Institute for Strategy and Policy- Myanmar
3.43K subscribers
1.14K photos
27 videos
5 files
408 links
The ISP-Myanmar is an independent, non-partisan, and nongovernmental think tank, which supports the advancement of democracy and good governance.
Download Telegram
'စစ်ဆင်ရေး ၁၀၂၇' နှင့် ရိုက်ခတ်မှုများ

__________________________

ISP Insight Email (အမှတ်-၂၇)

အခုအချိန်မှာ လူအများအာရုံစိုက်နေကြတာက ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ 'စစ်ဆင်ရေး ၁၀၂၇'နဲ့ ပတ်သက်သမျှ အခြေအနေတွေပါပဲ။ ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံထားတဲ့ ကနဦးသုံးသပ်ချက် (OnPoint) သုံးပုဒ် ဖော်ပြဖို့ရှိပြီး စစ် ဆင်ရေးနောက်ခံနဲ့ စစ်ပွဲကအချက်ပေးနေပုံ (Signaling Effects) တွေကို ဒီတပတ်မှာ ဖော်ပြထားပါတယ်။ စစ်ပွဲအရှိန်ကောင်းလာမှုနဲ့အတူ ကိုးကန့်နယ်စပ်မျဉ်း မိုင်တိုင် ၁၂၅ မှာဖွင့်ထားတဲ့ စစ်ရှောင်စခန်းမှာ စစ်ဘေးဒုက္ခသည် ၁၇,၀၀၀ ကျော် ရှိလာပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌကတော့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ဆက်စပ်နေတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မဖြစ်မနေအကောင်အထည်ဖော်ဖို့ တွန်းအားပေးနေပါတယ်။ ဒါတွေအပြင် ပထမဆုံး မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ဝေခဲ့တဲ့ ကရင်လူမှု-စီးပွား အိမ်ထောင်စုအချက်အလက်ဆိုင်ရာစစ်တမ်း အစီရင်ခံစာအကြောင်းတို့ကိုလည်း ဖတ်ရပါမယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို အောက်တိုဘာ ၂၇ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
ဒုက္ခရယ်အဖုံဖုံ လက်နက်ကယ်အစုံစုံနဲ့

__________________________

ISP Insight Email (အမှတ်-၂၈)

‘ခက်ဖွယ်ရယ်ကြုံပါတယ် လက်နက်ကယ် စုံအညီနဲ့’ ဆိုတဲ့ အခန်းဆက်ဆောင်းပါးကို အထောက်တော် ဦးအုန်းမြင့်က ရေးခဲ့ဖူးသလို ဇာတ်မင်းသားကြီး ဂရိတ်ဦးဘိုးစိန်ကလည်း 'ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ်အစုံအညီနဲ့ လေးမျက်နှာဝိုင်း'ဆိုပြီး ဇာတ်ထုပ်ထဲ ဟစ်ကြွေးခဲ့ဖူးပါတယ်။ အခုလည်း ဒီသဘောမျိုး ကြုံဆုံရပြန်တယ်။ ISP-Myanmar က ဒီတပတ်တင်ပြမယ့် Insight Email မှာ အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံ မြို့နယ်စုစုပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းမှာ တိုက်ပွဲတွေဖြစ်လာတဲ့ စစ်ဘောင်ကျယ်လာခြင်းနဲ့အတူ စစ်ပြေးဒုက္ခသည် လေးသန်းကျော်ရှိလာတာ၊ လူ့အဖွဲ့အစည်းအတွင်း ‘သရောကြီးခိုင်းနေပြီ’ မဆိုနိုင်သေးပေတဲ့ ပိုပိုဆိုးလာတဲ့ ငတ်မွတ်ခေါင်းပါး အူဟောင်းလောင်း ဖြစ်သူတွေများလာတဲ့ အခြေအနေ၊ လှေစီးပြေး လွတ်လမ်းရှာ ရာသီသစ်နဲ့ ရိုဟင်ဂျာတွေရဲ့ ကြေကွဲဖွယ်အဖြစ်အပျက် ဒါတွေကိုဖတ်ရပါမယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း အွန်လိုင်းလိမ်လည်မှုနဲ့ ဆိုက်ဘာကျွန်ပြုမှုတွေအပေါ် အပူတပြင်း ချေမှုန်းရေးဖြစ်လာတာ၊ အပူချိန် အလွန်အမင်း မြင့်တက်လာတဲ့ ကမ္ဘာကြီးအကြောင်း ဒါတွေကိုလည်းဖော်ပြထားပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို နိုဝင်ဘာ ၂၅ ရက်မှာ ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
'စစ်ဆင်ရေး ၁၀၂၇' နောက်ပိုင်း တိုက်ပွဲများကျယ်ပြန့်သက်ရောက်လာမှု

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၈ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေရဲ့ 'စစ်ဆင်ရေး ၁၀၂၇' နောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်သက်ရောက်လာမှုအခြေအနေကို နှိုင်းယှဉ်ဖော်ပြထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ် ၂၂၁ ခုထက်မနည်းမှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။ 'စစ်ဆင်ရေး ၁၀၂၇' တလတာနီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီဒေသတွေမှာ တိုက်ပွဲပေါင်း ၅၂၅ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-28/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို နိုဝင်ဘာ ၂၅ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း၌ တိုက်ပွဲများဖြစ်ပွား

