Khit Thit Media
576K subscribers
165K photos
1.25K videos
12 files
3.52K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၆

ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ဇွန်လ ၆ရက်နေ့တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာ

ရန်ကုန်၊ ဇွန် ၆

ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များကို စစ်ကောင်စီက ဆိုင်ဖွင့်၊ မဖွင့်၊ သတ်မှတ်စျေးဖြင့် အရောင်းအဝယ် လုပ်၊ မလုပ် စုံစမ်းထောက်လှမ်းနေ၍ ရွှေဆိုင်များ အပြီးပိတ်သိမ်းရမည့် အခြေအနေ ဆိုက်ရောက်လာကြောင်း မရမ်းကုန်းမြို့နယ်၊ လသာမြို့နယ်နှင့် တာမွေမြို့နယ်အတွင်းမှ ရွှေဆိုင်ပိုင်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့မှစတင်၍ ရွှေဆိုင်များထံသို့ သက်ဆိုင်ရာမြို့နယ်ရဲ၊ စရဖများမှတစ်ဆင့် စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်ကြောင်း၊ ရွှေဆိုင်တွင် ရောင်းချသည့် ရွှေစျေးနှုန်း၊ ရွှေထည်ပစ္စည်းများကို ရောင်းချခြင်း၊ ပြန်လည် ဝယ်ယူခြင်း ရှိ၊ မရှိ အခြေအနေများကို နေ့စဉ် လာရောက် စုံစမ်းစစ်ဆေး နေကြောင်း၊ နေ့စဉ် ဆိုင်ဖွင့်လှစ်ရန် ဖိအားပေးသည့်အပြင် ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်သော ရွှေစျေးဖြင့်ပါ အရောင်းအဝယ်လုပ်ရန်လည်း ဖိအားပေး ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

"ဆိုင်ကို ဖုန်းနဲ့လည်း ဝယ်သူလိုလို ရွှေစျေး ဖုန်းဆက်မေးတယ်။ ဆိုင်ကိုလည်းလာတယ်။ မရောင်မလည်နဲ့ စုံစမ်းတာတွေလည်း လုပ်တယ်။ ကျနော်တို့က ကောင်းရောင်းကောင်းဝယ် ရွှေရောင်းတာ။ ပြစ်မှု လုပ်ထားတာလည်း မဟုတ်ဘူး။ သူတို့သတ်မှတ်စျေးနဲ့ မရောင်းရင်လည်း ထောင်ချမယ်။ ဆိုင်ကိုလည်း ချိတ်ပိတ်မယ်၊ ရွှေတွေလည်း သိမ်းမယ်နဲ့ အမျိုးမျိုးခြိမ်းခြောက်တယ်။ သူတို့သတ်မှတ်စျေးနဲ့ရောင်းရင်လည်း ကိုယ်က ရွှေ ပြန်ဝယ်မရဘူး။ ရှုံးတယ်။ အဲဒီတော့ ရွှေဆိုင်ပိတ်ပစ်ဖို့ အဓိက စဉ်းစားနေရပြီ။ စျေးကွက်စီးပွားရေး မဟုတ်တော့ဘူး။ သေနတ်ထောက်စီးပွားရေးဖြစ်နေပြီ" ဟု မရမ်းကုန်းမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ တာမွေမြို့နယ်တွင်လည်း ရွှေဆိုင်များ ပုံမှန် ဖွင့်လှစ်ရန်နှင့် စစ်ကောင်စီ သတ်မှတ်စျေးဖြင့် ရွှေများ ထုတ်ရောင်းရန် မြို့နယ် ရဲတပ်ဖွဲ့က အသိပေးလာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

