဲတွင် စွန့်ပစ်ခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် မတ္တရာမြို့နယ်၊ ရှမ်းမြောင်းရွာ အနောက်ဘက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးလားသော ပြည်သူ ၃ ဦးကို စစ်တပ်က ပစ်ခတ်ပြီး ရုပ်အလောင်းများကို အနီးအနားရှိ မြောင်းထဲ၌ စွန့်ပစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်ခဲ့သည့် ပြည်သူ ၃ ဦးသည် အသက် ၂၀ ကျော်အရွယ်သာ ရှိသေးပြီး မည်သည့် ကျေးရွာသားများ ဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
"စစ်ခွေးတွေက စစ်ကြောင်းထိုးလာတာ မဟုတ်ဘူး။ ဖမ်းခေါ်လာပြီး ပစ်သတ်ခဲ့တာ ဘယ်ရွာသားတွေလည်း ဆိုတာလည်း မသိသေးဘူး" ဟု Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် ၁ ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ဘာသာရေး အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။
ဇွန်လ ၁ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၄ တပ်ရင်း စခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ရွှေရောင်ပြရွာထိပ်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ ၃ ရက်နေ့ ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် ခမရ-၉ တပ်ရင်း စခန်းက လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ရေဝေရွာ ထဲ လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ရေဝေရွာ ဘုန်းကြီးကျောင်းဆောင် အဆောက်အဦး ၂ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
အလားတူ ကျိုက်ထိုမြို့နယ်တွင် ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က သိမ်ဇရပ်မြို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်ရင်းနှင့် ခမရ-၂၀၇ တပ်ရင်းစခန်းတို့က လက်နက်ကြီး အလုံးရေ ၃၀ ကျော် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ စစ်ကွင်းရွာကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အဆိုပါ စခန်းများမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကျိုက်ထိုမြို့နယ်၊ မုက္ခမော့ကျေးရွာ မယ်တော်ကြီးကုန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုယ်ဝန် ၆ လ အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်စခန်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ သုံးခွရွာ၊ မုက္ခမော့ရွာနှင့် စစ်ကွင်းရွှာမှ ပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး ဇွန်လ ၄ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ အမတ-၃၁၀ တပ်စခန်းက လက်နက်ကြီး ၁၀ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်များအတွက် ယူနီဖောင်း၊ ကျည်ကာနှင့် လက်နက်ငယ်များ တပ်ဆင်ပေး
ရန်ကုန်၊ ဇွန် ၆
Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်များအတွက် ယူနီဖောင်း၊ ကျည်ကာနှင့် လက်နက်ငယ်များတပ်ဆင်ပေးခဲကြောင်း သိရှိရသည်။
ဇွန်လ ၆ ရက်နေ့တွင် ကျရောက်သည့် Danger Force LPDF တည်ထောင်ခြင်း ၂ နှစ်ပြည့်တွင် ရဲဘော်များအတွက် ယူနီဖောင်းတပ်ဆင်ပေးခြင်း ၊ ကျည်ကာဦးထုတ် ၊ ကျည်ကာဝတ်စုံ၊ ကျည်ကာ ပြားများ တပ်ဆင်ပေးခြင်း ၊ လက်နက်ငယ် တပ်ဆင်ပေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။