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၈ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၂၂၁ ခုထက်မနည်း (မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်း) မှာ လက်နက်ကိုင်တိုက်ပွဲပေါင်း ၁၂,၂၂၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံအနှံ့ မြို့နယ်ပေါင်း ၁၁၀ ထက်မနည်းမှာ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မြို့နယ် ၇၇ ခု၊ ၂၀၂၃ ခုနှစ်မှာ 'စစ်ဆင်ရေး ၁၀၂၇' စတင်ပြီးတဲ့နောက် (နိုဝင်ဘာလအထိ) မြို့နယ် ၃၄ ခု၊ စုစုပေါင်း ၁၁၁ မြို့နယ် ထပ်တိုးလာခဲ့ပါတယ်။ အခုဖော်ပြထားတဲ့ မြေပုံသုံးခုမှာ အာဏာသိမ်းမှုအလွန် လက်နက်ကိုင်တိုက်ပွဲတွေ ကျယ်ပြန့်လာတာကို နှစ်အလိုက် ပိုင်းခြားဖော်ပြထားပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-28/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို နိုဝင်ဘာ ၂၅ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် လေးသန်းကျော်ရှိလာ

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၈ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံ့ တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်တွင်းစစ်ပြေးဒုက္ခသည်ပေါင်း ၄,၀၀၄,၇၁၃ ဦးထက်မနည်း ရှိပါတယ်။ စစ်အာဏာမသိမ်းမီကာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည်အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်များမှာလည်း ၁,၁၀၃,၃၁၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခသည်အရေအတွက် ငါးသန်းခွဲကျော် ရှိလာပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-28/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို နိုဝင်ဘာ ၂၅ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
နေ့စဉ် အခြေခံလူမှုဘဝပြဿနာများ

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၈ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက စောင့်ကြည့်ရမည့် ဖြစ်စဉ်များ ဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။
ISP-Myanmar က စစ်တမ်းရယူခဲ့တဲ့ မြို့နယ် ၁၁၀ အနက် အနည်းဆုံး ၁၀၂ မြို့နယ်မှာ ကုန်စျေးနှုန်းကြီးမြင့်ခြင်းဒုက္ခကို အများဆုံး ရင်ဆိုင်နေကြရပါတယ်။ ဒုတိယအများဆုံးအနေနဲ့ လျှပ်စစ်မီးပြတ်တောက်မှုဒုက္ခကို ကြုံတွေ့နေရပြီး စိတ်လုံခြုံမှုမရှိခြင်းနဲ့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း ဒုက္ခကိုလည်း အများဆုံးရင်ဆိုင်နေကြရပါတယ်။ မြို့နယ် ၂၁ ခုကနေ ၂၇ ခုအထိ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေကြရပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-28/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို နိုဝင်ဘာ ၂၅ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
ကျနေဦးမည့် စီးပွားရေး

__________________________

ISP Insight Email (အမှတ်-၂၉)

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာတဝန်း စီးပွားရေးထိခိုက်ခဲ့ကြရာမှာ နိုင်ငံများစွာဟာ ပြန်လည်နာလန်ထလာနိုင်ခဲ့ကြပါပြီ။ ဒီအထဲမှာ မြန်မာနိုင်ငံ မပါပါဘူး။ စစ်အာဏာသိမ်းမှုကိုပါ ထပ်တိုးခံစားခဲ့ရတာကြောင့် အရင်အခြေအနေကို ပြန်မရောက်နိုင်သေးတဲ့ တခုတည်းသောနိုင်ငံအဖြစ်လည်း သတ် မှတ်ခံထားရပါတယ်။ အခုတပတ် Insight Email မှာ အဲဒီအကြောင်းအရာအပြင် ပထမဆုံးကျင်းပတဲ့ ‘ချင်းပြည်ကောင်စီညီလာခံ’နဲ့ သက်ရောက်မှုတွေ အကြောင်းကို ဖတ်ရပါမယ်။ ဒါ့အပြင် စက်သုံးဆီမူဝါဒအပြောင်းအလဲနဲ့ ခေါင်းဆောင်မှု၊ ခေါင်းရှောင်မှု အကြောင်းတွေကို ဖော် ပြထားပါတယ်။ တခါ ‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ ‘စစ်ပွဲရဲ့ အချက်ပေးနေပုံ’၊ ‘စစ်ပွဲနဲ့ ခွဲမရအောင် ချိတ်နေတဲ့ စီးပွားရေး’၊ ‘တရုတ်ဘက်က တုံ့ပြန်မှု’တွေအပြင် လေ့လာအပ်တဲ့ ‘နိုင်ငံရေးစိတ်ကူး စိတ်သန်းသစ်နဲ့ လက်တွေ့ကျတဲ့မဟာဗျူဟာ’ စသဖြင့် ISP-Myanmar ရဲ့ ကနဦးသုံးသပ်ချက် သုံးပုဒ်အကြောင်း၊ အင်အားကြီး အိမ်နီးချင်းနိုင်ငံက နိုင်ငံငယ်တွေရဲ့ နိုင်ငံတည်ဆောက်မှုတွေအပေါ် သက်ရောက်ပုံတွေကို ရေးသားထားတဲ့ ‘အင်အားဘက်မညီတဲ့ အိမ်နီးချင်းများ’ စာအုပ်အကြောင်းကိုလည်း မိတ်ဆက်ထားပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဒီဇင်ဘာ ၁၅ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
'စစ်ဆင်ရေး ၁၀၂၇' နှင့် နယ်စပ်ကုန်သွယ်မှုအပေါ်သက်ရောက်မှု

