စစ်တွေ၊ ဗျိုင်းဖြူကျေးရွာတွင် စစ်တပ်နှင့်လက်အောက်ခံများက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ပြည်သူ အရေအတွက် ၇၆ ဦးအထိ တိုးလာ
ရန်ကုန်၊ ဇွန် ၄
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာတွင် စစ်တပ်နှင့် လက်အောက်ခံအဖွဲ့များက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော ပြည်သူ အရေအတွက် ၇၆ ဦးအထိ တိုးလာကြောင်း AA က သတင်းထုတ်ပြန်သည်။
စစ်တွေမြို၊ ဗျိုင်းဖြူကျေးရွာမှ ထောင်ချီသောရွာသူရွာသားများထဲမှ ပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီနှင့်လက်အောက်ခံများက မေလ ၂၉ ရက်နေ့မှစတင်ပြီး ၄ ရက်အတွင်း သတ်ဖြတ်ခဲ့ ကြောင်း ကနဦး သိရှိခဲ့ရသော်လည်း ဇွန်လ ၄ ရက်နေ့နောက်ဆုံးရရှိထားသော သတင်းများအရ စစ်တွေ၊ ဗျိုင်းဖြူကျေးရွာဖြစ်စဉ်အတွင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရသူ အရေအတွက်မှာ ပြည်သူ ၇၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ဖြစ်ကြောင်း သိရှိရသည်။
ဗျိုင်းဖြူရွာအတွင်းသို့ မေလ ၂၉ ရက်နေ့က ဝင်လာသော စစ်ကောင်စီနှင့် လက်အောက်ခံ အင်အား ၁၇၀ ကျော်ပါ ပူးပေါင်းတပ်ဖွဲ့က လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီး တစ်ယောက်မကျန် ဖမ်းဆီးခဲ့ပြီး အပြစ်မဲ့ အရပ်သား ၅၃ ဦးကို လက်ပြန်ကြိုးတုပ် နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များထဲတွင် စစ်တွေအခြေစိုက် ဒကစ မှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်များနှင့် အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်ထားသော တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရှိရသည်။
ရခိုင်ပြည်က အပြစ်မဲ့အရပ်သားပြည်သူများကို စစ်ရှုံးစစ်ကောင်စီသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ပြန်လည် လက်စားချေတုန့်ပြန်သွားမည်ဟု AA က ဇွန်လ ၂ ရက်တွင် သတိပေးခဲ့ကြောင်း၊ ဗျိုင်းဖြူရွာမှ ကျန်ရှိနေသေးသော ဖမ်းဆီးခံ အရပ်သားပြည်သူများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်း ချက်ချင်းရပ်တန့်ကရပ်ရန်နှင့် နောက်ထပ် အလားတူအဖြစ်မျိုး မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးလိုကြောင်းလည်း AA က ထုတ်ပြန်ခဲ့သည်။
ဗျိုင်းဖြူရွာဖြစ်စဉ်တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား စစ်ရာဇဝတ်မှုကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူများနှင့် ညွှန်ကြားချက်အား လိုက် နာအကောင်အထည်ဖော် ဆောင်ရွက်ကြသည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်ခဲ့သောသူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဟု AA က သတိပေးထားသည်။
ဓာတ်ပုံ - ဗျိုင်းဖြူရွာမှ ပြည်သူများ မေလ ၃၁ ရက်နေ့ စစ်တွေမြို့ရှိ ဝင်္ကဘာကွင်းသို့ ခိုလှုံရောက်ရှိလာစဉ်။

မင်းလှမြို့နယ်တွင် ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော စစ်တပ်က လမ်းတစ်လျှောက်မှ ပြည်သူ ၁၀ ဦးကျော်ကို သတ်ဖြတ်ပြီး အလောင်းများကို စွန့်ပစ်
ရန်ကုန် ၊ ဇွန် ၄
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း ဝင်ရောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းက လမ်းကြောင်း တလျှောက် တွေ့သမျှပြည်သူများကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် အသုံးပြုပြီး သတ်ဖြတ်မှုများ လုပ်ဆောင်လျက်ရှိရာ ပြည်သူ ၁၀ ဦးကျော် သတ်ဖြတ်ခံထားရကြောင်း သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
မေလ ၂၇ ရက်နေ့မှ စတင်ပြီး ပဲခူးရိုးမအတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်သားများသည် ကျောက်တံခါးမြို့နယ်၊ ၈ မိုင်ရွာက ပြည်သူ ၃ ဦး၊ ၁၂ မိုင်ရွာက ပြည် သူ ၁ ဦး၊ မေလ ၃၁ ရက်နေ့က မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာမှ ကိုဝင်းဌေး တို့ကို ဖမ်းဆီးကာ သတ် ဖြတ်ခဲ့ပြီး ပြည်သူ ၁၀ ဦး ကျော် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းထိုးတဲ့လမ်းကြောင်းတလျှောက် တွေ့တဲ့ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းလာ တယ်။ ပြီးတော့ သတ်ပစ်တယ်။ စခတွေသတ်တာ တော်တော်များနေပြီ။ သတ်ခံရတာက ၁၀ ဦး ကျော်ရှိနေပြီ။ ကျောက်တံခါးက ၄ ဦးနဲ့ မင်းလှက တစ်ဦးကပဲ နာမည်၊ နေရပ်အတည်ပြုနိုင်တယ်။ ကျန်တဲ့သူတွေက အတည်ပြုမရဘူး။ ရိုးမထဲမှာ သတ်ခံကြရတာ။ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာက ကိုဌေးဝင်းဆို မေလ ၃၁ ရက်နေ့က ရိုးမထဲ ဆိုင်ကယ်စီးလာတုန်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းခံလိုက်ရ တာ။ ငပွေးကြီးချောင်းဆုံးနားမှာ ပုတ်စော်နံလို့ အနီးအနားက ပြည်သူတွေကြည့်တော့ အလောင်း တွေ့ရတာ။ အဝတ်အစားတွေလည်း မွစာကြဲနေတာပဲ၊ ဆိုင်ကယ်ကို ဖျက်ဆီးပြီး ပိုက်ဆံနဲ့ဖုန်းကို ယူသွားတယ်” ဟု သာယာ ဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။
အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်မှု ခံလိုက်ရသူများအဖြစ် အတည်ပြုနိုင်သူများမှာ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာ မှ ကိုဌေးဝင်း၊ ကျောက်တံခါးမြို့နယ်၊ ၁၂ မိုင်ရွာက ဖိုးကုလား၊ ၈ မိုင်ရွာက ဦးတာဖိုးတေ တို့ဖြစ်ပြီး ကျန်လူများမှာ နာမည်၊ နေရပ်လိပ်စာ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ အင်တာနက်လိုင်းများ လည်းဖြတ်တောက်ခံထားရပြီး စစ်တပ်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးကြောင်း သိရ သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရိုးမ အတွင်းသွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်တပ် စစ် ကြောင်းနှင့် ဝေးဝေးရှောင်ရှားနေထိုင်ကြရန် သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူတစ်ဦး က မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ - အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- AFP။

ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၉ လက်သိမ်းဆည်းရရှိ
ရန်ကုန်၊ ဇွန် ၄
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက် ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁ ရက် ည ၈ နာရီခန့်မှ ဇွန်လ ၂ ရက် နံနက်အစောပိုင်း ၁ နာရီအထိ ပေါက်မြို့နယ် ၊ သစ်ချို ကုန်းရွာ ခင်မောင်ရီ ခေါင်းဆောင်သော ပျူစောထီးများနှင့် အကြမ်းဖက်စစ်သားများ ပူးပေါင်းထား သည့် အထိုင်စခန်းကို Drone ဖြင့် Drop ဗုံးသီးများဖြင့် ကျဲချပြီး လက်နက်ကြီး ၊ လက်နက်ငယ်များ ဖြင့် အနီးကပ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၅ ဦးသေဆုံးပြီး ကျန်အကြမ်းဖက်စစ်သား၊ ပျူစောထီးများထွက်ပြေးသွားကြောင်း သိရသည်။
ထို့သို့ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် အထိုင်ချ ကင်းစောင့်နေသော ဘန်ကာများအားလုံးနှင့် ကျေးရွာအတွင်း တပ်စွဲနေထိုင်သော အဆောက်အဦးများအား ဝင်ရောက် ဖျက်ဆီး ရှင်းလင်းကာ ကာဘိုင် သေနတ် တစ်လက် ၊ ကာဘိုင်ကျည်ဘောက် ၃ ခု လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည် ၁ဝ၂ တောင့်၊ ၁၂ ဗို့ သေနတ် ၃ လက် ၊ လက်လုပ် သေနတ် ၅ လက် တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်မြို့နယ် ပကဖ၊ မြိုင် ပကဖ ၊ BLY ပြောက်ကျားတပ်ဖွဲ့၊ SENTHANG REVOLUTION FORCE-S.R.F ၊ ပခုက္ကူခရိုင် တပ်ရင်း ၁၂ ၊ မကွေးခရိုင်တပ်ရင်း ၂ ၊ ပေါက်မြောက်ပိုင်း တော်လှန်ရေးတပ်ဦး -NPRF ၊ အဆိုတော် အဖွဲ့၊ ပေါက်တောင်ပိုင်း ကျီးကန်း -ပကဖ ၊ PPDF ကင်ဒို ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ Pauk Based On Revolution Force -PBRF ဗိုလ်တစ္ဆေအဖွဲ့၊ KMDF -ကမ္မတပ်ပေါင်းစု ၊ စကား ပြောက်ကျားတပ်ဖွဲ့၊ ဦးကြီး တပ်ဖွဲ့၊ ပေါက် ပကဖ Drone တပ်ဖွဲ့၊ BRAF Drone TEAM နှင့် မိုးပျံDrone တပ်ဖွဲ့တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ ကွာလာလာပူမြို့ ပူဒူး ရပ်ကွက် My Town ဘော်လုံးကွင်းတွင် ချင်းညီနောင် အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MDF) အတွက် ရန်ပုံငွေ ရှာဖွေရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်
ရန်ကုန်၊ ဇွန် ၄
မလေးရှားနိုင်ငံ ကွာလာလာပူမြို့ ပူဒူး ရပ်ကွက် My Town ဘော်လုံးကွင်းတွင် ဇွန်လ ၃ ရက်နေ့တွင် ချင်းညီနောင် အဖွဲ့ဝင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( MDF)အတွက် ရန်ပုံငွေ ရှာဖွေရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပွဲတွင် MTC/ MDF T- shirts များ၊ ကံစမ်းမဲများ ကွမ်းယာ အအေးမျိုးစုံ ထမင်း ဆန်ပြုတ် ဆဗူးသီးချင်းအစားအစာ မျိုးစုံ၊ သရက်သီးသုပ် ရောင်းဝယ်ခြင်းများဖြင့် ရန်ပုံငွှေရှာဖွေခဲ့ကြပြီး လူဦးရေ ၁၀၀၀ ကျော် လာရောက် အားပေးကာ မလေးရှာငွေ ရင်းဂစ် ၅၁၈၅၂ ရရှိခဲ့ကြောင်း၊ ပွဲသို့ မရာအဆိုတော်များ တက်ရောက်ဖျော်ဖြေကြရာ လူကြီးများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရှိရသည်။