စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူဟုဆို
ရန်ကုန်၊ မေ ၂
စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အပြစ်ပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
မွေးနေ့ပွဲပါတီတစ်ခုတွင် TNLA က တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များကို အပြစ်ပေးအရေးယူခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော TNLA ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ကြောင်း TNLA ကဆိုသည်။
၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအမြစ်ပျက်ကျဆုံးရန် စစ်ကောင်စီ၏ အရေးပါသော စီးပွားရေးမဏ္ဏိုင်ပြိုလှဲရန် နှင့် စစ်ကောင်စီ ဝင်ငွေလမ်းကြောင်း ပိတ်ပင်ရန် ရည်ရွယ်ပြီး PSLF/TNLAမှ စစ်ကောင်စီ ထုတ်ကုန်များ ရောင်းဝယ်စားသုံးခြင်း မပြုလုပ်ရန် ထုတ်ကုန်များအား ပိတ်ပင်တားမြစ်ခဲ့ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် PSLF/TNLA က စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်း၀ယ်စားသုံးခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါအမိန့်ထုတ်ပြန်ချက်အတိုင်း တားမြစ်ကုန်ထုတ်ပစ္စည်း ရောင်းဝယ်သူများကို တွေ့ရှိပါက အကြိမ်ကြိမ် သတိပေးပြုလုပ်ပြီးမှ ထုတ်ကုန်များကို ရောင်းသူဆိုင်ရှင် အများးရှေ့မှောက်တွင် ဖျက်ဆီးခဲ့ကြောင်း TNLAက ဆိုသည်။
TNLA က သိမ်းပိုက်ထားသော အုပ်ချုပ်နယ်မြေ မြို ၇ မြို့တွင် စစ်ကောင်စီ ထုတ်ကုန်ပစ္စည်းများ ရောင်းဝယ်စားသုံးနေသာ သူများ တွေ့ရှိပါက ထုတ်ပြန်ချက်ပါ အမိန့်အတိုင်း အရေးယူ ဆောင် ရွက်သွားမည် ဟု TNLA က ထုတ်ပြန်ထားသည်။

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော
■ ပြည်ပအလုပ်ခေါ်စာခွင့်ပြုချက်ရရှိထားပြီးသူ ၁၀၀၀ ကျော်ရှိပြီး ပြည်ပ အလုပ်ထွက်လုပ်ရန်စီစဉ်နေသူ လူငယ်သောင်းချီ ပိတ်မိ
ရန်ကုန်၊ မေ ၂
မြန်မာနိုင်ငံမှ အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိသေးဟု အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာ့ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"အမျိုးသားတွေနဲ့ပတ်သက်တဲ့ ပြည်ပ အလုပ်ခေါ်စာ Demand တွေ တင်မရတော့ဘူး။ ဘယ်တော့ ပြန်ခွင့်ပြုမလဲဆိုတာလည်း မသိဘူးလို့ အလုပ်သမားဝန်ကြီးဌာနဘက်က ပြောတယ်။ ရှေ့မှာ Demand အလုပ်ခေါ်စာ ကျထားပြီးသားကလည်း ၁၀၀၀ ကျော်ရှိတယ်။ ဒါက ကျနော်တို့ သိတာပဲရှိသေးတာ။ ကျနော်တို့မသိတဲ့ အလုပ်ခေါ်စာတွေဆိုရင်လည်း ထောင်ချီရှိနိုင်တယ်။ အခုက မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ UAE ထွက်ဖို့ လုပ်နေတဲ့ လူငယ်တွေက ထောင်သောင်းချီရှိတယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စာ မေးပွဲဖြေဖို့ လျှောက်လွှာ တင်ထားတာ လူငယ် ၁ သိန်းကျော်ပါတယ်။ လူငယ်တွေ အကုန်လုံးပိတ်မိသွားပြီလို့ ပြောလို့ရတယ်" ဟု ရွှေမြန်မာ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူက ရှင်းပြသည်။
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာများ မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားမှုကို တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်အားဖြင့်သာ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးကြောင်း၊ လက်ရှိတွင် ဧပြီလ ၃၀ ရက်နေ့အထိ အလုပ်ခေါ်စာများကိုသာ စစ်ကောင်စီက ခွင့်ပြုချက် ချထားပေးနေကြောင်း သိရှိရသည်။
“အကြောင်းကြားစာတို့၊ ရုံးစာအနေနဲ့တို့ကတော့ အလုပ်သမားဝန်ကြီးဌာန Page တို့ Telegram Channel တို့တွေ ကနေ စောင့်ကြည့်ရတာ။လက်ရှိအချိန်တော့ ထွက်ခွင့် ပိတ်တာအပေါ် တရားဝင်စာတော့ ထုတ်ပေးတာ မရှိသေးဘူး။ သတင်းတွေကတော့ အဲလိုမျိုးထွက်တာတော့ ရှိတယ်။ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးလို့ စောင့်ကြည့်နေတယ်။” ဟု Global F.O.R Co, Ltd ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံ သို့ ပြော ကြာားသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီတချို့ကလည်း အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများ ပြည်ပအလုပ်အကိုင်ပိတ်သိမ်းမှုအပေါ် နှုတ်မိန့်ဖြင့် နီးစပ်ရာ အသိပေးလာကြောင်း ပြောဆိုသည်။