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၉ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက စီးပွားရေးကျဆင်းမှုအခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' စတင်ပြီး တလကျော်ကာလအတွင်းမှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအားလုံးရဲ့ ၉၁ ရာခိုင်နှုန်း ရပ်တန့်သွားပြီး (အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၅ ရက်အထိ) အမေရိကန်ဒေါ်လာ ၄၄၅ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ပါတယ်။ ပျမ်းမျှအနေနဲ့ တရက်မှာ အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အမေရိကန်ဒေါ်လာ ၃၆၆ ဒသမ ၅ သန်း ဆုံးရှုံးခဲ့ပြီး ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ အမေရိကန်ဒေါ်လာ ၇၉ သန်းကျော် ဆုံးရှုံးခဲ့ပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-29/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဒီဇင်ဘာ ၁၅ ရက်မှာ ကြိုတင်ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး နှိုင်းယှဥ်ချက်

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၉ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက စီးပွားရေးကျဆင်းမှုအခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။
'စစ်ဆင်ရေး ၁၀၂၇' မတိုင်မီ ခြောက်လတာကာလအတွင်း ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး အခြေအနေကို နှိုင်းယှဥ်တဲ့အခါ ကဏ္ဍနှစ်ခုလုံးမှာ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပင်လယ်ရေကြောင်းကုန်သွယ်မှုက နယ်စပ်ကုန်သွယ်မှုပမာဏထက် ပိုများလေ့ရှိတာကလည်း သတိပြုစရာတခုဖြစ်ပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-29/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဒီဇင်ဘာ ၁၅ ရက်မှာ ကြိုတင်ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
စက်သုံးဆီ ပြတ်လပ်မှု အခြေအနေ

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အမှတ်-၂၉ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက စီးပွားရေးကျဆင်းမှုအခြေအနေဖော်ပြချက်မှာပါဝင်တဲ့ ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။
ISP-Myanmar က လစဥ် သုတေသနပြုရယူလုပ်ဆောင်နေတဲ့ လူမှုစီးပွားအခြေအနေပြစစ်တမ်းကတဆင့် သိရှိရတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ဒုတိယပတ်မှာ စစ်တမ်းရယူခဲ့တဲ့ မြို့နယ် ၁၁၀ အနက် ၈၃ မြို့နယ် (၇၅ ရာခိုင်နှုန်း) မှာ စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း စက်သုံးဆီပြတ်လပ်မှုကို မြို့နယ် ၂၂ မြို့နယ်မှာ ရင်ဆိုင်ကြုံတွေ့ခဲ့ရာကနေ အခုဒီဇင်ဘာလမှာ ၈၃ မြို့နယ်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ၆၇ မြို့နယ် (၆၁ ရာခိုင်နှုန်း) မှာ စက်သုံးဆီကို တန်းစီဝယ်ယူခဲ့ကြရတာပါ။ တန်းစီဝယ်ယူရာမှာလည်း အများစုက အချိန်တနာရီကနေ ငါးနာရီကျော်ကြာတဲ့အထိ တန်းစီကြရပြီးတော့ တချို့မြို့နယ်တွေမှာဆိုရင် ကြာချိန်ခုနစ်နာရီအထက်ကနေ ညအိပ်စောင့်ဆိုင်းခဲ့ရခြင်းမျိုးအထိ ကြုံတွေ့ခဲ့ကြရပါတယ်။ စက်သုံးဆီစျေး မငြိမ်သက်မှုနဲ့ ပြတ်လပ်မှုတွေကြောင့် မြို့နယ် ၁၁၀ အနက် ၈၀ မြို့နယ် (၇၂​ ဒသမ ၇၃ ရာခိုင်နှုန်း) မှာ ဆီဆိုင်တွေ အချိန်ပိုင်းပိတ်ခဲ့ရတာမျိုး ရှိခဲ့ပါတယ်။

➤အပြည့်အစုံ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-29/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဒီဇင်ဘာ ၁၅ ရက်မှာ ကြိုတင်ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
၂၀၂၃ - တနှစ်တာ ဖြတ်သန်းမိုင်တိုင်များ

__________________________

ISP Insight Email (အမှတ်-၃၀)

