Khit Thit Media
543K subscribers
149K photos
1.14K videos
11 files
3.14K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
Media is too big
VIEW IN TELEGRAM
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၄

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ''ပြည်သူ့အားမာန် သပိတ်'' နှင့် ''ဖက်ဒရယ် အတွက် ပြည်သူတွဲလက်'' သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ အကြမ်းဖက်စစ်အုပ်စု၏ မတရားစစ်မှုထမ်းဥပဒေ အလိုမရှိကြောင်းကြွေးကြော်သံများ​​​ဖြင့် ​ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာနိုင်ငံမှာ VPN နဲ့ Facebook အသုံးပြုမှုကို မေလ ၃၀ ရက်နေ့က စတင်ပိတ်ပင်တဲ့ စီမံချက်အတွက် အကြမ်းဖက် စစ်ကောင်စီရဲ့ ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန် ဆိုသူက ဦးဆောင်ပြီး ဗိုလ်မှူးကြီးဆိုသူ သီဟမင်းထွန်း၊ ကကဆက် ၊ Mascots ကုမ္ပဏီက ဒေါက်တာဝင်းကျော်ဆိုသူနဲ့ တရုတ်နည်းပညာရှင်အဖွဲ့က ပူးပေါင်းဆောင် ရွက်နေတယ်လို့ သိရပါတယ်။

- အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး ၊ ၀ရမ်းထုတ်ထားတဲ့ နိုင်ငံခြားငွေဝယ်ရောင်း ပွဲစား ၂၅ ဦးမှာ ငွေလဲလုပ်ငန်း မလုပ်ကိုင်တော့တဲ့ သူတွေကိုပါ ကျော်စောနဲ့ ရမ်းသမ်း ဖမ်းဆီးထားတယ်လို့ နိုင်ငံခြားငွေလဲ လုပ်ကိုင်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာရှိတဲ့ မတောကျေးရွာကို အကြမ်းဖက် စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ သေဆုံးမှုတွေ ထပ်တိုးလာပြီး သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀ ထိရှိလာတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတေါကို တင်ဆက်ပေးပါမယ်။



https://www.youtube.com/watch?v=GMepvlvCWiE
စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် NUGက ပြင်းထန်စွာရှုတ်ချလိုက်ပြီး တရားမျှတမှု ရရှိရေး ကြိုးပမ်းဆောင်ရွက်မည်

ရန်ကုန်| ဇွန် ၄

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ ရွာသားများကို စစ်ကောင်စီက အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြင်းထန်စွာရှုတ်ချပြီး သေဆုံးသွားသူများအတွက် တရားမျှတမှုပြန်လည်ရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဇွန်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်များနှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့က မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာသို့ ဝင်ရောက်လာပြီး နို့စို့ကလေးပါမကျန် ရွာသားအားလုံးကို ဖမ်းဆီးချုပ်နှောင်ကာ နှိပ်စက်ညှဉ်းပန်းခဲ့သည်။

ယင်းအထဲက အမျိုးသမီးအချို့နှင့် ကလေးငယ်များကို ဇွန်လ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသား အမျိုးသမီး ၂၀၀ ကျော်ကို ဖမ်းဆီးထားပြီး ယင်းအထဲက သတ်ဖြတ်ခံရသူ ၇၆ ဦး အထိရှိလာနေကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

ဗျိုင်းဖြူရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး နောက်ဆက်တွဲ အချက်အလက်များကို ဆက်လက်စုံစမ်းနေပြီး ကျူးလွန်ခဲ့သူများအားလုံးကို AA က လက်စားချေတုန့်ပြန်သွားမည်ဟု သတိပေးကြေညာထားသည်။

ယင်းဖြစ်စဉ်တွင် အမျိုးသားများ ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးအချို့ကို မုဒိမ်းကျင့်ခြင်းနှင့် ရွာသားများပိုင် ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်တို့ကို စစ်ကောင်စီက ခိုးယူခဲ့ကြောင်း NUG က ပြောသည်။