“ကျနော်တို့ဆီတော့ တိကျသေချာတဲ့ အကြောင်းကြားမှု မရောက်သေးပါဘူး။ ကျနော်တို့လည်း ကြားတော့ ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီကို သေချာတဲ့ ညွှန်ကြားချက်မျိုး မရသေးပါဘူး။ ကုမ္ပဏီကတော့ ပုံမှန်အတိုင်းပဲ ဆက်လက်လုပ်ကိုင်လည်ပတ်နေတုန်းပဲ။” ဟု Yumeyuki ပြည်ပအလုပ် အကိုင် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းကြောင်း ကြေညာပြီးနောက် ယနေ့အထိ ၃ လနီးပါး ကာလအတွင်း ပြည်တွင်းမှ အမျိုးသား ၈ သောင်းကျော် ပြည်ပအလုပ်ထွက်လုပ်ရန် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ အလုပ်ခေါ်စာများ တင်ပြလာခြင်းများရှိကြောင်း စစ်ကောင်စီ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရှိရသည်။
ဓာတ်ပုံ- မတ်လအတွင်း ပြည်ပထွက်သူများဖြင့် စုပြုံတိုးနေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်။

Khit Thit သတင်းဌာန၏ မေ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်ပြည်နယ်က မြ၀တီမြို့သိမ်းတိုက်ပွဲမှာ အမှန်တကယ် အကျိုး အမြတ်ရသွားတာက စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင် စောချစ်သူ ဖြစ်ပြီး ကရင်ပြည်နယ်ရဲ့ တရား ဥပဒေစိုးမိုးမှု၊ အုပ်ချုပ်ရေးယန္တရားနဲ့ လူ့အခွင့်အရေးတွေကိုပါ ကင်ဆာရောဂါလို BGF က ဖျက်ဆီးလိမ့်မယ်လို့ နိုင်ငံတကာကျွမ်းကျင်ပညာရှင်တချို့က AlJazeera သတင်းဌာနကို ပြောဆိုလိုက်ကြပါတယ်။
- အကြမ်းဖက် စစ်တပ်နဲ့ဆက်နွယ်နေတဲ့ ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်ရဲ့ သမီး သိမ့်ဝင်းထက် ဆိုသူကို ပြင်သစ်မှာ ပညာသင်ကြားနေမှု ဗီဇာ သက်တမ်းတိုးပေးဖွယ် မရှိဘူးလို့ Justice For Myanmar က ပြင်သစ်သတင်းစာ Le Monde ကို ကိုးကားပြီးတော့ သတင်းထုတ်ပြန်ထားပါတယ်။
- ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သတင်းတု၊ သတင်းအမှားနဲ့ အမုန်းစကားတွေ ပြန့် ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နဲ့ တင်းမာမှုတွေ ပိုမိုတိုးပွားနေတဲ့အတွက် ကုလသမဂ္ဂ က စိုးရိမ်နေတယ်လို့ ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=WKiKypI5g8s

YouTube
Khit Thit သတင်းဌာန၏ မေ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit သတင်းဌာန၏ မေ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကရင်ပြည်နယ်က မြ၀တီမြို့သိမ်းတိုက်ပွဲမှာ အမှန်တကယ် အကျိုး အမြတ်ရသွားတာက စစ်တပ် လက်အောက်ခံ နယ်ခြားစောင့် BGF ခေါင်းဆောင်…

သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ
ရန်ကုန်၊ မေ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတောင် ၁၃ မိုင်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပျားစခန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံးထိမှန်ကာ အသက် ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၇၀ အရွယ် အဖွားအို ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
"သံတောင်ကြီး ပျားစခန်ရွာထဲ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ကျလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကို တောင်ငူဘက် ဆေးရုံပို့ထားတယ်။ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရတယ်။ သံတောင် ၁၃ မိုင် စစ်တပ် စခန်းကပစ်တာ" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁ ရက်နေ့ ညပိုင်းတွင် မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လယ်ဇင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်ကွင့်နှင့် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
မေလ ၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ဆိပ်မူကျေးရွာရှိ စမ်းသီတာကုန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ကာ အသက် ၃၅ နှစ် အရွယ် မအိမာနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်တပ် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ထွက်ပြေး
ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရွှေဘုံသာရွာရှိ စစ်တပ် ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်ကောင်စီ တပ်သားများ တပ်ပျက်ပြီး ထွက်ပြေးသွားကြောင်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် - PLA က ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်က ပေါက်မြို့နယ် မြောက်ပိုင်း၌ အခြေစိုက် တပ်စွဲနေသော ရွှေဘုံသာရွာရှိ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး များပူးပေါင်း တပ်စွဲထားသော ကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Drone ၊ လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နံနက် ၉ နာရီ မိနစ် ၃၀ အချိန်တွင် တော်လှန်ရေး ရဲဘော်များက ထိုးစစ်ဆင် တိုက်ခိုက်စဉ် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ တပ်ပျက်ပြီး ထွက်ပြေးသွား ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း ပစ်ကူများ၊ လက်နက်ကြီး ပစ်ကူများနှင့် ခြေလျင် စစ်ကြောင်းများဖြင့် စစ်ကူအများအပြား ရောက်ရှိလာခြင်းကြောင့် တော်လှန်ရေး အင်အားစုများ ပြန်လည် ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်ခဲ့သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၈၁၅ တပ်ဖွဲ့ - PLA (အ နောက်မြောက်စစ်ဒေသ) ၊ ပခုက္ကူတပ်ရင်း ၁၆ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တပ်ခွဲ ၄ - ဖီးနစ်ပြောက်ကျား တပ်ဖွဲ့ ၊ PDO/PDA ၊ PREI မဟာမိတ်တပ်ပေါင်းစု (MUGDFIဇာမဏီပြောက်ကျား တပ်ဖွဲ့James Bond တပ်ဖွဲ့) ၊ RDF နှင့် YRG တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်ရှိ ရွှေတဂူဘုရားဝင်း နှင့် ချောင်းကူးတံတားကို လာရောက် ဖျက်ဆီးသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိ
ရန်ကုန်၊ မေ ၂
ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ရွှေတဂူဘုရားဝင်း နှင့် ချောင်းကူးတံတားကို လာရောက် ဖျက်ဆီးသော အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့ကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ခဲယမ်း တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရွှေတဂူဘုရားအနီးရှိ သဘက်ချောင်းကူးတံတားနှင့် ရွှေတဂူဘုရားဝင်းအတွင်းကို ဒရုန်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က သွားရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦး ထက်မနည်း သေဆုံးကာ အလောင်း ၂ လောင်းနှင့် ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ PNO အဖွဲ့က ကျေးရွာအတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သဘက်ကျေးရွာအုပ်စုရှိ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
ဧပြီလ ၂၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်သားများနှင့် စစ်တပ် လက်အောက်ခံ PNO အဖွဲ့က သဘက်ကျေးရွာအုပ်စု ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းကူးတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်၊ ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်
ရန်ကုန်၊ မေ ၂
မကွေးတိုင်း၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း YRA ထီလင်း မှ သခင်ဇော် က ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁ ရက်နေ့တွင် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်မှ စစ်သား ၁ ဦးသည် MA ၁ သေနတ် ၁ လက်နှင့် ကျည် ၅၀၀ ကျော် ယူဆောင်လာပြီး YRA ထီလင်း တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
"သူက ထီးလင်းမြို့ပေါ်မှာ တာဝန်ကျနေတာ အမှတ် ၃၆၈ အမြောက်တပ်ကလို့ သိရတယ်။ ကျွန်တော်တို့ထဲမှာလည်း သူ့ထက် အရင် ဝင်ထားတဲ့ သူရှိတယ်။ သူနဲ့ ချိတ်ဆက်ပြီးတော့ အဆက်အသွယ်ရသွားတာပေါ့။ MA သေနတ် ၁ လက်ပါတယ်ပေါ့၊ ကျည် ၅၀၀ လည်းကျော်လည်းပါတယ်။ ကျွန်တော်တို့ YRA က ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်။ သူပြောတာတော့ ခိုးယူပြီးစားနေရတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါမျိုးတွေပေါ့ အဓိက စိတ်ပျက်သွားတာပေါ့။ တပ်ထဲမှာ နေရတာစိတ်ပျက်သွားတယ်ပေါ့။ ကျွန်တော်တို့ သူ့ကို အကောင်းမွန်ဆုံး ဒီလွတ်မြောက်တဲ့ နေရာတစ်ခု မှာထား ပေးတယ်" ဟု YRA ထီလင်း မှ သခင်ဇော်က ပြောဆိုသည်။
လက်ရှိချိန်တွင် YRA ထီလင်းထံကို အလင်းဝင်ရောက်သည့် စစ်သားနှင့် ရဲ အပါအဝင် ၂၅ ဦးခန့် ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် အလင်းဝင်လာသော စစ်သားများ၏ ဘဝရှေ့ရေး အဆင်ပြေစေရန်နှင့် နေထိုင်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောက်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။