■ အယ်ဒီတာ့စကား

တနှစ်တာ ကုန်လွန်လေတော့မယ်။

လူတဦး ဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်တွေလိုပါပဲ။ မြန်မာနိုင်ငံက ဖြတ်သန်းခဲ့ရတဲ့ မိုင်တိုင်တွေကိုလည်း ပြန်လို့ ကြည့်မိတယ်။ စစ်အာဏာသိမ်းအကျိုးဆက် စစ်မီးလျှံ တိုက်ခိုက်မှုတွေကြားက ပြည်သူလူထုတွေရဲ့ သေကြေ ပျက်စီးရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းဒုက္ခနဲ့ ငိုကြွေးပူဆွေးရခြင်း ပရိဒေဝတွေကို အများစု ဆင်ခြင်မိတယ်။ စစ်ဘောင်က ကျယ်သထက် ကျယ်လာတယ်။ မြန်မာနိုင်ငံမှာ ထွန်းသစ်တဲ့ အနာဂတ်သစ်ကို မမျှော်မှန်းနိုင်သေးဘူး။ မှိုင်းမှုန်ရီနေဆဲပါပဲ။

ISP ကပြင် ရပ်ဝန်းသူ ရပ်ဝန်းသားတွေအတွက် ISP-Myanmar က ဒီတပတ် ဖော်ပြမယ့် Insight Email ကို အရင်လို မဟုတ်ဘဲ ‘နှစ်သစ်ကူး အထူး’အဖြစ် ပြောင်းထားပါတယ်။ ပြီးခဲ့တဲ့ တနှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ နိုင်ငံရေး၊ စစ်ရေး၊ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး၊ လူမှုစီးပွားဘ၀နဲ့ ဥတုကပ်ဘေး စတာတွေကို အကျဉ်းသဘော တို့ထိ ပိုင်းခြား ဖော်ပြသွားပါမယ်။ ဒီလို ဖော်ပြတဲ့အခါ ဖြစ်ပျက်ခဲ့သမျှ အစုံအလင်တော့ ပါနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်ဖွား Think Tank အဖွဲ့တခု ဖြစ်တဲ့ ISP-Myanmar ကနေ အထူးပြု လေ့လာတင်ပြနေတဲ့ (က) ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကဏ္ဍ၊ (ခ) တရုတ်ရေးရာလေ့လာမှုနဲ့ (ဂ) နိုင်ငံရေးဘောဂဗေဒ စတဲ့ နယ်ပယ်သုံးရပ်မှာ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း ဖြန့်ချိခဲ့တာတွေအပေါ် အခြေခံ ကောက်နုတ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီတနှစ်အတွင်း ISP-Myanmar က ဘာတွေ လုပ်ခဲ့သလဲ၊ ISP-Myanmar ရဲ့တင်ပြမှုတွေထဲမှာ ဘယ်လိုအကြောင်း အရာတွေကို စာဖတ်သူတွေ စိတ်ဝင်စားခဲ့ကြသလဲ ဒါတွေကိုလည်း ပြောပြချင်ပါတယ်။

၂၀၂၄ ခုနှစ်ကို ကူးပြောင်းမယ့် ဒီနှစ်ကူး ကာလမှာ မြန်မာနိုင်ငံသားတွေအပါအဝင် ကမ္ဘာ့လူထုတွေအတွက် မေတ္တာတရား၊ ငြိမ်းချမ်းခြင်းနဲ့ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေ ထွန်းကားပါစေ။ သောကဗျာပါဒ ဘေးမသန်းဘဲ အေးချမ်း ရှိကြပါစေ။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

ဒီအကြောင်းအရာမျိုးတွေကို နှစ်ပတ်တကြိမ် လိုရင်းတိုရှင်း အဆင်သင့် ဖတ်ချင်တယ်၊ ပြီးတော့ ဒေတာနဲ့ သုတေသနပြုချက်တွေ၊ ပညာရပ်ဆိုင်ရာ အခြားရပိုင်ခွင့်တွေ အလွယ်တကူ ရချင်တယ်ဆိုရင် ISP ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် အခမဲ့ (အခမဲ့) ချိတ်ဆက်ပြီး ရယူနိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း အဖွဲ့ဝင်အဖြစ် ချိတ်ဆက်ရန်

https://ispmyanmar.com/community/register/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းမှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် အောက်က link မှာ login ဝင်ပြီး အကုန်ပြန်ဖတ်လို့ ရပါတယ်။

ISP Insight Email များကို ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/

ISP ကပြင်ရပ်ဝန်းအကြောင်း ထပ်သိချင်တယ်၊ အဖွဲ့ဝင်ဖြစ်ရင် ဘာတွေ ပြန်ရမှာလဲ စတဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်က link မှာ ဖတ်လို့ရပါတယ်။

ISP ကပြင်ရပ်ဝန်း အကြောင်း

https://ispmyanmar.com/community/concept/

#ISP_InsightEmail
နေပြည်တော်လိုဂျီ-၃

စစ်ခေါင်းဆောင်နှင့် စီနီယာလူဟောင်းများ

__________________________

ISP Insight Email (အတွဲ-၂၊ အမှတ်-၁)