ဆက်လက်ပြီး ဗျိုင်းဖြူကျေးရွာအနီးက မင်းကင်းတော ရွာသစ်၊ ရွာဟောင်းတို့ကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် စစ်ရာဇဝတ်မှုများကို စစ်ကောင်စီက ရက်စက်စွာကျူးလွန်ခဲ့ကြောင်းလည်း NUG ဆိုသည်။

ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့သော ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ရက်စက်စွာ သတ်ဖြတ်နေမှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဆိုသည်။

ထို့ပြင် အားလုံးတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တာဝန်ရှိသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးအား တရားဥပဒေရှေ့မှောက်သို့ အမြန်ဆုံးပို့ဆောင်ပြီး ကျူးလွန်ခံရသူများအားလုံးအတွက် တရားမျှတမှုပြန်လည် ရရှိနိုင်ရေး ဒေသတွင်း တော်လှန်ရေးအဖွဲ့များအပါအဝင် တရားမျှတမှုကို လိုလားသော မည်သည့်အဖွဲ့အစည်းနှင့် မဆို ပူးပေါင်းကာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUG က ထုတ်ပြန်သည်။

ဗျိုင်းဖြူရွာသားများကို အကြမ်းဖက်သတ်ဖြတ် ကျူးလွန်ခဲ့သည့် စစ်ကောင်စီ ၏ တပ်ဖွဲ့များမှာ စစ်တွေအခြေစိုက် ဒကစ တပ်ဖွဲ့ဝင်များနှင့် ပခုက္ကူအခြေစိုက်တပ်မ ၁၀၁ က တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ ပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူ အစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေ

ရန်ကုန်၊ ဇွန် ၄

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်အဖွဲ့ FATF က မြောက်ကိုရီးယားနှင့်အီရန်နိုင်ငံကဲ့သို့ အဆုံးစွန် ဘဏ္ဍာရေးဆိုင်ရာများ ပိတ်ဆို့အရေးယူရေး လာမည့် စင်ကာပူအစည်းအဝေးတွင် ဆုံးဖြတ်ရန် ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့ ကျင်းပနေသည့် မြန်မာ့စီးပွားပျက်ကပ်အကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ကြီး (FATF) က မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့သော်လည်း အဆုံးစွန် အရေးယူမှု မလုပ်သေးဘဲ စောင့်ကြည့်နေကြောင်း၊ လာမည့် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ပြုလုပ်မည့် FATF ၏ အစည်းအဝေးတွင် မြန်မာ့အခြေအနေကို အဆုံးစွန် အရေးယူမည်ဟု ကြားသိထားကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုသည်။

"The Financial Action Task Force (FATF) က မြန်မာနိုင်ငံကို ထပ်လောင်းပြီး တိုးမြှင့်အရေးယူမယ့် အလား အလာကိုလည်းမြင်နေရတယ်။ သူတို့ကိုယ်တိုင်လည်း ဒီကိစ္စကို သိပါတယ်။ FATF လို့ ခေါ်တဲ့ ကမ္ဘာ့ဘဏ္ဍာရေးပုလိပ်ကြီးက ၂၀၂၂ ခုနှစ်အောက်တိုဘာလမှာ ပြုလုပ်ခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ စွန့်စားရခြေသိမ်းများတဲ့ တစ်နည်းအားဖြင့် ပြောရင် ငွေကြေးခဝါချမှု ၊ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ ငွေရေး ကြေးရေး စွန့်စားရခြေ သိပ်မြင့်တဲ့နိုင်ငံ Blacklist သွင်းခဲ့ပါတယ်။ တစ်ဆုံး အရေးယူမှု မဟုတ်သေးပါဘူး။ တစ်ဆုံးအရေးယူမှုကို ဒီနေ့ ဒီအချိန်မှာ ခံထားရတာက မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်ပြီးတော့ စင်ကာပူမှာ ဒီလ ၂၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်မယ့် FATF အစည်းအဝေးမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ အီရန်နဲ့ မြောက်ကိုရီးယားကဲ့သို့ Counter Measure ပြုလုပ်မယ် တစ် နည်းအားဖြင့် ဂိတ်ဆုံးအရေးယူမယ်ဆိုတဲ့ အလားအလာကို ကြားသိနေရတယ်။ ဒါကိုလည်း အကြမ်းဖက်စစ်ကောင်စီနဲ့အပေါင်းအပါများက မျှော်လင့်ပြီးတော့ သူတို့ စိုးရိမ်တကြီးဖြစ်နေတာကို သွားတွေ့ရပါတယ်။ ဒီအခြေအနေကြောင့်မို့လို့ ပဲ ကြံ့ခိုင်ရေး ပါတီအပါအဝင် ပါတီတော်တော်များများ ၂၅ ပါတီက စီးပွားရေးအရပိတ်ဆို့ အရေးယူခံရတာကို ကန့်ကွက်တာက လာမယ့် FATF အစည်းအဝေး ဆုံးဖြတ်ချက် အရေးယူမယ့်ဟာကို ကြိုကန်ပြီး ကြောက် ကန်ကန်ထားတဲ့ အနေအထားလို့လည်း ပြောနိုင်ပါတယ်" ဟု ဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