"ရွှေဆိုင်ပိတ်မယ်ဆိုရင်လည်း ဘာကြောင့်ပိတ်မယ်ဆိုတာ အကြောင်းကြားရမယ်ပြောတယ်။ ထွေ/အုပ်ရော၊ ရဲကိုရော အကြောင်းကြားခိုင်းတယ်။ ပြီးတော့ နေ့စဉ် အရောင်းအဝယ် စာရင်းလေး လုပ်ပြီး Viber နဲ့ ပို့ပေးပါလည်း တောင်းတယ်။ လာဝယ်တဲ့သူတွေကိုလည်း မှတ်ပုံတင်က အစ မှတ်တမ်းတင်ထားပါပြောတယ်" ဟု တာမွေမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်တိုင်း ရွှေအသင်းမှ တစ်ဆင့် နေ့စဉ် ရွှေစျေးနှုန်းကို အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၈ သိန်းကျော်ဝန်းကျင်တွင် စျေးနှုန်းသတ်မှတ်ပြီး အရောင်းအဝယ်လုပ်ရန် အမိန့်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်တွင်းရှိ ဇွဲထက်ရွှေဆိုင်ဖွင့်ပွဲ အရောင်းအခမ်းအနား။ (ပုံအဟောင်း ဖြစ်ပါသည်။)
ရွာငံမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးမန်းကျော် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီအတွက် အလုပ်လုပ်နေသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ရွာငံမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့တွင် နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော်ကို ရွာငံမြို့မှ P3.1003တပ်ရင်း တပ်ခွဲ(၂) နှင့် ရွာငံမြို့နယ် ဖကပ တပ်ခွ(၁) တပ်ခွဲ (၂)တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာ အုပ်ချူပ်ရေးမှူး မန်းကျော်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ စစ်ကောင်စီအတွက် သတင်းပေးလုပ်ဆောင်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့ ရွာငံမြို့နယ်တွင် PDF စခန်းတစ်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် နွားဘန်းကြီး ကျေးရွာ အုပ်ချူပ်ရေးမှူး မန်းကျော်က စစ်တပ်ထံသို့ သတင်းပေးခဲ့ကြောင်း၊ အဆိုပါ စီးနင်းမှုကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် သေဆုံးသွားသော နွားဘန်းကြီးကျေးရွာအုပ် ချုပ်ရေးမှူး မန်းကျော် သည် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်တပ်အတွက် တပ်သားသစ်အဖြစ် စုဆောင်းရာတွင် ပါဝင်ခဲ့ကြောင်း၊ PDF တပ်များက အကြိမ်ကြိမ် သတိပေးသော်လည်း လိုက်နာခြင်းမရှိဘဲ စစ်တပ်နှင့်အမြဲအဆက်အသွယ်လုပ်နေခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ ရပ်တန့်ခြင်းမရှိဘဲ အထွေထွေအုပ်ချူပ်ရေးမှူးရုံးနဲ့ ပြီးတော့ နွားဘန်းကြီးကျေးရွာမှာ တပ်စွဲနေတဲ့ ​စစ်တပ် ဗိုလ်ကြီး ဗိုလ်သက် နဲ့ အမြဲတမ်းအဆက်သွယ်လုပ်ပြီး ပြည်သူတွေကိုနည်းမျိုးစုံနဲ့နှိပ်စက်ညှင်းပမ်းနေတာကြောင့် ရှင်းလင်းရခြင်းဖြစ်ပါတယ်" ဟု ရွာငံမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar Delegation မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဇွန် ၆

အမေရိကန်ပြည်ထောင်စု Washington D.C မြို့ရှိ အမျိုးသားညီညွတ်ရေးအစိုးရ ၊Washington D.C ရုံးတွင် NUG နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးနှင့် Special Advisory Council for Myanmar Delegation မှ တာဝန်ရှိသူများ ဇွန်လ ၅ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Special Advisory Council for Myanmar Delegation မှ Ms. Yanghee Lee နှင့် Mr. Chris Sidoti တို့သည် ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် လက်ရှိ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများ၊ မကြာသေးခင်က ထုတ်ပြန်ခဲ့သော SAC-M ၏ Briefing paper – Effective Control in Myanmar 2024 အကြောင်းနှင့် ပြည်တွင်းလက်ရှိ ဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများအကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
စစ်မှုထမ်းဥပဒေကြောင့် တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး ရောက်ရှိ စစ်သင်တန်းဆင်းသွားပြီး ရဲဘော်သစ်များ ဆက်လက်ခေါ်ယူ လက်ခံနေ

ရန်ကုန်၊ ဇွန် ၆

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ၂ လအတွင်း PDF ရဲဘော် ၁၀၀၀ နီးပါး စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက တရားဝင် သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အတင်းအဓမ္မစစ်မှုထမ်းစေရေး ဥပ​ဒေသစ်ထုတ်ပြန်၍ ပြည်သူအချင်းချင်းတိုက် ခိုက်ရန် မတရားစေခိုင်းခြင်းကြောင့် လူငယ်အများစုသည် နီးစပ်ရာ လွတ်မြောက်နယ်မြေများထဲသို့ သွားရောက်ခိုလှုံကာ လက်နက်ကိုင်လမ်းစဉ်အား ရွေးချယ်လာကြကြောင်း၊ ထိုအထဲတွင် ပြည်သူလူထုကို ရှေး‌ရှု၍ စစ်မှန် သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဖွဲ့စည်းတည်ထောင်ထားသော၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသသို့ ဝင်ရောက်ခိုလှုံ၍ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်ခုခံတွန်းလှန်ရန် ရောက်လာကြသူများ ရှိကြောင်း သိရှိရသည်။

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၃ အနေဖြင့် ဝင်ရောက်ခိုလှုံလာသူများကို စိစစ်လက်ခံပြီး အခြေခံစစ်ပညာသင်တန်းများနှင့် သက်ဆိုင်ရာဌာနအလိုက် ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးခဲ့ရာ ပြီးခဲ့သည့်ဧပြီလနှင့် မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားဦးရေ ၉၅၉ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

"အခုထက်ထိတော့ ရဲဘော်အသစ်တွေ ဆက်လက် လက်ခံနေပါတယ်" ဟု တောင်ပိုင်းတိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဒေသအဆင့် ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့ကြောင်း၊ ဧပြီလမှ စတင်၍ လူငယ်များကို အတင်းအကျပ် စစ်မှုထမ်းခိုင်းကာ လစဉ် စစ်သင်တန်းများ ပုံမှန်ဖွင့်လှစ်၍ စစ်သားသစ်များ ထောင်ချီ စုဆောင်း လျက်ရှိကြောင်း သိရှိရသည်။