■ အယ်ဒီတာ မှတ်စု

အာဏာရှင်စနစ်တွေကို လေ့လာရာမှာ ကရင်မလင်နိုလိုဂျီ (Kremlinology)၊ ပြုံယမ်းဂိုလိုဂျီ (Pyongyangology)နဲ့ ပီကင်းဂိုလိုဂျီ (Pekingology) တို့လို နေပြည်တော်လိုဂျီ (Naypyitawlogy) ဆိုတာမျိုး ဖြစ်လာတာကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၉ ရက်ထုတ် ISP Insight Email အမှတ်-၂၄ မှာ ဆွေးနွေးခဲ့ဖူးပါတယ်။ ပိတ်မှောင် သိုသိပ်တဲ့သဘော ရှိနေတတ်တဲ့ အာဏာရှင် အစိုးရတွေအကြောင်းကို နိုင်ငံတကာပညာရှင်တွေက ခန့်မှန်းဖော်ထုတ် ဆွေးနွေးကြသလို ISP-Myanmar ကလည်း လေ့လာခဲ့တာပါ။ အဲဒီဟာနဲ့တဆက်တည်း ‘စစ်တပ်အတွင်း ဆက်ခံရေး အကျပ်အတည်း’ ဖြစ်နေတာကိုလည်း နေပြည်တော်လိုဂျီ (အပိုင်း-၂) အဖြစ် ISP Insight Email အမှတ်-၂၅ မှာ တစိတ်တပိုင်း ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ဒီလိုအကြောင်းတွေကို နေပြည်တော်လိုဂျီ ခေါင်းစဉ်အောက်ကနေ အလျဉ်းသင့်သလို ဆွေးနွေးဖော်ပြသွားပါမယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေရဲ့ ‘စစ်ဆင်ရေး ၁၀၂၇’စတင်ခဲ့ပြီးတဲ့နောက် မြန်မာစစ်တပ်အဖို့ စခန်းအများအပြား၊ လူသူလက်နက် အများအပြား ဆုံးရှုံးခဲ့ရသလို စွန့်လွှတ်ခဲ့ရတဲ့ မြို့တွေလည်း ရှိပါတယ်။ ဒါဟာ လွတ်လပ်ရေးရပြီးနောက် မြန်မာစစ်တပ်အဖို့ မကြုံစဖူး မရှုမလှရှုံးနိမ့်ရမှုကြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ စစ်ခေါင်းဆောင်ဟောင်း စီနီယာကြီးတွေ ဘယ်လို သဘောထားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့်ပဲ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (အာဏာသိမ်းစစ်ခေါင်းဆောင်) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စီနီယာလူဟောင်းတွေအကြား ဆက်ဆံရေး ဘယ်လိုရှိမလဲဆိုတာ ဒီတပတ်မှာ နေပြည်တော်လိုဂျီ (အပိုင်း-၃) ခေါင်းစဉ်အောက်ကနေ စောကြောထားပါတယ်။

အဲဒါအပြင် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီအကြား တရုတ်နိုင်ငံ ကြားဝင်ပေးမှုအရ ဖြစ်လာတဲ့ ယာယီ အပစ်ရပ်ခြင်းက တည်မြဲပါ့မလား၊ ခဏအနားယူပြီး အားပြန်ဖြည့်ဖို့ ပြင်ဆင်ခြင်းလား။ ‘စောင့်ကြည့်ရမည့် အရေးကြီး ဖြစ်စဉ်များ’ကဏ္ဍမှာ ဆွေးနွေးထားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာ ကမ္ဘာတလွှား ရွေးကောက်ပွဲတွေ အများအပြား ဖြစ်လာဦးမှာပါ။ ဒါကိုလည်း ဖတ်မှတ်စရာ တခုအဖြစ် ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ပုံမှန်နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ ဒီမိုကရေစီရွေးကောက်ပွဲတွေနဲ့ ဝေးနေဦးမှာပါ။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၁၉ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
လွတ်ငြိမ်း ၁၄ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား

၈ ဒသမ ၃ ရာခိုင်နှုန်းသာ ပါဝင်

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၁ မှာ ပါရှိတဲ့ အကြောင်းအရာတွေထဲက ဒေတာအချက်အလက်တခု ဖြစ်ပါတယ်။

စစ်ကောင်စီက စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ပထမပတ်အထိ လွတ်ငြိမ်းခွင့် ၁၄ ကြိမ် ကြေညာခဲ့ပြီး အကျဉ်းကျခံနေရသူ ၉၂,၅၆၀ ဦးကို ပြန်လွှတ်ခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသား ၇,၆၅၉ ဦး၊ ရာခိုင်နှုန်းအားဖြင့် ပြန်လွှတ်ပေးသူတွေရဲ့ ၈ ဒသမ ၃ ရာခိုင်နှုန်းပဲ ပါဝင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုကို လက်မခံမှုနဲ့ ဆန့်ကျင်မှုတွေကြောင့် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသား ၁၉,၉၁၁ ဦးထက်မနည်း ရှိနေဆဲဖြစ်ပြီး အဲဒီအထဲက ၈,၄၇၄ ဦးထက်မနည်းဟာ ထောင်ဒဏ်တနှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံထားရပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၁၉ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
တအန်း(ပလောင်)ပြည်နယ်မျှော်မှန်းချက်နှင့် ဖြန့်ကြက်မှု

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၁ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက အလေးထားရမယ့် ညွှန်းပြမြေပုံတခု ဖြစ်ပါတယ်။