မြန်မာနိုင်ငံအပေါ် FATF က ဂိတ်ဆုံးအရေးယူလိုက်ပါက မြန်မာ့ဘဏ္ဍာရေးလောကနှင့် ကမ္ဘာ့ဘဏ္ဍာရေးလောက အကြား အဆက်အသွယ်ပြတ်တောက်သွားမည်ဖြစ်ပြီး ငွေကြေးနှင့်ဘဏ်ပိုင်း ဆိုင်ရာ ပိတ်ဆို့ ဒဏ်ခတ်ခံရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကျပ်ငွေမှာ ခိုင်မာမှုမရှိဘဲ ရာဇဝတ်ဂိုဏ်း၏ ငွေကြေးတစ်ခုအဖြစ် သတ်မှတ် အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုုဆိုင်ရာ အရေးယူတိုက်ဖျက်ရန် မလုပ်ဆောင်ခြင်း၊ အကြမ်းဖက်မှုနှင့်ပတ်သက်သော ဘဏ္ဍာရေး ဆိုင်ရာ အရေးယူမှုများ မလုပ် ဆောင်ခြင်း၊ FATF အဖွဲ့ကြီးက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း ဘောင် များအတိုင်း လိုက်နာဆောင်ရွက်မှုမရှိခြင်း၊ တိုးတက်မှု မရှိခြင်းများကြောင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးများတွင် ပါဝင်ပတ်သက်သော အမည်ပျက်နိုင်ငံအဖြစ် FATF ဥက္ကဋ္ဌ T. Raja Kuma က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ကြေညာခဲ့သည်။

၁၉၈၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် FATF ခေါ် “ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့” က မြန်မာနိုင်ငံသည် အကြမ်းဖက် ရာဇ၀တ်မှုများနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးတွင် ကျေနပ်ဖွယ်မရှိသော ရလဒ်များကြောင့် နာမည်ပျက်စာရင်းသွင်းလိုက်ခြင်းဖြစ်ရာ စစ်ကောင်စီ အပါ အဝင် မြန်မာနိုင်ငံသားများ အနေဖြင့် ပြည်ပ ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု၊ နိုင်ငံတကာ ငွေကြေး ကဏ္ဍများတွင် အရေးယူ တားဆီးခံရမှုများရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာမှုကြောင့် မြန်မာနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက် ခွာခြင်းနှင့် ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအသစ်များ ဝင်ရောက်ရန်လည်း အခွင့် အလမ်းနည်းပါးနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်ကြပ်နေသော အကြမ်း ဖက်ရဲများ။

Photo- AP ။
ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင် ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇွန် ၄

