Khit Thit Media
567K subscribers
161K photos
1.24K videos
12 files
3.42K links
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Download Telegram
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းက အာဏာသိမ်းစစ်တပ်၊ အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်း နှင့် မတရားစစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းအမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များမြင်နေရ၍ ကုလသမဂ္ဂက စိုးရိမ်နေ

ရန်ကုန်၊ မေ ၂

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များမြင်နေရ၍ ကုလသမဂ္ဂအနေဖြင့် စိုးရိမ်မိကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောဆိုလိုက်သည်။

မေလ ၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရဲ့ နောက်ဆုံးရသတင်းအရ အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားများ ပြန့်ပွားနေခြင်းနဲ့ပတ်သက်လို့ မြေပြင်ရှိ ကျွန်တော်တို့ ကုလသမဂ္ဂအဖွဲ့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါတယ်။ လက်ရှိ လွန်စွာ မတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမှာ ပြန်လည်ပေါ်ပေါက်လာနေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေတဲ့ အရိပ်အယောင်တွေရှိလာချိန်တွင် လူမှုသဟဇာတဖြစ်မှု (social cohesion) ကို မြှင့်တင်ဖို့ နှစ်ဆတိုး ကြိုးပမ်းနေကြတာ၊ အတူတကွ လက်တွဲလုပ်ဆောင်နေကြတဲ့ ရပ်ရွာခေါင်းဆောင်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ လူငယ်တွေကို အပြည့်အ၀ ထောက်ခံပါတယ်" ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် စနစ်တကျ ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေခြင်းများ၏ အခြေခံ အကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် လမ်းကြောင်းတခု တည်ဆောက်ရာမှာ အရေးပါ ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ရန် ပျက်ကွက်မှုသည် မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု သံသရာ လည်ပတ်နေမှုကို ပိုမို ဆိုးဝါးလာစေလိမ့်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးသည်။

မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို ရှုတ်ချကြောင်း ၊ စစ်မက်ပြုခြင်း ရပ်တန့်ရန်နှင့် လူသားချင်းစာနာမှု လမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးရန် ကုလသမဂ္ဂက တိုက်တွန်းပြောဆိုထားသည်။
ရန်ကုန်-မန္တလေး ကားလမ်းပေါ် ကညွတ်ကွင်းမြို့ရှိ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူနေသည့် ငနုသန်းတံတားကို ဖောက်ခွဲဖျက်ဆီး

ရန်ကုန်၊ မေ ၂

ရန်ကုန်-မန္တလေး ကားလမ်းပေါ် ကညွတ်ကွင်းမြို့ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သယ်ယူနေသည့် ငနုသန်းတံတားကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ကညွတ်ကွင်းမြို့ ခမရ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ အဓိက သယ်ယူနေသည့် ငနုသန်းတံတားကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းခွဲရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်အတွက် ရိက္ခာသယ်ယူရန် အသုံးပြုနေသော ငနုသန်းတံတား အနီးရှိ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်းပိုင်းကိုလည်း ယင်းနေ့တွင် တပြိုင်တည်း ဖောက်ခွဲ ဖျက်ဆီးခဲ့ပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း သိရှိရသည်။

"အကြမ်းဖက် စစ်တပ်ရဲ့ ၄၃၉ တပ်ရင်းအတွက် လက်နက်ခဲယမ်း၊ ရိက္ခာများ အဓိက သယ်ယူနေတဲ့ ငနုသန်းတံတားနဲ့ ရထားလမ်းကို မိုင်းဆွဲ ဖျက်ဆီးခဲ့တာလို့ သိရတယ်။ ဘယ်အဖွဲ့တွေ လုပ်တယ်ဆိုတာတော့ မသိရသေးဘူး" ဟု ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်ကြောင်းနှင့် ကြေးနီသယ်စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ချောင်းဦးမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရေပိုးစားကန်အနီး လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာ ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယနေ့ နံနက်ပိုင်း အဆိုပါ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသော စစ်သားများအနက်မှ စစ်သား ၂ ဦးထပ်မံ သေဆုံးသွားကြောင်း သိရသည်။

“ဝင်ပစ်တဲ့ခဲ့သတင်းက မနေ့က ဖြစ်ဖြစ်ချင်း ၁ ဦးသေတယ်။ ဒီနေ့မနက် ၂ ဦးထပ်သေတယ်လို့ သိရပါတယ်။ အလောင်းတွေက ဒီမနက်အထိတော့ ရေပိုးစာဘုန်းကြီးကျောင်းထဲမှာပဲ ရှိသေးတယ်။ ဘယ်ကို ဆက်သယ်မယ်ဆိုတာ သတင်းမရသေးဘူး။ မနေ့က တိုက်ခိုက်ခံရပြီးတော့ အင်အား ထပ် တိုးထားတယ်လို့ သိရပါတယ်။ လက်ရှိရေပိုးစားမှာ အင်အားက ၃၀ ကျော်ရှိနေပါတယ်။” ဟု People's Defense Force - South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း - People's Defense Force - South Monywa တပ်ခွဲ ၂ Black Hunter People's Task Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နွေဦး လူငယ် People's Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ကြေးနီများတင်ဆောင်ပြီး ထွက်ခွာလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ် ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာအရောက် ပဒေသာမိုင်း ၅ လုံးတွဲ တစ်တွဲ ၊ ၃ လုံးတွဲ ၁ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ တင်နီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ထပ်မံထွက်ခွာလာသော ကြေးနီကား ၈ စီး နှင့် Jammer ကားတစ်စီးပါယာဥ် တန်း အနက် ၈ စီးမြောက်လိုက်ပါလာသော Jammer ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ထန်းလုံး မိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီးတင်ကားတွေနဲ့ လုံခြုံရေး ယူပေးတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲခဲ့ ၂ နေရာပါ။ နောက်ဆက်တွဲသတင်းက စုံစမ်းနေတုန်းပဲ၊ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျနော်တို့ရဲဘောတွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု People's Defense Force - South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People's Defense Force - South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force နှင့် တောသား ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒီပဲယင်းမြိုနယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊မေ ၂

ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်တပ်ကို အလိုမရှိဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သပိတ်ချီတက်ခဲ့ကြသည်။