၁၉၆၃ ခုနှစ်က စတင်ခဲ့တဲ့ တအန်း(ပလောင်) လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ထင်ရှားခဲ့တဲ့ ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် (PSLO/PSLA) နဲ့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့တို့ရဲ့ သက်ဆိုင်ရာကာလတွေအတွင်း ထိန်းချုပ်စိုးမိုးထားနိုင်ခဲ့တဲ့ ဒေသအခြေအနေတွေကို ဖော်ပြထားတာဖြစ်ပါတယ်။ TNLA အဖြစ် ဖွဲ့စည်းလှုပ်ရှားခဲ့တဲ့ ၁၅ နှစ်နီးပါးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အထိ စိုးမိုးလှုပ်ရှားနိုင်ခဲ့ကြပါတယ်။ အထူးသဖြင့် ‘စစ်ဆင်ရေး ၁၀၂၇’ စတင်ခဲ့ပြီးနောက်ပိုင်း တအန်းပြည်နယ်မျှော်မှန်းချက်နဲ့အတူ ရှမ်းမြောက်ဒေသက မြို့ငါးမြို့အထိ သိမ်းထားနိုင်ခဲ့ကြပြီး ၎င်းတို့ရဲ့ ထိန်းချုပ်စိုးမိုးဒေသတွေကိုလည်း ချဲ့ထွင်နိုင်ခဲ့ကြပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၁၉ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
ရခိုင်မြောက်ပိုင်းရှိ အဓိကစခန်းများကို ရက္ခိုင့်တပ်တော် သိမ်းယူ

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၁ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက အလေးထားရမယ့် ညွှန်းပြမြေပုံတခု ဖြစ်ပါတယ်။

‘စစ်ဆင်ရေး ၁၀၂၇’ စတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့ပါတယ်။ အဲဒီအထဲက စခန်းပေါင်း ၄၀ နီးပါးဟာ စစ်ကောင်စီက စွန့်ခွာသွားတာကြောင့် အလွယ်တကူ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေနဲ့ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ကြောင်း စီမံကိန်းဒေသတဝိုက်မှာ ပိုဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာတော့ ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းယူခဲ့ပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၁၉ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
လောက်ကိုင်မြို့ကို သိမ်းယူပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ရေးထူထောင်

__________________________

ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၁ မှာ ပါရှိတဲ့အကြောင်းအရာတွေထဲက အလေးထားရမယ့် ညွှန်းပြမြေပုံတခု ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ‘စစ်ဆင်ရေး ၁၀၂၇’ ကို စတင်ခဲ့ပြီး စစ်ဆင်ရေးရဲ့ ဦးတည်ရာဖြစ်တဲ့ လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းရွှေဟော်၊ မုန်းကိုး၊ ပန်ဆိုင်း(ကြူကုတ်) နဲ့ ကျင်စန်းကျော့တို့မှာ ရှိတဲ့ နယ်စပ်ဂိတ်လေးခုကိုလည်း ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသ-၁ အဖြစ် သတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား ထူထောင်ခဲ့ပါတယ်။ ဒါ့အပြင် ‘ဝ’ ဒေသက စစ်ကောင်စီထိန်းချုပ်ရာ ဟိုပန်မြို့နဲ့ ပန်လုံမြို့တွေကို ညီနောင်မဟာမိတ်တပ်တွေက သိမ်းယူခဲ့ပြီးနောက် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထံကို ပြန်လွှဲပေးခဲ့ပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၁၉ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
မင်းပျိုမင်းလွင်များ စန်းထချိန်

‘၀’ နယ်မှ လူငယ်မျက်နှာသစ်ခေါင်းဆောင်များ ပွဲထွက်လာ

မြန်မာ့လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်နေကြသော ဘက်အသီးသီနှင့် အိမ်နီးချင်းနိုင်ငံများအတွက် အလေးထား စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

__________________________

ISP Insight Email (အတွဲ-၂၊ အမှတ်-၂)