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင် ဆိုသူကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂ ရက်နေ့ ည ၇ နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ရွာမှ အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသည့် မြင့်အောင်ကို တော်လှန်ရေး ရဲဘော်များက ၎င်းနေအိမ်၌ပင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော မြင့်အောင်သည် ကျေးရွာနေ ပြည်သူများအပေါ် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး စိတ်ဒုက္ခအမျိုးမျိုးပေးခြင်း၊ တော်လှန်ရေး ရဲဘော်များ၏ သတင်းကို စစ်တပ်ထံ ပေးပို့ခြင်း၊တော်လှန်ရေး တပ်ဖွဲ့ဝင် မိသားစုများကို ရွာထဲတွင် နေထိုင်၍ မရအောင် လုပ်ဆောင်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသော မိုင်းကွင်းများကို ပြသခြင်း၊ အကြမ်းဖက် စစ်တပ်၏ လမ်းပြအဖြစ် လုပ်ဆောင်ပေးနေသူလည်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အဆိုပါ ရှင်းလင်းမှုကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၁)နှင့်(ဆောင်းခိုငှက်)ပေါက်ခေါင်း ပကဖ တို့မှအတူပူးပေါင်းပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်သူများအနေနှင့် အကြမ်းစစ်ကောင်စီကို သတင်းပေးခြင်း၊လမ်းပြခြင်းများမလုပ်ကြပါရန် သတိပေးကြောင်း၊ သတိပေးထားသည်ကြားမှ လုပ်ဆောင်လာပါက မြင့်အောင်ကဲ့သို့ ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု အသိပေးကြောင်းလည်း ၃၆၀၁ PPDF တပ်ရင်း သတင်းပြန်ကြားတာဝန်ခံက ဆက်လက် ပြောဆိုသည်။
မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇွန် ၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ နန်းတော်ကျွန်းရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းထဲသို့ ဒရုန်း ဖြင့် ၄ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၁ နာရီခန့်ကစတင်၍ မတ္တရာမြို့နယ်၊ နန်းတော်ကွန်းရွာ ဘုန်းကြီး ကျောင်းထဲ၌ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲသော စစ်တပ်စခန်းထဲသို့ Fixed Wings Drone များဖြင့် ဗုံးသီး ၄ ကြိမ်ချ၍ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားမျး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ခွေးသေထိခိုက် နောက်ဆက်တွဲသတင်းတော့ မကြားရသေးဘူး။ ၈၁ မမ နဲ့တော့ တစ်ညလုံးထုနေ တာ။ ကျနော်တို့ အလုပ်တွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လိုအပ်ချက်တွေလည်း အများကြီး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ လာရောက် ထောက်ပံ့ပေးပါ၊ ကျနော်တို့ အလုပ်နဲ့ သက်သေပြပေးပါ မယ်” ဟု ရတနာပုံတပ်ဦး တာဝန်ခံကို ကိုကီရီက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ၊ မတ္တရာမြို့နယ် (ပကဖ)နှင့် နယ်မြေခံပကဖ တပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းပြီး အကြမ်းဖက်စစ်တပ်၏ Jammer ကြောင့် ဒရုန်းတစ်စီး ပျက်ကျခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက် မူလတန်းကျောင်းထဲ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၄

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက် မူလတန်းကျောင်းထဲ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၃ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ မူလတန်း ကျောင်းဝန်းအတွင်း၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၃ ဦးသေဆုံးပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိခဲ့သော ကလေးငယ်များကို လူနာတင်ကား ၇ စီးဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးနှင့် ထားဝယ်တပ်နယ်ဆေးရုံတို့ကို ပို့ဆောင်ထားကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ လက်နက်ကြီး ပစ်တာလည်း မရှိဘူး။ ပေါက်ကွဲမှု ဖြစ်တာလို့ပဲပြောတယ်။ ကျောင်းက ထားဝယ်မြို့ထဲမှာပါ။ အိမ်ရှေ့ပြင်ဂိတ်နဲ့ ကျောင်းနဲ့က နီးတယ်။ အိမ်ရှေ့ပြင်ဂိတ်က မကြာခဏ ပစ်ခံရတယ်၊ အဲဒါကြောင့် ခွေးတွေ ကင်းပုန်းက တစ်ချိန်လုံးရှိ တယ်။ PDF တွေ လာဖို့ဆိုတာ မလွယ်ဘူး။ စစ်ခွေးတွေ အင်အား အလုံးအရင်းနဲ့ ရှိတဲ့နေရာပါ။ အခုဖြစ် တာက အဲဒီ အမက အိမ်ရှေ့ပြင် ကျောင်းထဲမှာဖြစ်တာ ကလေး ၃ ဦးသေတာ အတည်ပြုလို့ရတယ်။ ကလေးတွေ တော်တော်များများ ထိခိုက်ဒဏ်ရာရရှိကြပါတယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် အကြောင်းအရင်းကို ရန်ကုန်ခေတ်သစ် မီဒီယာ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Photo - ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်တပ် ဂိတ်စခန်း
မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေ အရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစု အခေါက်ရွှေနှင့် ဖြတ်စ မရောင်းဟု စာကပ်ထားကြ