■ အယ်ဒီတာ မှတ်စု

'မင်းပျိုမင်းလွင်များ စန်းထချိန်' ဆိုတဲ့ မျိုးဆက်အပြောင်းအလဲကို ဒီတပတ်မှာ အလေးပေး ဖော်ပြထားပါတယ်။ ကိုးကန့် (MNDAA) နဲ့ 'ဝ'ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ရဲ့တွေ့ဆုံ ဆွေးနွေးမှုမှာ လူငယ်မျိုးဆက်တွေကို ပွဲထုတ်လာတာက သတိပြုစရာပါ။ မျိုးဆက်သစ် '၀'ခေါင်းဆောင်တွေကို တွေ့ရပါတယ်။ ရှေ့တန်းက ထိုင်ခွင့်ရသူ လူငယ်တွေထဲမှာ အမျိုးသမီးတဦးကိုလည်း မြင်ရပါတယ်။ 'ဘယ်သူက ဘယ်သူတွေလဲ' (Who’s who?) လို့ စူးစမ်းစရာ ဖြစ်စေခဲ့ပါတယ်။ သူတို့တင်မကဘဲ 'စစ်ဆင်ရေး ၁၀၂၇' ကို ဖော်ဆောင်ခဲ့တဲ့ ညီနောင် မဟာမိတ်သုံးဖွဲ့၊ နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ထွက်လာတဲ့ Generation Z မျိုးဆက်တွေ၊ ဒေသအနှံ့က တော်လှန်ရေး တပ်တွေမှာလည်း လူငယ်လူလတ်ပိုင်းတွေရဲ့ ဦးဆောင်မှုတွေကို အထင်အရှား မြင်နေရပါတယ်။
မျိုးဆက်တွေ ပြောင်းလဲတာနဲ့အတူ ရှုမြင်ပုံတွေလည်း မတူကြပါဘူး။ လူငယ်မျိုးဆက်တွေဟာ သဘာဝအရကိုပဲ နဂိုအထိုင်မှာ နေတာထက် စိတ်ကူးသစ်တွေနဲ့ စွန့်စားရတာ (risk) ကို ပိုလုပ်ချင်ကြပါတယ်။ အောင်မြင်လာတဲ့အခါမှာ ယုံကြည်စိတ်လည်း ခိုင်မာလာကြပါတယ်။ ဒါကို 'မင်းပျိုမင်းလွင်'တွေရဲ့ မာန်တက်ကြွမှုမျိုးနဲ့ ISP-Myanmar က နှိုင်းယှဉ် တင်စားလိုတာပါ။ ဒီအခြေအနေမှာ လက်ရှိ ပဋိပက္ခကို ဖြေလျှော့ရေးက ခက်ခဲနိုင်သလို လုပ်တိုင်း အောင်မြင်နေတဲ့သူတွေအဖို့ သူတို့ရဲ့စွန့်စားရမှု တန်ဖိုးကိုလည်း ပိုလို့ ဘဝင်ဂုဏ်ထူးဆောင် နေနိုင်ပါတယ်။ ဒါ့အပြင် ဖက်ပြိုင်နေသူ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ အန်တုသူ အင်အားစုတွေ အကြားမှာ ငဲ့ညှာ ထောက်ထားစရာတွေလည်း မရှိသလောက်ပါပဲ။ ပိုဆိုးတာက အချင်းချင်း သိမြင်နားလည်မှုနဲ့ ဆက်စပ်မှု လုံးဝ မရှိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီအချက်က ပဋိပက္ခ မြေမျက်နှာသွင်ပြင် အသစ်တခုအဖြစ် ပြောင်းလဲလာနေတာပါ။ ပဋိပက္ခမှာ ပါဝင်နေတဲ့ ဇာတ်ကောင်တွေကြောင့် ပဋိပက္ခ ခင်းကျင်းစီစဉ်မှု အသစ်တခု ဖြစ်ပေါ်လာနေပါတယ်။ ဒီအချက်တွေဟာ အထူး အလေးထား စောင့်ကြည့်ရမှာပါ။ အခုလိုမျိုး မျိုးဆက် ခေါင်းဆောင်မှု အပြောင်း အလဲတွေကို ISP-Myanmar က နောက်ပိုင်းမှာလည်း အလျဉ်းသင့်သလို တင်ပြသွားပါမယ်။အဲဒါအပြင် သတိထား စောင့်ကြည့်ရမယ့် 'ငွေကြေးဖောင်းပွမှု' အခြေအနေကို ဒီတပတ်မှာ ဆွေးနွေးထားပါတယ်။ ဒါဗို့စ် ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) ရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေနဲ့ အစည်းအဝေးကာလ ပြင်ပ ဆွေးနွေးမှုတခုမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာ့မူဝါဒ ဆွေးနွေးချက်၊ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာမှာ ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ဆိုင်ရာ အကဲဖြတ်ချက် (Global Risks Report) တို့ကိုလည်း တစိတ်တပိုင်း ဖော်ပြထားပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင် ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n02/

#ISP_InsightEmail
MNDAA နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သော UWSP ထိပ်တန်းအရာရှိများ

__________________________

'၀' ဒေသမှာ လူငယ်မျက်နှာသစ် ခေါင်းဆောင်တွေ ပွဲထွက်လာတာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ဖော်ပြခဲ့တဲ့ "မင်းပျိုမင်းလွင်များ စန်းထချိန်-၁" ထဲမှာ ပါရှိတဲ့ ဒေတာ အချက်အလက် တခု ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီ ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၂ မှာ ဖော်ပြထားပါတယ်။

'၀' ဒေသတွေဆီ သွားရောက်ခဲ့တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်် မဟာမိတ် တပ်မတော် (MNTJP/MNDAA) ခေါင်းဆောင် ဖုန်တာ့ရွှင်ရဲ့ နှစ်သစ်ကူး ဂါရ၀ပြု ခရီးစဉ်အတွင်း '၀' ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့လည်း သီးသန့် ဆွေးနွေးပွဲတရပ် လုပ်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ UWSP ဘက်က ဦးဆောင်ပါဝင်ခဲ့တဲ့ ၁၅ ဦးအနက် ၁၀ ဦးအကြောင်းကို ပူးတွဲပါ ဒေတာ အချက်အလက်မှာ ဖော်ပြထားတာပါ။ UWSP မှာ ဗဟိုနိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် အမြဲတမ်းကော်မတီကို ၁၃ ဦးနဲ့ ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီဟာ အဖွဲ့အစည်းအတွင်း အာဏာအမြင့်ဆုံးကော်မတီ ဖြစ်ပါတယ်။ အဲဒီ ကော်မတီအောက်မှာတော့ ဗဟိုကော်မတီနှင့် အရံဗဟိုကော်မတီဆိုပြီး ထပ်မံ ဖွဲ့စည်းထားပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၃၀ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
ကိုးကန့်အဖွဲ့နှင့် တွေ့ဆုံရာတွင် UWSP ဘက်မှ ပါဝင်ခဲ့သည့်

လူငယ်မျက်နှာသစ်များနှင့် ထိပ်တန်းအရာရှိ ၁၅ ဦး

__________________________

'၀' ဒေသမှာ လူငယ်မျက်နှာသစ် ခေါင်းဆောင်တွေ ပွဲထွက်လာတာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ဖော်ပြခဲ့တဲ့ "မင်းပျိုမင်းလွင်များ စန်းထချိန်-၁" ထဲမှာ ပါရှိတဲ့ ဒေတာ အချက်အလက် တခု ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ISP ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီ ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ် ၂ မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၄ နဲ့ ၂၅ ရက်တွေမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNTJP/MNDAA) ခေါင်းဆောင် ဖုန်တာရွှင့်နဲ့ ကိုယ်စားလှယ်အဖွဲ့က ‘ဝ’ဒေသကို နှစ်သစ်ကူး ဂါရဝပြု ခရီးစဉ်သွားခဲ့ပါတယ်။ဒီခရီးစဉ်မှာ ‘ဝ’ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နဲ့ သီးသန့်ဆွေးနွေးပွဲတရပ် လုပ်ခဲ့တဲ့အပြင် ‘ဝ’ခေါင်းဆောင်တွေရဲ့ နေအိမ်အသီးသီးကိုလည်း သွားရောက် ဂါဝရပြုခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေမှာ UWSP ဘက်က ဦးဆောင်ပါဝင်ခဲ့တဲ့အရာရှိ ၁၅ ဦး အကြောင်းကို ပူးတွဲပါ ဒေတာအချက်အလက်မှာ ဖော်ပြထားပါတယ်။ ကိုးကန့်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ UWSP ရဲ့ တာဝန်ရှိသူတွေအထဲမှာ လူငယ်မျိုးဆက်မျက်နှာသစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယအထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း (လက်ရှိဥက္ကဌ ပေါက်ယူချန်ရဲ့ သား)နဲ့ နိုင်ငံရေးဌာနကြီးမှူး ကျောက်အိုက်နပ်လိုင် (UWSP ကို တည်ထောင်သူ ခေါင်းဆောင်ဟောင်း ကျောက်ညီလိုင်ရဲ့သား) တို့လည်း ဒုတိယဥက္ကဌ ကျောက်ကော်အန်းနဲ့အတူ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

➤ Download ရယူရန်

https://ispmyanmar.com/community/isp-publications/

အခုဖော်ပြထားတဲ့ အကြောင်းအရာတွေကိုလည်း "ISP ကပြင်ရပ်ဝန်း" အဖွဲ့ဝင်တွေရဲ့ အီးမေးလ်တွေဆီကို ဇန်နဝါရီ ၃၀ ရက်မှာ ကြိုတင် ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ အကြောင်းတခုခုကြောင့် အီးမေးလ် မရခဲ့ဘူးဆိုရင် ကပြင်ရပ်ဝန်းမှာ ပြန်ဖတ်နိုင်ပါတယ်။

➤ ကပြင်ရပ်ဝန်း၌ ဖတ်ရှုရန်

https://ispmyanmar.com/community/insight-emails/ie-v02n01/

#ISP_InsightEmail
ကိုးကန့်ခေါင်းဆောင် မိုင်းလားဒေသသို့လည်း သွားရောက်ခဲ့

__________________________

ကိုးကန့်အဖွဲ့ရဲ့ ‘ဝ’ဒေသနဲ့ မိုင်းလားအထူးဒေသ ခရီးစဉ်တွေမှာ လူငယ်မျက်နှာသစ်ခေါင်းဆောင်တွေ ပွဲထွက်လာတာနဲ့ ဆက်စပ်ပြီး ISP-Myanmar က ဖော်ပြခဲ့တဲ့ 'မင်းပျိုမင်းလွင်များ စန်းထချိန်-၁' ထဲမှာ ပါရှိတဲ့ ဒေတာ အချက်အလက်တခု ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ကပြင်ရပ်ဝန်းသူ ရပ်ဝန်းသားတွေဆီ ပေးပို့ခဲ့တဲ့ ISP Insight Email အတွဲ-၂၊ အမှတ်-၂ မှာ ဖော်ပြထားပါတယ်။
MNTJP/MNDAA ခေါင်းဆောင် ဖုန်တာရွှင့်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ မိုင်းလားအထူးဒေသ-၄ ကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရောက်တဲ့အခါမှာ မိုင်းလားအဖွဲ့ရဲ့ လူငယ်မျိုးဆက်လို့ ဆိုရမယ့် ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်း (မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းရဲ့သား) က ဦးဆောင်ကြိုဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲလုပ်ချိန်မှာလည်း ဒုတိယဥက္ကဋ္ဌ ဦးထိန်လင်းဟာ နောက်ထပ် ဒုတိယဥက္ကဋ္ဌတဦးဖြစ်တဲ့ ဦးစံပေနဲ့အတူ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ကိုးကန့်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာတော့ မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်းကို မြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။