■ ပြင်ပစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေး ပြန်တက်လာ

ရန်ကုန်၊ ဇွန် ၄

ပြည်တွင်း မြန်မာ့ရွှေစျေးကွက်တွင် မီးလင်းရွှေအရောင်းအဝယ် လုံး၀ ရပ်ဆိုင်းသွားပြီး ရွှေဆိုင်အများစုတွင် အခေါက်ရွှေနှင့်ဖြတ်စများ မရောင်းဆိုသော စာသားများ ကပ်ထားကြကြောင်း ရန်ကုန်နှင့် မန္တလေး ရွှေဆိုင်များထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီက ရွှေကုန်သည်များကို ဖမ်း၀ရမ်းထုတ်ခြင်း၊ ဖမ်းဆီးအရေးယူခြင်းများကြောင့် ပြည်တွင်းရွှေစျေးကွက်တွင် အဝယ်အရောင်းများ ရပ်ဆိုင်းခဲ့ကြောင်း၊ ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းနီးပါးဖြင့်အရောင်းအဝယ်လုပ်ရန် ကြေညာခဲ့ရာ အရောင်း အဝယ်မှာ လုံး၀ ပျောက်သွားကြောင်း သိရှိရသည်။

"အပြင်စျေးကွက်မှာ ပေါက်စျေးက ၅၃ သိန်းနဲ့ ၅၄ သိန်းလောက်ပေါက်နေတာကို ရန်ကုန်ရွှေအသင်းက ၄၈ သိန်း ၇​ သောင်းနဲ့ရောင်းရမယ်ဆိုပြီး ထလုပ်တယ်။ အဲဒီမှာ ဘယ်သူမှလည်း မရောင်းနိုင်၊ ဝယ်မရတွေဖြစ်ပြီး စျေးကွက်တွေ ပျက်ကုန်တယ်။ ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက် အကုန်ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ အားလုံး အဝယ်အရောင်းရပ်တယ်။ စျေးတန်းပဲရှိတယ်။ ပြင်ပစျေးကွက်တွင် ဒေါ်လာတန်ဖိုးလည်း ပြန်တက်လာတယ်" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်၏ စုံစမ်းမှုများအရ ပြင်ပ ဒေါ်လာစျေးကွက်တွင် အဝယ်အရောင်းမရှိသော်လည်း အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၅၀၀ ဝန်းကျင်သို့ ပြန်လည် မြင့်တက်လာကြောင်း၊ ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၅၄ သိန်းဝန်းကျင် စျေးတန်းရှိနေကြောင်း သိရှိရသည်။

"ဒီလိုကြီး ရေရှည်သွားရင်တော့ ကျပ်ငွေတွေက ပိုပြီး တန်ဖိုးကျစရာရှိတယ်။ ရွှေဝယ်မရ၊ ဒေါ်လာဝယ်မရနဲ့။ တစ်ဖက်မှာလည်း စစ်တပ်က ရွှေလည်းမရောင်းပေး၊ ဒေါ်လာလည်းရောင်းမပေး၊​ စျေးကွက်ကလည်းမဖြစ်ဆိုတော့ လူတွေ အတွက် ထွက်ပေါက်မဲ့တာပေါ့။ အိမ်ခြံမြေနဲ့ကားဘက်ကလည်း စျေးတွေ အမြင့်ဆုံးရှိနေတော့ အဲဒီဘက်လည်း သာမန်လူက မလှည့်နိုင်ဘူး။ ကျပ်ကိုင်ပြီး ထိုင်ငိုင်ရမယ့် အခြေအနေဖြစ်လာမှာပဲ" ဟု UMFCCI မှ စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။